by မီးပြတိုက် on Sunday, September 18, 2011 at 6:47am
- နေ့စဉ်နှင့်အမျှ
လူတွေဟာ တိုက်ပွဲနှစ်ခုကို ရင်ဆိုင်ကြရလိမ့်မည်....။ တစ်ခုမှာ အသက်
ဆက်လက် ရှင်သန်ဖို့ အတွက် တိုက်ရသော တိုက်ပွဲနှင့် နောက်တစ်ခုမှာ ဂုဏ်သိက္ခာ
အတွက် တိုက်ရသော တိုက်ပွဲပင်ဖြစ်သည်။ ဂုဏ်သိက္ခာ ရှိရှိနဲ့ နောက်တစ်ရက်ကို
ကူးမြောက် နိုင်သူမှသာ အမှန်တကယ် အောင်နိုင်သူ ပင်ဖြစ်ပေသည်။
- တစ်ဆင့်ပြီးတစ်ဆင့်၊
ဘယ်ညာဘယ်ညာ.....၊ ငါတို့တွေ နယ်ရုပ်စစ်သားတွေလိုပဲ ကျဆုံးနေကြ၊
အပိုင်းပိုင်းနှင့်... တစစီလွင့်စင်နေကြပြီး ဘယ်တော့မှ အနိုင်မရပေမယ့်
တိုက်ပွဲတွေကတော့ ငါတို့အတွက် ရှိနေဆဲ....။
-
စစ်ဆိုတာ လူငယ်တွေအတွက် သေဆုံးခြင်း၊ လူကြီးတွေအတွက် စကားပြောခြင်း။
- ခေါင်းဆောင်ဆိုသည်မှာ စစ်တိုက်ရန်အတွက်သာ စိတ်ကူးနေ၍မရပေ…။ ရဲမက်များ၏ ဘ၀ များကိုလည်း ကြည့်ရှုတတ်ရန် လိုအပ်ပေသည်။
- စစ်သည်တွေက
ဘုရင်ကိုမမြင်ဖူးပေ။ သို့သော် ဘုရင်ခိုင်းသမျှကို လုပ်ကြ၏။ ဘုရင်အတွက်
စစ်တိုက် နေကြ၏။ ဘုရင်ပြောသည့်အတိုင်း သေဆိုလျှင်သေ၊ ရှင်ဆိုလျှင်ရှင်ကြ၏။
အဘယ်ကြောင့်နည်း ????အမိန့်နာခံခြင်းကြောင့်ပင်ဖြစ်သည်။
- မနက်ဖြန်သို့
ရောက်သော် ယနေ့ဆိုသည်မှာ သမိုင်းဖြစ်သွားလိမ့်မည်။ ယနေ့
သင်လုပ်ခဲ့သမျှအတွက် နောင်တစ်ချိန်တွင် လူတွေက သင်နှင့် သင့်တော်သော
ခေါင်းစဉ်တစ်ခု တပ်ပေး ကြပါလိမ့်မည်။ ထိုခေါင်းစဉ်ကို သင် နှစ်သက်ချင်မှ
နှစ်သက်လိမ့်မည်၊ သို့သော် ၎င်းမှာ သင်ကိုယ်တိုင် ရေးခဲ့သော သမိုင်းပင်
ဖြစ်သည်။
- ကြိုက်မရှက်၊
ငိုက်မရှက်၊ ငတ်မရှက်။ ယိုသူမရှက် မြင်သူရှက် လို့ ရှေးလူကြီးတွေ
ပြောခဲ့ကြသည်။ ကြိုက်၍လည်းမဟုတ်၊ ငိုက်တာလည်းမဟုတ်၊ ငတ်၍လည်းမဟုတ်
ထိုသုံးခုလုံးနှင့် မငြိစွန်းပဲ ယနေ့ခေတ်တွင် လူအားလုံး မမြင်လျှင်
မြင်အောင် အရှက်ကင်းမဲ့စွာ မျက်နှာပြောင်တိုက်ပြ နေသူများကိုတော့
ထုံးစံအတိုင်း ဗီဇကြောင့်ဟူသော ခေါင်းစဉ်အောက်သို့သာ ဆွဲသွင်းရလိမ့်မည်။
- ခေတ်
ဟူသော စကားလုံးကို ကိုယ်လုပ်ချင်တာလုပ်ရန် အကာအကွယ်ယူပြီး ပြောကြသည့်
အကြိမ် အရေအတွက်သည် ကျန်တာအားလုံးထက် အဆပေါင်းများစွာ ပိုနေသည်။
- ငါမွေးတုန်းက ငါငိုတော့ လူတွေက ပြုံးလို့။ ငါသေခါနီးအချိန် လူတွေ ငိုနေချိန်မှာ သူတို့တွေကို ငါပြန်ပြုံးပြရအုံးမယ်။
- အထက်ကို တက်သွားတိုင်း တက်သွားတိုင်း အောက်ကို ပြန်ကျနိုင်တာကို သတိထားပါ။ အောက်ကို ကျသွား ချိန်များမှာလည်း ပြန်တက်ဖို့ ဇွဲရှိပါ။
- သတိ
လွတ်တဲ့အခါမှာ မှားသွားတယ်။ ဒါကြောင့် မြတ်စွာဘုရားက သတိနဲ့နေဖို့
ဒီလောက် ဦးစားပေးထားတာ။ လူတစ်ယောက်ရဲ့ စိတ်နေသဘောထား၊ အကျင့်သီလ၊ အသိဥာဏ်၊
လုပ်ရည် ကိုင်ရည်အားလုံး အဆင့် မြင့်မားလာဖို့ အခြေခံအကျဆုံး အချက်က သတိ
ပဲ။
- လောကမှာ အချို့ကိစ္စတွေဟာ အကြောင်းပြချက်မလိုဘူး။ ဥပမာ- အချစ်။
- ပိုက်ဆံ အကြွေး တင်တာထက် မေတ္တာ အကြွေးတင်တာက ပိုပြီးဆပ်ရခက်တယ်။
- အချစ်ဆိုတာ
ကစားစရာ မဟုတ်ဘူးဆိုပေမယ့် လူ တော်တော်များများကတော့ အချစ်ကို ကစားပြီး
ရရှိလာတဲ့ ပျော်ရွှင်မှုကို ကျေနပ် ဂုဏ်ယူနေတုန်းပါပဲ…။
- လူအချို့က
လူတွေကို မုန်းတယ်၊ မုန်းတယ်လို့ ဟစ်အော်ကြတယ်၊ အချို့က
လူတွေကိုသနားတယ်လို့ စုပ်သပ်ကြတယ်။ လူတွေက မုန်းစရာလား??၊ သနားစရာလား??။
အမှားမရှိပါဘူး။ မုန်းဖို့ကောင်းတဲ့ မကောင်းမှုတွေထဲမှာ သနားဖို့ကောင်းအောင်
မွေ့လျှော်နေတဲ့ အများဆုံးသတ္တ၀ါက လူသားဖြစ်နေလို့ပါ…။
- အသိအလိမ္မာ
ပညာရှိတွေကိုတောင် နစ်မြုပ်ပျက်စီးစေတဲ့ ရှုပ်ထွေးပွေလီတဲ့ မိန်းမတွေကို
ရှောင်နိုင်အောင် ကြိုးစားပါ။ ဘယ်လောက်လှလှ အကျင့်ယုတ် ပွေရှုပ်နေရင်
အနားမကပ်နဲ့။
- လူမိုက်တစ်ယောက်ရဲ့လျှာသည်
သူ၏ အကြံဥာဏ်များ၊ ထင်မြင်ချက်များကို ပြောဆိုဖို့အတွက် အဓိကအရာကြီး
ဖြစ်သည်။ ပညာရှိတစ်ယောက်၏ လျှာသည့် သူ၏ တတ်သိလိမ္မာမှုများကို
သိမ်းဆည်းထားသည့် အရာဖြစ်သည်။
- သဘာဝတရားကြီးက
ကျွန်ုပ်တို့ကို နားရွက်နှစ်ဖက်၊ မျက်စိနှစ်လုံးပေးအပ်ထားသည်။ သို့သော်
လျှာကိုတော့ တစ်ခုသာ ပေးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်
ဘ၀နိဂုံးချုပ်မည့် နောက်ဆုံး အချိန်အထိ ကျွန်ုပ်တို့ပါးစပ်မှ ပြောတာတွေထက်
ကျွန်ုပ်တို့၏ မျက်လုံးများနှင့် ကြည့် နားများနှင့် နားထောင်ခြင်းကို
ပို၍လုပ်သင့်သည်။
- ဘဝဟာ ဘယ်တော့မှ ခြောက်ပစ်မကင်းခဲ့ပါဘူး။ ရှင်သန်ခွင့် ရနေတဲ့ လက်ရှိအချိန်လေးကိုပဲ တန်ဖိုးထားလိုက်ပါ။
- စမ်းချောင်းလေးတခုတည်းက
တူညီတဲ့ ရေများပါပဲ။ ဒါပေမဲ့ တချို့က သူ့ကို ရွှေကရားနဲ့ ထည့်ထားတယ်။
တချို့က ရွှံ့မြေနဲ့ လုပ်ထားတဲ့ ခွက်ငယ်နဲ့ သောက်သုံးကြတယ်။ ရွှေကရားနဲ့
ရွှံ့မြေခွက် မရှိတဲ့သူတို့ကျတော့ လက်ခုပ်နဲ့ သောက်ရုံပဲ ရှိမယ်ပေါ့။
- ကျေးဇူးပြုပြီး ရွေးချယ်စရာတွေ အများကြီးမပေးပါနဲ့။ ငါ ဟာ ငါ ဖြစ်ဖို့ပဲ မွေးလာတာပါ။
No comments:
Post a Comment