သင်တန်းတက် နာမည်စာရင်းအရ ကျနော် ဘေးမှာ သူမ
(ဧည့်) တဲ့ ရင်မှာ ခံစားရိုက်ခက်မိတော့ နိုင်ငံ က သူကို အာမခံ မပေးပဲကို
သူမ မှတ်ပုံတင် ကြောင့် မှတ်ချက်က လဝက ကို 'လူညစ်တွေ' တဲ့။
သူမနဲ့ ချစ်သူဖြစ်လာ နိုင်ခွင့်အဖြစ် လက်တွဲလို့ မီးပုံပွဲ နွဲခဲ့ကြဖူးတယ်
ပုဂံ ဗူး ဘုရား အနီး ဧရာဝတီမြစ် လည်က သဲသောင်းပြင်ထက်မှာ
သြော် . . . သူဆီရောက်သွားတဲ့ ကျနော်ဘဝအိမ်မက်။
ကံ ပေးတဲ့ ရွယ်သူတွေ ဖြစ်ချင်တော့ အခြေအနေက ပြောင် ခဲ့တယ်
နေ နဲ့ လ သဘာဝ တရားလို မရှောင် သော်လည် ဝေး လို့ မနီးသလို
ဆိုးဝါးတာက ကချင်တောင်တန်းက တရုတ်လုပ်ချိန်ကိုက် 'ဗုံး' ပေလား။
မြစ်ဆုံဆည် နယူးယောက်မြို့ကြောင့် ဧရာဝတီ လန့်နိုးလာပြီ
သောက်စရာ ရေလဲမရှိ လမ်းတစ်လျှောက် ရွှေ ကောက်မလို့လား
ဒီဘဝမှာတော့ အချစ်အိမ် ကို သဲပေါ်မှာ မဆောက်လိုပါ။
အနာဂတ် မျိုးဆက်သစ် သားသမီးတွေအတွက် လည် ဆက်ချစ်ပါရစေ
ထာဝရ ကျယ်လွင်တဲ့ မြစ် သဲသောင်ကျွန်း အလည်မှာ ချစ်ကမ္ဘာတည်
မီးပုံ ပွဲလေးနဲ့ ကျနော့်လို ချစ်သူစစ် ရွေးစေမယ်။
မင်းနဲ့ ထာဝရ မခွဲစတမ်း အိမ်မက်တွေ ဆက်မက်နေမယ်။
No comments:
Post a Comment