Rozoner King created a doc.
[By Myat Lay Ngon]နှစ် ၁ဝဝ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံးအား နိုင်ငံတော်သမ္မ တမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပြီး အပိုင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ် အဖွဲ့ မှ သိရသည်။
... ”ဒီရက်ပိုင်းအတွင်း လွှဲပြောင်းပေးလိုက်တာပါ။ ဆိုလိုတာက ဟိုတယ်မလုပ်တော့ ဘူးပေါ့”ဟု မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။
ယင်းအဆောက်အအုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ပြီး ထိုသို့ပေးအပ်မှုကို ကြည့်ခြင်းဖြင့် ယင်းဝန်ကြီးများရုံးကို အလေးထားသည်မှာ ပေါ်လွင်နေကြောင်း၊ သမိုင်းအစဉ်အလာအရ ပြယုဂ်အနေဖြင့်သာ ထားရှိသင့်သည်ကို လက်ခံသည့် သဘောရှိနေကြောင်းကို ခရီးသွားလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့တိ
ရန်ကုန်မြို့၌ ပြုပြင်ထိန်းသိမ်းသင့်သည့် ရှေးဟောင်းအဆောက် အအုံ ၁၈၉ လုံးရှိသည့် အနက် ထိုဝန်ကြီးများရုံးမှာ အဆောက်အအုံ ကြီးမားခြင်း၊ ပတ်ဝန်းကျင်ကျယ်ပြန့် ခြင်းနှင့် သမိုင်းအစဉ်အလာကြီးမားခြင်းတို့
ထိုအဖွဲ့တွင်ကိုယ်တိုင် ဆောင်ရွက်ခဲ့သူတစ်ဦးကလည်း နှစ်ကာလကြာမြင့်သည့်အတွက် ပျက်စီးယိုယွင်း မှုရှိသည်မှာ မှန်သော်လည်း ရာခိုင်နှုန်းအနေဖြင့် တိတိကျကျ ပြောဆို၍ မဖြစ်နိုင်ကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် ထိုစဉ်က ပြုပြင်ထိန်းသိမ်းခဲ့စဉ် အမိုးအား ပထမဦးစားပေးခဲ့ကြောင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ဒုတိယထားပြီး နောက်မှ ကြမ်းခင်းနှင့် အုတ်တိုင်များကို ဆောင်ရွက်ခဲ့ရသည်ဟုပြောသည်။
ထိုကဲ့သို့ သုတေသနပြုလုပ်ခြင်းကို ယမန်နှစ်က ပြုလုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် အစပိုင်း၌ ပြီးစီးခဲ့ကြောင်း ၄င်းတို့ထံမှသိရသည်။လက်ရှိ၌ အလျင်အမြန် ထိန်းသိမ်းသင့်သည့် ဝန်ကြီးများရုံးနှင့် ပဲခူး ကလပ်အပါ အဝင် ရှေးဟောင်းအ ဆောက်အအုံ ၁၈၉ လုံးရှိရာ အများစုမှာ မြို့လယ် အဓိကဇုန်အဖြစ် သတ်မှတ်ထားသည့် ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းမှစ၍ ကမ်းနားလမ်းအထိ၊ ထို့နောက်ကမ်းနားလမ်းမှသည် လမ်း ၄ဝ စာတိုက်ကြီး အထိတို့တွင်ရှိနေကြောင်း နိုင်ငံပိုင်စာရင်းများအရ သိရသည်။
သတင်းရင်းမြစ်..Popular News Journal
No comments:
Post a Comment