.......................... ......
တစ်ခါတုန်းက ညနေချမ်းအချိန် ကျွန်တော် ရုံးမှ အပြန်၌ ကျွန်တော်တို့ အခန်း ဝရန်တာ သို့ မော့ကြည့်လိုက်သောအခါ မြ ကို ဝရန်တာမှာ ရပ်လျက် ရှိသည်ကို မြင်ရသည်။
အရာရာကို ရိုးရှင်းစွာတွေးတတ်သော မြ ၏ ကိုယ်စား ~ မြ၏ အတွေး ကို ကျွန်တော် နားလည် လိုက်သည်မှာ မြ သည် ပျင်းရိ ငြီးငွေ့စွာပင် ခင်ပွန်းသည်ကို မျှော်နေခြင်း ဖြစ်လိမ့်မည် ဟူ၏။ သို့သော် ကျွန်တော့အထင် မှားခဲ့ပါသည်။
"မြ ~ ဘာလုပ်နေတာလဲ ။ ကိုယ်နောက်ကျလို့လား ~ ဆယ့်ငါးမိနစ်လောက်ပဲ နောက်ကျတာပါ မြ ရဲ့ "
"မဟုတ်ပါဘူး အကိုရဲ့။ ကျွန်မ ဟောဟိုက တိမ်တွေကို ကြည့်နေတာပါ"
မြ ၏ မသိနားမလည်စွာ ရိုးအ, မှု ကို ကျွန်တော် ရယ်မောမိသေး၏။ လည်ပတ် ပါးနပ်သော မိန်းမဆိုလျှင် ခင်ပွန်းသည်၏။ စိတ်ခံစားမှုကို နူးညံ့နှစ်သိမ့်နိုင်အောင် ရေလိုက်ငါးလိုက် လျောချကာ လိမ်ညာပေးမိပေလိမ့်မည်။
မြ ကတော့ ~ ~
.......................... ........

..........................
No comments:
Post a Comment