Monday, February 27, 2012

ဘာကြောင့် အမွဲဆုံးနိုင်ငံဖြစ်ရသလဲ

by Vicky Mandra on Monday, February 27, 2012 at 4:39pm ·

  • ဦးစိန်ကျော်လှိုင်
မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကျဆုံးတဲ့ အကြောင်းရင်းတွေထဲမှာ တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းသွင်းတဲ့အပေါ် ပြည်သူတွေ မကျေနပ်တာလဲပါတယ်လို့ မဆလခေတ် စက်မှုတစ်ဝန်ကြီးဟောင်း ဦးတင့်ဆွေက ၀န်ခံပြောဆိုပါတယ်-နှစ်ပေါင်း ၂၀ကျော်တဲ့ထိ မြန်မာနိုင်ငံ ဘာကြောင့် အဆင်းရဲဆုံးနိုင်ငံအဖြစ်က မလွတ်သေးသလဲဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။


မြန်မာနိုင်ငံကို ၁၉၈၇ ခုနှစ်မှာ အဆင်းရဲဆုံးနိုင်ငံစာရင်းသွင်းတဲ့အချက်ကလဲ မလဆပါတီ ကျဆုံးတဲ့အကြောင်းတွေထဲမှာ တချက်အပါအ၀င်ဖြစ်တယ်လို့ မဆလခေတ် စက်မှုတစ်ဝန်ကြီးဟောင်း ဦးတင့်ဆွေက သူရေးတဲ့ ကျောပိုးအိတ်လေးကို ချီကာလွယ်ဆိုတဲ့ သူ့ရဲ့ ကိုယ်ရေးအထ္တုပ္ပတ္တိစာအုပ်မှာ ၀န်ခံထားတာ ဖြစ်တယ်။

မဆလ၀န်ကြီးဟောင်း ဦင်္းတင့်ဆွေ

ဒါပေမဲ့ တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းဘာကြောင့် သွင်းရတယ်ဆိုတဲ့ မဆလ၀န်ကြီးဟောင်း ဦင်္းတင့်ဆွေရဲ့ အမြင်ကတော့ မြန်မာစီးပွားရေးပညာရှင်တချိုံရဲ့ အယူအဆနဲ့ ကွဲပြားနေပါတယ်။

မဆလ၀န်ကြီးဟောင်း ဦင်္းတင့်ဆွေရဲ့ အမြင်ကို ချုပ်ပြောရရင်
မြန်မာနိုင်ငံမှာ အဲဒီအချိန်တင်ရှိနေတဲ့ ပြည်ပကြွေးက အမေရိကန်ဒေါ်လာ သန်း၎ထောင်ခန့်ရှီတယ်- မဆလပါတီနဲ့ မဆလအစိုးရက ဒီကြွေးတွေကို တတ်နိုင်သမျှ နည်းစေလိုတဲ့ဆန္ဒရှိတယ် တဘက်ကလဲ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားရင် ကြွေးတွေ လျှော်ပစ်နိုင်မယ်-ချေးငွေတွေကို ထောက်ပံ့ငွေအဖြစ် ပြောင်းလဲနိုင်မယ်စတဲ့ အခွင့်အရေးတွေ ရနိုင်တယ်-ဒါ့ပေမဲ့ မြန်မာနိုင်ငံ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ပီး တနှစ်အကြာမှာ ၈၈ အရေးအခင်းဖြစ်လိုက်လို့ ပြည်သူတွေ အနာဂတ်မျိုးဆက်သစ်တွေ မခံစားရလို့ မွေပါလည်းဆုံးသားလည်းဆုံးအဖြစ် ရောက်ရတယ်လို့ ရေးထားပါတယ်။

တကယ်တော့ မြန်မာနိုင်ငံကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းစာရင်းသွင်းပေးဘို့ မဆလအစိုးရက ကုလသမဂ္ဂကို လျှောက်ထားတဲ့အချိန်ဟာ မဆလအရပ်သားအစိုးရ နာမယ်ခံထားတဲ့ ဦးနေ၀င်းအစိုးရအုပိချုပ်တာ ၂၅ နှစ်ရှိပြီဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးကို စစ်ဗိုလ်တွေက ကိုင်တွယ်လို့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက် စီးပွားရေးဘုံးဘုံးကျနေတာကြောင့် တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းလျှောက်ထားတာ ဖြစ်တယ် မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေပြောသလို ပြည်သူကို ငဲ့ညှာလို့ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင် ဒေါက်တာမျိုးညွှန်က ထောက်ပြပါတယ်

မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေရဲံအပြောအရဆိုရင် မဆလအစိုးရက တိုင်းပြည်ကို အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်လျှောက်တာကိုဘဲ ပြည်သူတွေက ကျေးဇူးတင်ရမဲ့ကိန်းဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ကြွေးတွေ သက်သာအောင် LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းသွင်းလိုက်ပေမဲ့ အနောက်နိုင်ငံ ဆန်ရှင်ခေါ် စီးပွားရေးဒဏ်ခတ်မှုတွေကြောင့် ပြည်သူတွေ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်တဲ့အကျိုး မခံစားရလေခြင်းဆိုပီး အနောက်နိုင်ငံဆန်ရှင်ကို မဆလ၀န်ကြီးဟောင်း ဦးတင့်ဆွေက အပြစ်တင်ထားတဲသဘောဖြစ်နေတယ်။ တကယ်တော့ ဆန်ရှင်နဲ့ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းအသွင်းခံရတာ ဘာမှမဆိုင်ဘူးလို့ ဒေါက်တာမျိုးညွှန့်က ရှင်းပြပါတယ်။

ဒီနေရာမှာ နိုင်ငံတခုကို ဘယ်လိုအခြေအနေမျိုးမှာ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းသွင်းခွင့်ပေးသလဲဆိုတာ ပြန်ကြည့်ဘို့လိုပါတယ်။

ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်အရ တဦးချင်းဝင်ငွေနည်းနေတာ ဖြစ်ရမယ်လို့ဆိုပါတယ် တဦးချင်းဝင်ငွေဆိုရာမှာ ၃ နှစ်စာ ပျမ်းမျှ တဦးချင်းဝင်ငွေက ဒေါ်လာ ၉၀၅ ဒေါ်လာထက်နည်းရမယ်- နောက်အဟာရ ကျန်းမာရေး ပညာရေး သက်ကြီးစာတတ်မြောက်မှုစတဲ့ ညွှန်းကိန်းတွေအခြေခံတဲ့ လူသားရင်းမြစ်အားနည်းနေတာ-နောက် လယ်ယာစိုက်ပျိုးမှု ထုတ်လုပ်မှု မတည်ငြိမ်တာ ကုန်စည်နဲ့ ၀န်ဆောင်မှု ပြည်ပပို့တဲ့နှုန်း မတည်ငြိမ်တာ သဘောဝဘေးကြောင်း အိုးအိမ်စွန့်ခွာရတဲ့ လူဦးရေရာနှုန်းစတဲ့ စီးပွားရေး အားနည်းချက်တွေကို ကြည့်ပီး ဆုံးဖြတ်တာ ဖြစ်ပါတယ်။

၂၀၁၁ ခု ဇန္ဒ၀ါရီလ ၁ ရက်ထိ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံပေါင်း ၄၈ နိုင်ငံရှိပီး LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းသတ်မှတ်ချိန်ကစပီး ကနေ့ထိ LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းက လွတ်သွားတာ ၃ နိုင်ငံဘဲရှိပါတယ် Botswana Cape Verde နဲ့ မော်လဒိုက် တို့ဖြစ်တယ်။

ကနေ့ဆိုရင် မြန်မာနိုင်ငံကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းအသွင်းခံရတာ နှစ်ပေါင်း ၂၀ကျော်ပီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀ကျော်အတွင်း စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့ပေမဲ့ LDC နိုင်ငံအဖြစ်က လွတ်မဲ့လမ်းစတောင် မမြင်ရ ဖြစ်နေတာဘာကြောင့်လဲလို့ မေးစရာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကတော့ မြန်မာအနေနဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ အမှီလိုက်ချင်ရင် ပထမဆုံး LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းက လွတ်အောင်လုပ်ရမယ်လို့ တချိန်က စင်္ကာပူနိုင်ငံ Burma Studies Conference ကိုတင်သွင်းတဲ့ စာတန်းမှာ ထောက်ပြအကြံပေးခဲ့ပါတယ်။ (ဒါပေမဲ့ သမ္မတအကြံပေးဖြစ်ချိန်ကစပြီး ခုထိ အဲဒီစကား မပြောတော့ပါ)

LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းကလွတ်ဘို့ဆိုရင် တဦးချင်းပျမ်းမျှဝင်ငွေက ဒေါ်လာ ၁၀၈၆ ထက်ကျော်ရမယ်လို့ သတ်မှတ်ထားပါတယ် ၂၀၀၈ ခုနှစ်အတွက် မြန်မာနိုင်ငံသားတဦးရဲ့ ပျမ်းမျှဝင်ငွေက ကျပ်ငွေ ၃သိန်းခွဲနီးပါးထိ တက်လာတယ်လို့ လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဖြစ်နေတဲ့ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ တချိန်က ပြောခဲ့ပါတယ်။  ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေအပြောအရဆိုရင်တောင် ၂၀၀၈ ခုအတွက် တဦးချင်းဝင်ငွေက ဒေါ်လာ ၄၀၀ မရှိဖြစ်နေလို့ LDC အဆင့်က လွတ်ဘို့ လမ်းမရှိဖြစ်နေပါတယ်

စစ်အစိုးရအုပ်ချုပ်ရေး တလျှောက်လုံးမှာ တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှု ဂျီဒီပီကို တနှစ်ထက်တနှစ် စာရွက်ပေါ်မှာ တိုးပီးလိမ်ပြနေပေမဲ့ ဂျီဒီပီကိန်းဂဏန်းကို စားလို့ရတာမဟုတ်ဘဲ ထမင်းစားရတဲ့ ပြည်သူတွေကတော့ တဦးချင်းဝင်ငွေတက်မလာတာ လက်တွေ့ဖြစ်တယ်လို့ ဒေါက်တာမျိုးညွှန်က ဝေဖန်ထားပါတယ်

သောတရှင်များခင်ဗျား

အိမ်နီးချင်းအာဆီယံနိုင်ငံတွေက သူတိုပြည်သူတွေဘ၀တိုးတက်အောင် ကြိုးပမ်းအားထုတ်နေချိန်မှာ မြန်မာက အဆင်းရဲဆုံးနိုင်ငံဆိုတဲ့အဖြစ်နဲ့ ဆက်သွားနေတာ သိက္ခာမရှိဘူးလို့ သမတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ သူ့စာတန်းမှာ တချိန်က ဝေဖန်ခဲံပါတယ် ၅နှစ် သက်တမ်းသာခံမဲ့ သမတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံစာရင်းက လွတ်အောာင် လုပ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်းပါခင်ဗျား။

No comments:

Post a Comment