မြူနှင်းမှုန်မှုန်ကြားက ဒီဇင်ဘာဆောင်း၏ အအေးဒဏ်ကို မမှုနိုင်အားရှာကြ။
ကြံတစ်ပင်လုံးရင်း၊ လယ်၊ ဖျားထိ ချိုရည်အောင်းကာ အာဟာရသြဇာပြည့်တတ်သည့်
နတ်တော်၊ ပြာသိုကြံဖျားချိုချိန်ဖြစ်၍ ရိတ်သိမ်းချိန်နှင့် တစ်ဖန်ပြန်လည်
စိုက်ပျိုးချိန်၊ ကြံရာသီစတင်ချိန်ဖြစ် သဖြင့်
အခါလည်တစ်နှစ်စွန်းတိုင်အောင် စိုက်ပျိုးထိန်းသိမ်းခဲ့ကြသည့်
ကြံခင်းများဆီသို့ သူတို့ပြန်လာကြချေပြီ။
စိုက်ချိန်သိမ်းချိန်တန်၍သာ ကြံခင်းများဆီသို့ ပြန်လာကြသော်လည်း
ဖြစ်ပေါ်လျက်ရှိသော ဈေးကွက်အနေအထားက ကြံစိုက်တောင်သူတို့စိတ်ကို
ခွန်အားမဖြစ်စေနိုင်။ ထိုကဲ့သို့ အရင်းခံအကြောင်းတရားမှသည်
တစ်နှစ်ထက်တစ်နှစ် ဖြစ်ပေါ်တွေ့ကြုံလျက်ရှိသော ကြံစိုက်တောင်သူများ
နည်းပါးလာခြင်း၊ ယခင်ကထက် ကြံစိုက်ဧကနှင့် အထွက်များ လျော့ကျလာခြင်းတို့သည်
တစ်ချိန်တစ်ခါက တိုင်းပြည်၏ သကာအိုးသဖွယ် တင်စားခဲ့ရသည့်၊ ဒေသ၏
စိုက်ပျိုးရေး ပြယုဂ်ကို ထင်ရှားစေခဲ့သည့် အတိတ်နှင့်ပစ္စက္ခအခြေအနေတို့ကြားက နှစ် ကာလများကို တွက်ရေဆန်းစစ်ကြည့်လေသော် ........။
ဒေသအလိုက် အဓိကစိုက်ပျိုး သီးနှံထွက်ရှိမှု၊ တိုင်းပြည်၏ စားနပ်ရိက္ခာဖြည့်ဆည်းဖူလုံမှုပေါ်မူတည်၍ ဆန်စပါးအများဆုံးစိုက်ပျိုးထွက်ရှိ
ရာ ဧရာဝတီတိုင်းကို မြန်မာနိုင်ငံ၏ စပါးကျီ၊ မြေပဲနှင့် နှမ်းစသည့် ဆီ
ထွက်သီးနှံ များထွက်ရှိရာ မကွေး တိုင်းကို တိုင်းပြည်၏ဆီအိုးကြီးဟူ ၍
တင်စားခေါ်ဝေါ်ခဲ့ကြသည်။
ထို့အတူပင် တပ်ကုန်း၊ ပျဉ်းမ နား၊ လယ်ဝေး၊ အေလာ၊ သာဝတ္ထိစသည့်
မန္တလေးတိုင်းအလယ်ပိုင်းမှ တိုင်းစွန်းတောင်ဖျား
ဒေသများသို့တိုင်အောင်လည်းကောင်း၊ ပဲခူးတိုင်းမြောက်ဖျားမှ
ဖြူးမြို့နယ်သို့ တိုင်အောင် လည်းကောင်း ရှုမျော်မဆုံး
လက်ညှိုးထိုးမလွဲအောင် တစ်အုပ် တစ်မ ဟီးထအောင်ရှိခဲ့ဖူးသော တစ်ချိန်သောအခါက
ကြံစိုက်ခင်းများနှင့် တိုင်းပြည်အတွက် သကြား၊ သကာလိုအပ်ချက်ကို
ဖူလုံစွာဖြည့်တင်းပေးနိုင်ခဲ့သည့် ရှမ်းရိုးမနှင့် ပဲခူးရိုးမစသည့် ရိုးမနှစ်သွယ်ကြားဒေသကို မြန်မာပြည်၏ သကာအိုးဟူ၍ တင်စားခေါ်ဝေါ်ပါက လွန်အံ့ဟုမထင်။
မြန်မာနိုင်ငံစိုက်ပျိုးရေး သမိုင်း၏ ကြံခင်းကို မိုးကြည့်သောအခါ....
ကြံသီးနှံကို မြန်မာနိုင်ငံတွင် အင်းဝခေတ်ကပင် စတင်စိုက်ပျိုးခဲ့ပြီး
ကြံရည်ကို အာဟာရအဖြစ်လည်းကောင်း၊ အားဆေးရည်အဖြစ်လည်းကောင်း အသုံးပြု
ခဲ့ကြသည်။ ၁၉၃၂ ခုနှစ်တွင် ကြံစီမံကိန်းဟူ၍ သီးခြားချမှတ်ဆောင်ရွက်ခဲ့ရာ
ကြံစိုက်ဧကများလည်း တိုးတက်လာခဲ့သည်။ လွတ်လပ်ရေးရပြီးသည့်နောက် ၁၉၅၀
ပြည့်နှစ်တွင် ပြည်တော်သာ စီမံကိန်းအရ ကြံတိုးတက် စိုက်ပျိုးရေးနှင့်
သကြားစက်များ တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်အထိ
နိုင်ငံ့စိုက်ပျိုးရေးကဏ္ဍတွင် ကြံသီးနှံ၏သမိုင်းကြောင်းကလည်း
သမန်းနိရှည်ကြာခဲ့လေပြီ။ ''ငါတို့ သိမီ သလောက် ပြောရရင် ၁၉၅၀ ကျော် ၆၀
ကာလအတွင်း တွေကပေါ့၊ ဒီနယ်တစ်ဝိုက်မှာ ပထမဆုံးသကြားစက်က ဇေယျဝတီ သကြားစက်၊
ဖြူးကထွက်တဲ့ ကြံရော၊ ဒီဘက်ကထွက်တဲ့ကြံရော အဲဒီကို ပို့ကြတာ။ နောက် ....
အခု ယုဇနကပြောင်းလုပ်နေတဲ့ ပျဉ်းမနားအမှတ် (၂)သကြားစက်ကို ပို့ကြ၊
ဒေသတစ်ခုလုံးလည်း ကြည့်လေရာ ကြံခင်းတွေနဲ့။ လွှတ်လှတာပေါ့.....။ စိုက်ကြ
သိမ်းကြ၊ အစိုးရစက်ကို တာဝန်ကျေပို့ပြီးတာနဲ့ ကိုယ်စိုက်တဲ့ ကြံကို
သကာချက်ကြနဲ့ အားလုံး ကြံသမားတွေချည်းပဲ။ ရထားတွဲတွေပေါ်မှာလည်း ကြံတွေ၊
လမ်းတွေပေါ်မှာ သကာလှည်းတွေနဲ့ ဒေသရဲ့စီးပွားရေး သိပ်ကောင်းခဲ့တာပေါ့''။
လယ်ဝေးမြို့နယ် ပိတောက်ချောင်ကျေးရွာမှ ဦးငြိမ်းကတော့
''မြေတိုင်းစာရေးဘ၀ရော၊ ကြံစိုက်သူအဖြစ်ရော နှစ်ပေါင်းများစွာ
တို့ကွင်းဆင်းကျင်လည်ခဲ့တဲ့ အတွေ့အကြုံကိုပြောရမယ်ဆိုရင် တောင်သူက
ကြံသီးနှံအပေါ်ကို စိတ်မနာခဲ့ဘူး၊ မမုန်းခဲ့ဘူး။ လယ်တွေထဲ ထိ ဆင်းစိုက်လို့
မစိုက်ကြပါနဲ့လို့ကို တားယူခဲ့ရတယ်။ စပါးစိုက်တဲ့ လယ်ထဲကို လယ်တစ်ဧက
ငါးတောင်းနဲ့ အလျော်ပေးပြီးစိုက်ခဲ့ကြတာ။ ကိုယ်တိုင်သာ ကြိတ်ခွင့်၊
ချက်ခွင့်ရခဲ့မယ် ဆိုရင် ကြံရော၊ တောင်သူရော မြေ မရွေးဘူး။ ကရိကထ မများဘူး။
တွန်းစိုက်ကြမယ့်သူချည်းပဲ။ နိုင်ငံ တော်ကိုလည်း တစ်ဝက်နှုန်းနဲ့ တာ
ဝန်ကျေပေးသွင်းကြမယ်။ ဟပ်ဖ် ဘိုင်ဟပ်ဖ်ပေါ့။ အခုတော့ သကြား စက်လည်ဖို့
တောင်သူကပေးဆပ်ရ သလိုဖြစ်နေတယ်'' ဟု ပြောပြခဲ့သည်။
၁၉၅၀ ကျော်ကာလများမှသည် ၁၉၈၀ ကျော်ကာလများထိ
နိုင်ငံတော်နှင့်တောင်သူတို့ လက်တွဲညီညီဖြင့် အကျိုးတူပူးပေါင်း
ဆောင်ရွက်ခဲ့သည့် သာဓကများရှိခဲ့လေရာ ''နိုင်ငံတော်ပိုင်းကလည်း
ကြံစိုက်ဖို့ အားပေးခဲ့တယ်။ သဘာဝအလျောက်ပါပဲ ၁၉၇၂ ခုနှစ်မှာ ကြံ ခင်းတွေ
ပျက်ကြတယ်။ ဒီဒေသမှာ စစိုက်တဲ့ စီအို ၄၁၉ မျိုးတွေပေါ့။ တစ်တန်ကို ကျပ် ၄၀
နှုန်းပေါက်တဲ့အချိန်၊ သေတဲ့ကြံရိုးတွေကို ပုံပြ၊ တန်တွက်ပြီး
အစိုးရတစ်တန်ကို ၂၀ နှုန်းနဲ့ အလကားလျော်ပေးတယ်။ ပြန်စိုက်ကြပေါ့။
နိုင်ငံတော်ပိုင်းက အဲသလို တောင်သူကို ငဲ့ခဲ့သလို ကြံ တွေအထွက်ကောင်းပြီး
သကြားဈေး ကျတဲ့ကာလမှာ တစ်တန်ကို ၁၂ ကျပ်ခွဲနဲ့ ပြန်ဝယ်တဲ့အခါမှာလည်း
တောင်သူက မငြူစူခဲ့ဘူး။ တာဝန်ကျေအောင် ပြန်ရောင်းပေးခဲ့တယ်။ တစ်ဖက်မှာ
သကာဈေးက အထိုက်အလျောက်ရှိနေတော့ တောင်သူက မမှုဘူး။ စိုက်ပျိုးရေးလောဘက
တောင်သူမှာ ရှိပြီးသားပဲ။ အရင်လို လုပ်စားကိုင်စားခွင့် မက်လုံးသာပေး၊
ဒေသမှာ ကြံခင်းတွေ ပြန်ပြည့်သွားမယ်''ဟု ဦးငြိမ်းက ဆက်လက်ရှင်းပြရာ
ဟိုတယ်ကြီးများပေါ်တွင် ကျင်းပခဲ့သည့် ကြံနှင့်သကြားစိုက်ပျိုး
ထုတ်လုပ်မှုတိုးတက်ရေးဟူသော အလုပ်ရုံဆွေးနွေးပွဲများ၊ အကြံပြုစာ တမ်းများကို
မတွေ့ကြုံခဲ့ဖူးသော်လည်း တောင်သူတို့၏ ကိုယ်တွေ့ဘ၀အတွေ့အကြုံကလည်း
အလေးထားရမည့် အချက်တစ်ချက်ပင်ဖြစ်သည်။ဤသို့ဖြင့် ၁၉၉၂ ခုနှစ်ခန့်တွင် ဒေသတွင်းကြံစိုက်ပျိုးမှု များစွာလျော့ကျခဲ့ရသည်ဟု ဆိုကြသည်။ နောက်ပိုင်းနှစ်များတွင်လည်း ........။
တစ်ဧက ပင်သစ် ဆယ်တန်၊ လမိုင်းငါးတန်နှုန်းနဲ့ တာဝန်ကျေ သွင်းရတယ်။
ပိုတာကို တောင်သူက လုပ်စားကိုင်စားခွင့်ရှိတယ်။ ကြိတ်တယ်၊ သကာချက်တယ်၊
ဗျစ်စက်ပို့တယ်။ ထည်လဲသုံးခဲ့ကြတာပေါ့။ အလုပ် အကိုင်လည်းပေါသလို လူတွေလည်း
အားတယ်လို့ မရှိပါဘူး။ ကိုယ့်ဒေသက လုပ်သားမလုံလောက်လို့တောင်မှ
ကျောက်ပန်းတောင်း၊ မြင်းခြံဘက်က လုပ်သားတွေတောင် ခေါ်ခိုင်းခဲ့ရတာ။
အခုနဲ့တော့ အပုံကြီးကွာသွားပြီ . . .
|
''ပါတီကောင်စီခေတ်ကတော့ ကြံတစ်တန်ကို ၃၅ ကျပ်၊ ၄၀ ပေး ၀ယ်တာပဲ။
တစ်ဧကအထွက်နှုန်းက တန်အစိတ်၊ သုံးဆယ်ရှိတာကို နိုင်ငံတော်ကို တစ်ဧက ပင်သစ်
ဆယ်တန်၊ လမိုင်း ငါးတန်နှုန်းနဲ့ တာဝန်ကျေ သွင်းရတယ်။ ပိုတာကို တောင်သူက
လုပ်စား ကိုင်စားခွင့် ရှိတယ်။ ကြိတ်တယ်၊ သကာချက်တယ်၊ ဗျစ် စက်ပို့တယ်။
ထည်လဲ သုံးခဲ့ကြတာပေါ့။ အလုပ်အကိုင်လည်းပေါသလို လူတွေလည်းအားတယ်လို့
မရှိပါဘူး။ ကိုယ့်ဒေသကလုပ်သား မလုံလောက်လို့တောင်မှ ကျောက်ပန်းတောင်း၊
မြင်းခြံဘက်က လုပ်သား တွေတောင် ခေါ်ခိုင်းခဲ့ရတာ။ အခုနဲ့တော့
အပုံကြီးကွာသွားပြီ'' ဟု လယ်ဝေးမြို့နယ်မှ တောင်သူကြီးတစ်ဦးက ပြောကြားရာ
လယ်ဝေးမြို့အ၀င်မှ ကြံစည်းကြီးကို ပွေ့ပိုက်ထားသည့်
ကြံစိုက်တောင်သူကြီးများကို ကိုယ်စားပြုထားသော ရုပ်ထုက ကာလဒေသနှင့်
မကိုက်ညီတော့သလိုပင်။ ပျဉ်းမနားမြို့နယ် ကျီးအင်းကွင်းထဲမှ
ခုတ်သိမ်းနေသည့် ကြံစိုက် တောင်သူများကို မေးမြန်းစုံစမ်းကြည့်ရာ
''ကုန်ကျစရိတ် သပ်ပနာ ပေါင်းရင် ကုမ္ပဏီပေးဈေးက လုပ်အားနဲ့
မြေရှုံးရုံပဲရှိတာ။ ဒါတောင် မျိုးဖိုးနဲ့ လှည်းခမပါဘူး။ အိမ်က
နွားတင်းတောင် အမိုးမလုံတော့လို့ သက်ကယ်ပစ်ဖို့ ကြံဖက်တောင်ပေး
မကောက်နိုင်တာ စိတ်မကောင်းဖြစ်မိတယ်။ ပေးကောက်ရင်လည်း လမိုင်းချိန်
အမှိုက်မကျန်အောင် ကောက်ကြတာ'' ဟူသော ဆိုစကားက ဒေသတွင်း အမိုးမလုံခြုံမှုကို
ဆိုလို့နေပြန်သည်။
ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟူ၍ ကြိုးပမ်းဆောင်ရွက်မှုရှိနေသောကာလ၊ နိုင်ငံပိုင်သကြားစက်ကြီးများကို
ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်နေချိန်တွင် တောင်သူကိုယ်တိုင်ပါဝင်သော
စိုက်ပျိုးထုတ်လုပ်ခွင့်၊ ကျေးလက်များတွင် အသင့်ရှိနေပြီးသော
တစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများနှင့်
အလုပ်အကိုင်အခွင့်အလမ်းများကို မပုတ်နိုးနိုင်ခဲ့သော်
ဒေသတွင်းကျေးရွာများအတွင်းရှိ တောင်သူပိုင်ကြိတ်ဝါး
စက်ယန္တရားဟောင်းကြီးများမှာ ဆောင်းအိပ်မက်ကြားမှ ထမင်းလုံးတစ္ဆေအခြောက်ခံ
နေရဆဲပဲသာ ရှိချေတော့မည်။
|
No comments:
Post a Comment