Monday, March 26, 2012

အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေ အင်တာနက်ကို အအိပ်အစားပျက် စွဲလမ်း


by General Knowledge on Monday, March 26, 2012 at 8:40am ·

 
Published on Friday, 23 March 2012 23:17 Written by ၀င့်ထန်း



အရွယ်ရောက်ပြီးသူတွေ (အသက်၂၀-၄၉ နှစ်ကြား) ထက် ကလေးတွေ (အသက် ၅-၉ နှစ်ကြား) ရဲ့ အင်တာနက် စွဲလမ်းမှုက ပိုများနေကြောင်း၊ ဆယ်ကျော်သက်တွေလည်း အင်တာနက် သားကောင် ဖြစ်နေကြောင်း တောင်ကိုရီးယား ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ၀န်ကြီးဌာနနှင့် National Information Society Agency တို့ ပူးတွဲလေ့လာမှုက ဖော်ပြသည်။


ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၄ မှ ဒီဇင်ဘာ ၁၀ ရက်အထိ တောင်ကိုရီးယားနိုင်ငံသား ၁၀၀၀၀ ( ကလေး ၆၆၃ ဦး၊ ဆယ်ကျော်သက် ၂၁၃၀ ဦး၊ လူကြီး ၇၂၀၇ ဦး) တို့ကို သုတေသနပြုလုပ်မှုအရ၊ ကလေးတွေရဲ့ အင်တာနက်စွဲလမ်းမှုက အခြားအသက်အရွယ်အားလုံးထက် ၇.၇ ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိခဲ့သည်။

နောက် ဆယ်ကျော်သက်တွေရဲ့ အင်တာနက် စွဲလမ်းမှုက ၁၀.၄ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရှိနေပြီး၊ ၄င်းတို့ထဲမှာ အထက်တန်း ကျောင်းသားတွေက ပိုများကြောင်း ဖော်ပြထားသည်။

ဆိုးလ်မြို့ ယဉ်ကျေးမှုအထက်ကျောင်းမှ အတိုင်ပင်ခံပုဂ္ဂိုလ် Woo Jee-hyang က “ကလေးတွေနဲ့ ဆယ်ကျော်သက်တွေက အပြည့်အ၀ ဖွံ့ဖြိုးမှုမရှိသေးလို့ သူတို့ရဲ့ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ကြဘူး။ ဒါကြောင့် လူကြီးတွေထက် ပိုပြီး အင်တာနက် တမ်းတမ်းစွဲဖြစ်နေကြတာ” ဟု ပြောဆိုသည်။

ကလေးတွေနှင့် ဆယ်ကျော်သက် အင်တာနက်စွဲလမ်းသူတွေရဲ့ ဂိမ်းကစားမှုမှာ တစ်နေ့ ၂.၇ နာရီ အနည်းဆုံးရှိသည်။ အသက် ၂၀ ၀န်းကျင် အရွယ်တွေရဲ့ စမတ်ဖုန်း စွဲလမ်းမှုကလည်း ပိုများလာပြီး၊ တစ်နေ့ ဖုန်းဖြင့် ဂိမ်းကစားမှုမှာ အနည်းဆုံး ၅၂.၄ မိနစ် ရှိသည်။

တောင်ကိုရီးယား အစိုးရအနေဖြင့် ကလေးနဲ့ ဆယ်ကျော်သက်တွေရဲ့ အင်တာနက် စွဲလမ်းမှုကို ကုသဖို့ ပညာပေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။


ဝင့်ထန်း

ရည်ညွှန်း၊ The Nation; The Korea Herald written by Lee Woo- Young


No comments:

Post a Comment