Saturday, September 24, 2011

စကားပြောသော မျက်ရည်ပေါက်များ နှင့် မုသား မျက်နာထားများ

by Aye Yay on Saturday, September 24, 2011 at 1:55am



ရယ်ချင်သော အခါ ရင်ချင်လျှက်နှင့် မရယ်ဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

ငိုချင်သော အခါ ငိုချင်လျှက်နှင့် မငိုဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

ပြုံးချင်သော အခါ ပြုံးချင်လျှက်နှင့် မပြုံဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

ပြောချင်သော အခါ ပြောချင်လျှက်နှင့် မပြောဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

ရေးချင်သော အခါ ရေးချင်လျှက်နှင့် မရေးဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

ရယ်ချင်သောအခါ ဘာ့ကြောင့်ငါရယ် ဝါးဟားဟား လို့ ရယ်လိုက်စမ်းပါ
အို ဘယ့် မိတ်ဆွေ ချစ်မိတ်ဆွေ......

ငိုချင်သောအခါ ဘာ့ကြောင့်ငါငို အမေလေး လို ငိုလိုက်စမ်းပါ  
အို ဘယ့် မိတ်ဆွေ ချစ်မိတ်ဆွေ......

ပြုံးချင်သောအခါ ဘာ့ကြောင့်ငါပြုံး ပါးချိုင့်ပြုံးလား မဲ့ ပြုံးလား ပြုံးလိုက်စမ်းပါ  
အို ဘယ့် မိတ်ဆွေ ချစ်မိတ်ဆွေ......

ပြောချင်သောအခါ ဘာ့ကြောင့်ငါပြော ကျိုးကြောင်းဝေဖန် အမှန်ထောက်ရှု ထို ပြစ်မှုကို ရဲဝံ့စွာဖြင့် ပြောလိုက်စမ်းပါ
 အို ဘယ့် မိတ်ဆွေ ချစ်မိတ်ဆွေ......

ရေးချင်သောအခါ ဘာ့ကြောင့်ငါရေး သူတို့ သိလည်း ရေးတိုင်း ရေးတိုင်း ကလောင်လက်နှင့် ထိုစာရွက် သည် ကျမျက်ရည်ပေါက် တောက်တောက် အသံ ထိုအသံ သည် ငါ့ကိုအားပေး ရေးလိုက်စမ်းပါ ရေးလိုက်ပါ တဲ့ ၊၊ ၊၊

                                                                                                                          ဆက်ရန်....
လိပ်ပြာ သံစဉ်

No comments:

Post a Comment