Wednesday, February 1, 2012
မှော်ဆရာအဖွဲ့ နာမည်ဖျက်ခံရခြင်း ရှင်းတမ်း
  စနစ်တကျ အကွက်ပေါင်းစုံနဲ့ မှော်ဆရာအဖွဲ့ကိုတိုက်ခိုက်ကြသူတွေမှာ ဘယ်လိုအကြံမျိုးတွေများရှိနေကြ သလဲ ? ။ ဒါသာမန်အနေအထားတော့မဟုတ်တာသေချာပါတယ် ။ တကယ်တော့ မှော်ဆရာမေးဂရုလ်ဆိုတာ  ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ မေးဂရုလ် တစ်ခုသာဖြစ်ပါတယ် ။
မှော်ဆရာအဖွဲ့ ကို အောက်ပါရည်၇ွယ်ချက်များဖြင့် ဖွဲ့ ထားခြင်း ဖြစ်သည် ။
(၁) မန်ဘာဝင်ထားသော မိတ်ဆွေများ ကမ္ဘာတစ်ဝှန်းရှိ လက်လှမ်းမှီသမျှ ထူးခြားသတင်းများကို  အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ရန် ၊
(၂) ကျန်းမာရေး ၊ ပညာရေး ၊ IT ပညာ နှင့် အထွေထွေ ဗဟုသုတရစေနိုင်သော အကြောင်းအရာများကို မေးလ်မှတဆင့် နေ့စဉ်ဖတ်ရှုနိုင်ရန် ၊
(၃) မိမိတို သိထားသည်များကို ပြန်လည် မျှဝေနိုင်ရန် ၊ပြန်လည်ဆွေးနွေးနိုင်ရန် ။
(၄) မန်ဘာဝင် အချင်းချင်း အကူညီပေးနိုင်ရန် ၊
(၅) ဖျော်ဖြေရေးအတွက်လည်း အသုံးချနိုင်ရန် ၊
     ရည်ရွယ်ပြီး ဖွဲ့ စည်းထားခြင်း ဖြစ်သည် ။
     ဒီလို ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ တက်ကြွတဲ့ နိုင်ငံသားကောင်းတွေစုဝေးရာ မေးဂရုလ်တစ်ခုကို ဖြိုခွဲဖို့ ၊ သိက္ခာချဖို့
နာမည်ဖျက်ဖို့ ကြံနေတဲ့ လူပုဂ္ဂိုလ်တွေဟာ ဘယ်လိုလူစားမျိုးပါလဲ ? ။ မှော်ဆရာအဖွဲ့ဟာ ပါတီမဟုတ်ဘူး ၊ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်
ပါဘူး ။ မှော်ဆရာအဖွဲ့ဟာ သာမန်ဂရုလ်မေးအဖွဲ့တဖွဲ့သာဖြစ်တယ် ။ လူပေါင်းတစ်သောင်းကျော်လောက်ဟာဂရုလ်ထဲက မေးလ်တွေကို
ယူကြတယ် ၊ သတင်းအချက်အလက်က စပြီး ဆောင်းပါးကဗျာအဆုံး ဖတ်ကြတယ် ။ တက်ကြွတဲ့မန်ဘာတွေက ၀င်ရောက်ဆွေးနွေးကြတယ် ။
ဒါ ရိုးရိုးရှင်းရှင်းပါပဲ . . . ဘယ်အလိုအရာမျိုးက လာပြီး ရှုပ်အောင်လုပ်နေရတာလဲ ။
   ဒါပေမယ့် ပြသနာက မှော်ဆရာမေးလ်ဂရုလ်က အက်တစ်မန်ဘာတွေဟာ ဒီမိုကရေစီလိုလားသူများတယ် ၊ အချက်အလက်နဲ့ဆွေးနွေးနိုင်သူ
တွေများတယ် ၊ ဆိုးရွားတဲ့အချက်ကိုပါပြောရမယ်ဆိုရင် စိတ်ဓါတ်ပြင်းထန်သူတွေများတယ် ၊ အစွန်းရောက်တယ်လို့ စွပ်စွဲမလား ? ။ သေချာတာ
တခုကတော့ ဘယ်အဖွဲ့အစည်း ၊ ဘယ်အစိုးရ ဟာ ကောင်းတာလုပ်နေရဲ့နဲ့ မန်ဘာတွေက အလကားနေရင်းဝေဖန်တာကိုတော့ မတွေ့ခဲ့ရဖူးဘူး ။
အလကားနေရင်းဆဲဆိုနေတဲ့ မန်ဘာကိုလည်းမတွေ့ဖူးဘူး ( ရှိလာခဲ့ရင်လည်း အဖွဲ့ကိုရောက်မလာခင် အက်မင်တွေက ၀မ်နိမ်
ဖြစ်ဖြစ် ၊ ဘန်းတာဖြစ်ဖြစ် အရေးယူလေ့ရှိတယ် ) ။ ဆိုလိုချင်တာက ကျနော်ကိုယ်တိုင် သမ္မတဦးသိန်းစိန်ကို ဗရာဘို လုပ်ခဲ့တဲ့ဆောင်းပါးတွေ
ကောမန့်တွေပေးခဲ့တယ် ။ နိုင်ကျဉ်းတွေလွတ်စဉ်က မှော်ဆရာမန်ဘာအကုန်လုံးက လက်ရှိသမ္မတကြီးနဲ့ အစိုးရကို ကောမန့် ပေါင်းစုံနဲ့ လှိုက်
လှိုက်လှဲလှဲကျေးဇူးတင်ခဲ့ဖူးတယ် ။ သေချာတာကတော့ မှော်ဆရာမေးလ်ဂရုလ်ဟာ အစိုးရကိုပုတ်ခတ်နေတဲ့ အစွန်းရောက်မေးလ်ဂရုလုံးဝမဟုတ်
ခဲ့ဘူး ။
      ဂရုလ်တည်ထောင်သူ mrsorecerer  မှာ "ငါ့ဂရုမှာနေရင် ငါ့ကို အပြစ်မပြောနဲ့ ဘန်းခံရမယ်" ဆိုတဲ့ စိတ်မျိုးရှိနေတယ်ဆိုရင် ဘယ်မန်ဘာက
ဂရုလ်ထဲမှာနေဦးမှာတုန်း အွန်လိုင်းပေါ်မှာ ဂရုလ်ပေါင်း သောင်းခြောက်ထောင်လောက်ရှိတယ် ။ ဦးမှော်ဆရာဟာဒီလိုဆိုရင် ဘယ်မန်ဘာကမှ
မှော်ဆရာအဖွဲ့မှာမနေတော့တာသေချာတယ် ။ ဒါတမင်အောက်တန်းကျတဲ့လုပ်ကြံမှု့ပဲ . . . ဒီလို အဆင့်မရှိတဲ့ ၀ါဒဖြန့်မှု့မျိုးကို ပြုလုပ်တဲ့
လူဟာ ဒီလို အောက်တန်းကျတဲ့ ၀ါဒဖြန်မှု့တွေဖြစ်တဲ့ အမေစုကို စော်ကားတဲ့ဆောင်းပါးတွေ ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အန်အယ်ဒီကိုစော်
ကားတဲ့ဆောင်းပါးတွေ ရေးနေကြဖြစ်တဲ့လက်မျိုးဖြစ်ပါလိမ့်မယ် ။ သေချာတာကတော့ နာမည်ခံတဲ့နယ်ရုပ်လေးရဲ့နောက်မှာ ဘုရင်ကြီးတွေ
ဘုရင်မကြီးတွေ ရှိမှာဧကန်မလွဲပါပဲ ။ နာမည်ခံတဲ့လူဟာ ဒီလောက်အရေးမကောင်းသလို  ၊ ဒီလောက်အောက်တန်းကျတဲ့အတွေးတွေတွေးနိုင်
တဲ့ ဦးနှောက်ရှိသူမဟုတ်ဘူုး ။ နောက်ကွယ်ကလူတွေက မှော်ဆရာအဖွဲ့ မေးလ်အဖွဲ့လေးတစ်ဖွဲ့ကို ဘာကြောင့် ရည်ရွယ်ချက်ရှိရှိ တခေါက်ပြီး
တစ်ခေါက်တိုက်ခိုက် နာမည်ဖျက်နေရတာလဲ ?
    သူတို့မှာ ဘာကြောင့် မှော်ဆရာအဖွဲ့က အထုတ်ခံရသူတွေရဲ့ Black List ရှိနေရတာလဲ ? ။ အရင်ကအထုတ်ခံရသူတွေနဲ့အခုအထုတ်ခံရသူတွေ
ကြားမှာ ဆက်နွယ်မှု့ရှိသလား ။ မှော်ဆရာအဖွဲ့မှာ အက်မင်လေးယောက်ရှိတယ် ( အဲ့ဒီအက်မင်လေးယောက်ကို ဦးမှော်ဆရာက အကူအညီတောင်း
လို့ အဖွဲ့ဝင်မန်ဘာတွေထဲက လူတွေကပဲ အချိန်ရရင် ရသလိုကူညီနေကြတာပါ ၊ အက်မင်တွေဟာ အဖွဲ့သားတွေအပေါ် ဘယ်တုန်းကမှ အာဏာရှင်
မဆန်ခဲ့ဘူး ၊ အက်မင်တွေအပေါ်ကွန်ပလိန်းရှိခဲ့ရင် အက်မင်တွေအနေနဲ့ ပြန်လည်ပြေလည်အောင်ဖြေရှင်းကြရတာပါ ) ။ မန်ဘာနှစ်ယောက်စ ၊သုံး
ယောက်စ အဖွဲ့က ထွက်သွားတာဟာ မန်ဘာအများစုနဲ့ အဆင်မပြေလို့ ကိုယ့်သဘောနဲ့ကိုယ်ထွက်သွားကြရတာသာဖြစ်တယ် ။ ဘယ်သူမှထွက်ဖို့
ဖိအားမပေးခဲ့သလို ၊ဘယ်သူမှလည်း မထွက်ဖို့တောင်းပန်ပြီးမတားခဲ့တာလည်းအမှန်ပါ ( ဒီမိုကရေစီနည်းအရ သူတို့မှာလွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိကြ
ပါတယ် ) ။
        မှော်ဆရာအဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြသူတွေကို ပြောချင်ပါတယ် ။ ခဗျားတို့ဘာလုပ်လုပ် ကျနော်တို့ မေးလ်အဖွဲ့ကတော့
စည်းစည်းလုံးလုံးနဲ့ ယခင်ထက် ပိုပြီးကြီးထွားလာစေရမယ်လို့ ဒီနေရာက ကတိပေးလိုက်တယ် ။
 ပရိတ်သတ်များ ဆင်ခြင်နိုင်စေရန် သက်သေရီပလိုင်းများ
antiquatedmail
   ကိုလင်းဇော်ထက်
( ဆွေးနွေးတာကို ဆွေးနွေးတာလို.ပဲမြင်ပါတယ် ရိသဲသဲလုပ်တာကို ရိသဲသဲ.လုပ်တာလိုမြင်ပါတယ် ရန်စသလို သရော်သလို ကို ရန်စသလို သရော်သလိုပဲ မြင်ပါတယ် )
ပြောတာ အပြည့်အဝ ထောက်ခံပါ တရ်
နောက်ပီး ဘာမ ဟုတ်တဲ့ ဘေးထိုင်ကပ်ပြော လုပ်နေတဲ့ သူတစ်ယောက်ကြောင့် တန်ဖိုးရှိတဲ့ နောက် Mail တွေနဲ့ သတင်းတွေ နှောက်နှေး ကျန့်ကြာတာမျိုး မလိုလားပါဝူး၊၊
လေးစားစွာဖြင့်
http://www.co2zenith.com/
Hyde
ကျနော်ထင်တာလေးတစ်ခုပြောကြည့်မယ်ဗျာ.... ဆဲတာကတော့ လုံးဝမကောင်းဘူး... လူတစ်ယောက်ကို သတ္တဝါနဲ့နှိုင်းပြောတာ နစ်နာစေလိုတဲ့စိတ်နဲ့ ပြောတာလည်း လုံးဝမကောင်းဘူး... ဒီတော့ ကျနော်ထင်တာကတော့ အဒ်မင်တွေအနေနဲ့ ဆဲရင်သူတို့သတ်မှတ်ထားတဲ့ အရေးယူမှုတော့ လုပ်လိမ့်မယ်... ကျနော်ထင်တာကတော့ မှော်ဆရာဂရုပ်မှာ ကိုင်တွယ်ပုံက တစ်ခါဆဲရုံလောက်နဲ့ ban ပစ်လိုက်လိမ့်မယ် မထင်ဘူး... ခက်တာက မမ်ဘာတွေအနေနဲ့ အဒ်မင်တွေက ဘယ်သူ့ကို ဘာကြောင့်ဘန်းတယ်ဆိုတာ စစ်စစ်ပေါက်ပေါက်သိနိုင်မယ်မထင်ဘူး... ဘယ်သူတွေ သတိပေးခံထားရတယ်ဆိုတာလည်းသိမယ်မထင်ဘူး... အဲ့ဒါတွေကိုလည်း အဒ်မင်တွေက အများသောအားဖြင့် မမ်ဘာတွေကို ထုတ်ဖော်ပြောမယ်မထင်ဘူး... တစ်ချို့တစ်လေတော့ မမ်ဘာတွေရှေ့မှာ ပေါ်တင်သတိပေးခံရတာ တွေ့ဘူးလိမ့်မယ်... ဒါပေမဲ့ အများစုတော့ မမ်ဘာတွေသိမှာမဟုတ်ဘူး...
အဲ... နောက်တစ်ခုက ကိစ္စတစ်ခုအပေါ်မှာ ခံစားလိုက်ရသူနဲ့ ဘေးကကြည့်သူအမြင်တူချင်မှတူမယ်... အဲ့ဒီလိုအခြေအနေမျိုးဆိုရင်တော့ မမ်ဘာအနေနဲ့ မိမိခံလိုက်ရတာကို ထုတ်ဖော်ပြောသင့်တယ်လို့ယူဆတယ်... ဥပမာဆိုကြပါစို့ဗျာ... မမ်ဘာတစ်ယောက်ကို နောက်မမ်ဘာတစ်ဦးက အမြင်မတူတာပြောတဲ့အခါ "နွားကို ပလာတာကြွေးရသလိုပဲ" "ကျွဲပါးစောင်းတီးပဲ" ဆိုတာမျိုးပြောတယ်ဆိုပါစို့... နွားကိုပလာတာကြွေးရသလိုပဲဆိုတာ အနှိုင်းခံရသူကို နွားလို့ပြောတာမဟုတ်ဘူး... ဒါပေမဲ့ တစ်ခါတစ်လေမှာ အနှိုင်းခံရသူဘက်က သူ့ကိုနွားနဲ့နှိုင်းတယ်လို့ထင်တတ်တယ်... အဲ့ဒါမျိုးကြုံလာရတယ်ဆိုကြပါစို့ မမ်ဘာက ဖြေရှင်းချက်မတောင်းရင် အဒ်မင်ကလည်း သူနားလည်လို့ပဲလို့ထင်လိုက်မှာပဲ... ဒါပေမဲ့ခံစားလိုက်ရတဲ့ မမ်ဘာက သူ့စိတ်ထဲမှာ သူစော်ကားခံရတယ်လို့ထင်မှာပဲ... ဒါပေမဲ့ သူက အဒ်မင်ကိုမပြောရင် အဒ်မင်ကသိနိုင်မှာမဟုတ်ဘူး... အဲ့ဒီမှာ စလွဲပြီ... အဲ့ဒီအဖြစ်က ဘာလဲဆိုတော့ အုံ့ပုန်းအကျင့်ပါနေတာပါ... ကိုယ့်ရပိုင်ခွင့် ကိုယ့်ပုဂ္ဂိုလ်ရေးရာကိုထိပါးတယ်လို့ ယူဆရင် ချက်ချင်းတုံ့ပြန်မှု မလုပ်ရဲတဲ့အကျိုးဆက်က မမ်ဘာတစ်ယောက်ကို ကျန်တဲ့မမ်ဘာတွေက ဝိုင်းပြီးပြောသလိုမျိုးဖြစ်လာတတ်တယ်...
ဒါကြောင့် မမ်ဘာတွေကို ကျနော်အကြံပြုချင်တာက မိမိကို စော်ကားရေးသားဖြန့်ချိတယ်လို့ယူဆရင် အဒ်မင်တွေကိုချက်ချင်းအကြောင်းကြားလိုက်ပါ... ကျနော်ကိုယ်တိုင်လည်း တစ်ချိန်ကလုပ်ဖူးပါတယ်... လူတစ်ယောက်က စော်ကားရေးသားတယ်လို့ ယူဆတဲ့အတွက် စော်ကားရေးသားတယ်လို့ ပေါ်တင်ရေးတယ်... အကြောင်းအချက်တွေကိုလည်း ပေါ်တင်ဖော်ပြတယ်... ကျနော်ထင်တယ် အဲ့ဒီကိစ္စဆိုရင် ဒီထဲက မမ်ဘာတော်တော်များများတောင် မှော်ဆရာကိုစိတ်ကွက်ကြလိမ့်မယ်လို့ယူဆတယ်... ကျနော် အရင်ကအထုပ်ဟောင်းတွေ ဖြေတာမျိုး သိပ်မလုပ်တတ်ဘူး... ဒါပေမဲ့ ဒီနေ့ပဲထပ်သိလိုက်ရတာက တစ်ချို့လူတွေလုပ်နေတာက မှော်ဆရာဂရုပ်ကို အပုပ်ချဖို့ အကွက်ချဖန်တီးနေတဲ့ပုံစံမျိုး... တမင်တကာ အစဆွဲထုတ်ပြီး မှော်ဆရာဂရုပ်ကို သိက္ခာချတာမျိုး... လိုအပ်တဲ့အထောက်အထားအချို့တော့ အဒ်မင်အဖွဲ့ကို ပို့ပေးလိုက်ပြီ... နောက်ဆုံးသေချာနေတာကတော့ လူတစ်ယောက်(သို့မဟုတ်) လူတစ်စုက မှော်ဆရာကို နာမည်ဖျက်ချင်တော့ ဒီဂရုပ်ပျက်သွားရင် မှော်ဆရာလည်း အလိုလိုနာမည်ပျက်မယ်ဆိုတာမျိုးပေါ့ဗျာ...
ဒါ့ကြောင့် ဂရုပ်ထဲက မမ်ဘာတစ်ဦးချင်းရဲ့လုပ်ဆောင်ချက်တွေကို သတိနဲ့ရေးသားစေ့ချင်တယ်... သင့်ကြောင့်မီးမလောင်ပါစေနဲ့ ဆိုတာမျိုးပေါ့ဗျာ...
demonprince13
   သို့ မဇာဇာ                      ပထမဆုံးပြောချင်တာက ကိုယ်နဲ့သဘောထား မတူတဲ့ ဘက်ကဆွေးနွေးချက်၊အပြန်အလှန်ပြောတာတွေ အပေါ်တော်တော်လေး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတယ်
ဆိုတဲ့မှတ်ချက်ကိုပါ ။
ကိုယ်နဲ့သဘောထားမတူတဲ့ ဆွေးနွေးချက် နဲ့ အပြန်အလှန်ပြောတာတွေကို
တော်တော်လေးပြင်းပြင်းထန်ထန်
တိုက်ခိုက်တဲ့မန်ဘာတွေထဲမှာ ပထမဆုံးအနေနဲ့ ကျနော်မပါဘူး ( ထပ်ပြောရရင် )
ဂရုလ်ထဲက မန်ဘာတွေ
လည်းအဲ့လိုတိုက်ခိုက်တတ်တဲ့လူမျ
ိုးတော်တော်နည်းပါတယ် ။
ရှေ့နေလိုက်တာတော့မဟုတ်ဘူး ( ဒီလိုပြော
လွန်းလို့ ကျနော်လည်း တခြားဂရုလ်တွေကိုစော်ကားတယ်လို့
စွပ်စွဲခံရပေါင်းများပြီ ) မှော်ဆရာမန်ဘာတွေ
အများစုဟာ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိတဲ့ ပညာတတ်တွေများပါတယ် ၊
အဲ့ဒါကိုယုံပါ ကျနော်ဆီမှာ မန်ဘာ
တွေ ရာနဲ့ချီပြီး ရှိတယ် ။
စကားနိုင်လုပြီး ပြောလို့ရပေမဲ့ လက်ရှိအစိုးရကို မကြိုက်တဲ့သူတွေက
စကားလုံးကြမ်းတာတွေနဲ့ ပြန်ချေပကြတယ်။ဒါပေမဲ့ Admin
တွေကမသိချင်ယောင်ဆောင်ပြီး မန်ဘာတွေဘက်က ဘာမှ ကွန်ပလိန်း မတက်လို့ဆိုတဲ့
ဆင်ခြေမျိုးနဲ့ လွှတ်ထားသလိုဘဲ ဆိုတဲ့မှတ်ချက် ကို ဒုတိယအနေနဲ့ပြောချင်ပါတယ် ။
မဇာဇာ မသိလို့ပါ ( အရမ်းစကားလုံးကြမ်းတဲ့  မန်ဘာကို အက်မင်တွေ
အမြဲတမ်းသတိပေးနေပါတယ် )
အက်မင်တွေဟာ ဂရုလ်ကို မျက်ခြေမပြတ်အမြဲစောင့်ကြည့်နေကြတယ်ဆိုတာ ယုံပါ ။
ပို့တင်တဲ့ သူက ဘာမှ ပြန်မပြောတော့လည်း သူတို့ကို
reply ပြန်မလုပ်လို့ မလေးမစားလုပ်တယ်ဆိုပြီး အဖွဲ့ထဲက ထုတ်ခိုင်းကြတဲ့
မန်ဘာတွေလည်း တွေ့ ဖူးပါတယ်။တစ်ဘက်စွန်းရောက် မေး၈ရုလို့မြင်ပါတယ်။
ဘယ်လိုမှကို ကိုယ်ယုံကြည်ရာ တင်ခွင့်မရှိအောင် လုပ်သလို ဖြစ်နေပါတယ်
ဆိုတဲ့မှတ်ချက်ကိုလည်း
ပြောလိုပါတယ် ။
ပို့တင်တဲ့ သူက ဘာမှ ပြန်မပြောတော့လည်း သူတို့ကို
reply ပြန်မလုပ်လို့ မလေးမစားလုပ်တယ်ဆိုပြီး အဖွဲ့ထဲက ထုတ်ခိုင်းကြတဲ့
မန်ဘာတွေ ကို တွေ့ဖူးတာနဲ့ပဲ မှော်ဆရာဂရုလ်ကို
တဖက်စွန်းရောက်မေးဂရုလ်လို့   မဇာဇာဘာကြောင့်
သတ်မှတ်လိုက်သလဲဆိုတာ ကျနော် မန်ဘာတစ်ယောက်အနေနဲ့ပဲ မေးခွန်းပြန်ထုတ်ချင်ပါတယ် ။
အဲ့လိုမန်ဘာမျိုးတွေကိုတွေ့ဖူးတာနဲ့ပဲ မဇာဇာအနေနဲ့ ကျန်တဲ့မန်ဘာတွေပါ
ရှိတဲ့ ဂရုလ်တခုလုံးကို
လက်လွတ်စပယ် တဖက်စွန်းရောက်မေးဂရုလ်လို့   ၀ါးလုံးရှည်နဲံ့
ဘာကြောင့်သိမ်းကြုံးရိုက်လိုက်တာပါလဲ။ ဘယ်လိုမှကို ကိုယ်ယုံကြည်ရာ
တင်ခွင့်မရှိအောင် လုပ်သလို ဖြစ်နေပါတယ်  ဆိုတာ အဓိပ္ပါယ်မရှိပါဘူး ။
ကျနော်တို့ဆီကို မေးလ်အဟောင်းတွေနဲ့   ညစ်ညမ်းမေးလ်
စပန်းမေးလ်တွေကလွဲပြီး ရိုးရိုးသားသားဘယ်မေးလ်ကိုမဆို တင်လို့ရပါတယ် ။
ဘယ်တုန်းက မဇာဇာ
ယုံကြည်ရာတင်တာကို အက်မင်တွေပိတ်ပင်ခဲ့ဖူးသလဲ ( ဖြေပေးစေချင်ပါတယ် ခင်ဗျာ )
Admin ဆိုတာ နှစ်ဘက်မျှကြည့်တတ်ဖို့လိုပါတယ်။ မန်ဘာအချင်းချင်း
ပြသနာတတ်နေရင်တောင် ဘက်မလိုက်ဘဲ ကြားနေပြီး စောင့်ကြည့်ရမှာ ဖြစ်သလို
နောက်ဆုံး ကြမ်းတမ်းစွာ ပြောတဲ့သူတွေကိုသာ အဖွဲ့က ထုတ်သင့်မထုတ်သင့်
စဉ်းစား၇မယ်လို့ ထင်ပါတယ ဆိုတဲ့မှတ်ချက် ကို ရှင်းပြချင်ပါတယ် ။
အက်မင်တွေက အမြဲနှစ်ဘက်သာမက အဘက်ဘက်က ကြည့်နေကြ
တာပါ မဇာဇာ ။ မန်ဘာတွေတောင်းဆိုတိုင်းသာ ထုတ်လိုက်ရရင်အခု ဦးတည်ပြောနေတဲ့
မန်ဘာဟာ အထုတ်ခံရတာကြာပါပြီ ။ ကြမ်းတမ်းစွာ ပြောဆိုသူတွေကိုလည်း ကျနော်တို့သတိပေးစာ
ဝမ်နိမ်ပေးလေ့ရှိပါတယ် ။
နိုင်ငံရေးဘဲ ဖြစ်ဖြစ်၊
ဘာသာရေးဘဲ ဖြစ်ဖြစ်၊မည်သည့် အမြင်မတူတဲ့ အကြောင်းအရာမဆို
အကောင်းဘက်ကိုမသွားဘဲ ငြင်းခုန်ရန်ဖြစ် နောက်ဆုံး
အမြင်မတူသူသလိုအချက်ကျကျ ပြန်ပြောနိုင်သူကို စကားချင်း ယှဉ်မပြော၇ဲဘဲ
ဘန်းတာနဲ့ အဆုံးသတ်သွားနေတာဘဲ တွေ့နေရတယ် ဆိုတဲ့မှတ်ချက်ကိုလည်းပြောချင်ပါတယ် ။
အမြင်မတူရင်ဘန်းတယ်ဆိုတဲ့စွပ်စွဲချက်ဟာ မဇာဇာမတိုင်ခင် ကိုပေါင်ပေါင်
မှတ်ချက်ပေးထားခဲ့တာပါ ။
အမြင်မတူလို့ ဘန်းတာမဟုတ်ပါဘူး ( ဘန်းရခြင်းအကြောင်းတွေကို
ဘန်းရတဲ့အချိန်က အက်မင်တွေ
ရဲ့အကြောင်းကြားစာတွေမှာပြန်ရှာကြည့်ရင် မဇာဇာ တွေ့နိုင်ပါသေးတယ် ) ။
ဂရုလ်ထဲမှာလွတ်လပ်စွာ
အသိညဏ်မှီမှီနဲ့   ဆွေးနွေးပိုင်ခွင့်ရှိပါတယ် ၊ အသိညဏ်မမှီပဲ
ပစိပစပ်လိုက်ပြောနေရင်တော့ ဆွေးနွေးတာ
မဟုတ်တော့ပါဘူး ( နှောက်ယှက်တယ်လို့  ကျနော်ယူဆပါတယ် ) အဲ့ဒါ
ကျနော်မန်ဘာတစ်ယောက်အနေ
နဲ့   မြင်တဲ့ အမြင်ပါ ။  ( အခုလို အသိညဏ်မှီမှီနဲ့ ဆွေးနွေးပေးတဲ့ မဇာဇာ ကိုအထူးလေးစားကျေးဇူးတင်မိပါတယ် )
                                                    မာဃလုလင်
ZarZar
ကိုလုလင်
အခုလို ပြန်၇ှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ တစ်ဖက်စွန်းရောက် မေးဂရုဆိုတာက
ငြင်းခုန်မှုများတဲ့ Post တွေရဲ့ Reply တွေက Member အရေအတွက်ကို
မူတည်ပြီးပြောတာပါ။ တစ်ဖွဲ့လုံးရဲ့ မန်ဘာအရေအတွက်ကို မသိတဲ့အတွက်
တစ်ဖွဲ့လုံးကို ရည်ညွန်းတာ မဟုတ်ဘူး ဆိုတာတော့ နားလည်မှာပါ။ အရေးမတတ်လို့
တခြားမန်ဘာတွေကိုပါ ၀ါးလုံး၇ှည်နဲ့ သိမ်းရမ်းသလို ဖြစ်သွားတာကိုတော့
တောင်းပန်ပါတယ်။ယုံကြည်ရာ တင်ခွင့်မရှိအောင် လုပ်သလိုဖြစ်နေပါတယ်ဆိုတာ
အက်မင်တွေ ပိတ်ပင်တာကို ဆိုလိုတာ မဟုတ်ပါ။ အများနဲ့ ခွဲထွက်တဲ့
အမြင်တစ်ခုတင်မယ်ဆို လှောင်တာ၊ခနဲ့တာတွေ များတဲ့အခါ တင်ပြသူအနေနဲ့
အားလျော့သွားစေတဲ့သဘောကို ပြောတာပါ။အဲဒီလို အမြင်မျိုး၇ှိတဲ့ တခြားသူတွေ
အတွက်လည်း တင်ပြချင်တာတွေ ရှိရင် ရပ်တန့်သွားစေနိုင်ပါတယ်။
အားမလျော့တတ်တဲ့ လူစားမျိုးကြတော့ ပြန်ရွဲ့၊ပြန်ခနဲ့နဲ့  Reply တွေ
၇ှည်ပြီး နောက်ဆုံး ပြသနာတွေ ဖြစ်သွားတယ်လေ။ ဒီသဘောကိုပြောချင်တာပါ။
r@bp!G
Re: [mrsorcerer:17624] Re: Please ban and remove the soe.u...@gmail.com from our group!
အထက်ကသူများကို သဘောထားကြီးကြတဲ့သူတွေလို့မြင်ပါတယ်။ ကျနော်ကတော့ အဲ့ဒီလောက် သဘောထားမကြီးနိုင်လို့ပါ။ ကိုယ့်အမြင်တွေကို mail group မှာတင်ပြ ကြတာပါပဲ။ ဒီလူက အမြင်ကတ်ခံရအောင်နေလို့ အမြင်ကတ်တာပေါ့ဗျာ။ အမြင်ကတ်တော့လဲ အမျိုးမျိုး တုန့်ပြန်ရတာပေါ့ဗျာ။ something for something ပေါ့။ ကျွန်တော်ကတော့ တုန့်ပြန်မယ့် သူများထဲမှာ ပါပါတယ်။ အတ္တလူသားမှို့ ကိုယ့်အမြင်ကို ထိပါးနေသူကိုတော့ သဘောထားကြီးပြီးတော့ မကာကွယ်ပါ။ ပြန်ရိမှာ၊ ပြန်ပြောမှာပါပဲ။ ဒါကလဲ တုန့်ပြန်သူတွေရဲ့ right ပါပဲ။ reflection ပေါ့။ Admin များခင်ဗျား လောကကြီးပြည့်စုံစေဖို့ ဘယ်သူကိုမှ မဘန်းပါနဲ့လို့ ကိုယ့်အမြင်နဲ့ကို မိကျောင်းမင်း ရေခင်းပြ ပါရစေ။
Cracker
Re: [mrsorcerer:17618] Re: Please ban and remove the soe.u...@gmail.com from our group!
ဇာဇာ ခင်ဗျ... ကျွန်တော်တို့က ပြောတဲ့အတိုင်းလုပ်ပါတယ်။ အခု ဘန်းထားတဲ့သူတွေ ၅၅ ယောက်ရှိတဲ့အထဲမှာ အစိုးရဘက်လူရော၊ အစိုးရဆန့်ကျင်ရေးသမားရော အကုန်ပါပါတယ်။ Group ထဲမှာစိတ်ကြိုက်ဆွေးနွေးခွင့်ရှိပါတယ်။ ဆဲထားတဲ့သူကို ဘန်းတဲ့နေရာမှာ သူပို့တဲ့စာက Group ထဲကိုမရောက်ပဲ Pending အခြေအနေမှာတွေ့တာနဲ့တင် စာကိုပယ်ပြီး Ban လိုက်လို့ ဇာဇာနဲ့တကွ Group ထဲကသူငယ်ချင်းတွေအားလုံး မသိလိုက်ရပါဘူး။ ဒါပေမယ့်အခုလိုမျိုး၊ ဆဲတာမဟုတ်ပဲ အဖွဲ့ထဲမှာ ပြသနာတက်အောင်လုပ်တဲ့သူဆိုရင်တော့ Ban ဖို့ရာ Admin အားလုံးနဲ့တိုင်ပင်ပါတယ်။
နောက်တစ်ခုက အခုထက်ထိ Admin တွေထုံးစံအတိုင်း ငြင်းခုံနေတုံးပဲရှိပါတယ်။ ဘာ Action မှမယူရသေးပါဘူး..
ကျေးဇူးပါ။
Hyde
Re: [mrsorcerer:17674] Re: Please ban and remove the soe.u...@gmail.com from our group!
တစ်ခါတစ်လေကျရင် စိတ်ထင်နဲ့မှန်းပြောတာတွေ လွဲတတ်ပါတယ် မဇာဇာ... Moderator Team အနေနဲ့ နောက်ကွယ်မှာ ဘာလုပ်တယ်ဆိုတာ မမ်ဘာတွေအလုံးစုံသိနိုင်လိမ့်မယ်လို့မထင်ပါဘူး... ဒါ့ကြောင့် ကျနော်ဆိုရင် အဖွဲ့အတွင်းမှာ အမြင်မသင့်တော်တာမျိုးရှိလာရင် Moderator Team ကိုတိုက်ရိုက်စာပို့တာများပါတယ်... အထူးသဖြင့် မှော်ဆရာ၊ ဂျက်နက် တို့ပေါ့... တစ်ခါတစ်ရံ ဖရန်ကလင်စတိန်း၊ ကိုမာဃတို့အပါအဝင်ပေါ့... အဲ့ဒီလို စာပို့ပြီးပြောဆိုရင်လည်း ပြောတိုင်းဖြစ်တာမဟုတ်ပါဘူး... အများသောအားဖြင့် ကိုယ်ကစာပို့လိုက်ရင်တောင် သူတို့မှာ စာပြန်ချင်မှာပြန်တာပါ... အဲ့ဒီအတွက်လည်း ကျနော့စိတ်ထဲမှာတော့ ဘာမှမခံစားရပါဘူး... ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ဘာအဖိုးအခတစ်ပြားတစ်ချပ်မှမယူပဲ မော်ဒရေတာ၊ အဒ်မင်တွေလုပ်ပေးနေတာပါ... ဒီအတွက် သူတို့မှာ ဘာမှအကျိုးအမြတ်မရှိပါဘူး... ဒါ့ကြောင့် Group ထဲမှာ စိတ်အနှောက်အရှက်ဖြစ်စရာကြုံတိုင်း သူတို့ဖြည့်စည်းဆောင်ရွက်ပေးတာတွေနဲ့ဖြေသိမ့်ပါ... တစ်ကယ်လို့ မော်ဒရေတာတွေ အဒ်မင်တွေလုပ်ပုံလုံးဝပုံစံမကျတော့ဘူးလို့ ခံစားရရင် ကျနော်ဒီဂရုပ်ကနေထွက်ပြစ်လိုက်မှာပါပဲ... ဒါပေမဲ့ သူတို့တတွေ နောက်ကွယ်ကနေ ပေးဆပ်ပေးနေတာတွေကိုတော့ လေးစားသမှုပြုတဲ့အနေနဲ့ သူတို့ကို အဖွဲ့ထဲမှာ တိုက်ရိုက်ဝေဖန်ခြင်းကိုရှောင်ရှားနိုင်သလောက်ရှောင်ရှားစေချင်ပါတယ်...
ကျနော်ပြောချင်တာကတော့ မမ်ဘာတွေအနေနဲ့ Moderator Team နဲ့ Admins တွေဆီကို Group အကြောင်းပြောဆိုလိုတဲ့အခါမှာ တိုက်ရိုက်စာပို့စေချင်ပါတယ်... ဥပမာပြောရရင် မမ်ဘာတစ်ယောက်ယောက်ကို ban စေချင်တယ်ဆိုကြပါစို့... Group ထဲမှာ လှုံ့ဆော်တဲ့ပုံစံမျိုး Mail ဖြန့်တာထက် Admins တွေဆီကိုတိုက်ရိုက်စာပို့ပါ... အဲ... အဲ့ဒီလိုမှမဟုတ်သေးဘူး ကိုယ်နဲ့အမြင်တူသူတွေ နဲ့ ကိုယ် ban စေချင်တဲ့ မမ်ဘာကိုပါသိစေချင်ရင် CC ခံပို့ပါ... အလားတူပဲ Admims တွေကိုဝေဖန်လိုတဲ့အခါ တိုက်ရိုက်စာပို့ပြီးဝေဖန်ပါ... အဲ့ဒီထက်ပိုပြီး ဝေဖန်မှုကျယ်ပြန့်ချင်ရင် ကိုယ်နဲ့အမြင်တူသူတွေပါ CC ခံပို့ပါ...
ဖြစ်သင့်တယ်ထင်လို့ အကြံပေးကြည့်တာပါ... လိုက်လုပ်တာမလုပ်တာကတော့ ဆန္ဒပါပဲ...
ဦးမှော်ဆရာ ၏ အသိပေးစာ
ဦးဦး မှော်ဆရာ
*** အမှန်တော့ မနေ့ကပို့မလို့ ရေးထားပြီးသား သတိပေးစာပါ ။ ခုတော့ တစ်ချို့အကြောင်းအရာတွေ
         ပြန်ပြင်ရေးလိုက်ရတယ်။          
အရည်အချင်းရှိရှိ ဆွေးနွေးငြင်းခုန်မှုဆိုသည်မှာ
(၁) ဆွေးနွေးငြင်းခုန်မှု ( debate) သည် အကြောင်းအရာ (issue)ပေါ်တွင်သာ မူတည်သည်ကို သဘောပေါက်ထားရန် အရေးကြီးသည်
တစ်စုံတစ်ဦးက အကြောင်းအရာတစ်ခုကို ပြောဆိုရာ၊ မိမိလက်မခံနိုင်ပါက သူ၏ပြောဆိုချက်များကို အထောက်အထားပြပြီး ချေဖျက်ရပါမည်။
သို့သော် တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ဤသို့မဟုတ်ဘဲ ပြောဆိုသူကို တိုက်ရိုက်ဝေဖန်တိုက်ခိုက်တတ်သည်
ဥပမာ- အထက်တန်းကျောင်းတွင် တပည့်များအား ရိုက်နှက်ဆုံးမရန် သင့်၊မသင့် ဆွေးနွေးငြင်းခုန်နေကြသည်ဆိုပါစို့။
ဆရာတစ်ဦး ရိုက်နှက်သင့်သည်ဟု သူ့အမြင်ကို တင်ပြလာသည်။ ထိုအခါ မိမိလက်မခံနိုင်ပါက မိမိအမြင်၊အယူအဆကို
ခိုင်လုံသောအထောက်အထားတင်ပြ၍ ငြင်းဆိုရမည့်အစား..
နေပါဦးဗျ၊ ခင်ဗျားမှာ သားသမီးမှ မရှိဘဲ၊ ဘယ်ကိုယ်ချင်းစာတတ်ပါ့မလဲ၊ ဒါ့ကြောင့် ခင်ဗျားက ရိုက်နှက်ဖို့
 ပြောနေတာကိုး ..’
ဒါမျိုး တုန့်ပြန်မှုသည် တစ်ဖက်သူတွင် သာသမီးမရှိသဖြင့် မဆွေးနွေးသင့်ကြောင်း ကိုယ်ချင်းစာနာမှုလည်း ရှိလိမ့်မည်မဟုတ်ကြောင်း
ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောဆိုနေခြင်းပင် ဖြစ်သည်။ အကျိုးဆက်အားဖြင့် တန်ပြန်ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ဝေဖန်မှုများသာ
တိုးပွားလာပြီး ဆွေးနွေးပွဲပျက်ရပေမည်။
(၂) Debate လုပ်ရာတွင် အရေးကြီးသည့် နောက်တစ်ချက်မှာ ဆွေးနွေးမှုများ၏အဓိကအချက်မှ သွေဖည်မသွားရေးပင်
      ဖြစ်သည်။
ဥပမာတစ်ခုအနေနဲ့- ဦးခင်ညွန့်ကို လွတ်တော်နိုင်ငံရေးလုပ်မဲ့အစား လူမှုရေးလုပ်ငန်းတွေမှာ ၀င်ရောက်ကူညီစေချင်ပါတယ် လို့
ကျနော့်အမြင်ကို တင်ပြခဲ့ရာတွင် ကျနော်နှင့်အမြင်မတူပါက ဘယ်လိုဆိုးကျိုးကောင်းကျိုး ခိုင်လုံတဲ့အကြောင်းပြချက်ဖြင့်သာ ကျနော့်အမြင်ကို
အပြင်းအထန်ငြင်းဆိုရမည့်အစား'ဒ်ါအောင်ဆန်းစုကြည် ပြည်သူ့အကျိုးအတွက်ဘာတွေလုပ်ခဲ့လို့လဲ 'ဆိုတဲ့
မေးခွန်းနှင့် တုန့်ပြန်ပုံဖြစ်သည်။ ဆွေးနွေးငြင်းခုန်မှု၏စည်းကမ်းများအား နားမလည်သောကြောင့် လမ်းကြောင်းလွှဲလိုက်သလို
ဖြစ်နေသည်။ ဘောလုံးပွဲတစ်ပွဲတွင် တဖက်အသင်းအား ယှဉ်မကစားနိုင်သောအခါ ပြစ်ဒဏ်ဘော၊ ဘေးထွက်ဘော၊
လက်ထိဘောများ မကြာခဏပြုလုပ် Tempo ချခြင်း၊ ကစားပွဲရသဖျက်ဆီးခြင်းနှင့် ဆင်တူသည်။  အမှန်တကယ်
ဒီအကြောင်းကို ဆွေးနွေးလိုပါကလဲ ခေါင်းစဉ်သပ်သပ်ဖြင့်သာ ဖိတ်ခေါ်ရပါမည်။ ဒီလိုပုဂ္ဂိုလ်များ ဆွေးနွေးငြင်းခုန်မှု၏ စည်းကမ်းများကို
နားလည်မှုမရှိဟု ကျနော်ယူဆသဖြင့် ဆက်လက်မပြောလိုကြောင်း ငြင်းဆိုခဲ့ပြီးဖြစ်သည်။
(၃) ဘယ်အတိုင်းအတာထိဆိုလျှင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု(personal attack)လို့ သတ်မှတ် ရပါမလဲ? 
ဒါလောက်တောင် အသုံးမကျတဲ့သူက ပြောတဲ့စကားနားထောင်နေလဲ အပိုပဲ
သူ ဒါမျိုးမှမကြုံဖူးဘဲ၊ ဘယ်လိုလုပ်စဉ်းစားတတ်မလဲ
         ဤသို့သော စကားများသည်ပင် ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်မှုများပင်ဖြစ်သည်။ ခွေး၊နွား ၊တိရိစ္ဆာန်နှင့်ခိုင်းနှိုင်းပြောမှသာ
ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောတာမဟုတ်ပါ ။ personal attack လုပ်သူများကို ထုတ်ပယ်ရန် ကျနော်တို့ကို တောင်းဆိုခဲ့သူများ
အသေအချာစဉ်းစားစေချင်ပါသည်။ ဒီလိုသာဆိုလျှင် ကျနော်တို့ဂရု၌ဆွေးနွေးမှုများတွင် personal attack မလုပ်သူ
မရှိသလောက်ဖြစ်သွားပါမည်။ မေးလ်များကို reply ပြန်ခဲ့ကြသော Active Members အားလုံးနီးပါး 
ဂရုကထုတ်ပယ်ခံရ၍ inactive members များသာ ကျန်ရစ်ခဲ့ပါလိမ့်မည် ကျနော်တို့မေးလ်ဂရုရဲ့ စည်းကမ်းတွေကို
ဖတ်ကြည့်ရင် အောက်ဆုံးမှာ( မေးလ်တစ်စောင်ပေါ်တွင် ပြန်လည်ဆွေးနွေးပါကလည်း သက်ဆိုင်ရာအကြောင်းအရာနဲ့ပက်သက်ပြီး
အချက်အလက်ကျကျနဲ့ ကောင်းမွန်စွာ ဆွေးနွေးကြပါလို.
မေတ္တာရပ်ခံပါတယ် ။ ) အားလုံးကို ဒီလို မေတ္တာရပ်ခံထားပါတယ်။
*ဆွေးနွေးငြင်းခုန်မှုနှင့်ပက်သက်၍ သိသင့်သည့်အချက်များရှိပါသေးတယ်။ သို့ပေမဲ့ ယခုကျနော်ဖြေရှင်းရမဲ့ပြဿနာနှင်
့
  သက်ဆိုင်မှုရှိမယ်ထင်သော အချက်တစ်ချို့ကိုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်။
           ကျနော်တို့ရဲ့ ဆောင်ရွက်မှုများအပေါ်ဝေဖန်နေသူများကို ကျနော်တစ်ခုတော့ အသိပေးချင်ပါတယ်။ ကျနော်တို့ဂရုမှာ သတ်သတ်မှတ်မှတ်
စည်းကမ်းချက်များ ရှိပြီးသားဖြစ်ပါတယ်.. ဂရုပေါ်ကတဆင့် ကြမ်းတမ်းစွာတုန့်ပြန်ကြသူများ၊ လွန်လွန်ကျူးကျူး
ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောဆိုသူများကို ကျနော်တို့ personal mail ပို့ပြီး သတိပေးခြင်း၊ အချို့သူများကို
အချိန်အတိုင်းအတာတစ်ခုထိ မေးလ်ပို့ခွင့်ပိတ်ပင်ခြင်းများ
...
[Message clipped]  View entire message
Mr. Jugger
5:30 PM (42 minutes ago)
to ဦးဦး, mrsorcerer, demonprince13
အခုဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကလည်း ကိုပေါင်ပေါင်တုန်း က လိုပါဘဲ။
လူဆိုတာကလည်း တစ်ခါတစ်ရံ သဘောထားကြီးသင့်တယ်နေရာ ကြီးရတယ်။
သဘောထားမကြီးသင့်တဲ့နေရာ ဆိုလည်းမကြီးရဘူး။
(ဥပမာ။             ။  အမှားကိုသိသိလျှက်မြင်နေလျှက်နဲ
့ ခေါင်းညိမ့်တာမျိုးမလုပ်သင့်ဘူး။ အများထိခိုက်တယ် )
အက်မင်တွေလည်း အမှား ရှိခဲ့သလို Soeucsy လည်းရှိခဲ့တာပဲ။ စကားကျွံကြတာပါ။
နည်းနည်းပါးပါး အတွေးတွေပြောင်းကြည့်ပါလား။ ဟိုတုန်းက အမှားတွေကို အပြုသဘောဆောင်တဲ့ သဘောနဲ့ ဒီလိုမလုပ်ပါနဲ့ပေါ့။ အက်မင်တွေကလည်း  သတိပေးတာ ၀မ်နိမ်ပေးတာမျိုးမဟုတ်ဘဲ ကောင်းကောင်းမွန်မွန် အကိုတန်အကို၊ ညီတန်ညီပေါ့...ညီလေးအမြင်မှားနေတယ်....အကိုတုန်းက ဒါမျိုးအဲလိုမြင်တယ်......ဘယ်လိုသဘောရလဲ။
စသဖြင့် ပြောပြဆွေးနွေးရင် Soeucsy လည်း ရိသဲ့သဲ့ စကားမျိုးပြောနေမှာမဟုတ်ဘူးလို့ထင်ပါတယ်။ တကယ်က... အရမ်း အစွန်းရောက်တဲ့ လူတွေကိုပဲ ပြောမနေဘဲ Ban ပစ်စေချင်တာပါ (လုံးဝ Negative သမားတွေ)... သတိပေးတာ ၀မ်နိမ်ပေးတာက အရမ်းအောင့်သက်သက်ဆန်တယ်....စိတ်ထဲမှာ ငါ့ကို အသိအမှတ်မပြုပါလား... ငါ့ကို လူရာမ၀င်ပါလားဆိုပြီး....ထင်ရာမြင်ရာအမြင်မတူရာတွေလိုက်ပြောတော့တာပဲ......အဲဒီမှာ ပြသာနာတက်တာပါပဲ.......
မန်ဘာတွေအချင်းချင်း ဝေဖန်တိုက်ခိုက်နေရာက နေ နောက်ဆုံးအက်မင်တွေကို လာထိခိုက်တာပါဘဲ... ဦးမှော်နဲ့ အက်မင်များလည်း ငိမ်းချမ်းတဲ့လမ်း ဒီမိုကရေစီလမ်းကိုသွားမယ်ဆို.... သတိပေးစာတွေကိုတတ်နိုင်သလောက်ဖျောက်ဖျက်ပြီး... ဖြောင့်ဖျစာတွေနဲ့သွားနေမယ်ဆိုရင်....ဦးမှော်ဂရု အရမ်းကို ဂုဏ်ရှိလာမှာပါဘဲ.... လူတစ်ယောက်ကို neglect လုပ်တာလောက် မှားတဲ့ အမှား က လုံးဝအကြီးကြီးအမှားပဲ.....
အားလုံးကို လေးစားစွာဖြင့်
Mr. Jugger
No comments:
Post a Comment