ကောင်လေးတွေ ဖတ်ဖို့....
၁။ တကယ်လို့ မိမိအနေနဲ့ သူမကို ကောင်းမွန်လှပတဲ့ အနာဂတ်တစ်ခု မပေးနိုင်ဘူးဆိုရင်... သူမကို လက်ထပ်ခွင့်မတောင်းပါနဲ့....
၂။
မလုပ်နိုင်ပဲ ကတိမပေးပါနဲ့... ယောကျာ်းလေးဆိုတာ...လုပ်ရပ်နဲ့ အပြောနဲ့
ကိုက်ညီရပါမယ်...ဒါကြောင့် လွယ်လွယ်ကူကူ
ကတိမပေးပါနဲ့...
လွယ်လွယ်ကတိပေးလိုက်ပေမဲ့ ရေရှည်မှာ
နောက်ဆုတ်ရခက်ခဲတတ်ပါတယ်....
၃။ အပျော်အပါး
ဝါသနာပါသူများအနေနဲ့ ...အပျော်အပါးကို မိမိချစ်သူထက်
ဦးစားမပေးသင့်ပါဘူး... တကယ်တော့ ချစ်သူကသာ မိမိဘ၀အတွက်
အဖော်ပြုပေးနိုင်ပါတယ်... ပျော်ပါးမှုဆိုတာ ခဏတာ သာယာမှုအတွက်ပါပဲ....
၎။
ကိုယ့်ရဲ့ မိဘအတွက် မိမိချစ်သူကို
ဆုံးမပြောဆိုသင့်ပါတယ်..ချစ်သူအတွက်နဲ့တော့ မိဘကို မစော်ကားမိပါစေနဲ့...
တကယ်လို့ သူမအနေနဲ့ ကိုယ့်ရဲ့မိဘတွေ အပေါ်မှာ
မကောင်းဘူးဆိုရင်...စွန့်လွှတ်သင့် စွန့်လွှတ်ရပါမယ်....
၅။
မိမိလက်တွဲဖော်ကို ရွေးတဲ့အခါ... အပေါ်ယံအလှအပတစ်ခုတည်းကို
မရွေးချယ်မိပါစေနဲ့... သူမရဲ့ အတွင်းစိတ်နေသဘောထားကိုပါ လေ့လာပါ...တကယ်တော့
ဘ၀အတွက် ချစ်သူထက် ဇနီးကောင်းပိုလိုပါတယ်....
၆။
အောင်မြင်နေတဲ့ ယောက်ျားလေးတစ်ယောက်အတွက် ဘေးနားမှာ ကောင်းမွန်မြင့်မြတ်တဲ
ဘ၀လက်တွဲဖော် မိန်းကလေးလိုအပ်ပါတယ်...ဒီမိန်းကလေးဟာ လှပမှုထက် အကျင့်စာရိတ္တ
ကောင်းမွန်ဖို့ ပိုအရေးကြီးပါတယ်....
၇။ တကယ်လို့ မိမိအနေနဲ
့မိန်းကလေးတစ်ယောက်ကို စိတ်ချမ်းသာမှု လုံခြုံမှု
မပေးနိုင်သေးဘူးဆိုရင်...မိမိရဲ့ အနာဂတ်အတွက် အရင်ပြင်ဆင်ပါ...
၈။ ယောက်ျားလေးတွေအတွက် ဘ၀မှာ တာဝန်ယူရတဲ့ အရာတွေ အင်မတန်များပါတယ်....ဒါပေမဲ့ အရေးကြီးဆုံး ၄ ခုက
မိဘ
အတွက် တာဝန်ယူခြင်း... မိမိအနာဂတ်အတွက် တာဝန်ယူခြင်း ၊ မိမိရဲ့
ဘ၀လက်တွဲဖော် လုံခြုံစိတ်ချရမှု အတွက် တာဝန်ယူခြင်း နှင့် လောကအတွက်
တာဝန်ယူရခြင်းတို့ပါပဲ....အစဉ်လိုက် အရေးပါမှု ကိုယ်စီရှိကြပါတယ်....
၉။
အလျင်စလို ဖြစ်သလို စဉ်းစားပြီး ပေါ့ပျက်ပျက် မလုပ်ပါနဲ့...တစ်နေ့ကျရင်
အဲဒီလို လုပ်ဆောင်ချက်ကို မထင်မှတ်ပဲ ဒုက္ခ ပြန်ပေးတတ်ပါတယ်....
၁၀။
ပစ္စည်းတွေ အမျိုးအစား ခွဲနိုင်သလို လူတွေမှာလဲ စာရိတ္တ အကျင့် သိက္ခာ
အမျိုးမျိုး ရှိပါတယ်.... ယောက်ျားလေးအတွက် အပေါင်းအသင်းက
အလွန်အရေးကြီးပါတယ်... ဒါကြောင့် မိမိဘ၀တိုးတက်စေမဲ့ မိတ်ဆွေ သို့မဟုတ်
မိမိဘ၀ကို လမ်းညွန်ပေးနိုင်မဲ့ မိတ်ဆွေ ကို ရွေးချယ်ပေါင်းသင်းဖို့
လိုပါတယ်....
၁၁။ လောကမှာ သင့်အချစ်နဲ့ ထိုက်တန်သူ
၃မျိုးရှိပါတယ်...ပထမအနေနဲ့ မိဘပါ...ဒုတိယက မိမိချစ်သူ နဲ့ တတိယက
ဆွေမျိုးသားချင်းတွေပါ....ပြီးမှ မိမိကိုယ်တိုင်ဖြစ်ပါတယ်....
၁၂။ အချစ်ဆိုတာ လိုက်လံတောင်းဆိုနေဖို့မဟုတ်ပါဘူး...
တကယ်လို့
မိမိအနေနဲ့ ကိုယ်ကြိုက်တဲ့ မိန်းကလေးတစ်ယောက်ကို နာကျင်ခံစားရတဲ့ အထိ
ကြိုးစားပေမဲ့ သူမက တုပ်တုပ်မျှ မလှုပ်ဘူးဆိုရင်... ကောင်လေးတွေ....
စွန့်လွှတ်လိုက်ပါတော့...။ တစ်ခါတစ်လေမှာ မိန်းကလေးတွေထက် ယောက်ျားလေးတွေရဲ
့မာနတရားက ပိုပြီး အရေးပါတယ်လေ....
စာချစ်သူများအားကျေးဇူးတင်ပါသည်...
(ဇေယျာ) 27/Feb/2012, Monday, 10:13 am
No comments:
Post a Comment