ဧည့်သည် နှင့်
ညီတော်မင်းနန် ..
မိတ်ဆက်
ကျွန်တော့်နာမည် အောင်သူရအေးပါ .. ဒါပေမဲ့ လူတော်တော်များများကတော့ သူရလို့ ခေါ်ကြတာ များပါတယ် ဗျာ .. သူရ ဆိုတဲ့ နာမည်ပိုင်ရှင်တော်တော်များများ ရဲ့
ပုံစံအတိုင်းပေါ့ ပိန်ပိန်ရှည်ရှည်ပေါ့ခင်ဗျာ
(ဒါကတော့
ကျွန်တော့်သုံးသပ်ချက်သာ ဖြစ်ပါတယ် .. တိုက်ဆိုင်မှုမရှိသူများ သဘောထားကြီးပေးကြစေ လိုပါတယ်)
.. လျှာရှည်နေတာတွေများနေတော့ လိုရင်း မရောက်ပဲဖြစ်နေပါတယ် အဓိကပြောချင်တာ ကျွန်တော် အလုပ်ထဲမှာ အင်တာနက်ကို
သုံးရတာများလာတော့ သူများတွေရေးတဲ့ စာတွေ ၊ ကဗျာတွေ ဖတ်ရတာမှတ်ရတာများလာတော့ ရောဂါတစ်ခု
ပေါ်လာပါတယ် ..
အဲဒါက ဘာလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်စာရေးချင်လာ
ဒီတော့
ရေးဖို့ ဆုံးဖြတ်တယ်ပေါ့ဗျာ .. ရေးရမယ့်အကြောင်းအရာကိုစဉ်းစာြး ကည့်တော့လဲ တစ်ခြားလူတွေအကြောင်းရေးရအောင်၊ ဝေဖန်ရအောင်က
ကိုယ့်အဆင့်ကိုယ်သိနေတဲ့လူဆိုေ တာ့ မလုပ်ရဲဖူးဗျ
အန္တရာယ်ကင်းကင်းနဲ့
ရေးချင်တာလေးလဲရေးလို့ရတာက ကိုယ့်အကြောင်းကိုယ်ရေးတာအကောင်းဆုံးပေါ့ဗျာ
ရေးရင်း
ရေးရင်း သူများအကြောင်းလေးတွေလဲ နည်းနည်းပါချင်ပါမှာပေါ့ဗျာ(ခွ င့်လွှတ်ကြနော်)
ခုတော့
ကျွန်တော့်အကြောင်းလေးတွေကပဲစလိုက်ကြရအောင်ဗျာ ..
ဇာတ်လမ်း
လူဆိုတာ
အမှားနဲ့မကင်းတဲ့ သတ္တ၀ါဆိုတော့ မှားတတ် ၊ လွဲတတ်ကြမှာပါ ..
ကျွန်တော်ကတော့
လွဲနေတာ လူမှန်းသိတတ်ကတည်းကပဲဗျ ..အဲဒီလွဲနေတာလေးတွေကို ကျွန်တော်ရေးမယ်
ကျွန်တော်တို့
ငယ်ငယ်က ရုပ်ရှင်ရုံမှာပဲ ရုပ်ရှင်ကြည့်လို့ရတယ်ဗျ .. ခုလို Television တွေ DVD ,
EVD Player တွေဆိုဝေးရောပေါ့ဗျာ .. ကျွန်တော်စသိတာက ကျွန်တော့်ဖေဖေက ကျွန်တော်တို့မိသားစုတွေကို
စနေနေ့ညတိုင်းရုပ်ရှင်လိုက်ြ ပတတ်တာပဲ .. ဖေဖေကရုပ်ရှင်ကြည့်ရင် မြန်မာရုပ်ရှင်ကိုလုံးဝမကြည့်ဖူးဗျ
သူနဲ့
ကြည့်ရင် နိုင်ငံခြားရုပ်ရှင်တွေပဲ ကြည့်ရတယ် .. ဒီတော့ ကျွန်တော် မြန်မာရုပ်ရှင်ကြည့်ချင်ရင်
ကျွန်တော့် အဖွါးနဲ့ သွားရတယ် ..
ကျွန်တော်ရုပ်ရှင်ကြည့်တာကို
စသိတာကတော့ အသက် ၄ နှစ်ခွဲလောက်ပေါ့ဗျာ .. ကျွန်တော်က လေးနှစ်ခွဲနဲ့ကျောင်းနေတာလေ
.. ကျောင်းမှာရော အိမ်မှာပါ နေ့တိုင်းစာသင်ရတော့(မေမေကဆရာ မပါ) ကျောင်းတက်ပြီး ၆လလောက်မှာ
စာတော်တော်ဖတ်တတ်နေပြီဗျ ..ဒီတော့ စာမြင်ရင် နားလညလည်မလည်လည် ဖတ်တာပေါ့ဗျာ .. ရုပ်ရှင်သွားကြည့်ရင်
စပြီးပြတာက ကြော်ငြာတွေပါ(သင့်ကိုတပ်မတော် ကအလိုရှိသည် တို့ ၊ သင့်ကြောင့်မီးမလောင်ပါစေနှင့်
၊ ရေကိုမူလချွေတာကြ ဆိုတာတွေပေါ့) .. ခုခေတ် ကိုရီးယားကားကြည့်တုန်းကြော်ငြာ ထိုးလို့
စိတ်တိုတဲ့ သူတွေမှတ်ထားပေါ့ .. ကျွန်တော်တို့တုန်းက ရုပ်ရှင်မပြခင်ကြော်ငြာအရင်ဝင် တာ
.. ကြော်ငြာတွေပြီးမှ နိုင်ငံတော်အလံကိုအလေးပြု ၊ ပြီးရင် ကာတွန်းကားတစ်ခုခုပေါ့ (အဲဒီတုန်းကတော့
Woody Wood Peaker ပြတာများတယ်)၊နောက် ရုပ်ရှင် ဇာတ်လမ်းကြော်ငြာကားတိုပေါ့ ပြီးမှ ကိုယ်ကြည့်မဲ့
ရုပ်ရှင်ကြည့်ရတယ် ..
ပြောချင်တာက
ရုပ်ရှင်မပြခင်ကြော်ငြာတွေပြတဲ့ အထဲမှာ ကော်ဖီကြော်ငြာတစ်ခုပါတယ်ဗျ (ခုခေတ် Coffee mix
တွေကိုသနားတယ်) .. သူ့နာမည်က “ဧည့်သည် ကော်ဖီ”တဲ့ .. သူက ကာတွန်းပုံလေးနဲ့ကြော်ငြာတာပါ
လူတစ်ယောက်က
ကော်ဖီခွက်လေးကိုင်ပြီး ကမ္ဘာလုံးကိုဇိမ်နဲ့မှီပြီးနေတဲ့ ပုံပေါ့ဗျာ .. အဲဒီမှာ ကျွန်တော်က
မဖတ်တတ် ဖတ်တတ်နဲ့ ဖတ်လိုက်တာက ဧည်သည်(အီသည်)လို့ဖတ်တာဗျ
ဒါနဲ့မပြီးသေးဘူး
ဆက်တွေးလိုက်သေးတယ် (ပညာရှိဖြစ်မဲ့လူဆိုတော့)” သြော် ဒီလူဟာ အဲဒီကော်ဖီကိုသောက်ပြီး
အီနေလို့ ကမ္ဘာလုံးကိုမှီပြီးငိုက်နေတာကိုး “ လို့လေ ..
အဲဒီလိုဖတ်ပြီးတွေးလာလိုက်တာ
ကျွန်တော် ၄တန်းလောက်ရောက်တဲ့ အထိပဲပေါ့ဗျာ (လွဲတဲ့နှစ်က ကြာတယ်)
နောက်ပိုင်းမှ
ဧည်သည် မဟုတ်ပဲ ဧည့်သည်လို့ရေးမှန်းသိတော့တယ် ..
နောက်ထပ်လွဲတာကတော့
တော်တော်ဆိုးတယ် ခုထိလွဲနေတုန်း
ခင်ဗျားတို့
ရုပ်ရှင်မင်းသားကြီးဦးဝင်းဦး ဆိုတဲ့” ညီတော်မင်းနန်ချွတ်ခန်း” ဆိုတဲ့ သီချင်းသိကြမယ်ထင်ပါတယ်
ပထမဆိုတာက
ဦးစိန်ကတုံးဖြစ်မယ်.. ဦးဝင်းဦးက ပြန်ဆိုပေါ့ဗျာ ..
ဦးဝင်းဦးဆိုတာကိုကျွန်တော်နား ထောင်ဖူးတာဗျ
..ကြိုက်လဲကြိုက်တယ် ဘာမှန်းမသိသေးတဲ့ (၃)တန်း(၄)တန်းလောက်ကတည်းကကြို က်တာ.. အဲဒီတော့လွဲပြီပေါ့ဗျာ
ဦးဝင်းဦးရဲ့
မထိတထိဆိုပေါက်လေးနဲ့ အရမ်းလိုက်တာပေါ့ဗျာ .. သီချင်းရဲ့ ဆိုလိုရင်းက ဘုရားရှင်ဟာ သူ့ရဲ့
ညီတော်နန္ဒမင်းသားကို ကိလေသာ ၀ဲဂယက်ထဲက နေလွတ်အောင်တရားပြတဲ့ အကြောင်းလေကိုရေးဖွဲ့ထားတာပါ။
ညီတော် နန္ဒရဲ့ လက်ထပ်ပွဲ အပြီးမှာ ဘုရားရျင်က သပိတ်တော်ကိုကိုင်ခိုင်းပြီးကျောင်းကို
လိုက်ပို့ခိုင်း .. နန္ဒမင်းသားခမျာမှာလဲ ခုမှလက်ထပ်ထားတဲ့ မင်းသမီးအချောအလှလေးကိုမခွဲချင်
.. ဘုရားရှင်ကတောလမ်းထဲကဖြတ်ပြီး သစ်ငုတ်တိုပေါ်မှာထိုင်နေတဲ့ မျောက်မကိုပြပြီး ညီတော့်ကို
မင်းရဲ့ မင်းသမီးနဲ့အဲဒီမျောက်မ ဘယ်သူကလှသတုံးလို့မေးတဲ့အခါ ညီတော်ကလဲမေးမှမေးရက်ပလေ
မင်းသမီးကပိုလှတာပေါ့ လို့ဖြေတာပေါ့
နောက်ဘုရားရှင်က
နတ်သမီးတွေပြပြီးမေးပြန်တော့ ညီတော်က မင်းသမီးဆိုတာ နတ်သမီးနဲ့ယှဉ်လိုက်ရင် တောထဲမှာတွေ့ခဲ့တဲ့
မျောက်မလိုပါပဲဆိုတဲ့ အကြောင်းပေါ့ဗျာ
အဲဒီသီချင်းမှာပါတဲ့
စာသားတွေထဲမှာ ၀ဋ်ကြောင်ကိုလွတ်အောင်ရုန်းမယ် ၊ ကတုံးစိတ်ကကြံ ဆိုတဲ့ စာသားပါတယ် ။
ကျွန်တော်က အဲဒီစာသားလဲ ကြားရော တွေးမိတာက သြော် ဒီသီချင်းဆိုတဲ့ ၀င်းဦးရိုင်းလိုက်တာ
၊ ဘုန်းကြီးကိုတောင် ကတုံးစိတ်ကကြံတယ်လို့ဆိုတယ်ပေါ့ ( အရင်က ဦးစိန်ကတုံး ဆိုခဲ့မှန်းကျွန်တော်မသိဘူးလေ
၊ ကလေးပဲရှိသေးတာကိုး ။
ကြုံလို့ပြောရရင်
သီချင်းထဲမှာ အဆိုတော်ကသူနာမည်ထည့်ဆိုတာ ကျွန်တော်တို့မြန်မာတွေ အရင်ဆုံးဖြစ်နိုင်တယ်
.. ခု Akon တို့ဆိုတာ မြေး၊မြစ်လောက်ရှိမှာပါ နော.. )
နောက်စာသားက
ကြောက်စရာအမှန် ၊ မျောက်မသဏ္ဍာန် တဲ့ အဲဒါကိုကျွန်တော်က ကြားတာက
ကြောက်စရာရဟန်း၊မျောက်မ
သဏ္ဍာန်လို့ ကြားတာဗျို့ ..
အဲဒီမှာ
တစ်ခါထပ်လွဲတာက ဘုန်းကြီးကိုတောင် ကြောက်စရာ မျောက်မလို့ပြောတယ်ပေါ့ဗျာ
(အဲဒီ
အမှန် ဆိုတဲ့ စာသားကို ဒီနေ့ အိမ်မှာ ငယ်ငယ်က ကျွန်တော်မှားတာတွေမေမေ့ကိုပြန် ပြောပြရင်း
မေမေက ရဟန်း မဟုတ်ပဲ အမှန် လိုဆိုတဲ့ အကြောင်းပြောမှ သိရပါတော့တယ်ဗျာ)
ဟဲဟဲ
..အလုပ်အားတုန်းလေး ရေးလိုက်တာပါ
နစ်နာစေလိုတဲ့
စိတ်မပါရှိပါဘူးဗျာ .. ကျွန်တော်လွဲတာလေးတွေ ဖတ်ပြီးပြုံးရင် ကျေနပ်ပါပြီ
ဝေဖန်စရာရှိရင်လဲဝေဖန်ပါဗျာ
ဖတ်ပေးတဲ့
သူငယ်ချင်းတွေကိုကျေးဇူးတင်ပါ တယ်
ခင်မင်စွာဖြင့်
အောင်သူရအေး
၂၀၁၂ ခုနှစ်
၊ ဇန်န၀ါရီလ (၂၇)ရက်။
--
စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်နိ
AUNG THURA AYE
No comments:
Post a Comment