Sunday, October 30, 2011

ရှုံးနိမ့်ကြသူများ အတွက်သာ

by Moenge Aung on Monday, October 31, 2011 at 6:58am

  စာရေးခြင်း ဆိုတဲ့ အလုပ်ဟာ လွယ်မလိုနဲ. ခက်လှပါတယ် ...အထူးသဖြင့် အစက အဆုံး လူတွေ ကို ဖတ်ပြီးရင်း ဖတ်ချင်ဆွဲခေါ်သွားနိုင်ဖို. ပညာ ၊ ဗဟုသုတ တခုခုရသွားစေဖို. ရေးသားဖို.က ပိုလို.တောင် မလွယ်ပါသေးတယ်...ဒီ့အတွက် ပါရမီ၊ အတွေးအခေါ်၊ ဗဟုသုတ ၊ လေ့လာဆည်းပူးမှု.၊ ဖြတ်ထိုးဥာဏ် ၊ ခံစားပျော်ဝင်နိုင်မှု. အစရှိသဖြင့် များစွာသော အရည်အသွေးတွေ လိုအပ်ပါလိမ့်မယ်..အဲ့လို အရည်အသွေးတွေ အပြင် လုံလောက်သော အချိန်အတိုင်းအတာ တခုကလဲ လိုအပ်နေပါသေးတယ်... အဲ့ဒါတွေ ချို.တဲ့ပြီး နိစ္စဓူဝ ကိစ္စတွေနဲ. လုံးလည်နေတဲ့ ကျမကြောင့် ရေးလိုက်ဖျက်လိုက် စာလေးတွေ ဘလော့ပေါ် မရောက်တာတောင် ကြာလှပါပေါ့....

အားရင် အားသလို တချို.ဘလော့တွေ အလည်ရောက်ဖြစ်သလို လိုလိုမယ်မယ် ဖွင့်ထားခဲ့တဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်ကို ရောက်တတ်ပါတယ်...အဲ့လိုနဲ.ပဲ ကြုံကြိုက်လို. ဖြစ်စေ ၊ တကူးတက ဖြစ်စေ ရောက်ရှိခဲ့တဲ့ ဖေ့ဘွတ်မှာ အမြင်မတော်တာလေးတွေကို ရေးဖို. ကြံရွယ်ထားခဲ့တာလဲ ကြာပါပြီ... တကယ်တော့ ကိုယ်ရေးတဲ့အချိန်မှာ အဲ့ဒါတွေ မရှိတော့မှာကိုတောင် စိုးရိမ်နေခဲ့သေးတာ...ခုတော့ အဲ့လို မဟုတ်တဲ့အပြင် ပိုတောင် ဆိုးလာပါသေးတယ်...
ဘလော့ နေရာကျဉ်းလေးမှာပဲ လည်ပတ်နေပြီး တယောက်လောက်က ဆဲဆိုတာ တွေ.ကြုံခဲ့ရတဲ့သူက ဖေ့ဘွတ်ပေါ်လဲ ရောက်ရော ဒါဟာ သမုဒ္ဒရာထဲက ရေတပွက်လောက်ပဲဆိုတာ သိလိုက်ရတယ်... လူမှု.ကွန်ယက်တခုဖြစ်တဲ့ ဖေ့ဘွတ်စာမျက်နှာတွေမှာ နအဖ ဖက်ကရော ၊ ဒီမိုကရေစီ လိုလားသူများ ပါ တင်ထားတဲ့ ပို.စ် ၊ ဓါတ်ပုံ များ အောက်မှာ ရေးသားထားကြတာ အမိ နဲ. သား ၊ မောင် နဲ. နှမ မကြားရဲ မဖတ်ရဲလောက်အောင် ဆိုးရွား အောက်တန်းကျလွန်းလှပါတယ်..နအဖ ဖက်က စပြီး ဆဲတာရှိသလို ဒီမိုကရေစီလိုလားသူများဖက်က စတာလဲ ရှိပါတယ်...ဆဲလိုက်တာနဲ. ကိုယ်ပြောချင်တဲ့ အကြောင်းအရာက အောင်မြင်သွားရောလား...ကိုယ်ပေးချင်တဲ့ မက့်ဆေ့ခ်ျကို အများသိသွားရောလား...ဘာတွေလဲ ???? ဘာအတွက် လုပ်နေကြတာလဲ ?????
ကိုယ်လုပ်နေတာ ကိုယ်ပြောနေတာတွေက ကိုယ့်တိုင်းပြည်အတွက် အမှန်တရား အတွက် မတရားဘူးထင်တာတွေအတွက် မက်ဆေ့ခ်ျပေးချင်တာဆိုရင် ကိုယ့်တကယ့် အမြင်အတိုင်း ခံစားနေရတာတွေ ချရေးလိုက်ပါ...တဖက်ကလာတဲ့ တွေးခေါ်ယူဆချက် အရေးအသားတွေကို ပြန်လည်ချေပလိုက်ပါ...ညစ်ညမ်း ယုတ်ညံ့တဲ့ စာသားတွေ မပါပဲ နိုင်အောင် တိုက်လိုက်စမ်းပါ...
တကယ်တော့ ဆဲတယ်ဆိုတယ် ကိုယ်က တပန်းရှုံးတယ်ဆိုတာ သတိမထားမိလို.ပါ.. အကြောင်းအရာ တခုကို ဆွေးနွေးတယ် ပြောဆိုတယ် လုပ်နေရာကနေ ထဆဲလိုက်တာဟာ ကိုယ် တဖက်လူကို မနိုင်တော့လို. တဖက်လူ ပြောတာမှန်နေလို. ကိုယ့်မှာ ပြောစရာစကားကုန်သွားလို. ကိုယ်ရှုံးနိမ့်သွားလို. မနိုင်နိုင်တဲ့နည်း နဲ.ပြောမယ်ဆိုပြီး မှားယွင်းတဲ့ လမ်းကို ရွေးချယ်လိုက်တာပါပဲ..
ဒီ့အတွက် ဘာတွေရလာပါသလဲ...
1.    ကိုယ်ယုတ်ညံ့တာ လူသိသွားတယ်..
2.    နောက်ထပ် ပါးစပ်က အယုတ္တ အနတ္တထွက်ဖို. လွယ်ကူသွားတယ်.. ဒါကို လက်နက်အဖြစ် သုံးစွဲတော့မယ် ..
3.    ကိုယ့်အဖွဲ.အစည်း ကိုယ်လုပ်နေတဲ့အလုပ် လူ အထင်သေးစရာ ဖြစ်သွားတယ်။ ဥပမာ ( ဒီမိုကရေစီ လိုလားသူက ဆဲတာဆိုရင် ဒီမိုကရေစီသမားဆိုတာ ဒီလိုကောင်ပါလား.. ရိုင်းစိုင်းတာ ကမ်းကုန်ရောပဲ.. ဒါကြောင့် ဒီမိုကရေစီမရတာ..ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး..အားလုံးကို အတူတူ ထင်သွားကြမယ်) (နအဖ ဖက်က ဆဲတာ ဆိုရင် အာဏာရှင်တွေ ထိတော့ နာတတ်လိုက်ကြတာ... မိုက်ရိုင်းလိုက်ကြတာ...အနာပေါ်တုတ်ကျလို. ဆဲတယ်) ဆိုတဲ့ ရလာဒ်တွေပဲ ရလာကြတယ်...
ဒီမိုကရေစီ သမားတွေကို အမြင်မကြည်တဲ့သူတွေက ပိုမုန်းလာကြသလို နအဖ မကောင်းတာ သိတဲ့သူတွေက နအဖ ထောက်ခံသူတွေကို ပိုမုန်းလာကြပါတယ်.. တကယ်တော့ နှစ်ဖက်လုံး ရှုံးတာပါပဲ..
သူများဆဲတာကို ပြန်ဆဲတယ်ဆိုကတည်းက ကိုယ်က သူများနွံထဲကို နစ်သွားတာ သူများခိုင်းတာ လုပ်မိသွားတာ သူများကျွေးတာ စားလိုက်မိတာ... ဥပမာ ခွေးဟောင်လို. ပြန်ဟောင်တဲ့ လူ ဖြစ်သွားတာ... ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အဖိုးမတန်တဲ့ သူအတွက် မျှပေးလိုက်ရတာ... အားနေရင်တော့ တမျိုးပေါ့နော်..
ဒါတွေအပြင် အင်မတန်မှ ယဉ်ကျေးသိမ်မွေ.လှပါတယ် ဆိုတဲ့ မြန်မာတွေ ရဲ့ ဂုဏ်သိက္ခာကို ကျစေတာပဲ စော်ကားလိုက်တာပဲ..မြန်မာဆိုတဲ့နေရာမှာ မြန်မာပြည်မှာမွေး မြန်မာမှာ လူဖြစ်ခဲ့တဲ့သူ အားလုံးကို ဆိုလိုပါသည်... ဘယ်ဘာသာတရားကိုပဲ ကိုးကွယ် ကိုးကွယ် ဘယ်ဘာသာကမှ ဒီလို မိုက်ရိုင်း ယုတ်ညံ့ အောက်တန်းကျအောင် သင်ပေးမယ်လို.တော့ ကျမ မထင်ပါဘူး... တကယ်လို. ဆက်ဆဲနေရင်တော့ သူ.လူမျိုးကသော်လည်းကောင်း ၊ သူကိုးကွယ်တဲ့ ဘာသာတရားကသော်လည်းကောင်း ၊ သူ.ရဲ့ လက်ဦးဆရာ ဖြစ်တဲ့ မိဘကသော်လည်းကောင်း သင်ပေးလိုက်လို. ၊ သွန်သင်ဆုံးမမှု. မရှိလို. ၊ သူရဲ့ ပင်ကိုယ်ဗီဇ ယုတ်ညံ့လို. လို.ပဲ ကျမ ယူဆပါတယ်...ဒေါသဆိုတာ လူတိုင်းထွက်တတ်ပါတယ်.. ဆဲလဲဆဲတတ်ကြပါတယ်.. ကျမ လဲ ဆဲတတ်တာပါပဲ.. သို.သော် အရှက်တရား အသိဥာဏ် ဘာသာတရားတို.က ဒီအရာတွေကို ထိန်းချုပ်ထားလိုက်တာပါ... အထူးသဖြင့် လူ နဲ. တိရိစ္ဆာာန် ကွာခြားချက် တရပ်လို.တောင် ပြောလို.ရပါတယ်...
အရင်က ဆဲခဲ့သလား ပြန်ပြင်လိုက်ပါ.. ဆဲတဲ့ စကားလုံးတွေ အစား တခြား ပြင်းထန်တဲ့ အဆင့်အတန်းရှိတဲ့ စကားမိုးတွေ ရွာချလိုက်ပါ... မစိုတဲ့သူ ဘယ်သူရှိပါ့မလဲ...
ကိုယ်ယုံကြည်တဲ့ မှန်ကန်မှု.တွေအတွက် မှတ်ကျောက်တင်ချင်ပါသလား... အဖြူရောင်နဲ.သာ ရေးချယ်လိုက်ပါ... အချိန်အခါမရွေး မြင်သာ ထင်ရှားနေပါလိမ့်မယ်..
မိုက်ရိုင်းခြင်းသည် မိမိရှုံးနိမ့်ခြင်းကို ဖုံးကွယ်ရန် မှားယွင်းစွာ ရွေးချယ်မှု.တခုပင်ဖြစ်သည်... ဆင်ခြင်နိုင်ကြပါစေ.ဤပို.စ်အတွက် ပုံများဖြင့် ကူညီပေးသော ကိုစလစ်အား ကျေးဇူးတင်ရှိပါသည်..

No comments:

Post a Comment