by Myat Thi Ha on Monday, November 28, 2011 at 7:11pm
အကြံပြုခြင်း
ကျွန်တော့် အကြောင်း ပဌမ မိတ်ဆက်ပါရစေ။ ၈.၈.၈၈ တုန်းက
ချောင်းဦးမြို့ နယ် ကျောင်းသားသမဂ်ဂ အတွင်းေ၇းမှူး နောက် မြိဲု့
နယ်သပိတ်ကော်မီတီ အတွင်းရေးမှူး လုပ်ပြီး ထောင် ၁၀ နှစ်ကျ
မုံရွာထောင် မန်းတလေး နန်းတွင်း အကျဉ်းထောင်း အုတ်ဖိုထောင် ကနေ
လွတ်လာတဲ့ ဦးသိန်းဝင်း အခု နော်ဝေေ၇ာက်နေတာ ၂ နှစ်
ကျော်လာပြီ ၈၈ တုန်းက အလယ်တန်းပြကျောငိးဆ၇ာ B.A (Economic)
အဲဒါ ကျုပ် အကြောင်းပါပဲ ။။။
လက်ရှိနိုင်ငံရဲ့ အခြေအနေကို ပြော၇၇င် ကျုပ်အမြင်ကိုပြောတာနော်
.... လူတစ်ယောက်သည် လမ်းပေါ်ရှိ ကျောက်တုံး ကြီး တစ်တုံးကို
လမ်းဘေးသို့ တွန်ူးချနေသည် ထိုလူသည် မောဟိုက်နေသည်
ချွေးဒီးဒီးကျနေသည် ပင်ပန်းနေသည် အမြင်အားဖြင့်ပြော၇လျှင် ထိုလူသည်
အလွန် အလုပ် လုပ်နေသည် သို့သော် ရူပဗေဒ သဘောအရ ပြော၇လျှင်
ကျောက်တုံးကြီး မရွေ့သည့် အတွက် လုံးဝ အလုပ်မလုပ်။
၈.၈ .၈၈ ကနေ ဒီနေ့ အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD
အပါအ၀င် ပြည်တွင်း ပြည်ပ ပါတီပေါင်းစုံ အဖွဲ့ အစည်းပေါင်းစုံ
မဆလ န၀တ နအဖ ကြံဖွံ့ အတူတူပါပဲ အာဏာ၇ှင် စစ်အုပ်စုကို
ပုံစံ အမျိုးမျိုး နဲ့ တော်လှန်ခဲ့ကြတာ အောင်မြင်ခဲ့သလား
စဉ်းစားဖို့ လိုလာပြီ ဒီ အနှစ် ၂၀ ကျော်အတွင်းမှာ ဘယ်ပါတီ
ဘယ်အဖွဲ့အစည်းက အာဏာရှင်စစ်အုပ်စုကို ကိုင်လှုပ်နိုင်ခဲ့သလဲ
ဒီကြားထဲ အလုပ်အကြောင်းပြပြီး လုပ်စားနေကြတဲ့သူတွေက အနံ့
တထောင်းထောင်း ပေါ်ထွက်လာသေး ဒီနေ၇ာမှာ ကိုယ်လဲပဲ ထိထိ
ေ၇ာက်ေ၇ာက် မလုပ်နိုင်ပဲနဲ့ ဟိုလိုမ၇လို့ ဒီလို
ဒီလိုမ၇လို့ ဟိုလို ပုံစံအမျိုးမျိုးနဲ့ လုပ်ကိုင်
ဆောင်ရွက်နေတာ မ၇တဲ့အဆုံး ၇တဲ့နည်းလမ်းနဲ့ လုပ်ကိုင်
ဆောင်ရွက်နေတဲ့ ဒေါ်စု နဲ့ NLD ကို သဘောမတူလို့ မထောက်ခံ၇င်တောင်
ခလုပ် ကသင်း မလုပ်သင့်ဘူးထင်တယ် လွယ်အိတ်လို ကန့်လန့် ကန့်လန့်
မလုပ်သင့်ဘူးထင်တယ် တစ်ခုရှိတယ် ဒီမိုကေ၇စီ ရ ရင်
လုပ်စားလို့ ရတော့မှာမဟုတ်တဲ့ AAPP လို စသည်ဖြင့် အဖွဲ့အစည်းတွေ
ရှိပါလိမ့်မယ် ဒီလို အဖွဲ့အစည်းတွေ လူတန်းစားတွေ၇ဲ့
သွေးဆောင်မှု့နောက်ကို လိုက်ါပမသွားမိဖို့ လိုပါလိမ်မယ်။။။
ခင်ဗျားတို့ကို ကျူပ် ကိုယ်တွေ့ တစ်ခုပြောပြမယ်
ကျုပ်ထောင်ကထွက်လာပြီတဲ့နောက် ၃ ရက်အကြာမှာ ရန်ကုန်ေ၇ာက်သွားတယ်
ဒေါ်စုနဲ့ တွေ့တယ် အဲဒီတုန်းက ကျုပ်နဲ့အတူ ဦးအုန်းသန်း တို့
၅ ယောက်ပါတယ် ဧည့်ခန်းထဲမှာ စားပွဲမှာ လဘက်၇ည် ၆ ခွက် လူ
၆ယောက် ဒေါ်စုအပါအ၀င် ၇ ယောက် တစ်ယောက်တလှည့် မိတ်ဆက်စကားပြောကြတယ်
ကျူပ်အလှည့်မှာ ဒေါ်စုခင်ဗျာ BBC မှာ အင်တာဗျူးသလိုပေါ့
တကယ်လို့များ န၀တ က တိုင်းပြည်ရဲ့ ဦဆောင်မှု့
အပိုင်းမှာ သူတို့  နဲ့ အတူ လက်တွဲ လုပ်ဆောင်၇အောင် လို့
ဖိတ်ခေါ်မယိဆို၇င် ဒေါ်စုအနေနဲ့ ဘယ်လိုသဘော၇ပါသလဲ လို့
မေးခဲ့ဘူးတယ် ဘာဖြေတယ်မှတ်သလဲ ..........
သိတ်ကောင်းတဲ့မေးခွန်း... ကျွန်မ ဒီမေးခွန်းကို အခုပဲ
ပြောလိုက်ပါ့မယ် .......... လက်တွဲမှ ပြည်သူလူထု
အကျိုးရှိမယ်ဆိုရင် လက်တွဲသင့်ရင် တွဲ၇မယ်........ အဲ
..လက်မတွဲပဲ ပြည်သူလူထုအကျိုး ရှိအောင် လုပ်နိုင်မယ်ဆို၇င်လဲ
မတွဲသင့် ၇င်မတွဲဘူး ..... ဒါ့ကြောင့် ... တွဲမယ် ...
မတွဲဘူး...ဆိုတာ အခုအချိန်မှာ ပြောလို့ မရသေးပါဘူး။။။။
အဲဒီတုန်းက ကျုပ်လဲ အဲဒီအဖြေကို
လုံးဝသဘောမကျခဲ့ဘူး ဒါပေမဲ့ နောက် ၁၀ နှစ်လောက်ကြာတော့
........ ဟာ ...ဒေါ်စုပြောတဲ့စကားဟာ ..သွေးထွက်အောင်ကိုမှန်ပါလား
နောင် ၁၀ နှစ် ၁၅ နှစ် အနှစ် ၂၀ မှာလုပ်၇မဲ့ လုပ်ငန်းကို
အခု တစ်ထိုင်တည်းနဲ့ ဖြေလိုက်တာ ကျုပ်စိတ်ထဲမှာတော့ ဒေါ်စု
ဦးဆောင်လုပ်တဲ့ လုပ်ငန်းမှန်သမျှ အမှားနည်းမယ် အမှားကင်းမယ်
အဲဒါ ကျုပ်အမြင် ကျုပ်သဘောထားပဲ
မိမိလုပ်တဲ့အလုပ် တန်ဘိုးရှိတဲ့အလုပ် အကျိုးရှိတဲ့အလုပ်
ဖြစ်အောင် လုပ်နိုင်တဲ့ ဦးဏှောက်ပိုင်ရှင် တိုင်းပြည်က
တကယ်အားကိုးနိုင်တဲ့ လူကြီး လူငယ်များ ဖြစ်နိုင်ကြပါစေ
ဦးသိန်းဝင်း နော်ဝေ
No comments:
Post a Comment