သင့်အမေရဲ့
ဝမ်းကြာတိုက်မှာ ရှိစဉ်က သင်ပေးခဲ့တဲ့ နာကျင်မှုတွေကို သူမ ခံစားခဲ့ရတယ်။
သင်က သူမကို ကျေးဇူးဆပ်တယ်... တစ်နေကုန်သူမကို ကန်ကျောက်ရင်းနဲ့ပေါ့....
သင် ၁ နှစ် အရွယ်မှာ အမေက သင့်ကို ပထမဆုံး မွေးနေ့ပွဲ ကျင်းပပေးတယ်။ သင်က ကျေးဇူးဆပ်တယ်... တစ်နေ့လုံး အော်ဟစ် ငိုကြွေးရင်းနဲ့ပေါ့။
သင် ၂ နှစ် အရွယ်ရောက်တော့ အမေက သင့်ကို စကားပြော စသင်ပေးတယ်။ သင်က ကျေးဇူးဆပ်တယ်.... မေ...မေ လို့ မြည်တမ်းရင်းနဲ့ပေါ့။
သင်
အသက် ၃ နှစ် အရွယ်ရောက်တော့...အမေက သင့်ကို ပန်းခြံကိုခေါ်သွားတယ်။ သင်က
အမေ့ကို ကျေးဇူးဆပ်တယ်...ရေကန်ဘေးမှာ ပတ်ပြေးရင်း ဘဲလေးတွေနောက်ကို
လိုက်ရင်းနဲ့ပေါ့။
သင် ၄ နှစ် အရွယ်ရောက်တော့... သင့်အမေက
သင့်အတွက် အရုပ်လေးတွေ ၀ယ်လာတယ်။ သင်က ကျေးဇူးဆပ်တယ်... နောက်နေ့ကျရင်
အရုပ်လေးတွေ တစ်စစီဖြစ်လို့ပေါ့။
သင် ၅ နှစ် သား အရွယ်မှာ အမေက သင့်ကို ပုံပြင်စာအုပ် တစ်အုပ် ၀ယ်လာတယ်။ သင်က ကျေးဇူးဆပ်တယ်... အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲလို့ပေါ့။
သင်
၆ နှစ် အရွယ် ရောက်တော့ သင့်အမေက သင့်ကို မူကြိုထားပေးတယ်...
သူငယ်ချင်းတွေ ရအောင်လို့ပေါ့။ သင် က အမေ့ကို ကျေးဇူးဆပ်တယ်.... သင့်
အတန်းဖော်နဲ့ ရန်ဖြစ်လို့ပေါ့။
သင် ၇ နှစ် အရွယ်မှာ
ကျောင်းတက်တာ ပထမဆုံးအနေနဲ့ သင့်အမေက နေ့လည်စာ
ကောင်းကောင်းထည့်ပေးလိုက်တယ်။ သင်က ကျေးဇူးဆပ်တယ်... အတန်းထဲမှာ
ပြန့်ကြဲပြီး လွှင့်ပစ်ရင်းနဲ့ပေါ့။
သင် အသက် ၈ နှစ်မှာ... အမေက ရေခဲမုန့် ၀ယ်ကျွေးတယ်။ သင်က ကျေးဇူးဆပ်တယ်...သင့်ပေါင်ပေါ်မှာ ရေခဲမုန့်တွေ စက်လက် ဖိတ်စင်လို့ပေါ့။
သင် အသက် ၉ နှစ် မှာ သူမက စန္ဒရားတီး သင်စေတယ်။ သင် က ကျေးဇူးဆပ်တယ်... လေ့ကျင့်မှု ပျက်ကွက်ရင်းနဲ့ပေါ့။
သင်
အသက် ၁၀နှစ်မှာ တနေကုန် သူမက ကားမောင်းပြီး လိုက်ပို့ပေးတယ်။ သင်က
ကျေးဇူးဆပ်တယ်...ကားထဲက ခုန်ထွက်ပြီး လှည့်တောင်မကြည့်ခဲ့ရင်းနဲ့ပေါ့။
သင်
အသက် ၁၁ နှစ်မှာ အမေက သင်နဲ့ သင့်သူငယ်ချင်းတွေကို ရုပ်ရှင်လိုက်ပြတယ်။
သင်က ကျေးဇူးဆပ်တယ်..ကြိုက်တဲ့နေရာမှာ ထိုင်ခွင့်ပေးဖို့ပေါ့...
သင်
၁၂ နှစ်မှာ အမေက သင့်ကို တချို့သော ရုပ်ရှင်တွေ မကြည့်ရဘူးလို့
သတိပေးတယ်။ သင်က ကျေးဇူးဆပ်တယ်... သူမ အိမ်က ထွက်မဲ့ အချိန်ကို
စောင့်မျှော်ရင်းနဲ့ပေါ့။
သင် အသက် ၁၃ နှစ်မှာ သူမက သင်နဲ့
လိုက်ဖက်သင့်တော်မဲ့ ဆံပင်ပုံစံ ညှုပ်ခိုင်းတယ်။ သင်က ကျေးဇူးဆပ်တယ်...
အလှအပ အမြင်မရှိဘူးဆိုပြီးတော့ပေါ့။
သင် အသက် ၁၄ နှစ်မှာ
သူမက သင့်ကို နွေရာသီ သင်တန်းကို ပိုက်ဆံကုန်ခံပြီး ပို့တယ်။
သင်ကကျေးဇူးဆပ်တယ်... စာလေးတစ်စောင်တောင်သူမကို ရေးဖို့
မေ့လျော့နေရင်းနဲ့ပေါ့။
သင် အသက် ၁၅ နှစ်မှာ... သူမ အလုပ်က
အိမ်ပြန်လာတော့... သင့်ကို ပွေ့ဖက်ဖို့ လိုက်ရှာတယ်။ သင်က
ကျေးဇူးတင်တယ်...သင့်အိပ်ခန်းတံခါးကို သော့ခတ်ထားရင်းနဲ့ပေါ့။
သင် အသက် ၁၆ နှစ်မှာ... အမေက သင့်ကို ကားမောင်းသင်ပေးတယ်။ သင်က ကျေးဇူးဆပ်တယ်...အခွင့်အရေးရတိုင်း လျှောက်လည်ရင်းနဲ့ပေါ့။
သင်အသက်
၁၇ နှစ်မှာ.. သူမက သင့်ဆီက အရေးတကြီးဆက်လာမဲ့ဖုန်းကို မျှော်တယ်။ သင်က
ကျေးဇူးဆပ်တယ်... တညလုံး ချစ်သူနဲ့ ဖုန်းဆက်ပြောလို့ပေါ့။
သင်
အသက် ၁၈ နှစ်မှာ ... သင့်အမေက သင့်ရဲ့ အထက်တန်းပညာရေးအတွက်
တွန်းအားပေးတယ်။ သင်က ကျေးဇူးဆပ်တယ်... မနက်မိုးလင်းတဲ့ အထိ ပါတီပွဲတွေ
တက်ရင်းနဲ့ပေါ့။
သင် အသက် ၁၉ နှစ်မှာ အမေက သင့်ကို
ကောလိပ်ကျူရှင်ဖိုး တွေ ထောက်ပံ့တယ်... ကျောင်းဝင်းထဲအထိ အိတ်တွေ သယ်ရင်း
လိုက်ပို့ပေးတယ်။ သင်က ကျေးဇူးဆပ်တယ်... နှုတ်ဆက်စကားဆိုရင်း ကျောင်းအ၀မှာ
ကားရပ်ခိုင်းတယ်။ သင့်သူငယ်ချင်းတွေရှေ့မှာ အရှက်မရစေဖို့ပေါ့။
သင်
အသက် ၂၅ နှစ်မှာ အမေက သင့်ကို မင်္ဂလာဆောင်ပေးတယ်။ သူမ ငိုပြီး သင့်ကို
ဘယ်လောက် ချစ်ကြောင်း ရင်ဖွင့်တယ်။ သင်က ကျေးဇူးဆပ်တယ်... မိသားစု
သီးသန့်ခွဲနေဖို့ပေါ့။
သင် အသက် ၅၀ မှာ အမေက
နေမကောင်းဖြစ်တော့ သင့်ရဲ့ အပြုအစုကို သူမလိုအပ်တယ်။ သင်က
ကျေးဇူးဆပ်တယ်... မိဘတွေသားသမီးအပေါ်မှာ ထားရမဲ့ ၀တ္တရားတွေ
ရွတ်ဆိုရင်းနဲ့ပေါ့။
တစ်နေ့တော့ သူမ တိတ်တဆိတ် လောကကြီးက
စွန့်ခွာသွားတယ်...အဲဒီအခါတောင် သင့်ရဲ့နှလုံးသားက မိုးကြိုးပစ်သလို
တုန်လှုပ်မှု ဘာမှ မရှိခဲ့ပါလား။
တကယ်လို့ သင်လဲ သင့်အမေကို ချစ်တယ်... လေးလေးနက်နက် အချိန်မနှောင်းမီ ကျေးဇူးဆပ်ချင်တယ်ဆိုရင် ဒီစာလေးကို like လုပ်ပေးပါနော်....
နှစ်သက်နိုင်ကြပါစေ။
မူရင်း၊ ၊ board of wisdom မှ ဘာသာပြန်သည်။
ကျေးဇူးတင်ပါသည်။
(ဇေယျာ)28/Sep/2011,Wednesday,0938 am
No comments:
Post a Comment