၁၉၈ဝ
ခုနှစ်ကစလို့ အနုပညာနယ်ထဲကို ရောက်လာခဲ့တဲ့ ကျွန်တော့်အတွက် ၂ဝဝ၅
ခုနှစ်ဟာ ၂၅ နှစ်တာ ခရီးဖြစ်ခဲ့ပါတော့တယ်။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ အနု
ပညာလမ်း ကြောင်းဟာ တစ်စက်ကလေးမှ မဖြောင့်ဖြူး ခဲ့ပါဘူး။ ၁၉၈ဝ ခုနှစ်မှာ
လူပြက်၊ ၁၉၈၅ ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင်၊ ၁၉၈၈ ခုနှစ် လည်းေ ရာက်ရော
အနုပညာ နဲ့ ခပ်ဝေးဝေး တစ်နေရာမှာ၊ ၁၉၈၉ ကနေ ၁၉၉ဝ ထိတစ် နှစ်တိတိ အနုပညာ
အလုပ်တွေနဲ့ တရစပ် မနားရအောင်လုပ်နေရင်းက မဲဇာမှာ လေး နှစ်လောက်ခိုနား၊
၁၉၉၄ ကျမှ အနုပညာနယ် ထဲ ကို တစ်ခါပြန်လာ၊ ၁၉၉၆ ကနေ ၁၉၉၉ ထိ သုံးနှစ်လုံးလုံး ကန့်လန့်ကာနောက်ကွယ် ကနေ အနုပညာသမား၊ ၂ဝဝဝ ပြည့်နှစ် ရောက်မှ ပရိ သတ်ရှေ့ကို ပြန်ရောက်လာခဲ့သူ စသဖြင့် ငုပ်လို က်ပေါ်လိုက်နဲ့ အနုပညာနယ် ထဲမှာ ကျွန်တော်ဟာ ကျင်လည်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဇာဂနာဆိုတဲ့ နာမည်လေး တစ်ခု တိုင်းပြည်ကမမေ့အောင် ကြိုးစားခဲ့ရ တာ တော်တော်ပင်ပန်းလှပါတယ်။ ပျော် လည်းေ ပျာ် ၊ ခံပြင်းလည်းခံပြင်:(တစ်ခါမှ တော့ဝမ်းမနည်းဖူးခဲ့) ဒေါသတွေပေါင်းစည်း လို့အင်အားအဖြစ် ပြောင်းလဲချီတက်ခဲ့ရတဲ့ လမ်းကြောင်းတစ်ခုပါပဲ။၁၉၈ဝ တုန်းက ကျွန်တော်ဟာ ဆုံးဖြတ် ချက်တစ်ခုကို ချခဲ့ဖူးပါတယ်။အဲဒါကေ တာ့ နောင်နှစ် အ စိတ်ကြာတဲ့အထိ ကျွန်တော်ဟာ အနုပညာလောကထဲမှာ လောက်လောက် လားလား ရှိနေသေးရင် ဒီမှတ်တမ်းကို ရေး ဖို့ပါပဲ။
ဒါဟာဘာဖြစ်လို့လဲ ဆိုတော့ ကျွန် တော် အနုပညာနယ်ထဲကို စဝင်လာတဲ့အချိန် တုန်းက တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေ ကြောင့်ပါပဲ။ ကျွန်တော်ဟာ အငြိမ့် သဘင် လောကကို စာတွေ့နဲ့ ဝင်ရောက်ခဲ့သူ ဖြစ်ပါ တယ်။ဆရာမကြီးလူထုဒေါ်အမာ လို သမိုင်း ရေးတာဝန်ကျေပွန်လှတဲ့ ပညာရှင်တစ်ဦးပေါ် ထွက်လို့သာ အငြိမ့် လို၊ ပြည်သူချစ်သော အနုပညာသည်များလို စာအုပ်တွေ ကျွန် တော်တို့ ဖတ်လိုက်ရတာပါ။ဒီလိုမှ မဟုတ်ရင် မှုန်ဝါးဝါးနဲ့ပဲ လမ်းလျှောက်နေရမှာပါ။ ကျွန် တော်ဟာ လူရွှင်ေ တ်ာကြီးတွေ၊ အငြိမ့်မင်းသ မီးတွေ၊ ဆိုင်းဆရာ ကြီးေ တွ၊ အဆိုတော်တွေ၊ ဒါရိုက်တာတွေ တော်တော်များများနဲ့ အင် တာဗျူးခဲ့ဖူးပါတယ်။ သူတို့ဟာ သူတို့ ဖြတ် သန်းခဲ့တဲ့ ရေ စီးကြောင်းအတွက် မှတ်တမ်းမှတ်ရာ တိတိပပ မရှိခဲ့ကြ ပါဘူး။ ဒါကြောင့် လည်း လေ့လာချင် တဲ့ ကျွန်တော့်အဖို့ အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ ဆိုပါေ တာ့ လူရွှင် တော်ကြီး ဦးဓာတ် ရှင်၊ ဦးရွှေငါးတို့နဲ့ ဆုံတွေ့တဲ့ အခါပြက် လုံးတစ်ခုရဲ့အစ၊ပြီး တော့တဖြည်းဖြည်း ပျံ့နှံ့လာပုံ၊ နောက် နှောင်းလူတွေက ထပ်ပြီး ပွားကြပုံ၊ အဲဒီအဆင့်ဆင့်ကို မေးမြန်း ပညာယူခဲ့တာ ရတချို့၊ မရတချို့နဲ့ အဆုံး သတ်ခဲ့ရပါတယ်။
ဒီလိုပါပဲ ပါပါကြီး (မောင် တင်ဦး)တို့ ၊ ဦးမိုးသူတို့၊ ဦးအောင်လွင်တို့နဲ့ ဆုံတွေ့ တဲ့အခါမှာလည်း မြန်မာ့ရုပ်ရှင်ရဲ့ အချိုးအကွေ့ အလှည့် အပြောင်းေ တွကို တော်တော် စူးစမ်းခဲ့ရပါတယ်။ မြန်မာ့ရုပ်ရှင် ရဲ့ ကန်ထရိုက်စနစ် ရုပ်ရှင်ရိုက်ကူးမှုကို ဘယ် သူ ဘယ်တုန်းက ဘာကြောင့် စခဲ့သလဲ ဆို တဲ့ မေးခွန်းနဲ့အဖြေဟာ ဒီကနေ့ မြန်မာ့ရုပ် ရှင်ရဲ့ ဖုတ်လှိုက်ဖုတ်လှိုက် အခြေအနေတွေ ကို ဖြစ်ပေါ်စေခဲ့တဲ့ ပင်မအကြောင်း တရား တွေ ဆိုတာ သဘောတူရက်နဲ့ တိတိကျကျမဖြစ်ရတာဟာ မှတ်တမ်းမရှိခဲ့လို့ပါပဲ။ အဲဒီအကြောင်းတရားတွေကြောင့်ပဲ ကျွန်တော်ဟာ ဒီမှတ်တမ်းကို ရေးဖြစ်ခဲ့တာ ပါ။ အမှန်အတိုင်းရေးတဲ့အခါ ထိခိုက်နစ်နာ မှုတွေ ရှိတတ်တဲ့ အတွက် အကြောင်းအမှန် လူဖျောက်ပြီး ရေးသင့်တာတွေ ရေးပါမယ်။ ကာယကံရှင်တွေ သက်ရှိထင်ရှား ရှိနေသေး ရင်တော့ မမှုပေမယ့် ကျန်ရစ်သူမိသားစုဆို ရင်တော့ ဒုက္ခမပေးချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမယ်လို့ ယုံကြည် လို့ ရေးချလိုက်ပါပြီ။
နောင်အကျိုးဖြာ အပြစ်တကယ်ရှင်းကြ စေဖို့ ထောင့်ကိုးရာ ရှစ်ဆယ်တွင်းမှာလ
နှင်းမှုန်က တဝေဝေ
မေတ္တာချွေပါတဲ့ ကျွန်တော်တို့ပွဲ…။
ကျွန်တော် ပထမဆုံး ဆိုခဲ့ရတဲ့ ခွန်း ထောက်ပါ။ ကျွန်တော်ဟာ လူရွှင်တော်ဘဝ ကို ၁၉၈ဝ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ် ပါတယ်။ အရိုင်း (ပြာလောင်)၊ တက်တူ၊ စုတ် ချွန်း၊ ကြက်ပြုံး၊ ပိန်ပိန်တို့ထက် (၂) နှစ် နောက်ကျပြီးမှ အငြိမ့်စင်ပေါ်တက်ခဲ့ရတာပါ။ ၁၉၉၇ ခုနှစ်မှာ ကျွန်တော်ဆယ်တန်း အောင်ပြီး ဒေသကောလိပ်အမှတ် (၂) ကို ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့ကျောင်းသား ဘဝတုန်းက ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်ကို တန်းတက်လို့ မရပါဘူး။ ဒေသကော လိပ်မှာ (၂) နှစ်တက်ရ ပါတယ်။ တစ်နေ့ တော့ ၁၉၇၈ ခုနှစ် ရန်ကုန်မြို့တော်ခန်းမ သင်္ကြန်မဏ္ဍပ်မှာ ကပြဖျော်ဖြေဖို့အတွက် ဒေသကောလိပ် (၂) အငြိမ့်အဖွဲ့ ဖွဲ့မှာဖြစ်တဲ့ အကြောင်း၊ ပါဝင်လို တဲ့ လူရွှင်တော်များ၊ မင်း သမီးများစာရင်းပေးသွင်းကြဖို့နဲ့ ပြိုင်ပွဲဝင်ကြ ရမှာဖြစ်တဲ့အကြောင်း ကြေညာချက်တွေ ကျောင်းနံရံတွေမှာ ကပ်ထားတာတွေ့ရပါ တယ်။ ကျွန်တော်စိတ်ဝင်စားခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျွန်တော် (၈) တန်း ကျောင်းသားဘဝတုန်းက ကျွန်တော့်အမေ ဇာတ်ဆရာလုပ်ပေးလို့ ရှမ်းပြည်နယ် အောင် ပန်းမြို့ ပရဟိတကျောင်းမှာ အဲသည်က ကျောင်းသားလေးတွေနဲ့တွဲပြီး အငြိမ့်တက်က ခဲ့ဖူးပါတယ်။ အစီအစဉ်မရှိဘဲ တက်ကခဲ့တာ ပါ။ အဲဒီတုန်းက ပိုးအခံကရှိနေသေး တော့ လူပြက်လုပ်ဖို့ခေါ်တဲ့ ကြော်ငြာစာကို ကျွန် တော်စိတ်ဝင်စားသွားခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင် ပွဲဝင်ရမယ်ဆိုတဲ့အချက်ကို ကျွန်တော်မကြိုက် ခဲ့ပါဘူး။
လူရွှင်တော်အလုပ် ကို ပြိုင်ပွဲဝင်ခိုင်း ပြီး အမှတ်ပေးဆုံးဖြတ်လို့ရတယ်ဆိုတဲ့ကိစ္စကို ကျွန်တော်လုံးဝလက်သင့်မခံနိုင်ပါဘူး။ (အဲဒီ သဘောထားဟာ ခုချိန်ထိမပြောင်းလဲဘဲ ရှိ နေပါသေး တယ်)။ အဲဒီအချက်တစ်ချက် တည်းနဲ့ပဲ ကျွန်တော်ဟာ အဲဒီပြိုင်ပွဲကို လျစ် လျူရှုခဲ့ပါတယ်။ (အဲဒီသဘောထားနဲ့ပတ် သက်ပြီး ၁၉၈၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေအနုပညာအဖွဲ့ကို ကျွန်တော်တာ ဝန်ယူဦးဆောင်ပြီးသွားရောက် ကပြရတဲ့အခါ တိတိလင်းလင်းဆွေးနွေးတဲ့အဆင့်ကို ရောက် လာခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ် လှိုင်နယ် မြေဆိုတာ အရင်ဒေသကောလိပ်အမှတ် (၂) ကို အမည်ပြောင်းခဲ့တာပါ။ အဲဒီကျောင်းက ရွေးချယ်ထားတဲ့လူရွှင်တော်တွေမစွံတဲ့အတွက် တခြားကလူတွေကိုခေါ်ယူပြီး ကရတဲ့အဖြစ် က သက်သေဖြစ်ခဲ့ပါတယ်။) အထက်ကစကား ကိုပြန်ဆက်ရရင် လူ ရွှင်တော်ပြိုင်ပွဲကနေ ကြွက်ပြုံး၊ တက်တူ၊ စုတ် ချွန်းတို့ အရွေးခံခဲ့ရပါတယ်။ ပိန်ပိန်ကတော့ ဆရာကြီးဦးကောင်းညွန့်ရဲ့ ခန့်စေအမိန့်နဲ့ တစ်ချက်လွှတ် လူရွှင်တော်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ သူတို့တွေ မြို့တော်ခန်းမ ရှေ့မှာ ကကြတော့ ကျွန်တော်မကြည့်ဖြစ်ခဲ့ပါဘူး။ မှန်တဲ့အတိုင်း ဝန်ခံရရင် သူတို့ကိုကျွန်တော် ‘အထင်မကြီးတာ’ ဖြစ်ပါတယ်။ နောက်တစ် ချက်ကတော့ တစ်နှစ် တစ်ခါကြည့်ခွင့်ရတဲ့ သင်္ကြန်သံချပ်ကားများနဲ့ သူတို့ပွဲကိုမလဲနိုင်ခဲ့ တာပါပဲ။
ကျွန်တော်ငယ်ငယ်ကတည်းက သင်္ကြန်မှာ ရေမပက်ဖြစ်ခဲ့ပါဘူး။ သံချပ်ကား တွေကို ပဲမော့ကြည့်ခဲ့ရပါတယ်။ခေတ်ကို သရော်တဲ့ သင်္ကြန်သံချပ်အသင်းတွေရဲ့ သံချပ် တွေကိုသဘောကျခဲ့ပါတယ်။(ဒါကြောင့်လည်း ကျွန်တော့်ပြက်လုံးတွေဟာ သရော်သံ ပါခဲ့ တာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချ မိပါတယ်။) အဲဒီတော့ ဒီသင်္ကြန်အသင်းတွေကို ရန် ကင်း၊ ဘောက်ထော်၊ ဂွတ္တလစ်တို့မှာ လိုက် ကြည့်ရင်းနဲ့ ဒေသကောလိပ် အမှတ် (၂) အငြိမ့်ဆိုတာ လုံးဝမကြည့်ဖြစ်ခဲ့ပါဘူး။ ထို နည်းတူစွာပဲ ဒေသကောလိပ် (၁)၊ ဒေသ ကောလိပ် (၃)၊ စက်မှု၊ စီးပွားရေး၊ RASU ဘယ်အဖွဲ့ ကိုမှ ကျွန်တော် မကြည့်ဖူးခဲ့ပါဘူး။ ၁၉၈ဝ ခုနှစ် ကျွန်တော်လူရွှင်တော်ဖြစ်လာခဲ့ တဲ့အချိန်အထိ ဘယ်တက္ကသိုလ်၊ ကောလိပ် ကအငြိမ့်ကိုမှ မကြည့်ခဲ့ဖူးတာ ကျွန်တော့်ရဲ့ အားနည်းချက် လို့ဆိုရင်လည်း ခံရုံပါပဲ။ ကျွန် တော့် စိတ်ထဲမှာ ‘ကြည့်ရလောက်တယ်’ လို့ မထင်မိခဲ့တာလည်း ပါပါတယ်။
via: popularmyanmarnews.com

No comments:
Post a Comment