Friday, January 27, 2012

ရာစုဝက် ပီတိ


လူဗိုလ်

(၁)
“အကိုရေ ဒုက္ခသည်တွေ ပြည်တွင်းပြန်ရတော့မယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်။ ကျမမွေးနေ့မှာ လှူဖို့စီစဉ်ထားတာ အခုပဲ ကြိုလှူလိုက်တော့မယ်နော်။”
နို့ဖိုးစခန်း၊ ပီအေဘီကျောင်းအတွက် ပရိုပိုစယ်ပုံစံရေးထားသော ပို့စ်တခုကို ဖေ့စ်ဘုတ်မှာ တွေ့မိရာက လှူချင်တယ်လို့ ပြောခဲ့ဖူးသူတဦး၏ စကား။ အလှူမမြောက်လိုက်မှာကို စိုးရိမ်နေပုံ။


(၂)
“ညီလိုအပ်သလို စီမံပါ၊ အကိုချက်ချင်းပဲ ပို့လိုက်ပါမယ်၊ ပို့ရမယ့်ဘဏ်အကောင့်သာ ပေးပါ”
အသက် ၈၀ ကျော် ကျန်းမာရေးမဲ့၊ စီပွားရေးမဲ့၊ မိသားစုမဲ့၊ ကျောထောက်နောက်ခံမဲ့ ဒုက္ခိတအဖိုးအတွက် စေတနာပြတ်ပြတ်နဲ့ လှူဒါန်းလိုသူရဲ့ စကား။

 (၃)
“လူ့အခွင့်ရေးသမား ညီအစ်ကိုချင်း ယိုင်းပင်းမှုပါ၊၊ နှောင်ကြိုးမဲ့အကူအညီပါ။ အကို့ရှာဖွေမှုက သန့်ရှင်းပါတယ်၊၊ public sector ကဘဲရငွေတွေပါ၊၊
back up မရှိတဲ့နေရာမှာမို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံတဲ့ ခံစားမှုရှိစေခြင်လို့ ကူညီဘို့ ကမ်းလှမ်းတာပါ၊၊ ကျန်းမာရေး၊ ပညာရေး၊ ကလေးကိစ္စ၊ လေယာဉ်ခ ဘာဘဲလိုလို သုံးပါ၊၊ စိတ်ခွန်အား ရစေချင်လို့ပါ၊၊ US$5000/ထိ ကူညီဘို့ အပမ်းမကြီးပါ၊ အားနာရင် long term loan အနေနဲ့ယူလည်း ရပါတယ်၊၊
ကိုယ့်ညီတို့မိသားစု ရေရာတဲ့လမ်းကြောင်းပေါ် ရောက်မယ်ဆိုရင်သုံးစွဲပါ၊၊
ကိုယ့်ညီတို့မိသားစု ရွှင်လန်းချမ်းမြေ့ပါစေ၊၊”

 (၄)
ကျနော်တို့က အဖေမတူအမေကွဲ တခါမှမမြင်ဖူးကြတဲ့၊ အင်တာနက်ထဲ ရင်းနီးခဲ့ကြတဲ့ မြန်မာပြည်ဖွား မောင်နှမ များပါ။ ပရိုပိုစယ် (Proposal) မလို၊ ရပို့ (Report) မလို၊ ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ စေတနာရှင် တွေ။

(၅)
ဒီကနေ့ ကျနော့်မွေးနေ့လေးမှာ အလှူနှစ်ခုကိုတပြိုင်ထဲ ကိုယ်စားပြု လှူခွင့်ရလိုက်ပါတယ်။ လိုအပ်ချက်တွေနဲ့ ပြည့်နေတဲ့ ဒုက္ခသည်ကျောင်းလေးနဲ့ ကျောင်းသားလေးတွေအတွက်၊ ကယ်သူမဲ့နေတဲ့ အရွယ်လွန် ဒုက္ခသည် အဖိုးအိုအတွက်။
တကယ်လိုအပ်နေတဲ့သူကို တတ်နိုင်သူတွေက ကူညီ၊ ဝေမျှတတ်ကျတဲ့ယဉ်ကျေးမှု ထွန်းကားလာတဲ့ ကြည်နူး စရာ ပြယုဂ်တွေ့  ။

ဒီနေ့မှာ ဖြာဆင်းလာတဲ့ ပီတိတွေက ကျနော့်ရဲ့ ရာစုဝက်မွေးနေ့ပွဲကို အရောင်တဖိတ်ဖိတ်နဲ့ တောက်ပစေခဲ့ပေါ့။
၂၄ ။ ၁ ။ ၂၀၁၂

No comments:

Post a Comment