မိတ်ဆက်
အရင်ကလဲ
သမီးထိုက်ရဲ့ ဆောင်းပါးတချို့ ကျွန်တော့် FB မှာ တင်ပေးဖူးပါတယ်။ အခု
ဆောင်းပါးက တိုင်ရီစက်ရုံဆန္ဒပြပွဲသတင်းကြားရချိန် ရေးပို့လိုက်တာပါ။
ပြည်သူ့ခေတ်ဂျာနယ်၊ ယခုအပတ်ထုတ်မှာ ဖော်ပြပြီးပါပြီ။
ထိုက်ရေးတဲ့
စင်ကာပူကပေးစာတွေကို သီဟပူရ ဒိုင်ယာရီ အမှတ် ၄၅ အထိ ပေါင်းစုပြီး
အလင်းတန်းဂျာနယ်နဲ့ အတွေးအမြင်စာစောင်မှာ ရေးခဲ့တာတွေနဲ့ စုစည်းကာ
``ဒီလိုနဲ့ပဲ ခြင်္သေ့မြို့မှာ´´ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ထားပါတယ်။ ယခုလဆန်းက
စဖြန့်ခဲ့ပါတယ်။ ဒီဆောင်းပါးက အမှတ် ၇၃ပါ။
သီဟပူဒ’ိုင်ယာရီ – ၇၃
တချက်လောက်တော့ ငဲ့ကြည့်ကြပါ
ဖေဖော်ဝါရီလ ၁၉ရက် (တနင်္ဂနွေနေ့)
မြန်မာပြည်က တနာရီလုပ်ခ
ဝလုံးရေ..တပတ်လုံး
မိုးလင်းမိုးချုပ် အလုပ်သွားနေပြီး ပိတ်ရက်တွေကျမှ ကိုယ်လုပ်စရာရှိတာတွေ
လုပ်ရ သွားစရာရှိတာတွေ သွားရသလို ဘာမှ သွားစရာလုပ်စရာမရှိတဲ့ ရက်တွေမှာတော့
ဝယ်ထားတဲ့ ဂျာနယ်တွေကို အတိုးချပြီး အမြဲဖတ်ဖြစ်တယ်။ သူငယ်ချင်း
တချို့ကတော့ သတင်းတွေ မသိရလို့လဲ ဘာမှမဖြစ်ပါဘူးဆိုပြီး နေကြ ပေမဲ့
ကိုယ်ကတော့ မသိဘဲ မနေနိုင်တာမို့ ဖတ်နေတာပါဘဲ။ ဟိုရက်တွေကတော့
အွန်လိုင်းသတင်းတွေထဲမှာရော ဂျာနယ်တွေထဲမှာပါ တိုင်ရီ ဖိနပ်စက်ရုံက ၀န်ထမ်း
၁၈၀၀ကျော် လုပ်ခတိုးပေးဖို့ ဆန္ဒပြနေတဲ့ သတင်းတွေ ဖတ်ရ တယ်။ ဒ‘ီနေ့တော့
သေချာဖတ်ကြည့်မှ အရင်က ပေးနေတာ တနာရီကို ၇၅ကျပ်နဲ့ အခု တိုးပေးမယ်ဆိုပြီး
ပိုင်ရှင်က ညှိနှိုင်းတာက ၉၀ကျပ် ဒ‘ါမှမဟုတ် ၁၀၀ကျပ်တဲ့။ ဒ‘ါကြောင့်
မကျေနပ်လို့ ဆန္ဒဆက်ပြနေတာ အခုရေးနေတဲ့ အချိန်အထိ မပြီးသေးဘူး။
အရင်
ငါရန်ကုန်မှာ လုပ်ခဲ့တဲ့ ဒ‘ုတိယမြောက် အလုပ်က မင်္ဂလာဒ’ုံက အထည်ချုပ်စက်ရုံ
တခုမှာမို့ စက်ရုံတွေရဲ့ လုပ်ငန်းသဘာဝ အလုပ်သမတွေရဲ့ နေ့စဉ်ဘ၀ တွေကို
ထဲထဲဝင်ဝင် သိခဲ့တာမို့ အခု ဒ‘ီသတင်းကို ဖတ်ရတဲ့ အချိန်မှာ ရင်ထဲ
တော်တော်မကောင်း ဖြစ်ရတယ်။ အခုလို စင်ကာပူမှာ အလုပ်လုပ်နေတဲ့ အချိန်မှာ
ကြားရတော့ ပိုဆိုးတယ်။ တချိန်တည်းမှာဘဲ စေတနာ့ဝန်ထမ်း ၀င်ပြီး
ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ ကိုယ်စားလှယ်တွေကိုလဲ သိပ်ချီးကျုးမိတယ်။
စင်ကာပူက အလုပ်သမားတွေ
ငါ့
အခုအလုပ်မှာ အလုပ်သမားတွေရဲ့ လခတွေကိုပါ လစဉ် တွက်ချက်ပေးနေရတာမို့ ဘယ်သူက
ဘယ်လောက် ရတယ်ဆိုတာ အကုန်မြင်နေသိနေတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်က
အလုပ်သမားတွေမှာတောင် လူမျိုးနဲ့ လုပ်သက်ရယ် အလုပ်ကျွမ်းကျင်မှုပေါ်မှာ
မူတည်ပြီး လုပ်ခက အနဲအများကွာကြတယ်။ ထုံးစံအတိုင်း အဲလို ပင်ပန်းတဲ့
အလုပ်မျိုးမှာ ဘယ်စကာင်္ပူလူမျိုးကိုမှ မတွေ့ဖူးဘူး။ မလေးရှားလူမျိုးတောင်
တော်တော်ရှားပါတယ်။ ဘင်္ဂလားလူမျိုးတို့ ထိုင်းလူမျိုးတို့က အများစုဘဲ။
ကံဆိုးကံကောင်းလားတော့ မသိဘူး။ မြန်မာလူမျိုး ၂ယောက်ကို ပါ
အသစ်ထပ်ခန့်လိုက်တာမို့ သူတို့ရဲ့ ရုန်းကန်ရတာတွေကိုပါ သိခွင့်ရပြန်တယ်။
ဆောက်လုပ်ရေးအလုပ်သမား တွေ တော်တော်များများဟာ နေ့စားလို့ခေါ်ရမဲ့
လုပ်တဲ့နေ့ လုပ်ခရပြီး ပျက်တဲ့နေ့ လုပ်ခမရတဲ့သူတွေချည်းပါဘဲ။ တနေ့ကို
ပုံမှန်အလုပ်ချိန် ၈နာရီ နဲ့ ကျန်တာကို အချိန်ပိုကြေးပေးရပါတယ်။ လုပ်ခကိုလဲ
တနာရီနှုန်းနဲ့ တွက်ပေး တာပါ။ ဒ‘ီမှာက ဈေးကွက်နှုန်း (market rate)
လို့ခေါ်တဲ့ ပုံသေ လစာသတ်မှတ်ချက်တွေ ရှိပါတယ်။ အနဲဆုံး သတ်မှတ်ထားတဲ့
အခြေခံလစာထက် လျှော့ပေးလို့မရပါဘူး။ အလုပ်ရှင်က သူ့အလုပ်သမား အားလုံးအတွက်
အလုပ်စခန့်လိုက်တာနဲ့ လုပ်ငန်းခွင် ကာကွယ်မှု အာမခံ ထားပေးရပါတယ်။
နေထိုင်မကောင်းဖြစ်ရင် ဆေးရုံတက်ဖို့ အတွက် တနှစ်ကို စင်ကာပူဒေ’ါ်လာ ၁၅၀၀၀
ထက်မနဲရတဲ့ ကျန်းမာရေး အာမခံထားပေးရပါတယ်။ အဲဒီ၂ခုကို တခုထဲ
ထားလို့မရပါဘူး။ အလုပ်ခွင်မှာ ထိခိုက်တာမဟုတ်ဘဲ ရောဂါကြောင့်
နာမကျန်းဖြစ်တာအတွက်ပါ ပေးရတာမို့ သတ်သတ်တခုစီ မဖြစ်မနေ ထားပေးရတာပါ။
နေဖို့ အဆောင်စီစဉ်ပေးရပါတယ်။ လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းအောင် ဦးထုပ်
ဖိနပ် ၀တ်စုံ အကုန် တာဝန်ယူရပါတယ်။ အက်စီး’င့်တခုခုဖြစ်လို့ အလုပ်သမား
ဝန်ကြီးဌာန (MOM- Ministry of Manpower) က လာစစ်လို့များ အဲဒ’ါတွေ
လုပ်ပေးထားတာ မရှိရင် ထောင်ဒဏ်တွေရော ငွေဒဏ်တွေရော ပေးပေတော့ပါဘဲ။
စင်ကာပူမှာ MOMက အင်မတန် သြဇာကြီးပါတယ်။ သူ့ရဲ့ စည်းမျဉ်းဥပဒေ တွေကို
ဖောက်ပြီး ဘယ်သူမှ မလုပ်ရဲဘူး။ စုန်းပြုး ဖောက်တတ်တဲ့ အလုပ်ရှင်တွေလဲ မိပြီ
ဆိုရင် ချထားတဲ့ဒ‘ဏ်ကြေးတွေကို မပေးမနေ ပေးကြရတယ်။
စင်ကာပူက တနာရီလုပ်ခ
ဝလုံးရေ..ထုံးစံအတိုင်း
စက်ရုံတို့ ဆောက်လုပ်ရေးလုပ်ငန်းတို့က အလုပ်သမားတိုင်းလိုလိုဟာ
အချိန်ပိုကြေး အိုဗာတိုင်ကို အားထားနေရတာမို့ တလကို တခါတလေ ၂၈ရက် တခါတလေ
ရက် ၃၀လုံး လုပ်ကြရသလို မနက် ၇နာရီကနေ ည ၁၀နာရီ ၁၁နာရီအထိ လုပ်ကြပါတယ်။ ငါ
အခုအတွေ့အကြုံအရတော့ ဒီအလုပ်သမားတွေရဲ့ အနဲဆုံး လုပ်ခဟာ တနေ့ကို ၁၈ဒေါ်လာပါ။
တနာရီကို ၂.၂၅ ဒေ’ါ်လာပါ။ မြန်မာငွေနဲ့ဆိုရင် ၁၄၄၀ကျပ် လောက် ရှိပါတယ်။
အဲ’ီကမှ အဆင့်ဆင့် ၂၄ေ’ၚလာ။ ၃၀ေ’ါ်လာနဲ့ တကယ့်ကို လုပ်သက်ရင့်နေပြီဆိုရင်
၄၀လောက်အထိ ရပါတယ်။ အနဲဆုံးလုပ်ခကို ရတဲ့သူဟာ ခုန ပြောသလို နေ့ရောညရော
နားရက်မရှိ အလုပ်လုပ်ရင် တလကို စင်ကာပူေ’ဒ်ါလာ ၁၂၀၀လောက်ရပါတယ်။ ငါပြောတဲ့
မြန်မာလူမျိုး ၂ယောက်ဟာ အခုမှစတဲ့ အသစ်တွေမို့ ဒ‘ီအနဲဆုံးအဆင့်ထဲပါပါတယ်။
သူတို့ရဲ့ လုပ်ခတွေကို တွက်ပြီးတိုင်း သနားနေမိတဲ့ ငါဟာ အခု မြန်မာပြည်က
သတင်းကို ဖတ်ပြီးတဲ့အချိန်မှာတော့ ရင်ထဲမှာ ယူကျုံးမရ ပိုဖြစ်မိတယ်။
မြန်မာလူမျိုး နာမည်ခံ စက်ရုံ
ပိုဆိုးသွားတာက
ပိုင်ရှင်က တရုတ်သူဌေးမဆိုပြီး မြန်မာလူမျိုးက နာမည်ခံဖွင့်ထားတယ်လို့
သတင်းကြားရတယ်။။ ဒ‘ါတွေများ အရင်ထဲကလဲ ဖြစ်နေတာဘဲ အခုမှ
အထူးအဆန်းလာခံစားနေတယ်ဆိုရင်တော့ အရင်ထဲက နှစ်ပေါင်း များစွာ ဖြစ်လာတာတွေဟာ
အခုထိ ဆက်ဖြစ်နေတာကြောင့် ပိုဆိုးတယ်လို့ ပြောရမှာဘဲ။ တိုင်းပြည်က ပြောင်း
တော့မယ် ပြောင်းနေပြီ ပြောသံတွေနဲ့ အားတက်မိတာတွေဟာ အခုတော့ သံသယတွေ
စဖြစ်လာမိတယ်။ ရန်ကုန်ကို အလည် တခါပြန်တိုင်း လူတွေက
ညှိုးညှိုးငယ်ငယ်လေးတွေနဲ့ ပိုပိုပြီး နွမ်းလာတာကို မြင်နေရတာ နိုင်ငံရဲ့
လူဦးရေ ရာခိုင်နှုန်း အများစုဖြစ်တဲ့ တကယ့်ပြည်သူတွေရဲ့ ဘ၀တွေ
အဆင်မပြေသရွေ့ သူတို့ဆီ ဘာမှ မရောက်သရွေ့ သူတို့ ဘာမှ မခံစားရသရွေ့တော့
ဘာတွေ ပြောင်းလဲတာလဲလို့ မေးချင်လာတယ်။ နေ့မသိ ညမသိ အလုပ်လုပ်ပြီး တလမှ
၃သောင်းလောက်ရကြတဲ့ သူတွေရဲ့ တောင်းဆိုမှုကို လောဘကြီးတယ်လို့ပြောကြမှာလား။
‘ီလူတွေ ‘ီဝင်ငွေနဲ့ လောက်ငနေမယ်ထင်လို့လား။ အခု တိုင်ရီစက်ရုံက
ကြီးလဲကြီးပြီး အခုထိ မပြီးသေးဘဲ အချိန် ကြာနေလို့ လူတွေက သတိထားမိလာတာ။
အဲလိုအဖြစ်တွေ လူမသိသူမသိ ဖြစ်နေတာတွေ အများကြီး ရှိနေမှာဘဲ။
လစာမတက်ပေမဲ့ ဈေးနှုန်းတက်
ဝလုံးရေ..အခုကြားရတာဆို
ဝန်ထမ်းတွေ လစာတိုးပေးဖို့အဆို တင်တဲ့သတင်းထွက်လာတာနဲ့ ကုန်ဈေးနှုန်းတွေ
တက်သွားတယ်တဲ့။ နောက်ဆုံးကြားရတာကတော့ အဲ’ီအဆိုကို ပယ်ချပြီး
မတိုးပေးနိုင်သေးဘူးလို့ ထုတ်ပြန်တယ်။ ‘ါဆို တက်သွားတဲ့ ကုန်ဈေးနှုန်းတွေက
ဘယ်လိုလုပ်မှာလဲ။ ထစ်ခနဲရှိရင် အမြတ်ထုတ်ချင်ကြတဲ့ စိတ်”ါတ်တွေ ကလဲ
မပြင်နိုင်ကြသေးဘူး။ ပြည်သူတွေကတော့ “ါတ်ဆီဈေးတွေတက်..ရထားခ ကားခတွေ
တက်..ရေခွန်တွေ ကောက်.. မီတာခတွေ တက်နေတဲ့ ကြားထဲမှာ ဘာမှ မထူးလာ
မတိုးလာတဲ့ ၀င်ငွေတွေနဲ့ ခါးစည်းခံနေရတာ ရင်နာစရာပါ။ ‘ီလိုပုံစံမျိုးတွေနဲ့
‘ီလို ဘာကာကွယ်မှုတွေမှ မရှိဘဲနဲ့ နိုင်ငံခြားက
ရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီး အလုပ်အခွင့်အလမ်းတွေ ပေါ်လာတော့ရော
ဘာထူးဦးမှာလဲ။ ငါတို့လူမျိုးတွေအတွက်မှ မဟုတ်တော့တာ။
စင်ကာပူလိုဖြစ်အောင်လုပ်မယ်ဆို
အခုဆိုရင်
ငါ့ရုံးက ထိုင်းအလုပ်သမားက ငါ့ကို ပြောပြတာက သူ့ကို ထားဝယ်ရေနက်
ဆိပ်ကမ်းမှာ လုပ်ဖို့ ပြန်လာဖို့ ထိုင်းမှာကျန်ခဲ့တဲ့ သူ့မိန်းမကို
ထိုင်းသူဌေးက ဖုန်းဆက်ခိုင်းနေတာ နေ့တိုင်းဘဲတဲ့။ မြန်မာပြည်ထဲမှာ
လာလုပ်နေတဲ့ လုပ်ငန်းကို မြန်မာတွေကိုဘဲ မခိုင်းဘဲ သူ့လူမျိုးတွေကို
ခေါ်သွင်းနေတာ အကျိုးအမြတ်တွေကို ရနိုင်သလောက် အကုန် သဲ့ယူဖို့
လုပ်နေကြတာလေ။ အဲ’ီမှာလုပ်နေတဲ့ မြန်မာတွေ လုပ်ခ ဘယ်လောက်ရလဲ ငါမသိဘူး။
ထိုင်းလူမျိုးတွေနဲ့ ဘယ်လောက်တောင် ကွာနေလဲလဲ ငါမစဉ်းစားရဲတော့ဘူး။
‘ါတွေကို ဘယ်လိုလုပ် ကြမလဲ။ နိုင်ငံတွေမှာ ကိုယ့်လူမျိုးကို
ပထမဦးစားပေးကြတယ်ဆို။ ထစ်ခနဲရှိရင် စင်ကာပူစတိုင် စင်ကာပူဒ’ီဇိုင်းတွေ
ဖြစ်ရမယ် ကြွေးကြော်နေတာက ဘာတွေလုပ်ပြမှာလဲတော့ မသိဘူး။
သူများနိုင်ငံကဟာတွေကို ကော်ပီကူးချဖို့ မလိုပါဘူး။ အဲ’ီလောက်လဲ ဖြစ်လာမယ်
မမှန်းရဲပါဘူး။ ‘ါပေမဲ့ ကိုယ့်လူမျိုးကို အခွင့်အရေးဥပေ’တွေနဲ့
ကာကွယ်ပေးဖို့ဆိုတာကတော့ ကောင်းတဲ့ ဘယ်နိုင်ငံကမဆို ကူးကိုကူးချသင့်တယ်။
သူဌေးပေါင်းစုံရဲ့အောက်မှာ
လူတွေ
အလုပ်အကိုင်အခွင့်အလမ်းကောင်းမှ ၀င်ငွေတွေ ကောင်းပြီး ၀ယ်နိုင်ခြမ်းနိုင်
သုံးစွဲနိုင်မှ လုပ်ငန်းတွေလဲ လည်ပတ်မယ်။ လုပ်ငန်းတွေ လည်ပတ်ရင်
အလုပ်တွေကောင်းမယ်။ ‘ီလိုမျိုး စက်ဝိုင်းလို ဖြစ်နေရမှာလေ။ အခုလို ကတော့
ဝင်ငွေနဲ့မလောက်လို့ လာဘ်စားတာတွေလုပ်ရပါတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
အဲ’ါတွေကြောင့် အလုပ်တွေ မတွင်ကျယ်နဲ့ အရင် ဖြစ်နေကျ စက်ဝိုင်းထဲကဘဲ
မထွက်နိုင်တော့ဘဲ သံသရာလည်နေမှာဘဲ။ တကယ်လို့များ ငါတို့ဆီမှာ အဲလို
ကာကွယ်ပေးနိုင်တဲ့ ဥပေ’တွေ ရှိလာတယ်ဘဲ စိတ်ကူးယဉ်ကြပါစို့။ ဥပေ’ကို အတိအက်
လိုက်နာမဲ့ သမာသမတ်ရှိတဲ့ စိတ်”ါတ်တွေကိုလဲ အများကြီး မွေးမြုကြရဦးမှာ။
တာဝန်ရှိတဲ့သူတွေက သွားစစ်ပြီး ဥပေ’ချိုးဖောက်ထားတာတွေ တွေ့ခဲ့ရင်
ငွေရှင်သူဌေးက ပိုက်ဆံကို ပုံပေးလိုက်တာနဲ့ ပြီးသွားတဲ့ ကိစ္စတွေ
ဆက်ရှိဦးမယ် ဆိုရင်တော့ ဘာတွေများ ထူးဦးမှာလဲ။ အခုလို တရုတ်သူဌေးက တမျိုး
ကုလား သူဌေး ကတဖုံ ထိုင်းသူဌေးက တနည်းနဲ့ နောက်လာဦးမဲ့
သူဌေးပေါင်းများစွာရဲ့ လုပ်ချင်တိုင်း လုပ်တာ ဖိနှိပ်တာတွေကို
လည်စင်းခံနေရတော့မှာလား။ ၀င်လာမဲ့သူတွေက ငါတို့နိုင်ငံကို သံပုရာသီးတွေ
ပြည့်နေတဲ့ အချဉ်ဖမ်းလို့ ကောင်းလှတဲ့ နိုင်ငံလို့ မြင်ကြရင် ငါတို့
လူမျိုးတွေ တသက် နာလန်ထူနိုင်မှာ မဟုတ်ပါဘူး။ ကျပ်တည်းလွန်းလှတဲ့ လူတွေ
အများကြီးရဲ့ ဘ၀ကို တချက်လောက်တော့ ပြန်ငဲ့ကြည့်ပေးကြပါဦးလို့
ပြောချင်တာဘဲ ၀လုံးရေ..
ထိုက်
No comments:
Post a Comment