ယောက်ျား မိန်းမ တွေးရယ်စရာ
- ကောင်လေး ပိုက်ဆံရှိလာရင် အိမ်က မိန်းမနဲ့ လမ်းခွဲဖို့ စဉ်းစားတယ်။ ကောင်လေး ပိုက်ဆံမရှိရင် အိမ်က မိန်းမက သူနဲ့ လမ်းခွဲဖို့ စဉ်းစားတယ်။
- ကောင်လေး ပိုက်ဆံ မရှိရင် မိန်းမက စိတ်ပူတယ်။ ကောင်လေး ပိုက်ဆံရှိရင် အိမ်က မိန်းမ နောင်တရတယ်။
- ကောင်လေး ဟာ သူ့မိန်းမ နောက်ကွယ်မှာ ဖောက်ပြန်ရင် လုပ်စရာ အလုပ်တွေများနေတတ်တယ်။ မိန်းကလေး က နောက်ကွယ်မှာ ဖောက်ပြန်ရင်တော့ ချက်တဲ့ဟင်း တနေ့တခြား ပိုငံလာတတ်တယ်။
- ကောင်လေး က သူ့ရဲ့ ချစ်သူမိန်းကလေးကို သူ့ညီအကိုတွေကို ပြုစုစောင့်ရှောက်ခိုင်းတယ်။ နောက်ဆုံး အဲဒီမိန်းကလေးက အဲဒီညီအကိုရဲ့ စွမ်းရည်ကြောင့် ညီ အကိုရဲ့ ဇနီးဖြစ်သွားတယ်။ မိန်းကလေးက သူ့ရဲ့ ချစ်သူ ကောင်လေးကို သူ့ညီ အမ တွေကို ပြုစုစောင့်ရှောက်ခိုင်းတယ်။ နောက်ဆုံး သူ့ညီမတွေ က သူတို့ ဘာမှ မတတ်နိုင်ပဲ ချစ်သူကောင်လေးရဲ့ ဇနီးဖြစ်သွားတယ်။
- ရှုံးနိမ့်နေတဲံ့ ယောကျာ်း လေး ဟာ သူ့ဇနီးကို တခြားလူနဲ့ နှိုင်းယှဉ်တယ်။ အောင်မြင်တဲ့ ဇနီက သူ့ယောက်ျားကို တခြားလူနဲ့ နှိုင်းယှဉ်တယ်။
- ကောင်လေးနဲ့ ကောင်မလေး ရန်ဖြစ် စိတ်ကောက်တဲ့အခါ... ကားမောင်းနေရင် မိန်းကလေး ဆိုရင် ဘရိတ်ကို နင်းတယ်။ ယောကျာ်းလေးဆိုရင်တော့ လီဗာ ကို နင်းတယ်။
- ကောင်လေးက ကောင်မလေးကို ချစ်တဲ့ အခါ အရမ်း လှတယ်လို့ ခံစားရတယ်။ လက်ထပ်ပြီးတော့ သာမန်လှတာပဲလို့ ခံစားရတယ်။ ပြတ်စဲတဲ့ အခါ မကြည့်ချင်လောက်အောင်လှတယ် လို့ ခံစားတယ်။ ပြတ်စဲပြီးတဲ့ အခါ ပြန်လှနေတယ် လို့ ခံစားရတယ်။ကောင်မလေးကျတော့ ကောင်လေးကို ချစ်တဲ့အခါ အရမ်း အပြစ်ကင်းတယ်လို့ ခံစားရတယ်။ လက်ထပ်ပြီးတော့ စကားမပြောချင်ကြတော့ဘူး။ လမ်းမခွဲခင်တော့ မာနတရားတွေ ထားကြတယ်။ လမ်းခွဲပြီးတော့ ကောင်လေးက အပြစ်ကင်းတဲ့ သူ ပြန်ဖြစ်သွားပြန်တယ်။
- ယောက်ျားလေးတွေ အရှက်ဆုံးက ကိုယ့်ဇနီး အရက်မူးပြီး ကောင်လေးရဲ့ မိတ်ဆွေတွေကို အနှောင့်အယှက်ပေးမှာကိုပါ။ မိန်းကလေးတွေ အရှက်ဆုံးက ကောင်လေးရဲ့ မိတ်ဆွေ အရက်မူးပြီးသူ့ကို အနှောင့်အယှက်ပေးမှာကိုပါ။
- ကောင်မလေးက ကောင်လေးကို "ငါသိတယ် ငါ မလှဘူးဆိုတာ" လို့ပြောတဲ့အခါ ကောင်လေးက သဘောတူတယ်လို့ မပြောဘူး။ ကောင်လေးက ကောင်မလေးကို "ငါက အရှုံးသမားပါ " လို့ပြောတဲ့ အခါ ကောင်မလေးက ကန့်ကွက် တယ်၊ မဖြစ်သင့်ဘူး လို့ ပြောလေ့ရှိတယ်။
- ယောက်ျားလေး ကားမောင်းတာ ရဲဖမ်းခံရရင် ရဲနဲ့ စကားများတယ်၊ မိန်းကလေးက ချစ်သူ ကောင်လေးကို ဖျောင်းဖျတယ်။ မိန်းကလေး ကားမောင်းလို့ ရဲဖမ်းခံရရင် ကောင်လေးနဲ့ စကားများတယ်။ ရဲက ဖျန်ဖြေပေးရတယ်။
- မိန်းကလေး ပိုက်ဆံ တစ်ထောင်ရှာလို့ရရင် သူ့ကောင်လေးကို တစ်ထောင်ရှာလို့ ရတယ်လို့ ပြောတယ်။ သူ့မိတ်ဆွေတွေကို ငါးရာပဲ ရတယ်လို့ ပြောတယ်။ယောက်ျားလေး ပိုက်ဆံ တစ်ထောင်ရှာလို့ရရင် သူ့ကောင်မလေးကို ငါးရာပဲ ရတယ်လို့ ပြောတယ်။ သူ့မိတ်ဆွေတွေကိုတော့ ၁၅၀၀ ရတယ်လို့ ပြောလေ့ရှိတယ်။
- မိန်းကလေးတစ်ယောက်က မိတ်ဆွေ မိန်းကလေး တစ်ယောက်ကို နှစ်သိမ့်တဲ့ အခါ မိမိ မကောင်းကြောင်း ညံ့ကြောင်းကို ဥပမာပေးနှစ်သိမ့်တယ်။ယောကျာ်းလေးတစ်ယောက်က မိတ်ဆွေ ယောက်ျားလေး တစ်ယောက်ကို နှစ်သိမ့်တဲ့အခါ တခြားကောင်လေးရဲ့ ညံ့ဖျင်းမှုကို ဥပမာပေးနှစ်သိမ့်တယ်။
- မိန်းကလေးတွေ ပိုက်ဆံ၇လာရင် သူ့ယောကျာ်းကို အ၀တ်အစားဆင်တယ်။ ယောက်ျားလေးတွေ ပိုက်ဆံရလာရင် တခြား မိန်းကလေးတစ်ယောက်ကို အ၀တ်အစားဆင်တယ်။
男人女人之间的恋爱定律 ကို ဘာသာပြန်သည်။
ရယ်မောနိုင်ကြပါစေ။
(ဇေယျာ)22/Sep/2011, Thursday, 09:20 am
No comments:
Post a Comment