Hazel Htun created the doc:
ကျွန်မတို့ လုပ်ကိုင်နေတဲ့အရာတွေအားလုံးလို လိုဟာ ဦးနှောက်ထဲ
သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ပြန်လည်ဖော်ထုတ်တာနဲ့ ဆိုင်ပါတယ်။
မှတ်ဥာဏ်မှာ အဆင့်သုံးဆင့်ရှိပါတယ်။ မှတ်ဥာဏ်ထဲ အချက်အလက်တွေ
ထည့်သွင်းတဲ့အဆင့်၊ သိမ်းဆည်းတဲ့ အဆင့်နဲ့ ပြန်လည်ထုတ်သုံးတဲ့အဆင့်
သုံးဆင့်ပါ။ ဒီသုံးဆင့်ထဲက အဆင့်တစ်ခုခု ချို့ယွင်းပါက
မေ့လျော့ခြင်းဖြစ်တတ်ပါတယ်။ “သော့ ဘယ်နားထားမိပါလိမ့်” ကဲ့သို့
အရေါ်သိပ်မကြီးတဲ့ ခဏတာမေ့လျော့တာကနေ အတိတ်မေ့တာလိုမျိုး ပိုပြင်းထန်တဲ့
မေ့လျော့တာတွေ ဖြစ်လာနိုင်ပါတယ်။
ကျွန်မတို့ အားလုံး မေ့တတ်ကြပါတယ်။ ဦးနှောက်မှတ်ဥာဏ်ထဲ မှတ်ရတာတွေများလေလေ၊ ပိုပြီး မေ့လျော့တတ်လေလေပါပဲ။ ဒါပေမယ့် ဦးနှောက်ရှင်းပြီးမှတ်ဥာဏ်ကော င်းစေနိုင်တဲ့ နည်းတွေရှိပါတယ်။
အောက်ပါတို့ကတော့ မှတ်ဥာဏ်သူခိုးတွေလို့ တင်စားလို့ရတဲ့ မေ့လျော့မှုကို
အားပေးနေတဲ့ အရာတွေနဲ့ မှတ်ဥာဏ်ကောင်းစေတဲ့နည်းတွေပါပဲ ။
၁။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ဘာကိုယ်လက်လှုပ်ရှားမှုမှ မရှိဘဲ အိမ်မှာ ဆိုဖာပေါ်တစ်နေကုန် တီဗွီထိုင်ကြည့်ခြင်းက ကျန်းမာရေးအတွက် အင်မတန်ဆိုးရွားတဲ့ အကျင့်တစ်ခုပါ။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေများစေသလို အသက်ကြီးတဲ့အခါ မှတ်ဥာဏ်လျော့နည်းတာနဲ့ ရူးသွပ်တာဖြစ်နိုင်ခြေလည်း များစေပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
မှတ်ဥာဏ်ထက်သန်စေလိုရင် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အရေးကြီးပါတယ်။ လှုပ်ရှားမှုရှိပါက ဦးနှောက်ထဲသွေးစီးဆင်းမှု ကောင်းသလို ဂလူးကိုစ့်နဲ့ အောက်ဆီဂျင်လည်း ပိုရောက်စေတာကြောင့် ဦးနှောက်လုပ်ငန်းဆိုင်ရာ ပိုကောင်းစေပြီး မှတ်ဥာဏ်ကောင်းစေပါတယ်။ အသက်အိုမင်းလာတဲ့အခါ ဦးနှောက်အရွယ်အစား ကျုံ့တတ်ပြီး မှတ်ဥာဏ်ဆိုင်ရာ ပြဿနာပေါ်လာတတ်ပါတယ်။ တစ်နေ့ကို တစ်ကီလိုမီတာနဲ့အထက် လမ်းပုံမှန်လျှောက်ပေးခြင်းက ဦးနှောက်ကျုံ့ပြီး၊ အသက်ကြီးဘို့ မှတ်ဥာဏ်လျော့နည်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
၂။ အ၀လွန်ခြင်း
ရှိသင့်တဲ့ အလေးချိန်ထက်ပိုများပါက မှတ်ဥာဏ်ကိုထိခိုက်စေပါတယ်။ ခန္ဓာကိုယ်အဆီမှထွက်ရှိတဲ့ Cytokine ဟော်မုန်းဟာ ရောင်ရမ်းမှုဖြစ်စေတာကြေင့် ဦးနှောက်မှတ်ဥာဏ်ကို ထိခိုက်စေပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
အယ်လ်ကိုဟော သောက်သုံးမှုကို လျှော့ချပါက ၀ိတ်လျော့စေနိုင်သလို အရက်နဲ့ဆက်နွှယ်တဲ့ ဦးနှောက်ထိခိုက်မှုဖြစ်နိုင်ြေ ခလည်း
လျော့ကျသွားနိုင်ပါတယ်။ အရက်ထဲမှာ အဆီမပါပေမယ့်
ဗိုက်ပူတာကိုဖြစ်စေနိုင်တဲ့ စွမ်းအားတစ်မျိုးပါဝင်ပါတယ်။ စိတ်လျှော့တာ၊
လေ့ကျင့်ခန်း လုပ်တာနအရက်လျှော့သောက်တာတွေက ဦးနှောက်ကျန်းမာရေးကို
ကောင်းစေနိုင်ပါတယ်။
၃။ အာဟာရချို့တဲ့ခြင်း
ကားမောင်းဖို့ဓာတ်ဆီ၊ ဒီဇယ်ဆီလိုအပ်သလို ဦးနှောက်ကိုမောင်းပေးဖို့လည်း လောင်စာလိုအပ်ပါတယ်။ ဒါပေမယ့် လောင်စာတိုင်းနဲ့ အဆင်မပြေပါဘူး။ မှတ်ဥာဏ်ကောင်းဖို့ဆိုတာ ကိုယ်စားသောက်တဲ့ အစားအစာပေါ်လည်း မူတည်နေပါတယ်။ နှလုံးရောဂါဖြစ်စေနိုင်တဲ့ အစာမှန်သမျှက မှတ်ဥာဏ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အာရုံကြော ထိခိုက်ခြင်းဟာ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့ခြင်း ဒါမှမဟုတ် များလွန်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီအခါ မှတ်ဥာဏ်လျော့နည်းခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းလျော့ နည်းခြင်းနဲ့ ဦးနှောက်လုပ်ငန်းဆောင်တာ ချို့ယွင်းခြင်းတို့ဖြစ်လာနိုင် ပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
ဗီတာမင်ဘီကို လုံလောက်စွာ သုံးစွဲခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဖောလစ်အက်စစ်၊ဗီတာမင် ဘီ(6) နဲ့ဗီတာမင် ဘီ(12) လို ဗီတာမင်ဘီတချို့ဟာ သွေးထဲရှိ အမိုင်နိုအက်စစ် Homocystine ပမာဏကို ထိန်းချုပ်ပေးတာကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ မှတ်ဥာဏ်ကာကွယ်ဖို့ ဗီတာမင်ဘီကြွယ်ဝတဲ့ ကောက်ပဲသီးနှံ၊ ပင်လယ်စာ၊ကြက်၊၀က်အသား၊ဥအမျိုး မျိုး၊နို့ထွက်ပစ္စည်း၊အစိမ်းရော င်ဟင်းရွက်၊ပဲအမျိုးမျိုးကို စားပေးဖို့ လိုအပ်ပါတယ်။
၎။ တာရှည်စိတ်ဖိစီးခြင်း
စိတ်ဖိစီးမှု၊ ဟော်မုန်းထွက်ရှိမှုနဲ့ “ချရင်ချ မချရင်ပြေး” တုံ့ပြန်မှု(fight-or-fight response) တို့အတွက် ဦးနှောက်လိုအပ်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောတွေများလွန်းပါက ဘေးထွက်ဆိုးကျိုးအဖြစ် မှတ်ဥာဏ်အားနည်းသွားတတ်ပါတယ်။ နာတာရှည်စိတ်ဖိစီးမှုကိုခံရပါက ဦးနှောက်မှတ်ဥာဏ်ထိခိုက်လာနို င်ပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
အနားယူပေးပါ။ အနားယူခြင်း၊အိပ်စက်ခြင်းက မှတ်ဥာဏ်တွေကိုကောင်းစေပါတယ်။ အနားယူချိန်မှာ ဦးနှောက်က သင့်အတွက် အလုပ်လုပ်ပေးနေတာကြောင့် မှတ်ဥာဏ်ကောင်းဖို့ အနားယူသင့်ပါတယ်။
၅။ အသက်ရှုလမ်းကြောင်း ပိတ်ခြင်းကြောင့် အိပ်ရင်း အသက်ရှုမ၀ခြင်း
ညဘက် အိပ်ကျင့်တွေကြောင့်လည်း မှတ်ဥာဏ်လျော့နိုင်ပါတယ်။ အိပ်စက်ချိန်မှာ အာခေါင်တွင်းရှိကြွက်သားတွေ အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့မှုကြောင့်ဖြစ်ပေါ်တဲ့ အိပ်နေရင်း အသက်ရှုမ၀တဲ့ရောဂါ (Sleep Apnoea) ခံစားရသူတွေဟာ မှတ်ဥာဏ်ကို သိမ်းဆည်းရာမှာ ကူညီတဲ့ ဦးနှောက်အစိတ်အပိုင်း တချို့ရှိ တစ်သျှုးတွေကို ပျက်စီးစေပါတယ်။ သွေးကြောတွေ ကျဉ်းလာခြင်းကြောင့် ဦးနှောက်ရှိတစ်သျှုးတွေ အောက်ဆီဂျင်မရတဲ့အခါမျိုးမှာလည်း ဆဲလ်တွေသေကုန်ကာ မှတ်ဥာဏ်လျော့နည်းနိုင်ပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
ကိုယ်အလေးချိန် (၁၀)ပေါင် မှ ပေါင်(၂၀) ကျော် လျှော့ချခြင်းဖြင့် ဒီရောဂါ လက္ခဏာတွေ လျော့နည်းစေနိုင်ပါတယ်။ ဒါမှမဟုတ် သေချာဆေးကုသမှုခံနိုင်ပါတယ်။
၆။ သွေးတိုးခြင်း
နှလုံးလိုပဲ ဦးနှောက်ကလည်း အလုပ်ကောင်းစွာလုပ်နိုင်ဖို့ သွေးကောင်းကောင်းလိုပါတယ်။ သွေးဖိအားများခြင်း၊သွေးတိုြး ခင်းကို
ထိန်းမထားနိုင်တဲ့အခါ၊ သွေးလွှတ်ကြောတွေ ပျက်စီးပြီးဦးနှောက်ဆီ
သွေးစီးဆင်းမှု လျော့နည်းသွားတဲ့အခါ မှတ်ဥာဏ်ကို ထိခိုက်စေနိုင်ပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
ဆရာဝန်နဲ့ ပြပြီး သွေးတိုးကျအောင်လုပ်ပါ။ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေစား၊ ကိုယ်အလေးချိန်ကို ထိန်းပေးခြင်းဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင်ပြုလုပ်ပါ။
၇။ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်ခြင်း
မေ့တတ်လာတာဟာ သိုင်းရွိုက်ကောင်းစွာအလုပ်မလု ပ်တဲ့ Hypothyroidism
ရဲ့ လက္ခဏာတစ်ရပ် တစ်ခုဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းတွေက
ဟော်မုန်းအလုံအလောက် ထုတ်မပေးနိုင်တဲ့အခါ ဦးနှောက်အပါအ၀င် ကိုယ်တွင်းအင်္ဂ
ါတွေ အလုပ်လုပ်တာ နှေးလာတာကြောင့် မှတ်ဥာဏ်နဲ့
စိတ်ချို့ယွင်းတာတွေဖြစ်လာနိုင် ပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
သိုင်းရွိုက်ဟော်မုန်းထုတ်ပေးဖို့ အိုင်အိုဒင်းဓာတ်လျော့နည်းတာဟာ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်နိုင်တာရဲ့အဓိက အကြောင်းရင်းပါ။ အိုင်အိုဒင်းဆားသုံးစွဲပေးပါ။နို့ထွက်ပစ္စည်း၊ပင်လယ်စာ၊ဥနဲ့ ဟင်းသီးဟင်းရွက်တချို့မှာလည်း အိုင်အိုဒင်းဓာတ် ပါရှိပါတယ်။
၈။ နေ့ညမှားခြင်း
ဝေးလွန်းတဲ့နိုင်ငံတွေကို ခရီးထွက်ရာမှာ ဒေသန္တရအချိန်ကွာဟချက်ကြောင့် နေ့နဲ့ည မှားကာ အိပ်ချိန်ပြောင်းခြင်းကလည်း ဦးနှောက်ရှိမှတ်ဥာဏ်သိမ်းဆည်း တဲ့ ဖြစ်စဉ်ကိုပါ ပြောင်းစေနိုင်ပါတယ်။ ဒီလို ဇီဝနာရီ မကြာခဏ ပြောင်းနေရင် ဦးနှောက်မှတ်ဥာဏ်ကို ထိခိုက်စေနိုင်ပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
ကောင်းကောင်းအိပ်ပါ။ အိပ်နေစဉ်မှာ ဦးနှောက်က အလိုလိုမှတ်ဥာဏ်တွေကို သေချာစီပေးထားတာကြောင့် နောက်ပိုင်းမှတ်ဥာဏ်ပြန်ခေါ်ရာမှာ
ပိုလွယ်ကူစေပါတယ်။ နေ့ညမှားခြင်းကြောင့် ဖြစ်ပေါ်တဲ့ မှတ်ဥာဏ်ပြဿနာတွေကို
ရှောင်နိုင်စေဖို့ တစ်နာရီကြာ အချိန်ကွာခြားချက်အတွက် တစ်ရက်စာ
အချိန်ယူဖို့ လိုပါတယ်။ ညဘက်မှာ အလုပ်လုပ်ရသူတွေအနေနဲ့လည်း
နေ့လ်ဘက်အိပ်ရာမှ နေ့အလင်းရောင်မရအောင် အခန်းကိုအမှောင်ချပြီး အိပ်မှသာ
နေ့ညမှားလို့ယ မှတ်ဥာဏ်ချို့ယွင်းမှုမှ ကာကွယ်နိုင်မှာပါ။
၉။မကောင်းမြင်စိတ်ထားခြင်း
အသက်ကြီးလာတာနဲ့အမျှ မှတ်ဥာဏ်ကောင်းတော့ဘူးလို့ ထင်နေသူတွေဟာ စကားနောက်တရားပါ ဆိုသလို တကယ်ပဲ မကောင်းမြင်စိတ်ကြောင့် မှတ်ဥာဏ်လျော့နည်းသွားနိုင်ပါ တယ်။ အသက်အရွယ်အိုမင်းတာ၊မေ့လျော့တတ် တာနဲ့ ပတ်သက်ပြီး အဆိုးမြင်းစိတ်မရှိပါမှ မှတ်ဥာဏ်လျော့တာ သက်သာမှာပါ။
မှတ်ဥာဏ်ကောင်းလိုပါက
ကိုယ့်အသက်အရွယ် အိုမင်းလာတဲ့အပေါ် စိတ်ပျက်ခြင်းမရှိဘဲ ကောင်းစွာရင်ဆိုင်နိုင်သူတွေဟာ အိုမင်းခြင်းအပေါ် အပြစ်ဖို့လိုသူတွေထက် ဥာဏ်ပိုကောင်းနိုင်ပါတယ်။ အကောင်းမြင်စိတ်ရှိသူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံတွေနဲ့ နေတတ်ကြပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေး တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာကိုစားတယ်။ အရက်၊ဆေးလိပ်ရှောင်တယ်။ ဒါကြောင့်လည်း သူတို့ရဲ့ မှတ်ဥာဏ်တွေပိုပြီး ထက်သန်နေကြတာပါ။
၁၀။ အထီကျန်ခြင်း
တစ်ကိုယ်တည်းအထီးကျန်ခြင်းဟာ ဆေးလိပ်စွဲခြင်း၊အရက်စွဲခြင်း၊ အ၀လွန်ခြင်းတို့
ထက်စာရင် ကျန်းမာရေးအတွက် ပိုပြီးတောင်ဆိုးစေနိုင်ပါတယ်။
ကျန်းမာရေးအတွက်သာမက မှတ်ဥာဏ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သင်ကြားရေးမှာ
အရေးကြီးတဲ့ ဦးနှောက်အစိတ်အပိုင်းဟာ လူမှုဆက်ဆံရေးကောင်းသူတွေမှာ
အထီးကျန်သူတွေထက်ပိုပြီး တက်ကြွနေတာတွေ့ရပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
တစ်နေ့ကို အနည်းဆုံးလူတစ်ယောက်နဲ့ (၁၀)မိနစ်လောက် စကားပြောဆိုခြင်းက မှတ်ဥာဏ်တုံးခြင်းကို ကာကွယ်ပေးပါတယ်။ ဖုန်းနဲ့ပဲပြောပြော၊ မိသားစုဆီပဲသွားလည်လည်၊ သူငယ်ချင်းတွေနဲ့ပဲ တွေ့တွေ့ လူလူချင်းဆက်ဆံခြင်းက မှတ်ဥာဏ်အတွက် အထောက်အကူပြုပါတယ်။
ဒေါက်တာနုမြတ်
ကျွန်မတို့ လုပ်ကိုင်နေတဲ့အရာတွေအားလုံးလို
ကျွန်မတို့ အားလုံး မေ့တတ်ကြပါတယ်။ ဦးနှောက်မှတ်ဥာဏ်ထဲ မှတ်ရတာတွေများလေလေ၊ ပိုပြီး မေ့လျော့တတ်လေလေပါပဲ။ ဒါပေမယ့် ဦးနှောက်ရှင်းပြီးမှတ်ဥာဏ်ကော
၁။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ဘာကိုယ်လက်လှုပ်ရှားမှုမှ မရှိဘဲ အိမ်မှာ ဆိုဖာပေါ်တစ်နေကုန် တီဗွီထိုင်ကြည့်ခြင်းက ကျန်းမာရေးအတွက် အင်မတန်ဆိုးရွားတဲ့ အကျင့်တစ်ခုပါ။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေများစေသလို အသက်ကြီးတဲ့အခါ မှတ်ဥာဏ်လျော့နည်းတာနဲ့ ရူးသွပ်တာဖြစ်နိုင်ခြေလည်း များစေပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
မှတ်ဥာဏ်ထက်သန်စေလိုရင် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အရေးကြီးပါတယ်။ လှုပ်ရှားမှုရှိပါက ဦးနှောက်ထဲသွေးစီးဆင်းမှု ကောင်းသလို ဂလူးကိုစ့်နဲ့ အောက်ဆီဂျင်လည်း ပိုရောက်စေတာကြောင့် ဦးနှောက်လုပ်ငန်းဆိုင်ရာ ပိုကောင်းစေပြီး မှတ်ဥာဏ်ကောင်းစေပါတယ်။ အသက်အိုမင်းလာတဲ့အခါ ဦးနှောက်အရွယ်အစား ကျုံ့တတ်ပြီး မှတ်ဥာဏ်ဆိုင်ရာ ပြဿနာပေါ်လာတတ်ပါတယ်။ တစ်နေ့ကို တစ်ကီလိုမီတာနဲ့အထက် လမ်းပုံမှန်လျှောက်ပေးခြင်းက ဦးနှောက်ကျုံ့ပြီး၊ အသက်ကြီးဘို့ မှတ်ဥာဏ်လျော့နည်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
၂။ အ၀လွန်ခြင်း
ရှိသင့်တဲ့ အလေးချိန်ထက်ပိုများပါက မှတ်ဥာဏ်ကိုထိခိုက်စေပါတယ်။ ခန္ဓာကိုယ်အဆီမှထွက်ရှိတဲ့ Cytokine ဟော်မုန်းဟာ ရောင်ရမ်းမှုဖြစ်စေတာကြေင့် ဦးနှောက်မှတ်ဥာဏ်ကို ထိခိုက်စေပါတယ်။
မှတ်ဥာဏ်ကောင်းလိုပါက
အယ်လ်ကိုဟော သောက်သုံးမှုကို လျှော့ချပါက ၀ိတ်လျော့စေနိုင်သလို အရက်နဲ့ဆက်နွှယ်တဲ့ ဦးနှောက်ထိခိုက်မှုဖြစ်နိုင်ြေ
၃။ အာဟာရချို့တဲ့ခြင်း
ကားမောင်းဖို့ဓာတ်ဆီ၊ ဒီဇယ်ဆီလိုအပ်သလို ဦးနှောက်ကိုမောင်းပေးဖို့လည်း လောင်စာလိုအပ်ပါတယ်။ ဒါပေမယ့် လောင်စာတိုင်းနဲ့ အဆင်မပြေပါဘူး။ မှတ်ဥာဏ်ကောင်းဖို့ဆိုတာ ကိုယ်စားသောက်တဲ့ အစားအစာပေါ်လည်း မူတည်နေပါတယ်။ နှလုံးရောဂါဖြစ်စေနိုင်တဲ့ အစာမှန်သမျှက မှတ်ဥာဏ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အာရုံကြော ထိခိုက်ခြင်းဟာ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့ခြင်း ဒါမှမဟုတ် များလွန်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီအခါ မှတ်ဥာဏ်လျော့နည်းခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းလျော့
မှတ်ဥာဏ်ကောင်းလိုပါက
ဗီတာမင်ဘီကို လုံလောက်စွာ သုံးစွဲခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဖောလစ်အက်စစ်၊ဗီတာမင် ဘီ(6) နဲ့ဗီတာမင် ဘီ(12) လို ဗီတာမင်ဘီတချို့ဟာ သွေးထဲရှိ အမိုင်နိုအက်စစ် Homocystine ပမာဏကို ထိန်းချုပ်ပေးတာကြောင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ မှတ်ဥာဏ်ကာကွယ်ဖို့ ဗီတာမင်ဘီကြွယ်ဝတဲ့ ကောက်ပဲသီးနှံ၊ ပင်လယ်စာ၊ကြက်၊၀က်အသား၊ဥအမျိုး
၎။ တာရှည်စိတ်ဖိစီးခြင်း
စိတ်ဖိစီးမှု၊ ဟော်မုန်းထွက်ရှိမှုနဲ့ “ချရင်ချ မချရင်ပြေး” တုံ့ပြန်မှု(fight-or-fight response) တို့အတွက် ဦးနှောက်လိုအပ်ပါတယ်။ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောတွေများလွန်းပါက ဘေးထွက်ဆိုးကျိုးအဖြစ် မှတ်ဥာဏ်အားနည်းသွားတတ်ပါတယ်။ နာတာရှည်စိတ်ဖိစီးမှုကိုခံရပါက ဦးနှောက်မှတ်ဥာဏ်ထိခိုက်လာနို
မှတ်ဥာဏ်ကောင်းလိုပါက
အနားယူပေးပါ။ အနားယူခြင်း၊အိပ်စက်ခြင်းက မှတ်ဥာဏ်တွေကိုကောင်းစေပါတယ်။ အနားယူချိန်မှာ ဦးနှောက်က သင့်အတွက် အလုပ်လုပ်ပေးနေတာကြောင့် မှတ်ဥာဏ်ကောင်းဖို့ အနားယူသင့်ပါတယ်။
၅။ အသက်ရှုလမ်းကြောင်း ပိတ်ခြင်းကြောင့် အိပ်ရင်း အသက်ရှုမ၀ခြင်း
ညဘက် အိပ်ကျင့်တွေကြောင့်လည်း မှတ်ဥာဏ်လျော့နိုင်ပါတယ်။ အိပ်စက်ချိန်မှာ အာခေါင်တွင်းရှိကြွက်သားတွေ အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့မှုကြောင့်ဖြစ်ပေါ်တဲ့ အိပ်နေရင်း အသက်ရှုမ၀တဲ့ရောဂါ (Sleep Apnoea) ခံစားရသူတွေဟာ မှတ်ဥာဏ်ကို သိမ်းဆည်းရာမှာ ကူညီတဲ့ ဦးနှောက်အစိတ်အပိုင်း တချို့ရှိ တစ်သျှုးတွေကို ပျက်စီးစေပါတယ်။ သွေးကြောတွေ ကျဉ်းလာခြင်းကြောင့် ဦးနှောက်ရှိတစ်သျှုးတွေ အောက်ဆီဂျင်မရတဲ့အခါမျိုးမှာလည်
မှတ်ဥာဏ်ကောင်းလိုပါက
ကိုယ်အလေးချိန် (၁၀)ပေါင် မှ ပေါင်(၂၀) ကျော် လျှော့ချခြင်းဖြင့် ဒီရောဂါ လက္ခဏာတွေ လျော့နည်းစေနိုင်ပါတယ်။ ဒါမှမဟုတ် သေချာဆေးကုသမှုခံနိုင်ပါတယ်။
၆။ သွေးတိုးခြင်း
နှလုံးလိုပဲ ဦးနှောက်ကလည်း အလုပ်ကောင်းစွာလုပ်နိုင်ဖို့ သွေးကောင်းကောင်းလိုပါတယ်။ သွေးဖိအားများခြင်း၊သွေးတိုြး
မှတ်ဥာဏ်ကောင်းလိုပါက
ဆရာဝန်နဲ့ ပြပြီး သွေးတိုးကျအောင်လုပ်ပါ။ ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေစား၊ ကိုယ်အလေးချိန်ကို ထိန်းပေးခြင်းဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင်ပြုလုပ်ပါ။
၇။ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်ခြင်း
မေ့တတ်လာတာဟာ သိုင်းရွိုက်ကောင်းစွာအလုပ်မလု
မှတ်ဥာဏ်ကောင်းလိုပါက
သိုင်းရွိုက်ဟော်မုန်းထုတ်ပေးဖု
၈။ နေ့ညမှားခြင်း
ဝေးလွန်းတဲ့နိုင်ငံတွေကို ခရီးထွက်ရာမှာ ဒေသန္တရအချိန်ကွာဟချက်ကြောင့် နေ့နဲ့ည မှားကာ အိပ်ချိန်ပြောင်းခြင်းကလည်း ဦးနှောက်ရှိမှတ်ဥာဏ်သိမ်းဆည်း
မှတ်ဥာဏ်ကောင်းလိုပါက
ကောင်းကောင်းအိပ်ပါ။ အိပ်နေစဉ်မှာ ဦးနှောက်က အလိုလိုမှတ်ဥာဏ်တွေကို သေချာစီပေးထားတာကြောင့် နောက်ပိုင်းမှတ်ဥာဏ်ပြန်ခေါ်ရာမှ
၉။မကောင်းမြင်စိတ်ထားခြင်း
အသက်ကြီးလာတာနဲ့အမျှ မှတ်ဥာဏ်ကောင်းတော့ဘူးလို့ ထင်နေသူတွေဟာ စကားနောက်တရားပါ ဆိုသလို တကယ်ပဲ မကောင်းမြင်စိတ်ကြောင့် မှတ်ဥာဏ်လျော့နည်းသွားနိုင်ပါ
မှတ်ဥာဏ်ကောင်းလိုပါက
ကိုယ့်အသက်အရွယ် အိုမင်းလာတဲ့အပေါ် စိတ်ပျက်ခြင်းမရှိဘဲ ကောင်းစွာရင်ဆိုင်နိုင်သူတွေဟာ အိုမင်းခြင်းအပေါ် အပြစ်ဖို့လိုသူတွေထက် ဥာဏ်ပိုကောင်းနိုင်ပါတယ်။ အကောင်းမြင်စိတ်ရှိသူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံတွေနဲ့ နေတတ်ကြပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေး
၁၀။ အထီကျန်ခြင်း
တစ်ကိုယ်တည်းအထီးကျန်ခြင်းဟာ ဆေးလိပ်စွဲခြင်း၊အရက်စွဲခြင်း၊
မှတ်ဥာဏ်ကောင်းလိုပါက
တစ်နေ့ကို အနည်းဆုံးလူတစ်ယောက်နဲ့ (၁၀)မိနစ်လောက် စကားပြောဆိုခြင်းက မှတ်ဥာဏ်တုံးခြင်းကို ကာကွယ်ပေးပါတယ်။ ဖုန်းနဲ့ပဲပြောပြော၊ မိသားစုဆီပဲသွားလည်လည်၊ သူငယ်ချင်းတွေနဲ့ပဲ တွေ့တွေ့ လူလူချင်းဆက်ဆံခြင်းက မှတ်ဥာဏ်အတွက် အထောက်အကူပြုပါတယ်။
ဒေါက်တာနုမြတ်
No comments:
Post a Comment