Cloud Cuckoo Land created a doc.
ယနေ့လူငယ်တွေရဲ့
ယဉ်ကျေးမှု အကြောင်း နည်းနည်းပြောချင် ပါတယ်။ ယဉ်ကျေးမှုဆိုတာ
လူမျိုးတိုင်းမှာ ရှိကြပါတယ်။ အထူးသဖြင့် ကျုပ်တို့မြန်မာ တွေ မှာဟိုးရှေး
အစဉ်အဆက်ထဲက ယဉ်ကျေး မှုရှိပြီးသားပါ။ တချို့နိုင်ငံတွေမှာ ကိုယ်ပိုင်
ယဉ်ကျေးမှုမရှိကြတာ တွေ့နိုင်ပါတယ်။ ကျုပ်တို့နိုင်ငံမှာ ကိုယ်ပိုင်ယဉ်ကျေး
မှုရှိ ပါတယ်။
ကျုပ်တို့ရဲ့ယဉ် ကျေးမှုကို ဘာသာတရားနဲ့ ယှဉ်တွဲပြီး
ထိန်းသိမ်းထား တယ်လို့ လည်း ပြောနိုင်ပါ တယ်။ ရိုသေထိုက်သူတွေကို ရိုသေ
ခြင်း ၊ လေးစားသင့် သူတွေ ကို လေးစား ခြင်းဆိုတာ
ကျုပ်တို့တွေမှာရှိပြီးသား ယဉ်ကျေးမှုပါ။ ဒါပေမယ့် ဒီနေ့ လူငယ်တချို့ယဉ်
ကျေးမှုကိုမေ့နေတာလား။ မသိတာလား။ ဒါမှမဟုတ် သူတို့နဲ့ မဆိုင်ဘူးလို့
ထင်နေတာလား။ လူကြီးကို လူကြီးမှန်းမသိသလို၊ ဆရာကို ဆရာမှန်း မသိကြဘူး။
အနေ
အထိုင်အပြောအဆိုတွေ ရိုင်းနေတာ တွေ့ရတော့ ဒီကလေးတွေ မြန်မာတွေမှ
ဟုတ်ရဲ့လားလို့ ထင်မိတယ်။ သူတို့မိဘတွေက သွန်သင် မှု အား နည်းလို့ပဲလား။
ဒါမှမဟုတ်မိဘ၊ ဆရာ တွေရဲ့ပြော ဆိုဆုံးမ တာတွေကို ဂရုမစိုက် ကြတာလား။
ကြာလာရင်ဒီကလေး တွေဟာ လူရိုင်းလေးတွေဖြစ် မှန်းမသိ ဖြစ်လာ ကြတော့
မှာသေချာနေပါပြီ။ ဒါကိုဘာကြောင့် ဒီလောက်ပြော နေရတာလည်း ဆိုတော့ သိပ်
မကြာသေး ခင်နေ့တစ်နေ့က ရိုက်ကွင်းတစ်ခုမှာ ကြုံ တွေ့လိုက်ရတာလေး
စိတ်ထဲမကောင်း လွန်းလို့ ကျုပ်တို့လူမျိုးတွေမှာ ပြည်သူ့ နီတိတို့ ၊
လောကနီတိ တို့ဆိုတဲ့ စကား တွေ စာသားတွေမေ့နေ ကြပြီလား လို့ တွေးမိ တာနဲ့
ဒီစာရေးဖြစ်ပြောဖြစ်တာပါ။
ဒီအကြောင်းက ဒီလိုပါ။ ကျုပ်တို့ ရိုက်ကွင်းက ဘုရားမှာဗေဒင်ဟောတဲ့ အခန်းရိုက်ဖို့နေရာလိုက်ရှာနေကြ
တယ်။
ဘုရားမှာရှိတဲ့ဗေဒင်ခန်းတွေက ကျဉ်း တော့ ဟိုရှာဒီရှာပေါ့။ နေကလည်း
အရမ်းပူနေတယ်။ ပါလာတဲ့သရုပ်ဆောင်တွေလည်း အရိပ် ရှိတဲ့နေရာလေးတွေမှာ ခိုကပ်
လို့ပေါ့။ ဒီအချိန်မှာ အသက်(၂၀)အစိတ်ပတ်ဝန်း ကျင်လောက်ရှိမယ်လို့
ထင်ရတဲ့လူငယ် သုံးယောက်ရောက်လာပြီး ကျုပ်တို့အဖွဲ့ထဲက (၆၀)ကျော်
(၇၀)နီးပါး သရုပ်ဆောင်ကြီးနားက ကပ် သွားရင်းပြောသွားတာက လုပ်မနေပါနဲ့ တော့
အရွယ်လည်းမရှိတော့ပါဘူး။
သေလိုက်ပါတော့ ဆိုပြီးသုံးယောက်သား
တဝါးဝါး တဟားဟားနဲ့ ဟားတိုက် ရယ်သွားတဲ့ အသံကိုကြားလိုက်ရတဲ့
သရုပ်ဆောင်ကြီးကလည်း အင်း---ကလေးတွေ တော် တော်ရိုင်းနေကြပြီနော် သူ့လည်း
ဒါအပြင် ဘာပြောလို့ရမှာလဲ၊ ဒီထက်ပိုပြီးပြောဆို စကားများရင်လည်း
အဖွဲ့သားတွေနဲ့ ဒီကလေးတွေ ပြဿနာဖြစ် ကြရုံပဲရှိမှာ မဟုတ်လား။
ဒီလိုပြောလိုက်ရတော့ သူတို့မှာဘာ အမြတ်အစွန်းတွေရမှာမို့လဲ။ ဘယ်
လောက်ဂုဏ်တွေ တက် သွားမှာမို့လဲ ဘယ်သူတွေ ကကော သူတို့ကို ဂုဏ်ပြု
မှာမို့လဲ။ ဒါမျိုးတွေ့ရတာ ဒီတစ်နေရာ တည်းတော့ မဟုတ်ပါဘူး။ နယ်မှာ လည်း
ဒါမျိုးတွေ့ဘူးပါ သေးတယ်။
ဟယ်မင်းသား က လှလိုက် တာဟယ်။ခဏ လောက်ကြည့်ရ
အောင်။ ကာလ သမီးတွေက သူတို့ သဘောကျတဲ့ သရုပ် ဆောင်ကို တွေ့တော့ ဝမ်းသာ
ပြီး ပြောတာ ကို ဘေးကကာလသားတွေက ဘာလှတာလဲ။သူလည်းလူပဲ၊ ငါတို့ လည်းလူပဲ။
ဒီကောင်တွေကို ဘာမှ ဂရုစိုက်ပြီးကြည့်မနေနဲ့ ရောင့်တက် တယ်။ ကဲ--မခက်လား၊
ဒါတင်မကသေးဘူး။ မင်းသမီးနဲ့တွေ့တဲ့ယောကျာ်းလေး တချို့ကျတော့လည်း
ဟာ--အပြင်မှာ ပိုတောင့်တယ် ဟေ့၊ သွားညှိစမ်းကွာ၊ အဆင်ပြေတော့ လည်း
အမြတ်ပေါ့တဲ့ နှမချင်းမစာနာစကားပြောကြတာ တွေ၊ လူကြီးမှန်းမသိပြောကြတာတွေ
ဒါတွေဟာ နေရာအတော်များများမှာ တွေ့လာနေပါပြီ။
သူတို့ဟာလူတွေကို
မထေမဲ့မြင်ပြုလာကြတာ တနေ့တခြားပို များလာကြတာကြောင့် ဗုဒ္ဓဘာသာဝင် တွေမှ
ဟုတ်ပါရဲ့လားလို့ပြောရမလို ဖြစ် နေပါပြီ။ တကယ့်တော့ အနုပညာသမား ဆိုတာ
သူတို့ကိုအားပေးတဲ့ ပရိသတ်ကို ပုံစံမျိုးစုံနဲ့
လှုပ်ရှားဖျော်ဖြေနေကြသူတွေပါ။ ဒီနေရာမှာ တစ်ဦးကိုတစ်ဦးလေးစား တဲ့အကြည့် ၊
လေးစားတဲ့အပြောလေး တွေနဲ့ ဆက်ဆံရင်ပိုမကောင်းဘူးလား။ အချင်းချင်းလည်းလေး
စား၊ ဘေးက မြင်တဲ့သူတွေ ကလည်း လေးစားကြမှာ ပေါ့။ တကယ်တော့ မကောင်းတဲ့သူဆို
တာ အနုပညာလောကမှာမှ မဟုတ်ပါ ဘူး။ အလွှာအသီးသီး မှာရှိနေကြပါတယ်။
ဒီလိုပဲကောင်းတဲ့
သူဟာလည်း နေရာတိုင်းမှာရှိနေပါတယ်။ ဒီတော့ ကျုပ်ပြောချင်တာက
တစ်ဦးချင်းကိုယ့် ကိုယ်ကို ကောင်းအောင်ကြိုးစားနေစေ ချင်တာပါပဲ။ ပါးစပ်က
စောင့် ထိန်းခြင်းမရှိဘဲ အလွတ်မဲ့ပြောတာဆိုတာတွေဟာ ကိုယ့်အတွက်လည်း
အကျိုးမရှိသလို၊ သူတစ်ပါးအတွက်လည်း နစ်နာစေပါတယ်။ ယနေ့လူ ငယ်တွေ
သတိပြုရမှာက တစ်ချိန်မှာ လူကြီးဖြစ်ပြီး တိုင်းပြည်ကို
ကိုယ်စားပြုမယ့်သူတွေဖြစ်တယ်ဆို
တာပါပဲ။ ဒီလိုပြောတော့ လူငယ်တစ်
ယောက်က ပြောသေးတယ်။ ကျွန်တော် တို့က ဝါသနာမပါဘူးတဲ့။ တိုင်းပြည်မှာ
အဲဒီလိုပေါ့ပေါ့ပြော၊ ပေါ့ပေါ့နေတတ်တဲ့ သူတွေများလာရင် အားလုံး ဟာ
ပေါ့ပြက် ပြက်တွေဖြစ်ကုန်ကြလိမ့်မယ်လို့ သတိ ပေးလိုက်ပါတယ်။
written by ၀င်းနိုင် (အနုပညာ)
By မန္တလေးအာရုဏ်ဦး
No comments:
Post a Comment