ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ် ။ ၀မ်းချုပ်စေတဲ့အကြောင်းအရာ အများကြီး ရှိတဲ့အ နက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ၀မ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ ။ တချို့ဆိုရင် ၀မ်းချုပ် တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းတွေအုံ ခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ရှိပါတယ် ။ ၀မ်း ချုပ်ခြင်း ကို constipation အပြင် costiveness , dyschezia , dyssynergic defaecation စသဖြင့် လည်း ခေါ်ကြပါသေးတယ် ။ ဆိုလိုတဲ့သဘောကတော့ bowel moments (အူလှုပ်ရှားခြင်း ၊ ကျင်ကြီးစွန့်ခြင်း) ဟာ ခက်ခဲနေခြင်းဖြစ်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ အဖြစ်များတဲ့ ၀မ်းသွားနေစဉ် နာကျင်ခြင်း ( painful defecation) ပဲဖြစ် ပါတယ် ။ အရမ်းကို ၀မ်းချုပ်နေပြီးဆိုရင်တော့ obstipation (လေနှင့်ဝမ်းလုံးဝမသွားနိုင်ခြင်း ) fecal impaction ( ၀မ်းလုံးဝမသွားပဲ ပိတ်ဆို့ခြင်း ) စသည်တို့ ဖြစ်နိုင်ပါတယ် ။
လူဦးရေရဲ့ ပျမ်းမျှ ၂ - ၃၀% လောက်ဟာ ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ ၀မ်းချုပ်ခြင်းကို ဖြစ်ပွားစေ တဲ့အ ချက်တွေ အများကြီးရှိပါတယ် ။ အဓိကအားဖြင့် ပုံစံ ၂ မျိုးရှိပါတယ်။ လုံးဝပိတ်ဆိုးပြီး ၀မ်းမသွားနိုင်ခြင်း ( obstructed defecation ) နဲ့ အူများလှုပ်လျားမှု လျော့နည်းခြင်း နှေးကွေးခြင်း ( colonic slow transit , hypomobility ) တို့ပဲဖြစ် ပါတယ် ။ ဆေးရုံတွေကိုရောက်လာတဲ့ လူနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ obsturcted defecation ကြောင့်ရောက် လာတာများပါတယ် ။ အူလှုပ်ရှားမှုနည်းခြင်း ကြောင့်ဖြစ်တဲ့ colonic slow transit constipation ကို ဖြစ်စေ တဲ့အရာတွေကတော့ အစားအသောက် ၊ ဟော်မုန်း ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ heavy metal toxicity တွေ ပဲဖြစ်ပါတယ် ။ သူ့ကို ကုသတဲ့အခါမှာလည်း အစားအသောက်ပုံစံပြောင်းလဲခြင်း ၊ ၀မ်းပျော့ဆေး ၊ ၀မ်းချုဆေးတောင့် ၊ ခွဲစိတ်ခြင်း စသည်တို့ပါဝင်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ လက္ခဏာတစ် ခုသာဖြစ် တယ် ရောဂါတစ်ခုမဟုတ်ပါဘူး ။ သူ့ကို ထိထိရောက်ရောက်ကုသချင်တယ်ဆိုရင်
ဝမ်းချုပ်ခြင်းကို အဓိပ္ပါယ်သတ်မှတ်ထားတာတွေကတော့
- အူလှုပ်ရှားမှု Bowel moment (ကျင်ကြီးစွန့်ခြင်း ) ဟာ တစ်ပတ်ကို သုံးကြိမ်သို့မဟုတ် သုံးကြိမ်ထက်နည်းနေခြင်း
- ၀မ်းသွားရတာ ခက်ခဲခြင်း ( ညှစ်ရခြင်း ၊ စမြင်းခေါ် အမာများသွားခြင်း )
- ၀မ်းသွားပြီးသော်လည်း မပြီးမပြည့်စုံသကဲ့သို့ ခံစားရခြင်း ၊ ၀မ်းကျန်နေသလို ခံစားရခြင်း စသည်တို့ပဲဖြစ်ပါတယ် ။
ကလေးငယ်တွေမှာ ၀မ်းသွားတာကတော့ formula နို့မှုန့်တွေနဲ့ အစာစာကျွေးတဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ် ။ မွေးပြီး တဲ့အခါမှာ မွေးကင်းစကလေးငယ်တွေဟာ ၄ ကြိမ် ၅ ကြိမ်လောက် ပျော့ပျော့ (အရည်သာသာ ) ကျင်ကြီး စွန့်လေ့ ရှိပါတယ် ။ နို့မှုန့်တိုက်တဲ့ကလေးတွေထက် မိခင်နို့စို့တဲ့ကလေးတွေက ကျင်ကြီးစွန့် တဲ့အကြိမ်အရေ အတွက် ပိုများ ပါတယ် ။
ဝမ်းချုပ်ခြင်းကိုဖြစ်စေသောအချ
ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အချ
- congenital ( မွေးရာပါ )
- primary ( ပထမအကြောင်းအရင်း )
- secondary ( ဒုတိယအကြောင်းအရင်း ) စသည်တို့ဖြစ်ပါတယ် ။ အဖြစ်အများဆုံးကတော့ primary ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်းမရှိပါဘူး ။ အသက်ကြီးတဲ့လူတွေမှာတော့ အမျှင်ဓါတ်စားသုံးမှု လျော့နည်းခြင်း ၊ ရေသောက် နည်းခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးေ
၁ ။ Primary
Primary မှာတော့ ခြောက်လကျော်လောက်ထိ ၀မ်းချုပ်ခြင်းကို ခံစားရပြီး ဒါဟာ ဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်းမဟုတ်သလို ၊ ရောဂါတစ်ခုခုကြောင့်လည်းမဟုတ်ပါ
၂ ။ အစားအသောက်
အမျှင်ဓါတ်စားတာနည်းတဲ့အတွက်ြေ
၃ ။ ဆေးဝါးများ
ဆေးဝါးအများစုမှုာ ၀မ်းချုပ်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးပါရှိကြပါတယ် ။ ဘာဆေးတွေလဲဆိုတော့ Opioids ( အကိုက် အခဲပျောက်ဆေးများ ) ၊ ဆီးဆေးများ ၊ စိတ်ကျရောဂါပျောက်ဆေးများ ၊ ယားယံခြင်းပျောက်သောဆေးများ ၊ ဗိုက်အောင့်ပျောက်ဆေးများ ၊ အတက်ကျဆေးများ ၊ အလူမီနီယံပါသော အစာအိမ်ဆေးများ စသည်တို့ဖြစ်ပါတယ် ။
၎ ။ Metabolic and Muscular
အင်ဒိုခရိုင်း ပြဿနာတွေဖြစ်တဲ့ ကယ်ဆီယမ်များခြင်း ၊ သိုင်းရိုက် ဟော်မုန်းနည်းခြင်း ၊ ဆီးချိုသွေးချို နဲ့ cystic fibrosis ၊ celiac disease စသည်တို့ဖြစ်ပါတယ် ။ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ မလှုပ်ရှားနိုင်တဲ့လူတွေမှာ ၀မ်းချုပ်ခြင်း အဖြစ်များပါတယ် ။
၅ ။ စိတ်ရောဂါဆိုင်ရာ
နာကျင်မှုကို အလွန်အမင်းကြောက်ရွံ့သူများ ၊ လူစုလူဝေး လူထု နားနေခန်းများကို ကြောက်သူများ ၊ ပျင်းရိသူများ ဟာလည်း ငယ်စဉ်ကတည်းက ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိတဲ့ သူတွေဖြစ်တတ်ပါတယ် ။
ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်ကုသမလဲ
တခါတခါမှာ ၀မ်းချုပ်ခြင်းကိုကုသတာထက် ကာကွယ်တာက ပိုလွယ်ပါတယ် ။ ၀မ်းချုပ်ခြင်းကို သက်သာစေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ် ။ ရေများများသောက်ဖို့ လိုပြီး အမျှင်ဓါတ်အများကြီးပါတဲ့ အစားအ စာတွေစားဖို့လိုပါတယ် ။ မနက်စောစော ၀မ်းသွားတဲ့အကျင့် အိမ်သာ မှန်မှန်တက် တဲ့အကျင့် ကိုလည်းမွေး မြူဖို့လိုပါတယ် ။ ပုံမှန် ၀မ်းပျော့ဆေးတွေသုံးစွဲခြင်းက သိပ်တော့မကောင်းလှပါဘူး ။ ဘာလို့လည်း ဆိုတော့ ကျင်ကြီး စွန့်တဲ့အလေ့အထဟာ ကြာလာရင် အဲဒီဝမ်းပျော့ဆေးတွေအပေါ်မှာ တည်မှီလာမှာ ဖြစ်တဲ့အ တွက်ဖြစ်ပါတယ် ။ Mechanical stimulation အနေနဲ့ ၀မ်းချူဆေးလုံး Enemas ကိုလည်း အသုံးပြုနိုင်ပါတယ် ။ ဒါပေမယ့်ပလည်း ၀မ်းချူဆေး လုံးဟာ အစာဟောင်းအိမ် ( rectum ) ထဲက မစင်တွေကိုသာလျှင် စွန့်ထုတ်စေနိုင်ပြီး အစာအိမ် နဲ့အူလမ်းကြောင်း Intestinal tract ထဲကိုတော့ မရောက်ရှိနိုင်ပါဘူး ။
ဝမ်းပျော့ဆေးမှာလည်းအ သုံးများတာက MOM လို့ခေါ်တဲ့ Milk of Magensia ဖြစ်ပါတယ်ယ ။ဈေးသက်သာပြီး အန္တရာယ်မ ရှိတာကြောင့် လူသုံးများပါတယ် ။ MOM နဲ့မသက်သာမှသာလျှင် ခုနကပြောတဲ့ ၀မ်းချူဆေးလုံး stimulant တွေ ကိုသုံးသင့်ပါတယ် ။
အမျှင်တွေက ၀မ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေသလဲ
အမျှင်ဓါတ် Fiber တွေဟာ အပင်တွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေဟာ အစားအ စာတွေ ကိုစားသောက်ပြီးတဲ့အခါမှာ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်း
အမျှင်မှာ soluble နဲ့ insoluble ဆိုပြီး ၂ မျိုးရှိပါတယ် ။ အစာအိမ်နဲ့အူလမ်းကြောင်းချောချေ
အမျှင်ဓါတ်ပါတဲ့ အစားအစာ အများစုမှာ ဗီတာမင် သတ္တုဓါတ်တွေနဲ့ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီတွေတော့ နည်းလေ့ ရှိပါတယ် ။ အမျှင်ဓါတ်ပါသောအစားစာတွေကတော့
- သစ်သီးများ (သစ်တော်သီး ၊ ပန်းသီး ၊ လိမ္မော်သီး စသည် )
- အရွက်များ ( ဂေါ်ဖီ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥ ၊ အာလူး ၊ ဖယုံ စသည်)
- ပဲအမျိုးမျိုး ၊ စားတော်ပဲ ၊ ပဲနီကလေး
- ဂျုံပေါင်မုန့် ၊ ဆန်ညို ၊ ဖွဲမှုန့် ၊ အုတ်ဂျုံမှုန့်
- နေကြာစေ့ ၊ မြေပဲ ၊ မက်မွန် ၊ သစ်ကြားသီး စသည်တို့ပဲဖြစ်ပါတယ် ။ ယခုနောက်ပိုင်းမှာ အမျှင် စားတာနည်း တဲ့သူတွေ အတွက် Ispaghula husk လို့ခေါ်တဲ့ Psyllium လို့ခေါ်တဲ့အပင်တစ်မျိုးကနေထုတ်
ဝမ်းချုပ်တဲ့လူတွေကိုအကြံပေးလို
၁ ။ ရေများများသောက်ပါ ။ သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံသောက်သုံးဖို့လိုပါ
၂ ။ အမျှင်ပါတဲ့ အစားအစာ အများအပြား စားသုံးပေးဖို့လိုပါတယ် ။
၃ ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ ။
၎ ။ နေ့စဉ်ပုံမှန်ဝမ်းသွားတတ်တဲ့အေ
၅ ။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျော့ချပါ ။
၆ ။ ၀မ်းချုပ်တာ ရှည်ကြာနေပြီ ၊ ၀မ်းပျော့ဆေးတွေသောက်တာလည်းမသက်
၇ ။ဝမ်းချုပ်စေတဲ့အစာတွေဖြစ်တဲ့ ကောက်ညှင်း စသည်တို့ကို လျော့စားပေးဖို့လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။
Ref : http://en.wikipedia.org/wiki/
: http://www.everydayhealth.com/
ဖောလစ်အက်ဆစ်အကြောင်း
ဖောလစ်အက်ဆစ်ကို vitamin B9 (သို့မဟုတ်) Vitamin Bc , folacin နဲ့ folate လို့ လည်းခေါ်တွင်ပါတယ် ။ ရေ မှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီနိုင်းဖြစ်ပြီး pteroyl-L-glutamic acid , pteroyl-L-glutamate နဲ့ pteroylmonoglutamic acid ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ ဇီဝနည်းအရ သူ့ဘာသာသူ active မဖြစ်ပါဘူး ။ ဒါပေမယ့်လည်း tetrahydrofolate နဲ့ အသည်းထဲမှာ dihydrofolic acid အဖြစ်ပြောင်း သွားနိုင်ခြင်း က အလွန်ကို အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ လူ့ခန္ဓာကိုယ်က များပြား လှတဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့အရာ တစ်ခုဖြစ်ပါတယ် ။ လူ့ခန္ဓာကိုယ် ဟာ ဒီအန်အေ တွေ ထုတ်လုပ်ဖို့ ပြုပြင်ဖို့ အတွက် folate ကိုလိုအပ်ပါတယ် ။ ဆဲလ်တွေ ပွားများဖို့ ၊ ကြီးထွားဖို့ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာလည်း အထူးလိုအပ်ပြီး အချို့သော ကင်ဆာရော ဂါတွေမှာ အစာစားခြင်း တာဝန်ကို ထမ်းဆောင်ပေးပြန်ပါတယ် ။ သဘာဝ folate တွေအများအပြားပါဝင်တဲ့ သာမန် အစားအစာတွေဟာကင်ဆာ ဖြစ်ပွားနိုင်မှုကို လျော့ကျစေနိုင်ပါတယ် ။ ဒါပေမယ့် တွေ့ရှိချက် ကွဲပြား မှုတွေကတော့ သောက်ဆေးတွေမှာ folate တွေအများကြီးပါဝင်နေခြင်းဟာ အချို့သော ကင်ဆာတွေဖြစ် ပွားမှု ကို အားပေးစေနိုင်ပါတယ်လို့ ဆိုပြန်ပါတယ် ။ ဒါပေမယ့်လည်း ကလေးတွေနဲ့ အရွယ်ရောက်စ လူငယ်တွေမှာ ကျန်းမာတဲ့ သွေးနီဥတွေထုတ်လုပ်ဖို့အတွက် folic acid ကို လိုအပ်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင် ပါတယ် ။
Foate နဲ့ folic acid ဟာ တကယ်တော့ Latin နာမည်တစ်မျိုးဖြစ်တဲ့ folium ကနေဆင်းသက်လာတာပါ ။ အဓိပ္ပါယ် ကတော့ သစ်ရွက်လို့ ခေါ်ပါတယ် ။ သစ်သီးသစ်ရွက်တွေနဲ့ပြုလုပ်ထား
Folate ပမာဏ နည်းပါးခြင်းဟာ homocystenine လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးစုံပုံခြင်း
ဖောလစ်အက်ဆစ်ကိုဘယ်နေရာတွေက ရနိုင်သလဲ ?
ဖောလစ်အက်ဆစ်တွေအများကြီးပါဝင်
- ဒေါက်ခွ ( spinach) , ကညွှတ် ၊ ခါးဥဖြူ ၊ တရုတ်မုန်လာစသော ဟင်းရွက်များ
- ပဲခြောက် ၊ ပဲစို ၊ ပဲတောင့် ၊ ပဲစေ့ ၊ ပဲပင်နှင့် ပဲနီကလေး
- ဥ အမျိုးမျိုးမှ အနှစ်များ
- Baker's yeast
- ခေါက်ဆွဲခြောက် ၊ နှံစားပင် ၊ ကောက်နှံပင် နဲ့ အသင့်လုပ် နံနက်စာ cereal တွေမှာ ဖောလစ် အက်ဆစ် ၂၅ % မှ ၁၀၀% အထိပါဝင်ပါတယ် ။
- နေကြာစေ့
- အသည်း ( folate တွေအများကြီးပါဝင်ပါတယ် )
- ကျောက်ကပ် စသည်တို့ဖြစ်ပါတယ် ။
ဒါ့အပြင်ဖောလစ်အက်ဆစ် အတန်အတင့်ပါဝင်တဲ့အစားအစာတွေကေ
ကိုယ်ဝန်ဆောင်ချိန်မှာ လုံလောက်မျှတတဲ့ folate ကိုသောက်သုံးခြင်းဟာ သန္ဓေသားမူမမှန်ဖွံ့ဖြိုးခြင်းကိ
အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် ပထမ လ အတွင်းမှာ ဖောလစ် အက်ဆစ် ချို့တဲ့ခြင်း ၊ စားတဲ့စား အသောက်တွေ မှာလည်း ဖောလစ်အက်ဆစ်လုံလုံလောက်လောက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်သောက်သုံးခြင်းဟာ ကလေးငယ်ကို ရောဂါတွေကနေ ကာ ကွယ်ပေးနိုင် ယုံသာမကပဲ ရောဂါရှိနေတဲ့မိခင်တွေ ၊ ဆေးတွေသောက်နေ ရတဲ့မိခင်တွေနဲ့ ဆေး လိပ်သောက် မိခင်တွေကိုပါ ပြဿနာဖြစ်ပွားနိုင် မှု လျော့ နည်းစေနိုင် ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ သုတ်ကောင်တွေ မှာ ဖြစ်တတ်တတဲ့ ခရိုမုန်ဆုန်း ချို့ယွင်းချက်တွေကိုလည်း လျော့နည်းစေပါတယ် ။ ဖောလစ် အက် ဆစ်က ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေကတော့
- နှလုံးသွေးကြောကျဉ်းရောဂါ
- လေဖြတ်ခြင်း
- ကင်ဆာရောဂါ
- အ၀လွန်ရောဂါ
- စိတ်ကျရောဂါ
- ဦးနှောက်မှတ်ဥာဏ်ပိုင်းဆိုင်ရာ
- ထင်ရောင်ထင်မှားဖြစ်ခြင်း
- ဓါတ်မတည်းခြင်းများ (allergy)
- လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ
- မျိုးမပွားနိုင်ခြင်း
- ကျောက်ကပ်ရောဂါ
- ဆီးချိုသွေးချိုရောဂါ
- မီးယပ်သွေးဆုံးရောဂါ
- ရောဂါပိုးများ ၀င်ရောက်ခြင်း ( infectious disease)
- ပါကင်ဆန်ရောဂါတွင် အရိုးဆုံးရှုံးခြင်း
- အရေပြားရောဂါများ
- B12 deficiency စသည်တို့ပဲဖြစ်ပါတယ် ။
ပြည်သူလူထုနဲ့ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖောလစ်အက်ဆစ် အကြောင်းကို ဗဟုသုတရ ရှိကြပြီး ဖော လစ် အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါများကို ကာကွယ်နိုင်ကြပါစေ ။
သက်တန့်ချို
No comments:
Post a Comment