Cloud Cuckoo Land created a doc.
"ဟလို ...ဟလို ...ကြားလား ... ကြားလား ...ကိုယ်လာနေပြီလေ ... ခဏစောင့်နော် ... "လူပုံစံကဗိုက်ရွှဲရွှဲ၊ အသားက မည်းမည်း၊ ဘယ် လက်မှာ Rolax နာရီ၊ ညာ လက်မှာ ရွှေဟန်းချိန်း စတိုင် ဟန်ပန် အပြည့်နဲ့ ဖုန်းပြောရင်း တက်လာတဲ့ အမျိုးသားကို တစ်ကား လုံးက ဘုကြည့်ကြည့် မျက်စောင်း ထိုးပြီး စိတ်ထဲက ဝိုင်းဝန်းမေ တ္တာပို့နေကြမှာတော့ အသေ အချာပါပဲ။ ဖုန်းကတ် တန်ဖိုး သိန်း သုံးဆယ်၊ လေးဆယ့် ငါးသိန်းခေတ်မှာ လူကြား သူကြားဟန်ရေး ပြကြွား လုံးထုတ်ဖုန်း ပြောတာကိုတော့ နားလည်ပေးလို့ ရပေမယ့် လမ်းဘေးဈေးသည်က အစ ရပ်ကွက်ထဲမှာ ဗယာကြော် လှည့်ရောင်းတဲ့ မာမူကြီးတို့ အဆုံး ဖုန်းကိုင်နိုင်တော့ မယ့်ခေတ်မှာ ပတ်ဝန်း ကျင်ကို ဂရုမစိုက်တဲ့ ဟန်ပန်နဲ့ အလိုက် ကန်းဆိုးမသိ ဖုန်းအော်ပြောတတ်တဲ့ သူတွေ နေရာ တကာ မကြာခဏ တွေ့ကြုံနေရတာ အံ့ဩလို့ မဆုံးဖြစ်မိပါရဲ့။
လူကြား သူကြားထဲ ကြွားချင်လို့ပဲ အော်ပြော တာလား၊ ဒါမှ မဟုတ် ဘယ်သူ့ ကိုမှ ဂရုစိုက် စရာမလို၊ ငါ့ဖုန်းငါအော်ပြောတာ ဘာဖြစ်လဲကွ ဆိုတဲ့ လက်မထောင် ချင်တဲ့ မာန အခံလေးနဲ့ပဲ ထောင်လွှား ချင်တာလား ဆိုတာ သူတို့ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုတဲ့ အတိုင်း စရိုက် လက္ခဏာတွေ ကွဲပြားခြားနားကြတာ ကြောင့် အတူတူနေထိုင် သွားလာနေရတဲ့ ပတ်ဝန်းကျင်မှာ တစ်ယောက်နဲ့ တစ်ယောက် သဟ ဇာတမျှအောင် ဟန်ချက် ညီအောင် ညှိဖို့ဆိုတာ မလွယ်လှပါဘူး။ အတ္တကိုယ် စီနဲ့ အသက်ရှင်နေကြတဲ့ လူသားတွေ အဖို့ နေ့စဉ် ဘဝမှာ မရှိမဖြစ် အရေးပါလာတဲ့ မိုဘိုင်း ဖုန်းရဲ့ အကျိုးကျေးဇူး စွမ်းပကားကြီး မားလှပါတယ်။
ဒါပေမဲ့ မသုံးတတ်ရင် လောင်တတ်တဲ့ မီးလိုပဲ ဟန်းဖုန်းကြောင့် နောက်ဆက်တွဲ လူမှုပြဿနာတွေ မီးခိုးကြွက် လျှောက် ပါလာ တတ်တာ ကြုံတွေ့ရပါလိမ့် မယ်။ အနီးစပ်ဆုံး ဥပမာပြောရရင် ဘတ်စ် ကား၊ ရထား၊ သင်္ဘော စတဲ့ အများပြည်သူ သွားလာ လှုပ်ရှားနေတဲ့ နေရာ မျိုးတွေမှာ မဆင်မခြင် အသံကျယ်ကျယ် ဖုန်းပြောမိရင် လူအများရဲ့အကြည့်တော် စူးရှ၊ မေတ္တာတော် ပို့ သခြင်း ခံရမှာ မလွဲပါဘူး။ ပတ်ဝန်းကျင်ကို မငဲ့၊ အကဲ မခတ်ဘဲ ကိုယ်ထင်ရာ စွတ်တရွတ် လုပ် တတ်တဲ့ လူတစ်မျိုးက လွဲပြီး ဖုန်းပြောသူ အ တော် များများက လူရှေ့ သူရှေ့ဟန်လုံးပြွကား ချင်တဲ့ စိတ်က ပိုများပါတယ်။ နောက်ဆုံးပေါ် iPhone, HTC, Samsung စသည်ဖြင့် အမြင့် စားမော်ဒယ် ဟန်းဆက်တွေနဲ့ ဖုန်းပြောရတာ မလိုအပ်ဘဲ ကလိနေတာ၊ ဂိမ်းဆော့ရတာကို နှစ်သက်သူတွေအဖို့ အချိန်ကုန်အကျိုးယုတ် သလို၊Ringtone အသံဆန်းဆန်းများကို အသုံးပြုထားလို့ ဘေးပတ်ဝန်းကျင်ကို စိတ် အနှောင့်အယှက်ဖြစ်စေတတ်ပါသေးတယ်
ဒီလိုပဲဖုန်းပြော ရင်းကားမောင်းတဲ့အခါမှာလည်း အသက် အန္တရာယ်နဲ့နီးကပ်လှတဲ့ ယာဉ်မတော်တဆမှု တွေ့ကြုံတွေ့နိုင်ပါတယ်။ စိတ်အာရုံရဲ့ သဘာဝက တစ်ပြိုင်နက်အလုပ်နှစ်ခုလုပ်ရို
ဟန်းဆက် အသစ် ထွက်တိုင်းပြောင်း သုံးချင်တဲ့ လူငယ်တွေရဲ့ သဘာဝက မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ တိုးပွားလာစေပါတယ်။ အရင်ဟန်းဆက်က တစ်နှစ်တောင် မပြည့် သေးဘူး၊ အကောင်းပဲ ရှိသေးတယ်။ နောက် ထပ်အသစ်သစ်တွေကို ဝယ်သုံးချင်တဲ့ လောဘကြောင့် အပိုဝင်ငွေဖြုန်းတီးတာ၊ ဟန်းဆက်အဟောင်းကို မသုံးတော့တာ ကြောင့် အလဟဿ အမှိုက်ဖြစ်သွားစေတာ တို့အပြင် တွေးကြည့်မယ်ဆိုရင် သူများနိုင်ငံ ကတင်သွင်းလာတဲ့ ထုတ်ကုန်တွေကို ဈေးကြီး ကြီးပေးဝယ် ရတာကြောင့် နိုင်ငံရဲ့ဧရာမငွေယို ပေါက်ကြီးဖြစ်စေတာပါပဲ။ ဒါ့အပြင် တီးတိုးသဖန်းပိုး တွက်ထိုးချင် ကြတဲ့ လူငယ်တွေရဲ့ သဘာဝက သူတို့ရဲ့ ပညာရေးကိုပါ ရိုက်ခတ် လာတာ တွေ့မြင်နေ ရပါပြီ။
စာသင်ခန်းထဲမှာက စာသင်ချိန်မှာ ဟန်းဖုန်းပိတ်ထားဖို့ ဘယ်လိုပဲပြောပြော Slient လုပ်ပြီးဖုန်းခိုးပြောတတ်တဲ့ ကျောင်း သားလူငယ်တွေရဲ့ အကျင့်က သူတို့ရဲ့ပညာ ရေးကို ထိခိုက်စေသလို ဆရာ၊ဆရာမ တေကိုမှ လေးစားရိုကျိုးမှု့မရှိရင်တော့ သတို့ သင်ြကားပေးနေတဲ့ သင်ခန်းစာတွေ ခေါင်းထဲ ရောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပိုဆိုးတာက ဒီလိုစရိုက်မျိုးကိုရာထူး နေရာအားဖြင့် ပိုမြင့်တဲ့ လူကြီး တွေမှာပါ တွေ့မြင်နေရပါတယ်။ ခေါင်းဆောင်ကောင်း ဆိုတာနောက်လိုက်တွေရဲ့စံပြပုဂ္ဂိ
ကိုယ့်ရဲ့လက် အောက်ဝန်ထမ်းတွေနဲ့မို့ဂရုစိုက်
ဒါ့အပြင် Screen အရွယ်သေး ငယ်တဲ့ဖုန်းတွေမှာ မိုဘိုင်းအင်တာနက၊် မက် ဆေ့စ်ပေးပို့သုံးစွဲတဲ့အခါ အာရုံဝစူးစိုက် ရတာကြောင့် အမြင်အာရုံကိုထိခိုက်စေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီနေ့ခေတ် လူသားတွေရဲ့နေ့စဉ်ဘ၀မှာ ဖုန်းတစ်လုံးက စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်ရေးအတွက် မရှိမဖြစ်အရေးပါလာတာ ဘယ်လိုမှမငြင်းနိုင် ပါဘူး။ ဘယ်အရာမဆို အဆိုး၊ အကောင်း ဒွန်တွဲနေတတ်တာမို့ သတိသမ္ပဇဉ်ဉာဏ် ယှဥြ်ပီးတော့  သုံးစွဲသင့်ပါတယ်။ကိုယ့်ကြောင့်
ကျော်မိုးဦး
No comments:
Post a Comment