( 7Day ဂျာနယ် ဆောင်းပါးရှင် သမီးလေးငြိမ်းငြိမ်းနိုင်…
သမီးလေး၏ “လီလီပန်းကလေးများရဲ့ နောက်ကွယ်မှာ”ဆောင်းပါးထဲကအချို
(၁)
တလောကလေးကမှ မိတ်ဆွေတစ်ယောက်က မိတ္တူကူးပြီးပေးသဖြင့်၊ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရသည်။
ဆောင်းပါးခေါင်းစဉ်က၊ “လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ…..(ဂဠုံဦးစောမိသာ
ဆောင်ပါးရှင်က “ငြိမ်းငြိမ်းနိုင်”……။
စာကို’ငြိမ့်ငြိမ့်’ကလေး ရေးချယ်’နိုင်’စွမ်းသူဖြစ်၍၊ ဆောင်းပါးရှင်သမီးလေးကို ကျွန်တော်ခေါ်ချင်သည်က“ ငြိမ့်ငြိမ့်နိုင်” ..။
ဆောင်းပါးကိုဖေါ်ပြသည်က၊ ၂၀၁၁-ခုနှစ်စက်တင်ဘာ ၂၁ ရက်နေ့ထုတ် 7Day ဂျာနယ် …။
(၂)
ထိုဆောင်းပါးကိုဖတ်ပြီးသူများ၊ စိတ်ထဲတွင် ဘယ်လိုခံစားကြရပါလိမ့်…။ ကျွန်တော့်အဖို့မှာမူ၊ စိတ်ထဲ မသိုးမသန့်“နင့်ခနဲ” ခံစားလိုက်ရသည်။
ထိုသို့ဘာကြောင့် တမူထူးပြီး ခံစားရသည်ကို ဘယ်သူက သိမည်နည်း။ သို့သော်“ကိုယ့်အကြောင်း, ကိုယ်သိ”လေတော့၊ အိုးမလုံ အုံပွင့်ရလေပြီ။
(၃)
ငြိမ်းငြိမ်းနိုင်၏ ’လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ’ ဆောင်းပါးတွင် ဖေါ်ပြထားသည့်..၊ ဂဠုံဦးစောမြေး ဒေါ်မွန်မွန်ရင်၏ ရင်ထဲက ပွင့်အံထွက်ကျလာသောရင်ဖွင့်စကား
“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့သလဲ ဆိုတော့၊ ဒေါ်သန်းခင်ကမျက်နှာမရှိပဲဖြစ်
အထက်ဖေါ်ပြပါ အမေကြည်၏ စကားကို ဒေါ်မွန်မွန်ရင့် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြဟူသော အချက်ကိုလည်း ငြိမ်းငြိမ်းနိုင်က သူ့ဆောင်းပါးတွင် ထည့်သွင်း ဖေါ်ပြထားသေးသည်။
သြော်..အမေကြည်, အမေကြည်.။
မိမိ၏ခင်ပွန်းသည်ကို, ရက်ရက်စက်စက် လုပ်ကြံသည့်, ဂဠုံဦးစော၏ ဇနီးသည်ဒေါ်သန်းခင်...။ အများက လက်ညှိုးငေါက်ငေါက် ထိုးသည်ကို...၊ ငုံ့ခံနေရသည့် ဒေါ်သန်းခင်…။
ဂဠုံဦးစောကြိုးဒဏ်ဖြင့် မသေမချင်း အသတ်ခံရတော့မည်ကြောင့် နာရီပိုင်းအတွင်းမှာပင် မုဆိုးမ ဖြစ်ရတော့မည့် ဒေါ်သန်းခင်….။ လင်ဆိုးမယား တဖါးဖါး ဖြစ်နေရသည့်ဒေါ်သန်းခင်…။
ထိုထိုဒေါ်သန်းခင်အပေါ်၊ အမေကြည်က မုဆိုးမဖြစ်ခါစ၊ ပူဆွေး လောင်ကျွမ်းလွန်းလှသည့် ကာလမှာပင်၊ အညစ်အကျေး ကိလေသာစိတ်ကို မြူမျှပင်မထားခဲ့..။ မေတ္တာ, ဂရုနာ, အကြင်နာ, စာနာမှုတွေကို ပွေ့ပိုက်လျက်၊ နွေးထွေးစွာ ဖြေသိမ့်မှု, နှစ်သိမ့်မှုတို့ကိုပင်၊ ပြန်ပေးလိုက်သေးသည်။
(၄)
ရှေးရေစက်ကြောင့်ပေလား..။ အမေကြည်နှင့်ဒေါ်သန်းခင်တို့၏ ဇာတ်လမ်းမှာ မဆုံးနိုင်သေး..။
ဒေါ်မွန်မွန်ရင်၏ လက်ထပ်မင်္ဂလာပွဲတွင် လီလီပန်းဖြူဖြူဖွေးဖွေးကိုသာ ဘိသိက်ပန်းအဖြစ် ငွေဖလား၌ အပြည့်အမောက် ထိုးစိုက်ရမည်ဟူသော အဘွားဒေါ်သန်းခင်၏ ပြင်းပြလှသော ဆန္ဒကြောင့်..၊ နောက်တချီ ဇာတ်လမ်း ပြန်စဖို့ရာ၊ အကြောင်းက ဖန်လာသည်။
လီလီပန်းဖြူဖြူဖွေး, ရရှိဖို့အရေး၊ ဟိုကိုပြေးကာဟိုမှာရှာ, ဒီကိုပြေးကာ ဒီမှာရှာ။ ရန်ကုန်မြို့ တခွင်, ပြဲပြဲသာ စင်လေသည်။ ရှာလေရှားလေ, ခက်လှပေ၏။
နောက်ဆုံးရမယ့်ရတော့ အမေကြည့်ခြံမှာမှ ရခဲ့သည်။ ထိုအကြောင်းကို ဒေါ်မွန်မွန်ရင်က၊ ပီတိဝေဖြာ, ဂုဏ်ယူစွာဖြင့်, ပြောရှာသည်မှာ, ဤသို့ပါ..
“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေ သော့ပစ်ချပေးရင်းဘယ်သူ့ မင်္ဂလာဆောင်လဲလို့ မေးတယ် တဲ့။ ဦးစော ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့၊ သြော်..ဒေါ်သန်းခင်က မြေးတွေ ဘာတွေနဲ့ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ် တဲ့..”
အမေကြည်၏ အံ့ချီးဘွယ်ရာစကားကို၊ ဒေါ်မွန်မွန်ရင်ပြန်လည် ပြောပြသည့်အတိုင်း၊ ဆောင်းပါးရှင်ငြိမ်းငြိမ်းနိုင်
တဆက်တည်းပင် အမေကြည်၏စကား, အမေကြည်၏ လီလီပန်းတို့နှင့် ပတ်သက်၍၊ ဒေါ်မွန်မွန်ရင် တန်ဘိုးထား ပြောကြားသည့်…
“အဲဒီ စကားလေး နဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ”
ဟူသောမှတ်ချက်ကိုပါ၊ ငြိမ်းငြိမ်းနိုင်က တွဲလျက် ချိတ်ဆက်ပေးလိုက်သေးသည်။
ဒေါ်မွန်မွန်ရင်, ရင်ဖွင့်လိုက်သော အမေကြည်၏ စကားလုံးများက၊ အကောင်းအဆိုး ကုသိုလ် အကုသိုလ်ခွဲခြားနိုင်စွမ်းသည့် အမေကြည်၏ဥာဏ်ပညာ.၊ စိတ်နေစိတ်ထား နူးညံ့ သိမ်မွှေ့လှသည့် အမေကြည်၏ မြင့်မြတ်မှုတို့ကို.၊ အထင်အရှား ဖေါ်ပြနေပေသည်။
အို….အမေကြည်..။ အမေကြည် ၏ ဥာဏ်ပညာ နှင့် မြင့်မြတ်မှုက၊ ကျွန်တော် မောင်ဦးခြံသူကြီး အတွက် “စံ” ပါပဲခင်ဗျာ..။
(၅)
ဆောင်းပါးရှင်ငြိမ်းငြိမ်းနိုင်
ထိုသို့ရေးချယ်ရာတွင်ဆောင်းပါး
“ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို…၊ အပြင်တွင် မတွေ့ မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရပါက…၊ တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း၊ တကယ်တမ်း တွေ့ရမည် ဆိုခဲ့လျှင်လည်း၊ တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။
“ကိုယ်ကဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှနှိုင်းယှဉ်လို့မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး.။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ”ဟု….၊ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာမရှိအောင်ပင် ကွာခြားမှုများ ပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်, တဲ့..။
ဆောင်းပါးရှင်ငြိမ်းငြိမ်းနိုင်
တဆက်တည်းပင် ငြိမ်းငြိမ်းနိုင်က ရှေ့ဆက်လိုက်သေးသည်….။ ဤသည်ကိုလည်း မူရင်းအတိုင်း ဖေါ်ပြလိုက်ပါသည် -
ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက်မိသားစုဝင်များနှ
“ကိုယ်မလုပ်ခဲ့တဲ့ကိစ္စအတွက်ဒီလိ
မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို..၊ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍“ဖေဖေနဲ့ ပတ်သက်ပြီးတွေးလျှင်၊ ဦးစောကြောင့် ဖေဖေဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်” ဟု ဆိုလေသည်။
ဟိုက်….။ ဟိုက်.ဟိုက်.ဟိုက်…
ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်နှင့် သမီးဒေါ်အောင်ဆန်းစုကြည် တို့သည်၊ ဥာဏ်ပညာအရာနှင့် စိတ်ထားမြင့်မြတ်မှု အရာတို့တွင်၊ သူမတူအောင် ထူးကဲသူများဖြစ်နေသည်ကို.၊ ဂဠုံဦးစော မိသားစု စဉ်ဆက်က သက်သေပြနေပါပကော..။
ထိုသက်သေပြချက်ကြောင့်..၊ ကျွန်တော့်ကိုကျွန်တော် မေးခွန်း ပြန်ထုတ်ကြည့်ချင်လာသည်။ ကျွန်တော် ဦးခြံသူကြီးသည် “လီလီပန်းလေးများရဲ့နောက်ကွယ်မှ
( ၆)
ဤမေးခွန်းက ကျွန်တော့်ကိုကျွန်တော်၊ အပြန်ပြန်အလှန်လှန် စစ်ချလိုက်သည်။ သည်စစ်ချက်အရ အရှိကို အရှိအတိုင်းဤသို့ သတိပြုမိလာပါတော့သည်။
ဂဠုံဦးစော၏ လက်ချက်ကြောင့် ဗိုလ်ချုပ် ကျဆုံးခဲ့ရသည်.။ မြန်မာ့နိုင်ငံရေးနယ်ပယ် တခွင်လုံး၏’စွာတကာ့စွာ’တို့ထဲက အနှိုင်းမဲ့ခေါင်းဆောင်ကို ဆုံးရှုံးရပြီ…။ သြော်..ဗိုလ်ချုပ်, ဗိုလ်ချုပ်..။
ဗိုလ်ချုပ်လည်း မရှိရော..၊ ကျန်ခေါင်းဆောင်တွေက ဗိုလ်ချုပ်လို မထိန်းနိုင်လေတော့၊ အကွဲအပြဲ, တဗိုလ်တမင်း, တတောတကြက်ဖ.၊ ဇာတ်တူသားချင်း စားကြပြီ..။
သည်လို အဖြစ်ဆိုးမျိုးတွေ, ဘာကြောင့်ဖြစ်..၊ ဗိုလ်ချုပ် မရှိလို့ဖြစ်။ ဗိုလ်ချုပ် ဘာကြောင့်မရှိ..ဂဠုံစော လုပ်ကြံလို့မရှိ။
ထို့ကြောင့်ဂဠုံစောကို ကမ္ဘာမကျေအသဲနာသည်။ သူ့ဆွေစဉ်မျိုးဆက်ကိုလည်း နှလုံး မကြည်၍ မကြည့်ချင်..။
(၇)
ဆောင်းပါးရှင် သမီးလေး.“ငြိမ်းငြိမ်းနိုင်”၏“
ဥာဏ်ပညာနှင့်မြင့်မြတ်မှု အရာတွင် -
ထိုအမေဒေါ်ခင်ကြည်နှင့် ဤသမီးဒေါ်အောင်ဆန်းစုကြည်တို့က…၊ မိုးလောက် မြင့်နေသည်။
ကျွန်တော်ဦးခြံသူကြီးက မြေအောက်မက နိမ့်နေသည်။
ဤမိုးနှင့်ဤမြေ, ကွာခြားလှပေ၏။
ထို့ကြောင့် ဆောင်းပါးရှင်သမီးလေး.“ငြိမ်ြး
“လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ”ဆောင်းပါးအပေါ်ကျွ
(၈)
ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်း ကတည်းက ပြောခဲ့ဘူးသည်။
*အာဃာတထားရင်၊ အထားခံရသူများအတွက် မကောင်းသလို..၊ ထားသူအတွက်လည်း မကောင်းဟူသည့် သဘောမျိုး ပြောခဲ့သည်။ ဒါကို အများကြားသိပြီးဖြစ်သည်။
*နိုင်ငံတကာတရားရုံးကနိုင်ငံတွ
*မိမိကို အသုံးချမည်ဆိုလျှင်၊ တိုင်းပြည်အတွက် ကောင်းလာမည်ဆိုက၊ ဘယ်သူကပဲ အသုံးချချ၊ အသုံးချခံပါမည်..တဲ့.။
ဒေါ်အောင်ဆန်းစုကြည်သည်ကား-အမြော
စိတ်ထားမြင့်မြတ်လှသည်။ ထို့ကြောင့်“ကောင်း”သည်။
သို့ဖြင့်ဒေါ်အောင်ဆန်းစုကြည်သည်
ပြဿနာတစ်ရပ်ကို ချဉ်းကပ်ရာတွင် ကျွန်တော်တို့နှင့်မတူ။ တစ်မူကွန့်၍ ထူးထူးကဲကဲ အနှိုင်းမဲ့နေသည်။
( ၉)
ကျွန်တော်စွမ်းသမျှ၊ လက်လှမ်းမီရာများကို တင်ပြခဲ့ပြီးပြီ…။ ဆိုင်ရာဆိုင်ရာ ပုဂ်ဂိုလ်များက ထိုတင်ပြချက်များကို ထည့်သွင်းစဉ်းစားပြီး.၊ အဘယ်သို့ မှတ်ချက်ချကြပါမည်နည်း..
*ဒေါ်အောင်ဆန်းစုကြည်သည်၊ အာဃာတရား လက်ကိုင်ထားလျက်၊ အကုသိုလ် မကောင်းစိတ်ဖြင့်၊ ကြမ်းကြမ်းတမ်းတမ်း ရမ်းမည့် ပုဂ်ဂိုလ်လော…။ အန္တရာယ်ပြုမည့် ပုဂ်ဂိုလ်လော..
*ဒေါ်အောင်ဆန်းစုကြည်သည်၊ တိုင်းပြည်အတွက် ကောင်းလာမည် ဆိုက…၊ ကုသိုလ်စိတ်ဖြင့် ဘာပဲလုပ်ရလုပ်ရ၊ ဘယ်သူနဲ့ပဲတွဲရတွဲရ..၊ အသင့်အနေအထားတွင် ရပ်တည်နေပါသလော.…
*ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေး ရင်ကြားစေ့ရေး အတွက် အားထုတ်ရာတွင်-
- တပ်မတော်သားကြီးကြီး ငယ်ငယ် မှန်သမျှနှင့်သူတို့၏ မိသားစုဝင်များ အပါအ၀င်၊
- ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် သူတို့၏မိသားစုဝင်များအပါအ၀င်၊
- စွမ်းအားရှင်များနှင့်သူတို့၏ မိသားစုဝင်များ အပါအ၀င်၊
- တစညနှင့် အခြား နိုင်ငံရေးပါတီ အသီးသီး၏ ပါတီဝင်များနှင့်သူတို့၏ မိသားစုဝင်များ အပါအ၀င်၊
*အချုပ်ဆိုရသော်..၊ တစုတဖွဲ့၏ ကောင်းရာ ကောင်းကျိုး သက်သက် အတွက်မျှ မဟုတ်။ တိုင်းရင်းသားပြည်သူတရပ်လုံး၏ ကောင်းရာကောင်းကျိုးအတွက်..၊ တစိုက်မတ်မတ် ဦးတည် ဆောင်ရွက်နေသည့် ပုဂ်ဂိုလ် ဟုတ်မှန်ပါသလော…
အစရှိသည့်“လော”ပေါင်းများစွာကို
No comments:
Post a Comment