by Moenge Aung on Thursday, October 27, 2011 at 9:23pm
Yangon Times Journal
သုတေသီများ၏ လေ့လာတွေ့ရှိချက် အသစ်တစ်ရပ်အရ လူမှုရေး ကွန်ရက်ဆိုက်များသည် လူများ၏ ဦးနှောက်များကို ပြောင်းလဲမှု ဖြစ်ကောင်း ဖြစ်စေနိုင်သည် ဟု သိရသည်။ ထို့အပြင် သူတို့၏ လူမှုရေး ဘဝကိုပါ ပြောင်းလဲစေနိုင်သည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။ ဦးနှောက်စကင်န်က ပြဆိုနေသည်မှာ ဦးနှောက်၏ အချို့သော အစိတ်အပိုင်းများနှင့် လူတစ်ယောက်တွင် ရှိသော ဖေ့စ်ဘွတ်ခ် သူငယ်ချင်းအကြား တွင် တိုက်ရိုက်ဆက်စပ်မှု ရှိနေသည်ကို ပြဆိုနေပေသည်။
သို့ရာတွင် လူမှုရေး ကွန်ရက်များ အသုံးပြုခြင်းသည် ဦးနှောက်တွင် စိတ်လုပ်ငန်စဉ် ဖြစ်ပွားရာဖြစ်သော တစ်သျှူးဖြစ်သည့် (Greymatter) ကို မြှင့်တင်ပေးနိုင်ခြင်း ရှိ မရှိကို ရှင်းလင်းသေချာစွာ သိရှိရခြင်း မရှိသေးပေ။ သုတေသီများ၏ အဆိုအရ ထိုကဲ့သို့သော ဦးနှောက် အစိတ်အပိုင်းများသည် မိတ်ဆွေဖွဲ့ရာတွင် တော် မတော်ဆိုခြင်းနှင့် ပတ်သက်၍ ကွဲကွဲပြားပြား သိရှိရခြင်း မရှိသေးဟု သိရသည်။
သို့ရာတွင် သိပ္ပံပညာရှင်များသည် ဦးနှောက်၏ အစိတ်အပိုင်း အချို့တွင်ရသော Greymatter နှင့် လူတစ်ယောက်တွင် ရှိသော ဖေ့စ်ဘွတ်ခ် သူငယ်ချင်းများ အကြားတွင် အားကောင်းသော ဆက်စပ်မှု တစ်ရပ်ရှိသည်ကို လေ့လာတွေ့ရှိ ခဲ့ကြသည်။ လန်ဒန်တက္ကသိုလ်မှ သုတေသန ပညာရှင်တစ်ဦး ဖြစ်သော ဒေါက်တာ အာယိုတာကန်နိုင်းက ဦးနှောက်၏ အချို့သော စိတ်ဝင်စားဖွယ်ရာ ကောင်းသော အစိတ်အပိုင်းများသည် မိမိတို့တွင် ရှိသော အပြင်လောက တကယ့်သူငယ်ချင်းနှင့် ဖေ့စ်ဘွတ်ခ်တွင် တွေ့သော သူငယ်ချင်းများ အကြားတွင် ဆက်စပ်မှု ရှိပုံရကြောင်းကို လေ့လာ တွေ့ရှိခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
ထိုတွေ့ရှိချက်က အင်တာနက်နှင့် ဦးနှောက်အကြား ဆက်စပ်မှုနှင့် စပ်လျဉ်း၍ မေးခွန်းများစွာ ထွက်ပေါ်စေခဲ့ကြောင်း၊ သိပ္ပံနှင့် ဆိုင်သော မေးခွန်းများ ဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် သက်ဆိုင်သော မေးခွန်းများ မဟုတ်ကြောင်း ပါမောက္ခ ဂါရိန့်ရီးက ပြောကြားခဲ့သည်။ ထိုလေ့လာ တွေ့ရှိချက်များကို ဇီဝဗေဒဆိုင်ရာ သိပ္ပံတော်ဝင် အဖွဲ့အစည်း ဂျာနယ်တွင် ဖော်ပြထားသည်ဟု သိရသည်။
No comments:
Post a Comment