by Yar Ga Kyaw on Wednesday, July 13, 2011 at 2:31pm
ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊
ငါ့ကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီင်္ပေါ် ဖိတ်စင်သွားတဲ့အခါ
အကျီလုံချည် ဖိုသီဖတ်သက် ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောခဲ့ဘူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ
စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တညပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ
ဇာတ်ကြီးဆယ်ဘွဲ့တွေစတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို
သတိရပေးပါ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊
ချော့တလှည့်ခြောက်တလှည့် ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက
ဘာကြောင့် ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ပြောခဲ့တာကို သတိရပေးပါ။
ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ၊ လမ်းလျှောက်သင်စအရွယ်တုန်းက
တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့ နားလည်ပေးပါ၊
အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ
ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာတွေနဲ့ အေးမြမှုကို ငါပြုံးပြုံးလေး လက်ခံမှာပါ။
အဲဒီ အပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
သားတို့သမီးတို့ရေ....... ထာဝရပျှော်ရွှင်ချမ်းမြေ့ပါစေကွယ်။ ။
No comments:
Post a Comment