Thursday, March 29, 2012
လူသည် ကြာငုံသာ ဖြစ်သေးသည်
ဒုက္ခသည်အရေးပကတိအခြေအနေ UNHCR ဆွေးနွေး
by မျိုးချစ် ကရင် on Thursday, March 29, 2012 at 11:06pm
Submitted by admin on Thursday, 29 March 2012--
မတ်လ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်များ၏ ပကတိအခြေအနေကို သိရှိရန်အတွက် ထိုင်း-မြန်မာ နယ်စပ် ကရင်ဒုက္ခသည်စခန်းများသို့ ယခုရက်ပိုင်းတွင် သွားရောက်ကာ စခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ် Mr. Hans နှင့် မဲဆောက် UN ရုံးမှ တာဝန်ရှိသူ Mrs. YOKO တို့သည် ယမန်နေ့ မွန်းလွဲ ၂နာရီခွဲကျော်မှ ညနေ ၄နာရီခွဲအထိ တွေ့ဆုံခဲ့ရာတွင် လက်ရှိ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုနှင့် ဒုက္ခသည်များ၏ အခြေအနေများကို ဆွေး နွေးခဲ့ခြင်းဖြစ်သည်ဟု မယ်လစခန်းဥက္ကဌ စောထွန်းထွန်းက ပြောသည်။
ရာမညမြေရဲ့ ခန့်မှန်းရခက်တဲ့ April Fool လက်ဆောင်
by Yangon Press International on Thursday, March 29, 2012 at 8:31pm ·
မော်လမြိုင်၊ မတ်လ ၂၉ ရက် ၂၀၁၂ ခုနှစ် YPI ပဲခူးသွန် ရေးသားသည်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ၃ ရက်သာလိုပါတော့တယ်။
မွန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့ပေါ်က လမ်းတွေမှာတော့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး အသံတွေဖြစ်တဲ့ ပါတီအောင်နိုင်ရေး သီချင်းတွေ ဖွင့်ထားတဲ့ ကားတွေ၊ဆိုင်ကယ်တွေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေနဲ့နှိုင်းယှဉ် ရင်တော့ အနည်းငယ် တက်ကြွလာတဲ့ မြင်ကွင်းလေး မြင်လာရပါတယ်။
“မွန်ပါတီရယ်၊ NLD ရယ် နှစ်ပါတီလောက်ပဲ အိမ်လာပြီး စည်းရုံးရေးဆင်းတာ တွေ့ရတယ် ၊ကျန်တဲ့ပါတီ တွေကတော့ မလာကြသေးဘူး”လို့ မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း အနီးမှာ နေထိုင်တဲ့ မလှသောင်းကပြောတယ်။
အစိန္တေယျကိုလေ့လာခြင်း..
by ဗုဒ္ဓဘာသာ / အတွေးအမြင် on Thursday, March 29, 2012 at 9:34am
မနေ့က အသိတစ်ယောက်က “ဦးဇင်းကသာ ဗုဒ္ဓဘုရားရှင်က သဘောထားကြီးတယ် သူတရားတော်ကို စိတ်ကြိုက်ဆန်းစစ်ခွင့်ပြုတယ် ဗုဒ္ဓဘာသာဟာ လွတ်လပ်တယ်နဲ့ ပြောနေတာ ဘုရားကဖြင့် ဗုဒ္ဓ၀ိသယော အစိန္တေယျော ဈာန၀ိသယော အစိန္တေယျော ကမ္မ၀ိပါကော အစိန္တေယျော လောက၀ိသယော အစိန္တေယျောဆိုနေပါလား။ ဦးဇင်း စကားကို အလွန်မဆိုချင်ပါနဲ့။ ဗုဒ္ဓဘာသာဆိုတာလဲ ဟန်ပြပဲ လွတ်လပ်မှုရှိတာပါ။ သူ့ကိုယ်ရေးကိုယ်တာကျတော့ မကြံစည်ရဘူးတဲ့”လို့ပြောပြီး ကဲ ဘယ့်နှယ့်ရှိစဆိုတဲ့ ပုံနဲ့ ဦးဇင်းကို မေးဆတ်ပြပါတယ်။
ဟုတ်ပါတယ် သူပြောတဲ့ အစိန္တေယျလေးပါးကို ဘုရားရှင်ကိုယ်တော်မြတ်က အင်္ဂုတ္ထိုရ်ပါဠိတော် စတုက္ကနိပါတ်မှာ ဟောတော်မူခဲ့ပါတယ်။ ဒါပေမယ့် သူနားလည်နေသလိုမျိုး အဓိပ္ပါယ်ကို ဆောင်ပြီးတော့ ဟောကြားတော်မူခဲ့တာ မဟုတ်ပါဘူး။ လွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့အနေနဲ့ ဟောကြားတော်မူခဲ့တာ မဟုတ်ပါဘူး။
မြန်မာ့မြစ်ကြီး (၄) စင်းအနီး ကုန်ကြမ်းမရှာဖွေရအမိန့် ပတ်ဝန်းကျင်ထိန်းသူတွေကြို
by Lu Cifer on Thursday, March 29, 2012 at 10:35pm
ဓာတ်ပုံ CIA World Factbook
Irrawaddy delta
မြန်မာပြည်ရဲ့ အဓိက မြစ်ကြီး လေးစင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြစ်ကြောင်းအတွင်းနဲ့ မြစ်ကမ်းစပ်ကနေ ပေ (၃၀၀) အကွာ အတွင်းမှာ ကျောက်မျက်ရတနာ၊ ဓါတ်သတ္ထုနဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းတွေကို စမ်းသပ် ရှာဖွေ ထုတ်လုပ်ခြင်းမလုပ်ဖို့ သတ္ထုတွင်းဝန်ကြီးက ဒီနေ့ အမိန့်ကြော်ငြာ စာထုတ်ပြန်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက် နေသူတွေက သတိနဲ့ကြိုဆို လိုက်ပါ တယ်။
ငှက်ပိတုန်း စိတ်ဓာတ်
by Lu Cifer on Thursday, March 29, 2012 at 9:22pm
ငှက်ပိတုန်းကို မြင်ဖူးပါလိမ့်မည်။ ပုံစံက နှုတ်သီးရှည်ပြီး ချွန်သည်။ အမွေးအတောင်လှပသည်။ လေထဲတွင် တနေရာထဲ၌ အချိန်ကြာမြင့်စွာ အတောင်ပံတစ်ဖျတ်ဖျတ်ခတ်ပြီး ပျံဝဲနေနိုင်သည့် ငှက်မျိုးဖြစ်သည်။ အရွယ်မှာ စာကလေးကိုယ်လုံးသာသာ ရှိပြီး၊ ပိတုန်းတစ်ကောင်၏ လျှင်မြန်ခြင်းမျိုးရှိသဖြင့် ငှက်ပိတုန်း ( Hummingbird ) ဟု ခေါ်ပုံရသည်။ တချို့ကလည်း ၀တ်ရည်စုတ်ငှက်ဟု ခေါ်ကြသည်။
ကျွန်တော် ငှက်ပိတုန်း အကြောင်း ပထမဆုံးအကြိမ် စကြားဖူးခဲ့သည်မှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ၀မ်ဂါရီမာသိုင်း (၁၉၄၀ - ၂၀၁၁) ၏ အင်တာဗျုးတစ်ခုတွင် ဖြစ်သည်။ သူမ၏ ဟောပြောပွဲများတွင်လည်း အခါအားလျော်စွာ ငှက်ပိတုန်း ပုံပြင်အကြောင်း ထည့်သွင်းပြောကြားတတ်သဖြင့် သူမကို ငှက်ပိတုန်းငှက်အဖြစ်ပင် တင်စားခြင်းခံရပါသည်။

Wednesday, March 28, 2012
လူငယ်နှင့် အပြောင်းအလဲ
by So Min Oo on Thursday, March 29, 2012 at 5:41am
“အပြောင်းအလဲ”ဆိုတဲ့ ဝေါဟာရအပေါ် ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ခံယူချက်တွေရဲ့ တိုင်းပြည်ရဲ့ အရေးပါဆုံးသော အပြောင်းအလဲ အဆင့်တိုင်းမှာ သူတို့ပါဝင် လှုပ်ရှားခဲ့ပုံများ နှင့်နှိုင်းယှဉ်ဆွေးနွေးမှုများကို Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂ ထုပ်မှပြန်လည်းဝေမျှလိုက်ပါတယ်ခင်ဗျာ....
ပါဝင်ဆွေးနွေးသူများမှာတော့ ကိုဂျင်မီ၊ မနီလာသိန်း၊ ကိုနေဘုန်းလတ်၊ ကိုဋ္ဌေးကြွယ်၊ ဖြစ်ကြပါတယ်။
စိုးမင်းဦး
ပါဝင်ဆွေးနွေးသူများမှာတော့ ကိုဂျင်မီ၊ မနီလာသိန်း၊ ကိုနေဘုန်းလတ်၊ ကိုဋ္ဌေးကြွယ်၊ ဖြစ်ကြပါတယ်။
စိုးမင်းဦး
နန်းဝိုးဖန် ထိုးသွားခဲ့တဲ့ အချက်ပေးခေါင်းလောင်း [သွန်းနေစိုး]
by Thorn Nay Soe on Thursday, March 29, 2012 at 10:06am
ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ ( လူထု စိန်ဝင်း ၊ 28 March 2012 )
by Ko Thaung on Thursday, March 29, 2012 at 11:31am
အခုတစ်လော ရောက်လာသမျှ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာသမား အားလုံးက တစ်ခုတည်းသော မေးခွန်းကိုပဲ မေးကြတယ်။ သတင်းမီဒီယာလောကသား အားလုံး စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ “မီဒီယာ ဥပဒေ” ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။
မီဒီယာဖွံ့ဖြိုးရေး ညီလာခံ
ဒီလ ၁၈ ရက် ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” ဆိုတဲ့ ညီလာခံတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်ပအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စာတမ်းဖတ် ကြားသလို ပြည်တွင်းမီဒီယာ သမားတချို့လည်း စာတမ်းများဖတ်ကြတယ်။
သိပ်မရီနဲ့နော်သူငယ်ချင်းတို့(ဟာသအပိုင်း၂)
ရန်ကင်းသား
၁။အကြွေးထဲက နှိမ်လိုက်နော်.....
ပြည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး
တစ်ယောက်က စစ်ဆေးနေ သည်။
တစ်ယောက်က စစ်ဆေးနေ သည်။
မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။
ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။
မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။
ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။
ဖျော်ဖြေရေး ကမ္ဘာထဲက 4D ရုပ်ရှင်
by Internet Journal on Thursday, March 29, 2012 at 9:23am ·
မားစ်ဂြိုလ်သို့ ရောက်ရှိလာသော ကပ္ပတိန် John Carter၊ သူနှင့် ဂြိုလ်သားများ တွေ့ဆုံခြင်းက ကောင်းမွန်သော တွေ့ဆုံခြင်း မဟုတ်၊ ပဋိပက္ခပေါင်းများစွာ၊ ရန်ပွဲများစွာကို ရင်ဆိုင်ရသည်။ ဂြိုလ်သားများနှင့် တိုက်ပွဲ ထူးဆန်းသော သတ္တဝါနှင့် ရန်ပွဲ၊ စွန့်စားခန်းများ ပါဝင်သော John Carter ရုပ်ရှင်ကား။ အဲ့ဒီလို စွန့်စားခန်း အမြောက်အမြား ပါဝင်သော ရုပ်ရှင်ကားမျိုးကို ကျွန်တော်တို့ ငယ်စဉ် ဘဝကတည်းက ရင်းနှီးကျွမ်းဝင်စွာ ခံစားကြည့်ရှုဖူးခဲ့ကြသည်။ ဒါပေမဲ့ စွန့်စားခန်းတွေကို 4D နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ပုံမှန်ကြည့်နေကျ အရသာ မဟုတ်တော့။ ဇာတ်လမ်းက ပိုကြွလာသည်။ ပိုအသက်ဝင်လာသည်။ ရုပ်ရှင်ကြည့်နေသော ကျွန်တော့်နေရာသည် ရုပ်ရှင်ဇာတ်ကားထဲ ရောက်သွားသည်။ ဇာတ်ကားထဲက အဖြစ်အပျက်အားလုံးက ကျွန်တော့် လက်တစ်ကမ်းမှာ ဖြစ်ပျက်နေသည်။
John Carter ပစ်လိုက်သော --- ပေါ်က ရှပ်ပြေးသွားသည်။ လှေလှော်နေသူ၏ လှော်ခတ်သံကြောင့် မြစ်ထဲမှ ရေတချို့က ကျွန်တော် မျက်နှာပေါ် စင်သည်။ သေနတ်သံပေါက်ကွဲသံကြောင့် ထိုင်နေသော ကျွန်တော်ခုံတွေ လှုပ်ရှားလည်ပတ် ကုန်သည်။ ရုပ်ရှင်ကြည့်နေတာပါလား ဆိုတဲ့ အသိ ခဏတာ ကွယ်ပျောက်သွားခဲ့ပါသည်။
29.03.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Thursday, March 29, 2012 at 5:35am ·
အာဖဂန်နစ္စတန် မှာ အိမ်ကထွက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးချုပ်နှောင်ထားခံရတာ ရာနဲ့ချီရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူအဖွဲ့ HRW က ပြောလိုက်ပါတယ်။
HRW ရဲ့ အမှုဆောင် ဒါရိုက်တာ ကန်းနက်သ် ရော့သ်က ဘီဘီစီ ဝါးတူဒေးကို ပြောကြားရာမှာ အဖမ်းခံရတဲ့ မိန်းကလေးအားလုံးလိုလိုဟာ အရွယ်မရောက်သေးသူတွေ ဖြစ်ကြပြီး အဲဒီအထဲက တဝက်လောက်ဟာ အတင်းလက်ထပ်ထိမ်းမြား ပေးစားတာတွေ အိမ်တွင်း အကြမ်းဖက် ရိုက်နှက်မှုတွေကြောင့် အကျင့်စာရိတ္တ ပျက်ပြားတဲ့ ရာဇဝတ်မှုဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံကြရတာဖြစ်တယ်လို့ HRW ကဆိုပါတယ်။
အဲဒီအထဲမှာ အဓမ္မပြုကျင့်ခံရသူတွေလည်း ပါဝင်ပြီး သူတို့ကိုတော့ အိမ်ထောင်ဘက်မဟုတ်သူနဲ့ လိင်ဆက်ဆံမှုပြုလို့ဆိုပြီး ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။
ရန်ကုန်ကို ခေတ်မှီအောင်ပြင်ဖို့ အပိုင်း (၄)
by Lu Cifer on Wednesday, March 28, 2012 at 9:28pm
ဓာတ်ပုံ NSL
Constructions in Rangoon 1
ရန်ကုန်မြို့မှာ ကားအစင်းရေ တိုးလာတာနဲ့အမျှ ယာဉ်ကြောတွေ ပိတ်ပြီး သွားရေး လာရေး ခက်ခဲနေတာ တွေကို ဖြေရှင်းဖို့ ဘယ်လို ကျိုးစားနေကြတယ် ဆိုတာကို မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က ရှင်ပြပေးမှာပါ။
"မြို့လယ်ခေါင် စီးပွါးရေးဇုံက တောင်ဘက်မှာ ကျန်ခဲ့ပြီးတော့ မြောက်ဘက်ကို ရွေ့ပြီး တိုးချဲ့ သွားတဲ့ အတွက် ကြောင့် တောင်နဲ့ မြောက် တလျှောက်သွားတဲ့ လမ်းတွေက အထူးသဖြင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း အခုထက်ထိအောင်ကိုပဲ အတော်လေး ပြည့်ကျပ်နေပါတယ်။ ဘန်ကောက်မြို့တို့ ဂျကာတာ မြို့တို့နဲ့ နှိုင်းယှဉ်လိုက်ရင် ယာဉ်ကြော စီးဆင်းမှုက သိပ်ပြီးတော့ မဆိုးသေးပါဘူး။
နေညိုချိန် တိမ်တောက် သည့် အလှများ ပိုင်ဆိုင်ရန်
လူသား တို့သည် အသက် အရွယ်ကြီး ရင့်လာခြင်း ကို နေညိုချိန် ဟု တင်စား သုံးနှုန်း တတ်ကြ သည်။ နေညို ချိန်ပြီးလျှင် ဘဝနေဝင်၍ အဆုံးသတ်တော့ မည် ဟူသည့်သဘောဖြင့် ခေါ်ဆိုကြခြင်းဖြစ်သည်။ ထို့ကြောင့် အသက်(၆၀)ပြည့်လျှင် ဘဝနိဂုံးအဆုံးသတ် ရန်မလိုတော့ဟူသောအတွေးဖြင့်ဝန်ထမ်းများက လုပ် ငန်းခွင်မှ ပင်စင်ယူ မိမိကိုယ်မိမိ လူလောကတွင် အသုံးမဝင်တော့ဟု တွေးထင်တတ်ကြသည်။ သို့ သော် နေညိုချိန်တိမ်တောက်နိုင်မည့် အလှတရားကို မူ လူတိုင်းမေ့လျော့ထားတတ်ကြသည်။ အမှန်မှာ ၆၀ ကျော်ဆိုသော အသက်အရွယ်သည် လူ့အဝ၏ အနှစ်သာရများကို တဖန်ပြန်လည်ခံစားခွင့် ကြုံလာသောအချိန်ကာလဖြစ်သည်။ ယခင်လုပ်ငန်း တာဝန်ဝတ္တရားများနှင့် မအားလပ်၍ လုပ်ခွင့်မကြုံခဲ့ သောကိစ္စရပ်များကို အေးအေးဆေးဆေးအကောင် အထည်ဖော်နိုင်သည့် အချိန်ကာလပင်ဖြစ်သည်။ ဥပမာငယ်စဉ်က ဝါသနာပါရာ အားကစားနည်းတစ် မျိုးကို လေ့လာလိုက်စားနိုင်ခြင်း၊ ငယ်စဉ်ကဖတ် ချင်ခဲ့သော စာအုပ်ကောင်းများကို ဖတ် မှတ်နိုင်ခြင်း၊ ငယ်စဉ်က မိသားစုတာဝန် လုပ်ငန်းတာဝန်များဖြင့် ပျက်ကွက်ခဲ့ရသော မိတ်ဆွေအပေါင်းအသင်းများအ တွက် အချိန်ပေးနိုင်ခြင်း၊ ရပ်ကွက်ပတ်ဝန်းကျင်မှ သာရေး၊ နာရေး၊ လှူုမှုရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်ခြင်း စသည့်အခွင့်အရေးများရရှိသည့် အချိန်ကာလပင်ဖြစ်သည်။ ဤသိုဆောင်ရွက်နိုင်ရန် အောက်ပါအချက်များကို လိုက်နာရန်လည်းလိုအပ် ပေသည်။
ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး
by Voa Burmese on Thursday, March 29, 2012 at 9:11am ·
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တော်တော်များများကို လုပ်ဆောင်လာပေမယ့် ပြေလည်မှုမရသေးတဲ့ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ်က ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Christina Fink ခင်များ အခု ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ဖြေရှင်းရအခက်ခဲဆုံး ပြဿနာဟာ တိုင်းရင်းသားလူမျိုးစု ပြဿနာလို့ လူအများက သဘောတူကြပါတယ်။ ပါမောက္ခ Fink လည်း ဒါကို သဘောတူမယ် ထင်ပါတယ်။ ဆိုတော့ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံကို နမူနာအားဖြင့်ကြည့်ပါ - အဲဒီမှာဆိုရင် မတူကွဲပြားတဲ့ လူမျိုးစုပြဿနာတွေ ပိုတောင်များပါတယ်။
ဗိုလ်ချုပ်အကြောင်း(၂၁)
ကျွန်တော်သိသော ဦးနောင်ချို
ရွှေမိုး
ဦးနောင်ချိုသည်----
မိမိ ကိုယ်ရေးကိုယ်တာကို လုံးဝဂရုမထားသူ နိုင်ငံရေးသမားအစစ်ဖြစ်သည်။
စိတ်ရင်းစေတနာ အဖြူစင်ဆုံးနှင့် အသန့်ရှင်းဆုံး ခေါင်းဆောင်ဖြစ်သည်။
မြန်မာတိုင်းရင်းသား ပြည်သူလူထုကြီး တစ်ရပ်လုံး၏ အကျိုးစီးပွားကို မိမိ၏ အကျိုးနှင့် ထပ်တူထပ်မျှထားသူ ဖြစ်သည်။
ယနေ့ အချို့သော ကွန်မြူနစ် အမည်ခံများနှင့် အချို့သော ဆိုရှယ်လစ် အမည်ခံများလို ယောင်တောင်တောင် ဖြစ်နေခြင်းထက် တကယ့်ဆိုရှယ်လစ် သဘောတရားများကို နက်ရှိုင်း ပိုင်နိုင်စွာ သိမြင်နားလည်သူ အခြေအနေကို မှန်ကန်စွာ အသုံးချတတ်သူ ဆိုရှယ်လစ်အမြင်ကို ကြည်လင်စွာထားရှိသူ တကယ့်ခောတ်ပြောင်း တော်လှန်ရေးသဘောကို နားလည်သူခေါင်းဆောင်ကြီးဖြစ်သည်။
မြန်မာကဗျာဆိုတာ ဂျို(ချို)နဲ့လား (၁)
ရွှေအိမ်စည်
http://harrylwin.blogspot.com/ 2008/08/blog-post_26.html
မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ဆိုပြီးတော့ ဂန္ထဝင်မြန်မာကဗျာ (သရုပ်မှန်ကဗျာ လို့လည်း တချို့ကခေါ်ကြပါရဲ့) တွေအကြောင်း ကျနော် ကဗျာရွာ (http://www.poemscorner.com/) မှာ ကျနော် စရေးခဲ့ပါတယ်။ စာပန်းချီ Online မဂ္ဂဇင်း ထဲမှာလည်း အခန်းဆက်အဖြစ် အပိုင်း(၂) ကာရန်၊
အသံအကြောင်းအထိ ရေးခဲ့ပါတယ်။ ဒီအကြောင်းစပြီး ခေါင်းထဲ ရောက်လာတာကတော့
မမေဓါဝီ ရဲ့ကျေးဇူးပါပဲ။ မမေ က သူ့ဘလော့ဂ် 'တွေးမိတွေးရာ .. ရေးမိရေးရာ'
(http://maydar-wii.blogspot. com) မှာ "ကိုပြူးကျယ်သို့ပေးစာများ" ဆိုပြီး မြန်မာကဗျာတွေ ရေးပုံရေးနည်းကို ရေးထားခဲ့ပါတယ်။ ဒါကိုကျနော်ဖတ်ရင်းကနေ ဒီအကြောင်းကိုရေးဖို့ ခေါင်းထဲရောက်လာတာပါ။ ကျနော့်မှာရှိသလောက် စာအုပ်စာတမ်းလေးတွေ ကိုပဲ ကိုးကားပြီးရေးနိုင်ပါတယ်။
မြဝတီအင်တာနက်စာမျက်နှာ (http://myawady.net) နဲ့ မြန်မာ့စွယ်စုံကျမ်းကနေလည်း တချို့ အချက်အလက်တွေကို အကိုးအကားအနေနဲ့ ရရှိပါတယ်။ ညီလေးချီရွန် ကလည်း သူ့ဘလော့ဂ် 'Love to Eternal'(http://lovetoeternal. blogspot.com/) မှာ အပိုင်း (၂) အထိဖေါ်ပြပေးခဲ့ပါတယ်။ သူတို့ကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။
http://harrylwin.blogspot.com/
မြန်မာကဗျာဆိုတာ ဂျို (ချို)နဲ့လား ဆိုပြီးတော့ ဂန္ထဝင်မြန်မာကဗျာ (သရုပ်မှန်ကဗျာ လို့လည်း တချို့ကခေါ်ကြပါရဲ့) တွေအကြောင်း ကျနော် ကဗျာရွာ (http://www.poemscorner.com/) မှာ ကျနော် စရေးခဲ့ပါတယ်။ စာပန်းချီ Online မဂ္ဂဇင်း ထဲမှာလည်း အခန်းဆက်အဖြစ် အပိုင်း(၂) ကာရန်၊
အသံအကြောင်းအထိ ရေးခဲ့ပါတယ်။ ဒီအကြောင်းစပြီး ခေါင်းထဲ ရောက်လာတာကတော့
မမေဓါဝီ ရဲ့ကျေးဇူးပါပဲ။ မမေ က သူ့ဘလော့ဂ် 'တွေးမိတွေးရာ .. ရေးမိရေးရာ'
(http://maydar-wii.blogspot.
မြဝတီအင်တာနက်စာမျက်နှာ (http://myawady.net) နဲ့ မြန်မာ့စွယ်စုံကျမ်းကနေလည်း တချို့ အချက်အလက်တွေကို အကိုးအကားအနေနဲ့ ရရှိပါတယ်။ ညီလေးချီရွန် ကလည်း သူ့ဘလော့ဂ် 'Love to Eternal'(http://lovetoeternal.
Myanmar World Music Appreciation Group
Tuesday, March 27, 2012
“မပွင့်လန်းသေးသောငြိမ်းချမ်းရေးနှင့်ကျွန်တော်တို့ အနာဂတ်”
on Wednesday, March 28, 2012 at 9:00by Sein Khat Soe am
အအေးလျော့လျော့ရာသီဥတု၊ စိမ်းညို့ညို့တောင်တန်းတွေရဲ့နောက်မှာ မနောမြေနယ်စပ်မြို့လေးဟာ ငြိမ်သက်အေးချမ်း စွာလဲလျောင်းနေပါတယ်။ မိုးရွာပြီးစညနေခင်းတစ်ခုလို အေးအေးကြည်ကြည်ရှုခင်းတွေနဲ့ နှင်းငွေ့ရစ်သီနေတဲ့တောင်စဉ်အ ထပ်ထပ်ဟာ အပူပိုင်းကရောက်လာခဲ့သူကျွန်တော့်အတွက်တော့ ဘယ်နေရာကြည့်ကြည့် အေးစိမ့်ဆွတ်ပျံ့စဖွယ်ကိုဖြစ်လို့ နေပါတယ်။ ဒါပေမယ့် အပြင်မှာပြုံးနေပေမယ့် အတွင်းမှာနှုံးနေတယ်ဆိုတဲ့စကားလို စစ်ဆိုတဲ့နတ်ဆိုးရဲ့လက်ချောင်း တွေ အောက်မှာ ကချင်တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံး အပူလုံးကြွနေခဲ့ရရှာပါတယ်။ အခုဆိုရင် ၉လရှိလာပါပြီ။ ကျွန်တော်တို့ရောက်သွားခဲ့တဲ့ အချိန်တလျောက်မှာတော့ ထိုးစစ်တွေ၊ တိုက်ပွဲငယ်တွေလည်း မကြားရတော့သလောက် တိတ်ဆိတ်သွားပါပြီ…။ ဒါဟာ တစ်သက်လုံးအတွက်တိတ် ဆိတ်ခြင်းလား၊ တစ်သက်လုံးအတွက် ရပ်တန့်သွားခြင်းလား လို့မေးရမယ်ဆိုရင်တော့ “ဟုတ်ပါတယ်။”လို့ ခုချိန်မှာ ဘယ် သူမှဖြေနိုင်ဦးမှာမဟုတ်ပါဘူး။
ဗိုလ်ချုပ်အကြောင်း(၂၀)
by Lu Bo on Wednesday, March 28, 2012 at 1:06pm ·
Monday, March 26, 2012
စာရေးဆရာ ကိုအောင်ဆန်း
မောင်ကျော်သာ
သူ၏ မျက်နှာသွင်ပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ မျိုးနွယ်တို့၏ မျက်နှာနှင့်တူသည်။ သို့မဟုတ် ချင်းတောင် တောင်ပေါ်ချင်း တစ်ယောက်နဲ့လည်းတူပြန် လေသည်ဟု မှတ်တမ်းတင်ကြလေကုန်၏။
သူသည် လူမှုဆက်ဆံရေး၌လည်း ပြေပြစ်သိမ်မွေ့ခြင်း ကင်း၍ ၊ နည်း၍ ရိုင်း၏။ ကြမ်း၏။ သူသည် နိုင်ငံရေးကိုသာ တစ်ခုတည်း လုပ်သောသူ တစ်ဦးဖြစ်၏။ တစ်ခုတည်းသော ယုံကြည်ချက်နှင့်တစ်ခုတည်း ကို သာလုပ်သော နိုင်ငံရေးသမားဖြစ်၏။
28.03.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, March 28, 2012 at 7:24am ·
မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်ဂျပန်ကို ဗမာ့တပ်မတော်နဲ့ တော်လှန်ရေး ပြောက်ကျား ရဲဘော်တွေ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူ လူထုက ပူးပေါင်း တိုက်ထုတ်ခဲ့တာ ၆၇ နှစ် ပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။
အဲဒီနေ့ အထိမ်း အမှတ် တပ်မတော်နေ့ အခန်း အနား အဖြစ် မြန်မာ့ တပ်မတော်က ကျင်းပခဲ့ သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တခြား နိုင်ငံရေး အင်အားစုတွေ ကလည်း ဖက်ဆစ် တော်လှန်ရေး နေ့ အခန်းအနား အဖြစ်နဲ့ ကျင်းပခဲ့ကြ ပါတယ်။ တပ်မတော်နေ့ အခန်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်ကြီး မင်းအောင်လှိုင် က ပြည်သူ လူထုကို ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။
ခန္ဓာကိုယ် တစ်ပိုင်းပြတ် လူသား
ဂျွန် နဲ့ သူ့အမွှာညီအစ်ကို ရောဘတ်
၁၉၁၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ အမ်မီလီယာနဲ့ ဂျွန် အက်ဟတ်တို့ ဇနီးမောင်နှံဟာ ဂျွန်ဂျူနီယာ နဲ့ ရောဘတ် လို.ခေါ်တဲ့ သားအမွှာနှစ်ဦး မွေးဖွားခဲ့ပါတယ်။
ဂျွန်ဂျူနီယာမှာသာ ခါးအောက်ပိုင်းအစိတ်အပိုင်းတွေ ပါဝင်ခဲ့မယ်ဆိုရင် ဒီအမွှာညီအစ်ကိုနှစ်ယောက်ဟာ အတော်လေးဆင်တူမှာ ဖြစ်ပါတယ် ။ ခုတော့ ရောဘတ် မှာ ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာရှိခဲ့ပေမဲ့ ဂျွန်ဂျူနီယာကတော့ ကိုယ်တစ်ပိုင်းပြတ် ကလေးငယ်လေးအဖြစ်နဲ့သာ
မွေးဖွားခဲ့ရပါတယ် ။ ဒီညီအစ်ကိုနှစ်ယောက်ဟာ ဘဲတီမိုးမှာကြီးပြင်းခဲ့ ကြပါတယ် ။
ဂျွန် ဟာ သူ့ရဲ့အားနည်းချက်တွေကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အံတုနိုင်ခဲ့ပါတယ်။ အသက်တစ်နှစ်သားလောက်မှာ သူ.အစ်ကိုရောဘတ်က မတ်တပ်ရပ်ဖို. အနိုင်နိုင်ဖြစ်နေတဲ့အချိန် ဂျွန် က သူ့လက်တွေကို အသုံးချပြီး လမ်းလျောက်နေပါပြီ ။ ဂျွန်ကပိုပြီး လျှင်မြန်စွာ ဖွံ့ဖြိုးလာပြီး သူ့ရဲ့ လျှင်မြန်ဖြတ်လတ်မှု နဲ့ အမှီအခိုကင်းမှုတွေဟာ သူ့မိသားစုနဲ့ သူငယ်ချင်းများကို အလွန်အံ့အား သင့်စေ ပါတယ် ။

ဟာသလေးများ အပိုင်း(၆)
(၁) သေပြီဆရာ
ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့ ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့
အိမ်ထောင်ကြတယ်။ ကလေး တစ်ယောက်မွေးတယ်။ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့
အိမ်ထောင်ကြတယ်။သူက ကလေး နှစ်ယောက်မွေးတယ်။
တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး သုံးယောက်မွေးတယ်။
လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး
လေးယောက်မွေးတယ်။
ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ရှေ့ ရေး
ဦးဖိုးသာအောင် ၂၇။၃။၂၀၁၂
စစ်တပ်သည် အပစ်အခတ်နှင့် အညစ်အပတ်အဖွဲ့အစည်း မဟုတ်၊ စစ်တပ် (သို့) လက်နက်ကိုင် အဖွဲ့အစည်းဆိုသည်မှာ တိုင်းပြည်တိုင်းမှာ မရှိမဖြစ်လိုအပ်သည်၊ တိုင်းပြည်အတွက် ဖွဲ့စည်းတည်ထောင် ထားသည့် စစ်တပ်သည် ပြည်သူလူထု အကျိုးအတွက်သာဖြစ်ပြီး ပြည်သူလူတစု၏ အကျိုးအတွက် မဟုတ်ပါ။
မြန်မာပြည်တွင် ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်တပ် (မြန်မာ့တပ်မတော်)ကို စတင်ဖွဲ့စည်းခဲ့သည်၊ တိုင်းပြည်နှင့် လူထုတရပ်လုံး၏ အကျိုးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်၊ ဒါကြောင့် တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးကို သယ်ပိုးထမ်းဆောင်လိုသူများက စစ်တပ်(မြန်မာ့တပ်မတော်) ထဲသို့ ဝင်ကြပါသည်၊ ကိုလိုနီကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် တနည်းအားဖြင့် အမိမြန်မာနိုင်ငံတော် အတွက် အသက်ပေးတိုက်ခိုက်ကြရန် စစ်သားအဖြစ်ကို ခံယူကြသည်၊ လွတ်လပ်ရေးရပြီးနောက် အမိမြန်မာပြည်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်သားအဖြစ်ကို ဆက်လက်ခံယူကြသလို စစ်တပ် အတွင်းသို့ ဆက်လက်ဝင်ရောက် အမှု့ထမ်းကြပြန်ပါသည်၊ ဒါကြောင့် ယနေ့တိုင် မြန်မာ့တပ်မတော်အဖြစ် အခိုင်အမာ တည်တံ့နေဆဲဖြစ်ပါသည်။