Wednesday, September 28, 2011

Emoဆိုတာ ဘာလဲ??"

ကျောင်းမှာတွေ့နေရတဲ့ အီမိုစတိုင်ဆံပင်ပုံစံ နဲ့ တီရှပ်အကျပ်လေးတွေကို ဂျင်းဘောင်းဘီအကျပ်တွေနဲ့တွဲဖက် ၀တ်ဆင်တက်သူ၊ converse ဖိနပ်တွေဝတ်ပြီး အနက်ရောင်လို အရောင်ရင့်ရင့်တွေကို ပုံမှန်ဝတ်တက်သူ၊မိန်းကလေးဆိုရင် မျက်လုံးကို အိုင်းလိုင်နာအနက်ရောင်အထူကြီးခြယ်သူတက်သူတွေ၊ ဆူးလိုအချွန်ပါတဲ့ ခါးပတ်တွေဝတ်တက်သူတွေ၊သို့မဟုတ် ကြိုးချိန်းတွေ နားကွင်းတွေအထူးအဆန်းဘာတွေဝတ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးကွဂိုက်နဲ့ ရှင်းရှင်းပြောရရင် အများအမြင်မှာ ပုံစံကွဲထူးခြားသူတွေကို အီမိုလို့ပဲခေါ်ဖြစ်ကြပါတယ်။ Goth နဲ့ခပ်ဆင်ဆင်ဖြစ်ပေမဲ့ Gothလောက်ထိတော့ မပြင်းထန်ပြန်ပါဘူး။

အီမို ဆိုတာ

အီမိုရဲ့ အဓိပ္မါယ်ကိုအွန်လိုင်းမှာရှာကြည့်လိုက်တော့ emotionally sensitive(စိတ်ပိုင်းဆိုင်ရာ နူးညံမှု)ဆိုတဲ့ စကားကလာတယ်လို့ ဆိုပါတယ်။ အီမိုကလေးတစ်ယောက်အနေနဲ့ သူ့ရဲ့ စိတ်ဖိစီးမှု ခံစားချက်တွေ၊ ၀မ်းနည်းမှုတွေ၊ဒေါသတွေ၊ အထီးကျန်ဆန်မှုတွေကို punk musicစတိုင်နဲ့ပေါင်းစပ်ပြီး ဖော်ထုတ်ပြတဲ့ ဖက်ရှင်စတိုင်ဟာ အီမိုစတိုင်ဖြစ်နေပါတယ်။ သူတို့နားဆင်တဲ့တေးသီချင်းတွေဟာ ပြင်းထန်အားကြီးတဲ့စိတ်ခံစားမှုကိုဖော်ထုတ်ရာပြတဲ့ alternative way ဆန်ဆန်ဆူဆူညံညံဂီတမျိုးဖြစ်တက်ပါတယ်။ သူတို့ဟာ စိတ်ခံစားမှုလိုက် အ၀တ်အစားကို ၀တ်ဆင်တက်ကြတယ်။ ဆံပင်ရှည်ရှည်ကိုထားပြီး မျက်နှာတ၀က်လောက်ဖုံးကွယ်ထားတက်ကြတယ်။ အမည်းရောင်ဖုံးလွှမ်းတဲ့ ကဗျာတွေကို ဖတ်တက်ကြသလို သူတို့ကျောင်းစာအုပ်ဖိုင်တွဲများ သို့မဟုတ် လွယ်အိတ်များမှာလည်း အီမိုစာပေများကို ကပ်ထားတက်ကြတယ်။

အီမို စာပေကဗျာ နှင့် သီချင်း နှင့် ပုံများ

အီမိုကဗျာတွေကတော့ လူအများစုနဲ့ဆွေးနွေးဖို့ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖွဲ့ဆိုထားတဲ့ အမျိုးစားဖြစ်ပါတယ်။ သာမန်အားဖြင့် သေကြောင်းကြံခြင်းနဲ့ပတ်သက်တဲ့အတွေးတွေ၊ နာကြဉ်းစရာကောင်းတဲ့ အတွေ့အကြုံအကြောင်း၊ ဒေါသထွက်စရာ အရေးခင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာခံစားမှုပြတဲ့ အကြောင်းအရာတွေကို ကဗျာလုပ်ထားကြပါတယ်။

Emo Quoteဥပမာ: Not all scars show, not all wounds heal Sometimes you can't always see The pain someone feels
: Why do people tell you to believe in what you want to but then tell you not to believe in the one true thing you do believe in?

posted by emokozin

No comments:

Post a Comment