Friday, January 27, 2012

‘ရင်သားအတုထည့် အမျိုးသမီးများအား ဗင်နီဇွဲလားအစိုးရ စရိတ်ခံ ခွဲထုတ်ပေးမည်’

by General Knowledge on Saturday, January 28, 2012 at 7:22am


By Popular News Originally posted 12/01/2012 17:11PM





ဗင်နီဇွဲလားအစိုးရသည် ရင်သားအတွင်း ပေါက်ကွဲထွက်လာနိုင်သည်အထိ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးများ ကြုံတွေ့ ခံစားလာနိုင်သည့်အတွက်  ရင်သားအတု ထည့်သွင်းထားသည့် အမျိုးသမီးများအား အစိုးရမှ စရိတ်အကုန်အကျခံ၍ ပြန်လည် ခွဲစိတ် ထုတ်ပစ်ကြရန် မေတ္တာရပ်ခံခဲ့သည်။


ရင်သားအတွင်း ထည့်သွင်းသည့် ပစ္စည်း အများစုမှာ ပြင်သစ်နိုင်ငံ ကုမ္ပဏီလုပ် Poly Implant  Prothese (PIP) များကို တရားမဝင် တင်သွင်း အသုံးပြုခဲ့ကြခြင်း ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးက ပြောပြသည်။ ပြင်သစ် အာဏာပိုင်များ၏ အကြံပြုချက်ကြောင့် ပြင်သစ်အမျိုးသမီး ၃၀၀၀၀ မှာ ၎င်း PIP ပစ္စည်းကို ရင်သားတွင်းမှ ပြန်လည်ခွဲစိတ် ထုတ်ယူခဲ့ပြီး ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ပြင်သစ်အစိုးရ အနေဖြင့် ၎င်းပစ္စည်းကြောင့် ကင်ဆာရောဂါ ဖြစ်ပွားလာနိုင်သည့် အထောက်အထား မတွေ့ရှိရဟု မှတ်ချက် ပေးထားသော်လည်း ၎င်းပစ္စည်းမှာ စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ဆီလီကွန်အရည်စစ် ရေမြှုပ်တစ်မျိုး အဆင့်သာ ရှိသည်ဟု သိရသည်။

PIP တင်သွင်းခြင်းကို ယခင်နှစ်ကပင် နိုင်ငံများစွာတို့က တားဆီး ပိတ်ပင်ထားခဲ့ကြသည်။ ပြင်သစ် အာဏာပိုင်များကလည်း ၎င်းကုမ္ပဏီကို ၂၀၁၀ က အမှုဖွင့်၍ စစ်ဆေးလျက် ရှိသည်ဟု ဖော်ပြထားသည်။

အချို့ အမျိုးသမီးများမှာ ပြန်လည် စစ်ဆေးခြင်း၊ ခွဲစိတ်ခြင်းများ ပြုလုပ်ရမည်ကို စိုးရိမ်နေကြသည်ဟု သိရှိရသည်။ ဤကဲ့သို့ ရင်သားအတွင်း ထည့်သွင်း ထားကြသည့် ပစ္စည်းသည် ဆေးပညာရပ်တွင် အသုံးပြုနိုင်လောက်အောင် အဆင့်အရည်အသွေးရှိသော ပစ္စည်းမဟုတ်ဘဲ မွေ့ယာများတွင်သာ အသုံးပြုနိုင်သည့် ရေမြှုပ်အမျိုးအစားလောက် ရှိသည့်အတွက် ရှေ့နောင်ရေးအတွက် ပူပန်လာကြရခြင်း ဖြစ်သည်။ စမ်းသပ်မှုများအရ ယခုလက်ရှိ အခြေအနေတွင် အဆိပ်အတောက် ဖြစ်စေနိုင်သော အခြေအနေ မရှိသေးဟု ဖော်ပြထားသည်။ သို့ရာတွင် ထိခိုက်မှု များလာလျှင် ၎င်း PIP ပစ္စည်းသည် ပေါက်ထွက်မှုဖြစ်ပြီး ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ဆေးပညာရှင်များက အသိပေးထားသည်။

AFP သတင်းတစ်ရပ်အရ အများဆုံး တင်သွင်းအသုံးပြုသည့်  နိုင်ငံများမှာ တောင်အမေရိကနိုင်ငံများ ဖြစ်သည့် ဗင်နီဇွဲလား၊ ကိုလံဘီယာ၊ အာဂျင်တီးနားနှင့် ချီလီတို့ ဖြစ်ကြသည်။ ဘရာဇီးနိုင်ငံတွင် အမျိုးသမီး ၂၅၀၀၀ ခန့်က ရင်သားတုများ ထည့်သွင်းထားကြသည်ဟုလည်း သိရှိရသည်။ PIP ကို လွန်ခဲ့သော (၁၂) နှစ်ခန့်ကပင်  ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း (၆၅) နိုင်ငံသို့ အရေအတွက် သုံးသိန်းကျော်ခန့် ရောင်းချခဲ့ပြီး ဖြစ်သည်ဟု ခန့်မှန်းထားသည်။

KLMA

No comments:

Post a Comment