Thursday, December 1, 2011

တရုတ်အင်အားချဲ့ထွင်မှုအပေါ် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းအမြင်

by Hla Shwe on Thursday, December 1, 2011 at 7:00pm
 
တောင်ကိုးရီးယား နိုင်ငံထုတ် လေဘာတီ (Liberity) မဂ္ဂဇင်းမှ သမိုင်းပညာရှင် ဒေါက်တာအေးချမ်းအား မေးမြန်းထားခြင်းဖြစ်သည်။ ဒေါက်တာအေးချမ်းသည် ဂျပန်နိုင်ငံ ကန်ဒ(Kanda)  နိုင်ငံတကာ လေ့လာရေး တက္ကသိုလ်တွင် သမိုင်းပါမောက္ခ အဖြစ်တာဝန် ထမ်းဆောင်နေသည်။ ၁၉၉၀ ခုနှစ်တွင် စစ်အစိုး၏ အကျဉ်းချခြင်းကို ခံခဲ့ရသည်။ ၁၉၉၇ ခုနှစ်တွင် ပြန်လည်လွတ်မြောက် လာခဲ့သည်။ အမေရိကန် နိုင်ငံ (Bard College ) လိပ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာ အေးချမ်း ရေးသားသော “ Burma military regime and Asia new cold war” ဆောင်းပါး အပေါ် အခြေခံကာ မေးမြန်း ထားခြင်းဖြစ်သည်။ 


မေး (Liberty) ။ ။ အောက်တိုဘာ ၈၊၂၀၁၀ မှာ နိုဗယ်ဆုကော်မတီက  တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူကို ဆုချီးမြှင့်လိုက်တယ်။ တရုတ်နိုင်ငံဟာ အာဆီယံ နိုင်ငံတွေနဲ့ ပိုင်နက်နယ်မြေအငြင်းပွားမှု ဖြစ်နေတယ်၊ ဂျပန်နိုင်ငံ နှင့်လည်း (Senkaku) ကျွန်းပိုင်ဆိုင်မှု အငြင်းပွားနေတာတွေ့ရတယ်၊
နိုဗယ်ဆု ချီးမြှင့်ခြင်းက တရုတ်အစိုးကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက လက်မခံကြောင်း ပြသလိုက်တာ ဖြစ်တယ်။ ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။
ဖြေ (Aye Chan) ။ ။ နိုဗယ်ဆိုကော်မတီဟာ လွတ်လပ်တဲ့ အဖွဲ့အစည်း တခုဖြစ်တယ်။ ကော်မတီက ကမ္ဘာတ၀ှမ်း ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင်နေတဲ့ လူတွေကိုအသိ အမှတ်ပြုပေးတာဖြစ်တယ်။ တရုတ်လူ့ အခွင့်အရေးလှုပ်ရှားသူ လူရှောင်ဘို ကိုဆုမြှင့်တာဟာ ကော်မတီက ဆုချီးမြှင့်တာထက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထောက်ခံမှုရှိတာကို ပြသလိုက်တာဖြစ်တယ်။ တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ တရုတ်ဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းကို လေးစားလိုက်နာ ခြင်းမရှိပါဘူး။ မြန်မာစစ်ခေါင်းဆောင်တွေကလည်း တရုတ်နည်းတူဘဲ ဖြစ်ပါတယ်။

မေး (Liberty) ။ ။ ခင်ဗျားရဲ့စာတမ်းမှာ Alfred Mahan သီအိုရီက နိုင်ငံတကာ နိုင်ငံရေးမှာ သက်ရောက်မှုရှိနေတုန်းဘဲ လို့သိရတယ်။ ဘယ်နိုင်ငံအတွက်မဆို ပထ၀ီနိုင်ငံရေး သီအိုရီက နိုင်ငံတကာ လုံခြုံရေးမှာအရေးပါနေဆဲ ဖြစ်ပါတယ်လို့ခင်ဗျားပြောတယ်။ အဲဒိတော့ ၂၁ ရာစရဲ့ သံတမန်ဆက်ဆံရေးဟာ ပထ၀ီနိုင်ငံရေး အပေါ်မှာ တည်နေလား။
ဖြေ( Aye Chan) ။ ။ အမျိုးသားလုံခြုံရေးနှင့် အိမ်နီးချင်းနိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးရေး အတွက်  ပထ၀ီနိုင်ငံရေးက အရေးကြီးပါတယ်။ ပညာရှင် Alfred Thayer Mahan က နိုင်ငံခြားရေး မူဝါဒမှာ သမုဒ္ဒရာ စိုးမိုးရေးအတွက် ရေတပ်အင်အား အရေးပါပုံကို ထောက်ပြခဲ့တယ်။ ၁၉ ရာစုနှစ်ရဲ့ အလယ်လောက် ကတတည်းက အမေရိကန်၊ ဂျပန်နှင့် ဥရောပ နိုင်ငံတွေကို ဒီသီအိရီ လွှမ်းမိုးခဲ့ပါတယ်။ ဒီသီအိုရီက၂၁ ရာစုထိ ခေတ်မကုန်သေးပါဘူး။ ၂၁ ရာစုအစပိုင်းမှာ သမုဒ္ဒရာ စိုးမိုးရေးကြိုးစားနေတာကို ကျနော်တို့ တွေ့မြင်ရပါမယ်။ တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာနှင့် ပစ္စဖိတ် သမုဒ္ဒရာမှာ အမေရိကန် ပြည်ထောင်စုနှင့်ယှဉ် ဖို့ပြင်နေတာကို တွေ့ရပါတယ်။

မေး ( Liberty) ။ ။ တရုတ်ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ကြည်း၊ ရေ တပ်အင်အားတည် ဆောက်မှုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီကိစ္စနှင့်ပတ်သတ်ပြီး ဘယ်လိုမြင်ပါသလဲ။
ဖြေ (Aye Chan) ။ ။ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ခေတ်ဟောင်းမင်း ဆက်တွေရဲ့ သီအိုရီက အရေးပါနေဆဲ ဖြစ်ပါတယ်။ ခေတ်ဟောင်းတုန်းကတော့ နယ်မြေသိမ်းပိုက်ပြီးလက် အောက်ခံ နိုင်ငံအဖြစ် သိမ်းသွင်းရေးက နည်းဗျူဟာ ဖြစ်ပါတယ်။ ၂၁ ရာစုမှာ ဒီမူဝါဒက မေးစရာမလိုတဲ့ မေးခွန်းဖြစ်လာပါတယ်။ တရုတ်နိုင်ငံဟာ “ Soft Power Policy” ကိုစတင်သုံးနေပါပြီ။ ခေတ်ဟောင်းတုန်းက မွန်ဂိုတွေ သိမ်းပိုင်ခဲ့သလို မျိုး တရုတ်နိုင်ငံအနေဖြင့် မလုပ်ပေမယ့်၊ တရုတ်နိုင်ငံကတော့ သူတို့ တတ်နိုင်သမျှ ထိမ်းထားလိုတဲ့ ဆန္ဒရှိနေဆဲပါ။ လက်ရှိ တရုတ်အစိုးရဟာ အိန္ဒိယရှိ အင်္ဂလိပ်နှင့် မန်ချူးဘုရင် (မင်) လက်ထက်က ချုပ်ဆိုထားတဲ့ နယ်မြေပိုင်ဆိုင်မှုကို လက်မခံသေးပါဘူး။ တရုတ်အစိုးရဟာ နယ်မြေချဲ့ထွင်ရေးကို စိတ်ဝင်စားနေတုန်းဘဲ ဆိုတာ ပြသတာပါ။ “မန်” မင်းလက်ထက်တုန်းက ဂျပန်၊ တောင်အာရှနှင့် အရှေ့တောင်အာရှတွေနဲ့ ရေလမ်းကနေ ကုန်သွယ်ရေးလုပ်ခဲ့ပါတယ်။ တရုတ်အစိုးရက ရေပြင်စိုးမိုးရေးနှင့် ကုန်မြေ ပိုင်ဆိုင်ရေးကို အိမ်မက် မက်နေဆဲ ဖြစ်ပုံရပါတယ်။

မေး (Liberty) ။ ။ မိတ်ဆာ နိုင်ငံတွေဖြစ်တဲ့ မြောက်ကိုးရီးယားနှင့် မြန်မာနိုင်ငံ အကြောင် ခင်ဗျားရေးသားခဲ့တယ်။ တရုတ်အားကိုးနဲ့ ပါကစ္စတန်နှင့် အီရန်တို့ထိ မိတ်ဆာဝင်ရိုးတန်း နိုင်ငံတွေကျယ် ပြန့်လာနိုင်တယ်။ တရုတ်နိုင်ငံ အနေဖြင့် မိတ်ဆာ ၀င်ရိုးတန်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍ မှာအရေးပါတဲ့နေရာက ပါနိုင်သလား။
ဖြေ (Aye Chan) ။ ။ မိတ်ဆာ ၀င်ရိုးတန်းနိုင်ငံဖြစ်တဲ့ မြန်မာနှင့် မြောက်ကိုးရီးယားက သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့တယ်။ ဒါပေမယ့် တရုတ်ကြောထောက်နောက်ခံပြုထားတဲ့ မြန်မာ၊ မြောက်ကိုးရီးယား မိတ်ဆာ ၀င်ရိုးတန်း အဖွဲ့မှာ ဘာသာရေးနှင့် ယဉ်ကျေးမှု မတူတဲ့အတွက် အီရန်နှင့် ပါကစ္စတန် နိုင်ငံတွေ ပါလာဖို့ မလွယ်ပါဘူး။ ဒီမူဆလင် နိုင်ငံတွေက တရုတ်ရဲ့ မဟာမိတ်အဖြစ် ဆက်ရှိအုံမှာပါ။

မေး(Liberty)  ။ ။ ဒိမတိုင်ခင် ခင်ဗျားကျနော့်ကို စိတ်ဝင်စားစရာ တခုပြောခဲ့တယ်။ ၂၁ ရာစုမှာ ကမ္ဘာ့လူသားတွေဟာ လွတ်လပ်တဲ့ ကမ္ဘာမှာ နေထိုင်ရမှာလား (သို့) အာဏာရှင်တွေရဲ့ အောက်မှာနေရမှာလား ဆိုတာ ဒီနေ့တရုတ် နိုင်ငံကိုဘယ်လို တုန့်ပြန်မလဲ အပေါ်မှာ မူတည်နေတယ်။ ဒီဆောင်းပါး နှင့်ပတ်သတ်ပြီး ဘာတင်ပြချင်ပါသလဲ။
ဖြေ (Aye Chan) ။ ။ ဆင်မြူရယ် ဟန်တင်တန် က ၂၁ ရာစုဟာ ယဉ်ကျေးမှုတွေ တိုးတိုက်လိမ့်မယ်လို့ ဟောကိန်း ထုတ်ခဲ့တယ်။ သူဟောတဲ့ အတိုင်းမှန်တယ်လို့ ပြောလို့ရပါတယ်။ အဓိပ္ပါယ်ကောက် လိုက်ရင် ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ် အားပြိုင်မှုဖြစ်မယ်။ ဒလိုင်းလားမားနှင့် လူရှောင်ဘို ကိုနိုဗယ်ဆု ချီးမြှင့်တော့လည်း တရုတ်က ကန့်ကွက်တယ်။ တရုတ်ကတော့ ဒီနေ့အထိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဆန့်ကျင်တုန်းဘဲ။ တရုတ်နဲ့ဖွံ့ဖြိုးဆဲ နိုင်ငံတွေကြား ဆက်ဆံရေးကို ကျနော်တို့ သိပ်စိုးရိမ်စရာ မလိုဘူး။ ပြည်သူတွေက လူအတွေ မဟုတ်တော့ဘူး၊ အာဏာရှင်တွေ တွေးသလိုမတွေးတော့ဘူး။ ဆက်သွယ်ရေးနည်းပညာ တိုးတက်နေတဲ့ ခေတ်မှာ လက်ဘရယ် ဒီမိုကရေစီ ပြန့်နှုံ့မှုက တောမီးထက်မြန်သေးတယ်။ ပြည်သူတွေရဲ့ တိုက်ပွဲက အနိုင်ရမှာပါ။ ဒါပေမယ့် စောင့်ရအုံးမယ်။

No comments:

Post a Comment