မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ တရားဥပဒေစိုးမိုးရေး စာအုပ်မှ ...
ဒီမိုကရေစီနိုင်ငံတွင် ရွေးကောက်ပွဲသည်အရေးကြီးပေသည်။ ရွေးကောက်ပွဲ၏အနှစ်ချုပ်မှာ
မိမိ၏ကိုယ်စားလှယ် အဖြစ် တဦးတယောက်ကိုရွေးချယ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်တင်မြှောက်ပွဲများသည်
ကိုယ်စားပြု ဒီမိုကရေစီစနစ်၏ မရှိမဖြစ်အရေးပါသော အစိတ်အပိုင်းတရပ်ဖြစ်ပေသည်။ လွတ်လပ်၍
တရားမျှတမှုရှိစေရန် အတွက် လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးရခြင်းဖြစ်သည်။ ထိုသို့လွတ်လပ်သော
ဒီမိုကရေစီ ရွေးကောက်ပွဲဖြင့်သာ လူထု၏သဘောထားဆန္ဒနှင့်အညီ လူထုကိုယ်စားလှယ် အစစ်အမှန်ကိုရနိုင်မည်ဖြစ်သည်။
ဒီမိုကရေစီကျင့်သုံး သောနိုင်ငံများ၌ အချုပ်အခြာအာဏာသည် ပြည်သူထံမှဆင်းသက်ရစမြဲဖြစ်သည်။
ပြည်တို့၏ လွတ်လပ်သော သဘောဆန္ဒအရ မိမိတို့အားကိုယ်စာြးုပမည့် ကိုယ်စားလှယ်များကို ရွေးချယ်တင်မြောက်ကာ
မိမိကိုယ်စား တိုင်းနိုင်ငံအား စီမံခန့်ခွဲအုပ်ချုပ်စေခြင်းဖြစ်ပေသည်။
အာဏာရှင်အစိုးရစနစ်ကို ကျင့်သုံးသောနိုင်ငံများ၌မူ ရွေးကောက်ပွဲများကိုကြိမ်ဖန်များစွာ
ကျင်းပလေ့ရှိကြ သည့်တိုင် မိမိတို့နှစ်သက်သောကိုယ်စားလှယ်များကို ရွေးချယ်ကြရခြင်းမဟုတ်ဘဲ၊
အထက်မှသတ်မှတ်ပေး ထားသည့် ကိုယ်စားလှယ်တဦးတယောက်ကိုသာ မဲထည့်ကြရခြင်းဖြစ်ပေသည်။ ယခင်
ကွန်မြူနစ်နိုင်ငံ ဟောင်း များ၌ဖြစ်စေ၊ အဂတိလိုက်စား၍ ခြောက်လှန့်မှုများရှိသော မဲရုံနှင့်မဲပေးမှုများအောက်၌
ကျင်းပရ သော ရွေးကောက်ပွဲများရှိသည့် နိုင်ငံများ၌ဖြစ်စေ ထိုကဲ့သို့သောအခြေအနေမျိုးကို
တွေ့ရမည်ဖြစ်ပေသည်။ အဆိုပါနိုင်ငံ များ၌ ရွေးကောက်တင်မြှောက်ခြင်းဆိုသည်မှာ မဲဆန္ဒရှင်များ၏ကိုယ်စားလှယ်ကို
ရွေးချယ်စေ ခြင်းမဟုတ်ဘဲ၊ ရွေးကောက်ခြင်းခံရသူများ၏ တရားဝင်မှုအတွက်လုပ်ဆောင်ပေးခြင်းပင်ဖြစ်သည်။
တနည်းအားဖြင့်ဆိုလျှင် ပြည်သူ့အစိုးရအတွက် ရွေးချယ်တင်မြှောက်ခြင်းမဟုတ်ဘဲ အာဏာရှင်များအတွက်
ဥပဒေဘောင်ဝင်အောင် ဆောင်ရွက်ပေးရခြင်းသာဖြစ်ပေသည်။ အာဏာရှင်စနစ်အောက်တွင်ကျင်းပသော
အနှစ်သာရမဲ့ပြီး ရွေးချယ် စရာမရှိသောရွေးကောက်ပွဲများသည် ပြည်သူလူထု၏နေ့စဉ်လူနေမှုဘ၀တွင်
ကြုံတွေ့နေရသော အဓိကကျ သည့်လိုအပ်ချက်များကို အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်စွမ်းရှိသော
ဥပဒေပြုလွှတ်တော်နှင့်အစိုးရကို တရားဝင်လုပ်ပိုင်ခွင့်အပ်နှင်းမည့် ရွေးကောက်ပွဲများလောက်
အရေးပါမည်မဟုတ်ပေ။
လွတ်လပ်၍ တရားမျှတမှုရှိသော ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ပွဲများကိုကျင်းပသောနိုင်ငံများ၌
နိုင်ငံသားများသည် ၄င်းတို့၏ဆန္ဒကိုမြင့်မားစွာထုတ်ဖေါ်နိုင်ခွင့်ရှိကြပြီး၊ ရွေးချယ်ခံကြမည့်
ကိုယ်စားလှယ်များ မှာ ပြည်သူတို့၏ဆန္ဒကို တောင်းခံကြရသူများသာဖြစ်ပေသည်။ အများအားဖြင့်
၎င်းတို့သည် နိုင်ငံရေးပါတီ တခုခုမှ တာဝန်ခံအမည်စာရင်းတင်သွင်းထားသည့်ပုဂ္ဂိုလ်များ
ဖြစ်ကြပေသည်။ လာဘ်ပေးလာဘ်ယူမှု ကင်း ရှင်းစေရန်အတွက်လည်း မဲဆန္ဒပေးခြင်းကို လှျို့ဝှက်
မဲပေးခြင်းစံနစ်ကိုကျင့်သုံးကြသည့်အပြင် မည်သူက မဲပေးသည်ဆိုသည်ကို မသိနိုင်စေရန်အတွက်
ဆန္ဒမဲပြားပေါ်တွင် ကြက်ခြေခတ်အမှတ်အသားကိုသာပြုစေခြင်း (အမေရိကန်နိုင်ငံတွင် မဲပေးစက်ဖြင့်
မဲပေးခြင်း) ဖြင့် လွတ်လပ်သော ရွေးချယ်မှုဖြစ်စေရန် ဖန်တီးထားကြပေ သည်။
ရွေးချယ်တင်မြှောက်ပွဲများသည် ဒီမိုကရေစီနည်းကျ ဖြစ်ပေါ်လာသော အစိုးရများအတွက်
တာဝန်အပ်နှင်းခြင်း နှင့် တာဝန်အပ်နှင်းခြင်းခံရသူများအကြားတွင် မည်ကဲ့သို့ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ကြသည်ကို
သရုပ်ပြ ခြင်းလည်းဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံသားများ၏ နိုင်ငံရေးဆိုင်ရာလွတ်လပ်ခွင့်ကို
လက်တွေ့ ကျင့်သုံးဆောင်ရွက်ခြင်းလည်းဖြစ်ပေသည်။ ထို့အတူ ဒီမိုကရေစီနည်းကျ မည်ကဲ့သို့
တရားဝင်အတည်ဖြစ်စေ သည်ကို နည်းစနစ်ကျနစွာ လက်တွေ့ကျင့်သုံးခြင်းလည်းဖြစ်ပေသည်။ ထို့ကြောင့်
လွတ်လပ်၍ ဒီမိုကရေစီ နည်းကျရွေးကောက်ပွဲများ မှာ မရှိမဖြစ်လိုအပ်သကဲ့သို့၊ အဆိုပါရွေးကောက်ပွဲများကို
ဖြစ်ထွန်းနိုင်စေရန်အတွက်လည်း ဥပဒေများ ပြဌာန်း၍ အကာအကွယ်ပေးရန်၊ အကောင်အထည်ဖေါ်ရန်လည်း
အထူးလိုအပ်ပါသည်။
သို့မှသာလျှင် ပြည်သူလူထုသည် စစ်မှန်သည့် ပြည်သူ့ကိုယ်စားလှယ်များကို
ရွေးချယ် တင်မြှောက်နိုင်မည် ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်များသည် ပြည်သူလူထုကိုယ်စား
ပြည်သူလူထုကို အကျိုြးုပမည့်ဥပဒေပြုခြင်း နှင့် အုပ်ချုပ်ရေးဆိုင်ရာစီမံခန့်ခွဲမှုများကို
ပြုလုပ်နိုင်မည်ဖြစ်ပေသည်။ ပြည်သူလူထု၏ စစ်မှန်သောကိုယ်စား လှယ်ကို ရွေးချယ်နိုင်စေရန်အတွက်
ဥပဒေဖြင့်သတ်မှတ်ထားသော အချိန်မှန်ကျင်းပလေ့ရှိသည့် ရွေးကောက်ပွဲများနှင့် လွတ်လပ်၍တရားမျှတမှုကိုဖေါ်ဆောင်နိုင်မည့်
ရွေးချယ်တင်မြှောက်ပွဲများဆိုင်ရာ ဥပဒေများကို ပြဌာန်းထားရှိ ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုကို
ဖေါ်ဆောင်နိုင်မည်ဖြစ်ပေသည်။
လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကို မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်
ပြုလုပ်နိုင်ခဲ့ သော် လည်း ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်တပ်မှအာဏာသိမ်းပြီးနောက် လွတ်လပ်၍တရားမျှတသော
ရွေးကောက်ပွဲ များကို ကျင်းပြုပလုပ်နိုင်ခြင်း မရှိတော့ချေ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်
စစ်အာဏာရှင်များသည် တပါတီအာဏာရှင်စနစ်ကိုထူထောင်ကာ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြသည်။
မဆလခေတ်တွင် လွတ်လပ်၍တရား မျှတသည့် ရွေးကောက်ပွဲများကိုကျင်းပသည်ဟုဆိုသော်လည်း ကိုယ်စားလှယ်များမှာ
ပြည်သူသဘောဆန္ဒအရ ရွေးချယ်ရခြင်းမဟုတ်ချေ။ မဆလဦးဆောင်ပါတီမှ လျှာထားသတ်မှတ်ချပြသော
ကိုယ်စားလှယ်များကိုသာ ပြည်သူတို့အား မဲပေးရွေးချယ်စေခဲ့ခြင်းဖြစ်သည်။ ပြည်သူလူထုကမထောက်ခံလိုသော
ကိုယ်စားလှယ်ကိုလည်း ပြည်သူ့ကိုယ်စားလှယ်အဖြစ် နည်းအမျိုးမျိုး ဖြင့် လုပ်ကြံဖန်တီးယူခဲ့သည်။
မိမိတို့မကြိုက်သည့်ကိုယ်စားလှယ်များ ကိုလည်း အတင်းအကြပ်မဲပေး စေခဲ့သည်။ ပြည်သူ့ဆန္ဒအမှန်ကိုထုတ်ဖေါ်၍
ပြောမိလျှင်လည်း မဆလအာဏာပိုင်တို့က ရွေးကောက် တင်မြောက်ခြင်းဆိုင်ရာ ဥပဒေအားနှောက်ယှက်သည်ဟူ၍
အရေးယူခဲ့မှုများရှိခဲ့ပေသည်။ မဆလခေတ် တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများအတွက်
ဥပဒေအရ အာမခံချက်ပေးထား သည်ကို မတွေ့ရပေ။
လက်ရှိအုပ်ချုပ်နေသော န၀တ/နအဖ စစ်အစိုးရလက်ထက်၌လည်း ၁၉၉၀ ပြည့်နှစ်တွင်
ကျင်းပပြုလုပ်ခဲ့ သော လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများဖြင့် ပြည်သူလူထု၏ စစ်မှန်သော
ပြည်သူ့ကိုယ်စား လှယ်များကို ရွေးချယ်နိုင်ခဲ့သည့်တိုင်အောင် ပြည်သူလူထု၏ဆန္ဒကို လေးစားရကောင်းမှန်းမသိသော၊
ပြည်သူလူထု၏ အာဏာကိုသိမ်းယူထားသော စစ်အာဏာရှင်စနစ်အောက်၌ ရွေးကောက်ပွဲကိုအာမခံသည့်
ဥပဒေများသည် အသက်မ၀င်၊ အကောင်အထည်ပေါ် မလာခဲ့ပေ။ ထို့ကြောင့်ပင်လျှင် ၁၉၉၀ ပြည့်နှစ်တွင်
ကျင်ပပြီးစီးခဲ့သော ရွေးကောက်ပွဲရလဒ်သည် နောင်နှစ်ပေါင်း(၁၂) နှစ်ကျော်ကြာသည့်ယနေ့တိုင်
အကောင်အထည်ပေါ်မလာဘဲ ပြည်သူလူထု၏ လူ့အခွင့်အရေးများ လက်လွတ်ဆုံးရူံးနေကြရခြင်း ဖြစ်ပေသည်။
သို့ဖြစ်၍ တရားဥပဒေစိုးမိုးရေးကိုဖေါ်ဆောင်နိုင်ရန်အတွက် လွတ်လပ်၍တရားမျှတသော
ရွေးကောက်ပွဲ များကို ဥပဒေဖြင့်အာမခံချက်ပေးထားပြီး ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်များ
ရွေးချယ်တင်မြောက်နိုင် ခြင်းဖြင့် အဆို ပါကိုယ်စားလှယ်များအား ဥပဒေများရေးဆွဲပြဌာန်းစေခြင်း၊
တိုင်းပြည်အားစီမံအုပ်ချုပ်စေခြင်း များကို ပြုလုပ်နိုင် စေရမည်ဖြစ်ပေသည်။
၎ -၂ ။ တရားဥပဒေစိုးမိုးရေးအတွက် အခြားလိုအပ်သည့် မူသဘောတရားများ။
ပါလီမန်သည် မဲဆန္ဒနယ်အသီးသီးမှ ကိုယ်စားလှယ်များ၏ လိုလားချက်နှင့်ဆန္ဒများကို
ပေါင်းစပ် သည့် နေရာဖြစ်သည်။ Parliament must be composed of persons who
represent the wishes of the electorate;
ဥပဒေသည် နိုင်ငံ၏အမြင့်ဆုံးနေရာမှအခြေုပ၍ ထွက်ပေါ်လာရခြင်းဖြစ်သည်။
လွတ်လပ်၍ အချုပ်အခြာ အာ ဏာပိုင်သောနိုင်ငံတိုင်း၌ ဥပဒေပြုခွင့်အာဏာသည် အမြင့်ဆုံးဖြစ်ပေသည်။
ဥပဒေပြုပိုင်ခွင့်ရှိသော အဖွဲ့အစည်း ကို ပြည်သူတို့ကရွေးချယ်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့်
ဖွဲ့စည်းထားသည်။ ထို့ကြောင့် ထိုအဖွဲ့အစည်းကို အချုပ်အခြာအာဏာပိုင်သည်ဟု သတ်မှတ်ကြခြင်းဖြစ်သည်။
ပါလီမန်သည် ဥပဒေများကို ပြုနိုင်၊ ပြင်နိုင်၊ ပယ် ဖျက်နိုင်သည်။ ၎င်းမှထုတ်ပြန်သည့် ဥပဒေများဖြင့်
တိုင်းပြည်အားစီမံအုပ်ချုပ်ရသည်။ ၎င်းမှထုတ်ပြန်သော ဥပဒေများကို အခြားသောမည်သည့်ဌာနကမျှ
ပြောင်းလဲ၍မရချေ။ ထို့ကြောင့်လည်း ပါလီမန်ကို အချုပ်အခြာ အာဏာပိုင်အဖွဲ့ ဖြစ်သည်ဟုဆိုကြသည်။
နိုင်ငံတော်အချုပ်အခြာအာဏာ (၃) ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ခွင့်ြုပချက်အရ ကျင့်သုံးခြင်းပြုကြရပြီး
အချို့နိုင်ငံများ၌ အခြေခံဥပဒေကို ပြင်ဆင်နိုင်သော အာဏာကိုလည်း ပါလီမန်တွင်အပ်နှင်းထားရှိခြင်းကြောင့်
ထိုအချုပ်အခြာအာဏာပိုင်ခွင့် ရှိခြင်းဟုလည်း ခေါ်ဆိုကြသည်။
ထိုကဲ့သို့ ပါလီမန်၏အခန်းကဏ္ဍသည် အရေးပါသဖြင့်၊ ပါလီမန်သည် မဲဆန္ဒနယ်အသီးသီးမှ
ကိုယ်စားလှယ် အသီးသီးတို့၏ လိုလားချက်နှင့်ဆန္ဒများ ပေါင်းစပ်သည့်နေရာဖြစ်မှသာလျှင်
ပြည်သူလူထုသည် မိမိတို့ ရွေးချယ် တင်မြောက်သော ကိုယ်စားလှယ်များမှတဆင့် မိမိတို့ဆန္ဒသဘောထားကို
ထုတ်ဖော်ခွင့်ရှိကြမည် ဖြစ်သည်။ ပါလီမန်တွင် ကိုယ်စာြးုပခြင်းနှင့်ပတ်သက်၍ အခြေအနေပုံစံ (၃) မျိုးဖြင့်
ကိုယ်စာြးုပခြင်းကို မြင်တွေ့နိုင်ပေသည်။
-
ပထမတမျိုးမှာ ဒေသအလိုက်ကိုယ်စာြးုပခြင်းဖြစ်သည်။ ၄င်း၏
အရိုးရှင်းဆုံး ပုံစံမှာ လူဦးရေအချိုး အစားအရ သက်ဆိုင်ရာဒေသအသီးသီးမှ မဲဆန္ဒရှင်များ၏မဲပေးရွေးချယ်မှုဖြင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကို ရွေးချယ်ခြင်းပင်ဖြစ်သည်။ အဆိုပါကိုယ်စာြးုပခြင်းတွင်
တနိုင်ငံလုံးရှိ နေရာဒေသအသီးသီးမှ ကိုယ်စား လှယ်များ ပါလီမန်တွင်ရောက်ရှိလာခြင်းဖြစ်သည်။
-
ဒုတိယတမျိုးမှာ လုပ်ငန်းအလိုက် ပညာရှင်များကို ကိုယ်စာြးုပခြင်းဖြစ်သည်။
ပါလီမန်တွင် လုပ်ငန်း တမျိုးတည်းကိုသာ ကိုယ်စာြးုပသူများ အများအပြားပါဝင်နေပါက ( ဥပမာ
- ရှေ့နေများ၊ ဆရာဝန်များ၊ ကျောင်းဆရာများ၊ စသည်ဖြင့်) အခြားသောလုပ်ငန်းများအတွက် ကိုယ်စာြးုပသူ
များပါလီမန်တွင် မပါဝင်သဖြင့် ပါလီမန်၏အခန်းကဏ္ဍသည် ကောင်းမွန်ပြည့်စုံမှုရှိမည်မဟုတ်ပေ။
ထိုကိစ္စသည် များသောအားဖြင့် နိုင်ငံရေးပါတီများနှင့်ပို၍သက်ဆိုင်သည်။ နိုင်ငံရေးပါတီများ
အနေဖြင့် မိမိတို့ပါတီမှ နိုင်ငံတော်အားဦးဆောင်ခွင့်ရမည်ဆိုပါက မည်သည့်ပုံစံ၊ မည်သူတို့ဖြင့်
မည်ကဲ့သို့သောပေါ်လစီများ၊ ဥပဒေများကိုရေးဆွဲပြဌာန်းအုပ်ချုပ်မည်ဆိုသည်ကို ပြည်သူလူထုသို့
ချပြသည်နှင့်အတူ ပါလီမန်တွင် ပါဝင်လာမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အချိုးအစားကျနစွာ
စီမံခန့်ခွဲရွေးချယ် ပေးရန်ဖြစ်ပေသည်။ တတိယအမျိုးအစားမှာ အလွှာထုကို ကိုယ်စာြးုပ၍ ပါလီမန်တွင်ပါဝင်ခြင်းဖြစ်
သည်။ ပါလီမန်သည် တနည်းအားဖြင့်ဆိုပါက နိုင်ငံ၏ ကြေးမုံပြင်ဖြစ်ရာ နိုင်ငံတွင်းရှိ အမျိုးသမီးထု၊
အလွှာကို ကိုယ်စာြးုပ၍ပါဝင်လာသူများ၊ တက်သစ်စ လူငယ်ထုကိုယ်စာြးုပမှု၊ သက်ကြီးရွယ်အိုများကို
ကိုယ်စာြးုပမှု၊ ဘာသာရေးနှင့် ဘာသာစကားကွဲပြားမှုအရ ကိုယ်စာြးုပမှု၊ အစရှိသဖြင့် အလွာအသီးသီး
ကို ကိုယ်စာြးုပသောကိုယ်စားလှယ်များ ပါလီမန်တွင်ပါဝင်လာခြင်းအားဖြင့် နိုင်ငံတော်၏အရေးအရာ
ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရာတွင်
ပါလီမန်၏အခန်းကဏ္ဍမှာ ပို၍ကောင်းမွန် ပြည့်စုံ မည်ဖြစ်ပေသည်။
ဥပမာအားဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲတွင်
အမျိုးသမီး အမတ်ဦးရေအချိုးအစား မည်မျှပါရမည်ဟူ၍ ဥပဒေဖြင့်ပြဌာန်းထားသော ခွဲတမ်းစနစ်များကျင့်သုံးခြင်းဖြင့်၎င်း၊
ရွေးချယ်တင်မြှောက်မှုဆိုင်ရာဥပဒေ၌ ပါတီများကို အမျိုးသမီးကိုယ်စားလှယ်လောင်းများ အရေအတွက်တစုံ
တရာကို ထည့်သွင်းရမည်ဟုပြဌာန်းထားခြင်းမျိုးကို၎င်း၊ ပါတီများအနေဖြင့် ၄င်းတို့အလိုအလျောက်
အမျိုးသမီး များကို လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ပါတီအဆင့်မှာကတည်းကပင် (တရားဝင်သတ်မှတ်
ထားခြင်းမဟုတ်သည့်တိုင်) ခွဲတမ်းဖြင့် သတ်မှတ်ထည့်သွင်းပေးခြင်းဖြင့် ပါလီမန်တွင် အလွှာထု၏ပါဝင်
နိုင်မှုကိုဖေါ်ဆောင်ရန် လိုအပ်ပါသည်။
အမေရိကန်ပြည်ထောင်စု၏ ပထမရေးဆွဲပြဌာန်းသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌
နိုင်ငံသားတို့၏ အခွင့် အရေးများ လုံလောက်စွာပေးထားခြင်းမရှိခဲ့ချေ။ အစိုးရ၏လုပ်ပိုင်ခွင့်အာဏာကိုလည်း
အလွန်အကျွံပေးခဲ့သဖြင့် ပြည်သူတို့သည် မိမိကိုယ်စားလှယ်များမှတဆင့် ၁၇၈၉ ခုနှစ်တွင်
နိုင်ငံသားများ၏ အခွင့်အရေးကို အလုံအ လောက်ပေးရန် ဥပဒေ၌ထပ်မံရေးဆွဲရသည်။ နိုင်ငံသားတို့၏
ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာပြောဆို ရေးသားခွင့်၊ စုရုံးခွင့်နှင့် သေနတ်ကိုင်ဆောင်ခွင့်
စသည့်အခွင့်အရေး များကို ကွန်ကရက်လွတ်တော်မှ ပြဌာန်း ပေးခဲ့ရသည်။
လူနည်းစုအကျိုးစီးပွားကို ကာကွယ်ရန်နှင့် အတိုက်အခံများအတွက် လွတ်လပ်စွာလှုပ်ရှားဆောင်
ရွက်ခွင့်ရှိ သည့်နေရာရှိရမည်။ There must be room and freedom of action for an opposition and protection
of minority interests;
ကောင်းမွန်သောအုပ်ချုပ်မှုဆိုသည်မှာ အာဏာလက်ဝယ်ရှိနေသူများအပေါ်၌သာ
တည်မီနေခြင်းမဟုတ်ဘဲ၊ အစိုးရအဖွဲ့တွင်မပါဝင်သူ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်များ အပေါ်၌လည်း
ထပ်တူနီးပါးမျှတည်မီ၍ နေပေသည်။ ဒီမိုကရေစီနိုင်ငံတွင် လူများစုအကျိုးစီးပွားအတွက် လူနည်းစု၏အခွင့်အရေးကို
ပိတ်ပင်၍မရပေ။ လူနည်းစု၏အကျိုးစီးပွားကိုလည်း တနည်းနည်းဖြင့် အကာအကွယ်ပေးရမည်ဖြစ်သည်။
လူနည်းစုအကျိုးစီးပွား အတွက် ပြောဆိုပိုင်ခွင့်၊ အတိုက်အခံပြုပိုင်ခွင့်ကို ခွင့်ြုပရမည်ဖြစ်ပေသည်။
ဒီမိုကရေစီ၏ သဘောတရားအရပင် လူများစု၏ဆန္ဒကို လိုက်လျောယုံမျှသာမက လူနည်းစု၏ဆန္ဒကိုလည်း
အသိအမှတ်ြုပခြင်းပင်ဖြစ်သည်။
ရွေးကောက်ပွဲတွင် အနိုင်ရပါတီမှ အစိုးရဖွဲ့ပြီးအုပ်ချုပ်ရသော်လည်း
အတိုက်အခံပါတီမှ အစိုးရ၏လုပ်နည်း ကိုင်နည်းကို အမြဲတမ်းလေ့လာသုံးသပ်ရမည်ဖြစ်သည်။ အစိုးရ၏အားနည်းချက်
ပျော့ကွက်ဟာကွက်အပေါ် ဝေဖန် ထောက်ပြနိုင်သည့် အခွင့်အရေးရှိခြင်းဖြင့် အစိုးရ၏မူဝါဒကို
ကြပ်မတ်ထိန်းကျောင်းခွင့်ြုပရမည် ဖြစ်သည်။ အင်္ဂလန်နိုငံ၌ အတိုက်အခံအင်အားစုများအား အစိုးရမှလခပေးကာ
တရားဝင်တည်ရှိခွင့်ြုပပြီး အစိုးရ၏အုပ်ချုပ် မှုလုပ်ငန်းအား အမြဲတမ်းလေ့လာသုံးသပ်စေသည်။
အာဏာရှင်အစိုးရတို့သည် အတိုက်အခံပြုမှုကို လက်ခံသည်မဟုတ်ချေ။ ၁၇၈၉
ခုနှစ်၌ ပေါ်ပေါက်ခဲ့သော ပြင်သစ်တော်လှန်ရေးသည် နိုင်ငံသားတို့၏အခွင့်အရေးများကိုတောင်းဆိုရာမှ
ပေါ်ပေါက်ခဲ့ရသော်လည်း နောက်ပိုင်း၌ အာဏာရတော်လှန်ရေးအစိုးရသည် ၄င်းတို့မူလတောင်းဆိုသော
အခွင့်အရေးများကို ဂရုမပြု တော့ဘဲ သဘောထားကွဲလွဲသူ အတိုက်အခံများအား ဖိနှိပ်သတ်ဖြတ်လာသောအခါ၌
သွေးမြေကျသော ဖြစ်ရပ်ဆိုးနှင့် နိဂုံးချုပ်ခဲ့ရပေသည်။ ၁၉၇၃ ခုနှစ်တွင် “ဂျက်ကိုဘင်”ဂိုဏ်း အာဏာရသည့်အခါ၌ အတိုက်အခံ အင်အားစုအားလုံးကို
သတ်ဖြတ်ခဲ့လေသည်။ ထို့ကြောင့်ပင် ပြင်သစ်တော်လှန်ရေးကြီးနှင့် ပတ်သက်ပြီး အမေရိ ကန်
ဟားဗားတက္ကသိုလ် လူမှုရေးပါမောက္ခ “ဆိုင်မွန်ဆက်မား”၏ သုံးသပ်ပုံမှာ စည်းလုံးညီညွတ်ရေး၊
တသွေး တသံတည်းဖြစ်ရေး၊ လူတိုင်းရပ်တည်ချက်တူညီရေး စသောအချက်များကို အကြီးအကျယ်ဦးစားပေးသော
ကြောင့် သဘောထားကွဲလွဲသည့် လူနည်းစုကို အကာအကွယ်ြုပရန်အတွက် အခြေခံဥပဒေတွင် မပြဌာန်းနိုင်
ဖြစ်ခဲ့ရပြီး ကွဲပြားသောသဘောထားများကို ခွင့်မြုပနိုင်သောကြောင့် ဆိုးဝါးသောအကျိုးဆက်ကို
ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ဟု သုံးသပ်ဝေဖန်ခဲ့သည်။
ပြင်သစ်တော်လှန်ရေးကာလ၌ လူ့အခွင့်အရေးကို
တောင်ဆိုခဲ့ကြသော် လည်း ကွဲပြားခြားနားသော သဘောထားအယူအဆများကို ခွင့်မြုပခဲ့သောကြောင့်
ဒီမိုကရေစီဖက်ကို ဦးမတည် တော့ဘဲ နပိုလီယန်၏ အာဏာသိမ်းမှုနှင့် နိဂုံးချုပ်ခဲ့ရလေသည်။
သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များဖြင့် လူနည်းစု၏အခွင့်အရေးများကို
အကာအကွယ်ပေးရန် နှင့် အတိုက်အခံတို့၏ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ကို ဥပဒေအရ အာမခံချက်ပေးရန်လိုအပ်ပါသည်။
ဒီမိုကရေစီရှင်သန်မှုအရေး၌ နိုင်ငံရေးပါတီအချင်းချင်း အပြန်အလှန်စောင့်ကြည့်မှု၊ အစိုးရနှင့်အတိုက်အခံ
အကြား အပြန်အလှန်ထိန်းသိမ်းမှု စသည်တို့သည် အထူးလိုအပ်လျှက်ရှိပေသည်။
၁၉ ရာစု အင်္ဂါလန် ဒဿနပညာရှင် ဂျွန်စတူးအတ်မလ်က ကျုပ်တို့ဟာ ကျုပ်တို့
အယူအဆနဲ့ ကွဲပြားနေတဲ့ အယူအဆတွေ၊ ဆန့်ကျင်အယူအဆတွေကို ခွင့်ြုပသင့်တယ်ဟု ပြောဆိုခဲ့ပါသည်။
လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိရမည့်အပြင် ဆန့်ကျင်ဘက်အမြင်ကို တင်ပြနိုင်ခွင့် ပေးရမည်ဟုဆိုသည်။
အထူးသဖြင့် နိုင်ငံတော်အာဏာကို တဦး၊တယောက်၊တဖွဲ့တည်းမှ လက်ဝါးကြီးအုပ်ရယူထားသော
တိုင်းပြည် များတွင် အာဏာရသူတို့က တကိုယ်ကောင်းဆန်လွန်းသောကြောင့် အတိုက်အခံလုပ်မှုများကို
မကြိုက်ခြင်းရှိ သကဲ့သို့၊ အာဏာရထားသူတို့က ၄င်းတို့ကိုòပိင်ဆိုင်လာမည်ကို ကြောက်သောကြောင့်လည်း
အတိုက်အခံကို လက်မခံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၏ လိုအပ်ချက်တရပ်ဖြစ်သော
လူနည်းစု၏အခွင့် အရေးနှင့် အတိုက်အခံတို့၏ လွတ်လပ်စွာရပ်တည်ခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်
ပြဌာန်းထားရ မည်ဖြစ်ပေသည်။
နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ထင်မြင်ယူဆချက်နှင့် ဆန္ဒသဘောထားများကို လွတ်လပ်စွာ ဖော်ထုတ်နိုင် ခွင့်ပြုရမည်။
Citizens must be
permitted to form their own opinions and express them freely;
နိုင်ငံသားတို့၏ ထင်မြင်ယူဆချက် သဘောထားများကို လွတ်လပ်စွာဖော်ထုတ်ခွင့်ြုပခြင်းသည်
ဒီမိုကရေစီ ကျင့်စဉ်ပင်ဖြစ်သည်။
ဂရိခေတ် အေသင်မြို့ပြနိုင်ငံတွင် အရွယ်ရောက်ပြီးနိုင်ငံသားတိုင်း
မြို့ပြတ၀ှန်းလုံး၏ သင်းလုံးကျွတ် လူထု အစည်းအဝေးတွင် မိမိတို့သဘောထားထင်မြင်ချက်များကို
ဖော်ထုတ်ခွင့်ရရှိခဲ့ ကြသည်။ ဂရိတို့၏ လူထု ကောင်စီသည် အချုပ်အခြာအာဏာပိုင် အဖွဲ့အစည်းပင်ဖြစ်သော်လည်း
ပြည်သူတို့၏သဘောထားကို ဆန့်ကျင် နိုင်သည်မဟုတ်ခဲ့ချေ။ လူထုကောင်စီ၏ အရေးကြီးသောကိစ္စဖြစ်သည့်
တနိုင်ငံနှင့်တနိုင်ငံ စစ်ကြေညာခြင်း၊ စစ်ပြေငြိမ်းခြင်း၊ မဟာမိတ်စာချုပ်ချုပ်ဆိုခြင်း၊
အခွန်ကောက်ခံခြင်း၊ အထွေထွေဥပဒေများကို ပြင်ဆင်မွန်းမံ ပြဌာန်းခြင်း စသည့်လုပ်ငန်းများတွင်
လူထုကောင်စီသည် လူထုအစည်းအဝေးသို့ အတည်ြုပထောက်ခံရန် အစဉ်မြဲတင်ပြရပြီး၊ လူထုအစည်းအဝေးမှ
အများဆန္ဒအရ သဘောတူအတည်ြုပချက်ရရှိမှသာလျှင် ပြည်သူ လူထုကိုယ်စား ဆောင်ရွက်ခွင့်ပြုသည်။
ထိုသို့ဂရိခေတ်တွင် လူထုသဘောထားဆန္ဒကို အလေးဂရုပြုသကဲ့သို့၊ ရောမခေတ်၌လည်း
လူထု၏သဘော ထားဆန္ဒကို အာဏာပိုင်တို့သည်အသိအမှတ်ြုပခဲ့သည်။ ကမ္ဘာကျော်သည့် ရောမ ဥပဒေ (၁၂)
ကျမ်းသည် လူထု၏အတည်ြုပချက်သဘောထားများကြောင့် ခိုင်မြဲတည်တံ့သည့် ဥပဒေကျမ်းဖြစ်လာခဲ့ခြင်းဖြစ်သည်။
ခေတ်သမိုင်းအဆက်ဆက်၌ မိမိတို့၏ထင်မြင်ယူဆချက် သဘောထားဆန္ဒများကို
ရဲဝံ့ပြောင်မြောက်စွာ ဖော် ထုတ်ခဲ့သည့် အတွေးအခေါ်ပညာရှင် များစွာပေါ်ထွန်းခဲ့သည်။ ထိုသူတို့သည်
မိမိကိုယ်တိုင် ဆန္ဒကိုဖော်ထုတ် ရုံသာမက ပြည်သူများသို့လည်း မိမိတို့၏အခြေခံအခွင့်အရေးများဖြစ်သည့်
လွတ်လပ်စွာထုတ်ဖော်ပြောဆို ခွင့်ရှိကြရန် ဆော်သြခဲ့ပေသည်။ အချို့ပညာရှင်များသည် အသက်နှင့်ရင်းပြီး
အမှန်တရားအတွက် မိမိဆန္ဒကို ဖော်ထုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ဒုတိယနောက်ဆုံးမင်းဖြစ်သူ မင်းတုန်းမင်းလက်ထက်၌်
ရတနာပုံသတင်းစာ ထုတ်ဝေရေး သားခြင်းနှင့်စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထားထင်မြင်ချက်များကို
သတင်းစာဆရာတို့အား လွတ်လပ် စွာရေးသားခွင့်ြုပခဲ့လေသည်။ စစ်အာဏာရှင်ဗိုလ်ချုပ်နေ၀င်းသည်
၁၉၆၂ ခုနှစ် အာဏာသိမ်းယူပြီးနောက် ပြည်သူ တို့၏ သဘောထားထင်မြင်ချက်များကို ထင်ဟပ်သည့်
လွတ်လပ်စွာရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်တို့ကို
ပိတ်ပင်လာခဲ့ရာ ယနေ့အချိန်ထိပင်ဖြစ်သည်။ ပြည်တို့၏သဘောထား များကို မျက်ကွယ်ပြုကာ မိမိတို့အာဘော်များကို
၎င်းတို့ထိန်းချုပ်ထားသော သတင်းစာနှင့်သတင်းမီဒီယာ အသီးသီးမှ ၀ါဒဖြန့် သည့် မဲပြာပုဆိုးသတင်းမျိုးကိုသာ
လွှင့်ထုတ်နေခြင်းဖြစ်ပေသည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးနှင့် ဒီမိုကရေစီတောင်းဆိုတိုက်ပွဲဝင်မှုတို့သည်
ပြည်သူတို့၏ ဆန္ဒအမှန်များကို ထင်ဟပ်ပေါ်လွင်စေခဲ့ပြီးဖြစ်သည်။ သို့ရာတွင် စစ်အာဏာရှင်တို့သည်
ပြည်သူတို့၏ သဘောထားကို အလေး ဂရုမပြုသောကြောင့် အာဏာသိမ်းမှုဖြင့် လူထုဆန္ဒကို ပိတ်ပင်ခဲ့တော့သည်။
န၀တခေတ်တွင်လည်း (၁၉၉၀) ရွေးကောက်ပွဲ၏ရလဒ်ကို အသိအမှတ်မပြုခြင်းဖြင့် ပြည်သူတို့၏သဘော ထားကို
မျက်ကွယ်ြုပနေပေသည်။ ယနေ့န၀တ/နအဖမှ အမျိုးသားညီလာခံ အတုကြီးဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအားရေးဆွဲလျှက်ရှိရာ
ပြည်သူတို့၏ ဆန္ဒသဘောထား အစစ်အမှန်မဟုတ်သည့်အပြင် စစ်အာဏာ ရှင်တစု၏ သဘောထားဆန္ဒ၊ စစ်အာဏာရှင်ဝါဒ
သက်ဆိုးရှည်ရန်သာဖြစ်ကြောင်း ယနေ့ပြည်သူများ အသိပင်ဖြစ်သည်။
နိုင်ငံသားအနေဖြင့် အခြားသူများနှင့်ပူးတွဲ၍ လွတ်လပ်သောအသင်းအဖွဲ့များ
ဖွဲ့စည်းထူထောင် ခွင့်ပြုရမည်။ Citizens must be free to
associate with other citizens;
နိုင်ငံတခုသည် ဒီမိုကရေစီစနစ်ကျင့်သုံးလျှင် နိုင်ငံသားတို့အား
မိမိတို့ဆန္ဒအလျှောက် အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးရမည်ဖြစ်သည်။ ထိုသို့ဖွဲ့စည်းခွင့်ရှိကြောင်း၊
ဖွဲ့စည်းနိုင်ကြောင်း ဥပဒေဖြင့်ပြဌာန်း သတ်မှတ်ပေးရမည်ဖြစ်သည်။ တနည်းအားဖြင့် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်သဘောတရားကို
ထင်ဟပ်ပေါ် လွင်စေလို၍ဖြစ်သည်။
၁၉၆၄ ခုနှစ် မတ်လ (၈) ရက်နေ့တွင် စစ်အာဏာရှင်တစုသည် တော်လှန်ရေးကောင်စီ
ဥပဒေကိုလည်း ကောင်း၊ အမျိုးသားအား စည်းလုံးညီညွတ်ရေးဥပဒေကိုလည်းကောင်း ထုတ်ဆင့်၍ တနိုင်ငံလုံးရှိ
အသင်း အဖွဲ့များကို အပြီးအပိုင်ဖျက်သိမ်းစေခဲ့ပြီး မဆလ တပါတီစနစ်ကိုသာ ကျင့်သုံးစေခဲ့သည်။
ဂျာနယ်သတင်းစာ များကိုလည်း (၆၂) ခုနှစ် ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေအရ ထုတ်ဝေခွင့်ပိတ်လိုက်သည်။
မည်သည့်အသင်းအဖွဲ့မှ ဖွဲ့စည်းခွင့် မပေးတော့ချေ။ မဆလ၏ ကြိုးကိုင်မှုအောက်တွင်ရှိသည့်
အလုပ်သမားအစည်းအရုံး၊ တောင်သူ လယ်သမားအစည်းအရုံး၊ လမ်းစဉ်လူငယ်အစည်းအရုံး၊ စစ်ပြန်၊
စစ်မှုထမ်းအဖွဲ့စသည့် အဖွဲ့အစည်းများကိုသာ ဖွဲ့စည်းခွင့်ပြုခဲ့ကြသည်။ ထိုအသင်းအဖွဲ့တို့သည်
မဆလအာဏာရှင်တို့၏ ဒေါက်တိုင်များသာဖြစ်ပြီး ပြည်သူတို့ ၏ အရေးအရာကိစ္စများအတွက် ဆောင်ရွက်ခြင်းမရှိချေ။
လမ်းစဉ်ပါတီ၏ မူဝါဒသဘောထားအပေါ် အခြေခံပြီး လုပ်ငန်းအကောင်အထည်ဖော်ခဲ့ခြင်းသာဖြစ်သည်။
အခြေခံအားဖြင့် သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်း၌ မည်သည့်အုပ်စုအသင်းအဖွဲ့ကိုမျှ
အထူး အခွင့်အရေး များကို ခံစားခွင့်မပေးရန်ဖြစ်သည်။ In Principle, no groups
within society (the police, members of particular party, etc) may be given
special privileges.
လူ့အဖွဲ့အစည်းသည် လောကပါလတရားနှင့်ပြည့်စုံရန် အထူးလိုအပ်လျှက်ရှိသည်။
သို့မှသာလျှင် လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုရှိခြင်းကြောင့် လူမှုရေးပဋိပက္ခမှကင်းဝေးနိုင်မည်ဖြစ်သည်။
ယနေ့အချိန်ထိ ပြည်တွင်းစစ်မီး မငြိမ်းခြင်းသည်။ မညီမျှသောအခွင့်အရေးကြောင့် ဆို၍ရပေသည်။
ထို့ကြောင့်ယနေ့ထိတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို တောင်းဆိုဆဲဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း အုပ်စုတစုသို့ဘက်လိုက်ခြင်း၊ အထူးအခွင့်အရေးပေးခြင်း
ထိုသို့တန်းတူညီမျှမှုမရှိ၍သာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။
ယနေ့ချိန်ထိ မြန်မာနိုင်ငံတွင် စစ်တပ်သာလျှင်အမိ၊ စစ်တပ်သာလျှင်အဖဟု
ကြွေးကြော်နေသည့်အပြင် အနာ ဂါတ်နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍပင် တပ်မတော်ပါဝင်ရမည်ဟု
အတိအလင်း ဖော်ထုတ်နေ သေးသည်ကို တွေ့ရသည်။
မိမိအာဏာတည်မြဲရေးအတွက် မိမိကိုယ်ပိုင်ယန္တရားများကို အထူးအခွင့်အရေးပေးလျှက်
ကျားကန်ပေးစေ သည်။ အထူးအခွင့်အရေးပေးခြင်းခံရသဖြင့် အာဏာယစ်မှူးလာကာ ပြည်သူတို့၏ အခွင့်တရားကို
မျက်ကွယ် ပြုစေခြင်းဖြစ် စစ်အာဏာရှင်အုပ်စုအဖွဲ့အစည်းတို့သည် ထင်တိုင်းရမ်းကားတော့သည်။
ထို့ကြောင့်လည်း မြန်မာပြည်သူလူထုသည် လူလုံးသူလုံးမပီပြင်ခဲ့၊ စစ်အာဏာရှင်စနစ် ပပျောက်သွားမှ
နိုင်ငံသားတို့သည် မိမိကံကြမ္မာကို မိမိဖန်တီးနိုင်ခွင့်ရကြမည် ဖြစ်ပေသည်၊၊
No comments:
Post a Comment