by Lagoon Eain on Monday, March 26, 2012 at 3:08pm
မိန်းမ မဖတ်ရ
......................
ဘာကွ...
မင်းမှာ ချစ်သူရှိတယ်ဟုတ်စ
ဒီမယ်ငါ့ညီ
မင်းကို ကာကွယ်ဆေးပေးလိုက်မယ်
......
တစ်....
သူတို့ကို အိမ်သာသုံးစက္ကူလိုသဘောထားပါ
တန်ဖိုးမထားမိစေနဲ့ ကိစ္စပြီးရင်လွှင့်ပစ်
ဘူးလှလှလေးနဲ့ထည့်ထားရင် ကျေနပ်နေမှာပဲ
နှစ်....
ဘာခံစားချက်မှမထားမိစေနဲ့
မသနားနဲ့ ဘာဖြစ်ဖြစ်စောက်ဂရုမစိုက်နဲ့
ခလုပ်တိုက်မိတာလောက်ကို
အရေးမပါတဲ့ဥုံဖွသာလုပ်ပေး
သုံး.....
ဘာကလုပ်သင့်တယ် ဘာကမလုပ်သင့်ဘူး
စေတနာနဲ့ လမ်းညွှန်မှု ဘယ်တော့မှမပေးနဲ့
မြွေကိုက်ကိုက် ကျားကိုက်ကိုက်
မြှောက်သာပေး
လေး.....
ကိုယ့်မျက်စိကွယ်ရာမှာ
ဘယ်လိုနေပါလိမ့်လို့ မပူပန်နဲ့
ကျီးထိုးထိုးခွေးစားစား ပစ်သာထား
တွေ့ကာမှသာသေအောင်လွမ်းပြလိုက်
ငါး.....
မင်းကိုမှ အချစ်ဆုံးဆိုတဲ့စကားကို မသာယာနဲ့
ယုံကြည်မှုလုံးဝမထားနဲ့
အချစ်ဆုံးဆိုတဲ့ကောင်တွေ မင်းရှေ့မှာနောက်မှာပုံလို့
မင်းကိုသာ အချစ်ဆုံးမင်းမရှိရင်သေရပါမယ်ဘာညာ
ယောင်္ကျားကြီးတန်မဲ့ ပတ်ချွဲနပ်ချွဲ စောက်ရှက်မရှိသာပြော
အဲလိုမလုပ်နိုင်ရင်
သေသာသေလိုက်ငါ့ကောင်ရေ
တန်ဖိုးရှိတဲ့ယောင်္ကျားဆိုတာ
မိန်းမမျက်လုံးထဲမှာ ချိုတထောင်ထောင်နဲ့ကွ
မိန်းမသားထုကိုစော်ကားပါတယ်လို့
ငါ့စာကိုလဲအပြစ်မတင်လေနဲ့
မိန်းမမဖတ်ရလို့ ခေါင်းစဉ်တပ်ထားတယ်
မနေနိုင်မထိုင်နိုင်ဖတ်မိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ
ပါးအချက်တစ်ရာရိုက်
နံရံကိုခေါင်းနဲ့ဆယ်ချက်ဆောင့်
ဖင်ကိုတံကျင်လျှိုပြီး သေလိုက်ပေတော့
.................
လဂွန်းအိမ်
ကြိုက်တယ်ဗျာ တကယ်လေးစားတယ်
ReplyDeleteအသဲကွဲပြီ်းလေလွင့်နေတဲ့ ကျွန်တော့်ဘဝကိုဒီစာပိုဒ်ကပြုပြင်
ပေးလိုက်တာပဲ
စိုးမင်း