Wednesday, August 31, 2011

အရူးများ

by Myanmar Jokes on Wednesday, August 31, 2011 at 2:59pm
 
စိတ္တဇဆေးရုံတွင်ဖြစ်သည်။
လူနာများကို ရောဂါသက်သာမသာ စစ်ဆေးရန်
ခုံတန်းများတွင် ဆေးများသုတ်ထားပြီး ရုပ်ရှင်ပြသည်။
လူနာအားလုံးသည်…ထိုင်ချပြီးကြည့်ကြသည်..
ထိုအထဲတွင် လူနာတယောက်က သတင်းစာကိုခုံတန်းတွင်ခင်းလိုက်သည်။ ပြီးမှကြည့်သည်…

ဆေးရုံအုပ်ကြီးသည်…ဒီလူနာသက်သာပြီဟု သတ်မှတ်ပြီး အိမ်သို့ပြန်ခွင့်ပြုလိုက်သည်.
အိမ်ေ၇ာက်သော်…လူနာကိုသူဧ။်မိခင်ကမေးသည်..
အမေ ။ သား …သားကခုံမှာဆေးသုတ်ထားတာသိလို့သတင်းစာခင်းလိုက်တာလား?
လူနာ ။ အာ …အမေကလည်း…လူတွေအများကြီးသားေ၇ှ့မှာရှိနေတာကို…..မမြင်ရလို့
ပိုမြင့်သွားအောင် ခင်းလိုက်တာ…:P
(ZNY)

စိတ္တဇဆေးရုံတွင်ဖြစ်သည်
အရူးများ များလွန်းသဖြင့် အရူးလျော့ပေါ့ရေးအစီစဉ်ဖြင့်
ဆေးရုံအုပ်ကြီးသည် အခြေနေအကောင်းဆုံး အရူးလေးယောက်အား
ခေါ်ယူကာ မေးခွန်းတစ်ခွန်းဖြင့် မေးကာ စမ်းသပ်လေ၏
 “ကဲကဲ နံပါတ်(၁) အရူး မင်းစ ဖြေကွာ နှစ်နှလီဘယ်လောက်လဲ”
အရူး(၁)= “နှစ်နှစ်လီ ဟစ်တလာ ပါဆရာ”  အခြေနေမကောင်း။

 “ကဲ နံပါတ်(၂)ဖြေကွာ”
အရူး(၂)= “နှစ်နှစ်လီ ခွေး ပါ”    တော်တော်ဆိုး၏။

“နံပါတ်(၃)ဖြေပါ”
အရူး(၃)= “နှစ်နှစ်လီ အင်္ဂါနေ့ ပါခင်ဗျ”   ပိုဆိုး၏။ ဆေးရုံအုပ်ကြီးစိတ်ဓါတ်ကျသွားသည်။

“ကဲကဲနောက်ဆုံးအရူး မင်းဖြေစမ်းကွာ”
နောက်ဆုံးအရူး= “နှစ်နှလီ လေးပါ ဆရာ”

အင်း... ဒီကောင်ကတော့ အခြေနေမဆိုးဘူးပဲ
“ဒီကောင့်ကိုဆေးရုံက ဆင်းခွင့်ပေးလိုက်ပါကွာ”
“သြော်ဒါနဲ့နေပါအုံး မင်းဘယ်လိုလုပ် အဖြေကို လေးရတာလဲကွ”

“ခင်ဗျားတို့က ကျုပ်ကို ငတုံး များမှတ်နေကြလားဗျ
ခင်ဗျားတို့ ဟစ်တလာကို ခွေးနဲ့စားကြည့်လိုက် ရလာတဲ့အဖြေကို
အဂ်ါနေ့နဲ့ မြှောက်ရင် လေးမရလို့ ဘာရမှာတုန်း”။
(ZP)

Copy from MM Humour

No comments:

Post a Comment