by Aungzaw Win on Tuesday, August 30, 2011 at 1:36am
အမှတ်စက်၂ခု ကြားတွင် အတိုဆုံးအဖြစ် မျဉ်းဖြောင့် တစ်ကြောင်းကိုသာ ရေးဆွဲနိုင်ပါသည် ၊၊
ထိုအမှတ်စက် ၂ခု ကြားတွင် မျဉ်းကွေးပေါင်း အနန္တရေးဆွဲနိုင်ပါသည် ၊၊
ဤသို့ အလားတူ ဆင်ခြင် ကြည့်လိုက်လျင် အမှန်တစ်ခု တိုင်းအတွက် အမှားအနန္တရှိကြောင်းအလွယ် သတိပြုမိပါမည်၊၊
ဤသည် ဝိသေသ အဖြေ ဖြစ်ပါသည်၊၊
ယေဘူယျ ပြောရလျင် ရှုထောင့်နှင့် အခြေနေ မတူလျင်ပင် တစ်ခုထဲ ဟူသောအမှန်၌ ပင်ကွဲပြားသော အဖြေ မှန်များရှိနေပါသည်၊၊
အဖိုးတန်လှသော အချိန်များ ကို နေ့စဉ်ကုန် လွန်မှု ၌တစ်ဦးတစ်ယောက် တစ်ဖွဲ့ မှားကြောင်းတွေ ပြောဘို့၊မှားကြောင်းတွေကို
တွေး ဘို့ မည်မျှသုံးမိနေကြပါသလဲ၊၊ စဉ်းစားစရာပင် ၊၊
ကျွန်တော်တို့ဖြတ်သန်း ခဲ့ကြသောပညာရေး ခရီးကို ပြန်စဉ်းစားကြည့်လျင် အဖြေမှန်ရှာသောပုစ္ဆာများကိုဖြေရှင်းရသည်မှာအများ
စုဖြစ်ပါသည်၊၊မှားကြောင်းဝေဘန် သုံးသပ်ရသည် မှာ ၁% ပင်မရှိခဲ့ပါ၊၊
အနောက်နိုင်ငံ များတွင်လူစိမ်းနှစ်ဦး စကားစမြည် ပြောလိုလျင် ရာသီဥတု အကြောင်းမှ စ၍ ပြောကြသည်ဟုဖတ်ဘူးပါသည်၊၊
ဆိုရှယ်လစ် ခေတ်က မိတ်ဖွဲ့ စကားပြောလိုလျင် စီမံခန့်ခွဲမှု အဆင့်ဆင့်ကို အပစ်တင် ဝေဘန်ရင်း ခင်မင်မှုတည်ဆောက်ကြသည်၊၊
ယခု WEB ပေါ်တွင်လည်း မရိုးသေးသည် ကိုမြင်ရသည်၊၊ ရှေ့နေလဲမဟုတ်ပါ၊၊မောင်မင်္ဂလာ လဲ မဟုတ်ရပါ၊၊
အချိန်တွေ အင်အားတွေ အချီးနှီး မဆုံးရှုံးစေခြင်လို့ ပါ ၊၊ WEB ပေါ်တက် ရောက်လာသူများသည် တန်းတစ်ခုတော့ ရှိကြသူများ
ဖြစ်ကြပါသည်၊၊ထိုပုဂ္ဂိုလ်များ ၏ အားထုတ်မှုဖြင့် လူထုအတွက် အလွန် အကျိုးရှိရာ ရှိကြောင်းလုပ်ပေးနိုင်မည်ဟုယုံကြည်ပါသည်၊၊
မှားကြောင်းတွေး၊မှားကြောင်းရေး တဲ့အထဲမှာ အားထုတ်တာကြာ လာပါလျင် အမှန်ကိုတွေးတတ်တဲ့ အလေ့အကျင့်မှာ အားနည်း
လာပါမည်၊၊အမှားကို ထောက်ပြဝေဘန် ရခြင်းကြောင့် ကြေနပ် မှု ရသည့် စိတ်ခံစားမှုမှ လွဲ ၍ မည်သူမှအကျိုး မခံစားးရပါ၊၊
ထိုအစား အမှားဖြစ် သော ကိစ္စ ရပ်များကို စိတ်ဝင်စားရာတူ အစုအဖွဲ့များတွင်း (Brainstorming) ခေါင်းခြင်းရိုက် အဖြေရှာခြင်း
ပြုလုပ်သင့်ပါကြောင်း အကြံပြုလိုပါသည်၊၊
အနှုတ်လက္ခဏာ များမှ သည် အပေါင်းလက္ခဏာ ပြောင်း၍ ပြည်သူအများ အကျိုးခံစားရနိုင်ပါစေ၊၊
· · Share
- Socretes Athenisian brainstorm ဆိုကတည်းက ကိုယ့်ရဲ့ မှားယွင်းနိုင်ခြေအင်မတန်မ
ျားတာကို လက်ခံရဲတဲ့သတ္တိနဲမှ ဆက်သွားလို့ ရတာ...။ တကယ်တော့လည်း ကမ္ဘာလောကကြီးမှာ...မျဉ်းဖြောင့်ဆိုတာ မရှိ။ ...အတတ်နိုင်ဆုံးဖြောင့်ထား တဲ့မျဉ်းကွေးတွေမျှသာ ဆိုတာသတိကပ်နိုင်ရင်တော့... .. Yesterday at 9:44am · · 1 personLoading... - Lu Bo ထောက်ခံ၊ ကန့်ကွက်နေခြင်းထက် လိုမယ်ထင်တဲ့ ကွက်လပ်လေးတွေကို လိုက်ဖြည့်ကြမယ်ဆို အတတ်နိုင်ဆုံး ဖြောင့်ဖို့ကြိုးစားခြင်းတခ
ု ဖြစ်နိုင်ဖွယ်ရှိနိုင်မယ်ထင်ပါတယ်။ ဖြောင့်ချင်တဲ့စိတ်ရှိနေဖို့ ကတော့ အဓိကထဲမှာ ပါနိုင်ပါတယ်။ ဖြောင့်နေတာကို ကောက်နေတယ်ထင်နေသူနဲ့ ဘာဖြစ်ဖြစ်ဆန့်ကျင်ရမှ ဆိုသူများကိုတော့ ဥပပေက္ခာထားနိုင်ရင် အဖြေမှားတွေနဲ့ ဝေး နိုင်မှာပါ။ ကျေးဇူးပါဗျာ။ စဉ်းစားခွင့်လေး ရတဲ့အတွက် ... Yesterday at 9:52am · · 4 peopleTin Latt, Win Ko Myint and 2 others like this. - Aungzaw Win မရှိတဲ့ အလေ့အထကို စကြည့်ဘို့ မကြိုးစား သင့်ဘူးလား၊၊ဝိုင်းရှာရင်းန
ဲ့ အကွေး အနဲဆုံးနဲ့ နီးစပ်တာကို တွေ့လောက်ရဲ့ လို့မျှော်လင့်ခြင်ပါတယ်ခင်ဗျား၊၊ Yesterday at 11:12am · · 4 peopleYou, Tin Latt, Win Ko Myint and Socretes Athenisian like this. - Socretes Athenisian ဆရာက ဦးဆောင်ဦးရွက်ပြုရင်ကောင်
းမယ်ထင်တယ်..။ ကျနော်တို့ က ဇတ်ပို့ ပေါ့..ဗျာ..။ Yesterday at 11:14am · - Ko Oo အရမ်းကောင်းပါတယ်...တစ်ခါလေ
ပြေပြစ်တဲ့ပြင်ညီပေါ်မှာဖြစ် နိုင်ခဲ့ပေမဲ့တစ်ခါတစ်ရံမှာ ကြမ်းတမ်းတဲ့ပြင်ညီပေါ်ဆွဲတဲ့ အခြေနေရောက်သော် မဖြောင့်လိုသော်ကောက်ခဲ့ပါတ ယ်.... 22 hours ago · · 1 personLoading... - Htay Oungမှားနေလျှင် မှားမှန်းသိ ၊ မှားသောသူသည် ပညာရှိတဲ့ .. အမှန်တစ်ခုရဖို့ အမှားအများကြီးတွေထဲက ရရှိတတ်ပါတယ်၊ ဒါပေမဲ့ မှားပြီးသား အမှားတွေကို မစွန့်လွှတ်နိုင်တာ၊ မှားနေမှန်းမသိသေးတာကိုက လူမိုက်လက္ခဏာပါ။ တနည်းပြောနိုင်တာ စိတ်ရောဂါရှင်၊ တစ်ဇောက်ကန်းသမ...ားပါ။ ရူးနေတဲ့သူတစ်ယောက်မှာ လူကောင်းတစ်ယောက်နဲ့ ခြားနားတဲ့ အမြင်၊အတွေး၊အပြုအမူရှိနေပြ
ီး ဒီကိစ္စမှာဖြင့် ငါ့မှားနေပါပေါ့လားလို့ သိတဲ့နေ့ဟာ အရူးရောဂါပျောက်တဲ့နေ့ပါ.. အမှားတစ်ချို့ဟာ မှားပါကြောင်းသေချာပြီးသားပါ။ ဥပမာ ပြောရရင် တယ်လီဖုန်း၊လေယာဉ်ပျံဆိုတာ တီထွင်ခဲ့သူရှိခဲ့လို့ သုံးတောင်နေကြပါပြီ။ ခုချိန်မှာ တယ်လီဖုန်း၊ လေယာဉ်ပျံတီထွင်ဖို့ ကြိုးစားနေမယ်ဆိုရင် ....See More 17 hours ago · · 1 personYou like this. - Htay Oung" ကျွန်တော်တို့ဖြတ်သန်း ခဲ့ကြသောပညာရေး ခရီးကို ပြန်စဉ်းစားကြည့်လျင် အဖြေမှန်ရှာသောပုစ္ဆာများကို
ဖြေရှင်းရသည်မှာအများ
စုဖြစ်ပါသည်၊၊မှားကြောင်းဝေဘန် သုံးသပ်ရသည် မှာ ၁% ပင်မရှိခဲ့ပါ၊၊ " ဆိုလျှင် ပညာရေးအတွက် အမှားတွေအကြောင်း သင်ယူနေကြရခဲ့ပါက အဖြေ...မှန်ရှာခွင့်အတွက် အချိန်ပေးနိုင်ရန်မရှိနိုင် တော့ပါ၊ သို့သော်လည်း အမှားများအကြောင်း ကျွန်တော်တို့၏နေ့စဉ်ဘ၀မှ၎င်း စာဖတ်ခြင်း ဝေဖန်ဆွေးနွေးခြင်းဖြင့် ရရှိနိုင်ပါသည်။ ကျွန်တော်တို့ အားလုံးနေ့စဉ် သင်ခန်းစာများလေ့လာ ဆည်းပူနေကြရဆဲဖြစ်ပါသည်။ ထို့ကြောင့် ဘ၀ဆိုသည်မှာ ကျောင်းတော်ကြီးတစ်ခုနှင့် တူပါသည်။ သင်ခန်းစာမကြေညက်လျှင် စာမေးပွဲကျ အတန်းတက်မတက်ရ သည်နှင့်တူပါသည်။See More 17 hours ago · - Ko Oo အများကြီးကောင်းပါတယ်.. မွေးဖွားခြင်းဆိုတဲ့စမှတ်ကေ
န သေခြင်းဆိုတဲ့ဆုံးမှတ်အတွင်း ရည်မှန်းချက်ပန်းတိုင် မျဉ်းကြောင်းဖြောင့်များအတတ်နိုင်ဆုံးဖြစ်သင့်ပါသည်.. အားလုံး ကောင်းခြင်းများပြုနိုင်ကြပါစေဗျာ...စမှတ်မှဆုံးမှတ်အတွင်းမျဉ်းဖြောင့်မဟုတ်သောမျ ဉ်းကွေးကို ဆုံးမှတ်ထိဆွဲသောအခါ ဘဲဥပုံသော်၎င်း စက်ဝိုင်းသော်၎င်း အကျိုးရှိအသုံးတည့်သော ပုံစံရမည်သာ... 17 hours ago · · 1 personLoading... - Socretes AthenisianဆရာAungzaw Win ပြောချင်တာက အမှားအမှန်ကိစ္စထက် ၀ိုင်းဝန်းဆွေးနွေး အဖြေရှာတဲ့ အလေ့အထ တစ်ခုကို ပျိုးထောင်ချင်တဲ့အာသီသပါ။ အမှားအမှန်ဆိုတာ ကာလဒေသပယောဂ တွေနဲ့ မကင်းတော့...ဒီနေ့ ဒီအချိန်မှာ လူအများစု အမှန်ပဲမလွဲဘူးလို့ ယူဆထားတဲ့အရာတစ်ခုဟာ နောင်ကာလြ...ကာတဲ့အခါမှာ အမြင်မှောက်မှားမှုဖြစ်သွား
တတ်ကြတာပဲ..။ အနီးဆုံးဥပမာ...အရင်းရှင်စံ နစ်နဲ့ ဈေးကွက်စီးပွားရေးကိုပဲကြ ည့်...။ အရင်တုန်းက ဗိုလ်ချုပ်တို့ သည်ပင်လျှင် အရင်းရှင်ကို သွေးစုပ်ဖုတ်ကောင်လို သတ်မှတ်ခဲ့ကြပေမယ့်...ယနေ့ ခေတ်မှာ လက်ဝဲ၀ါဒီတွေကိုယ်တိုင်က ကိုယ့်စကားကိုယ်မေ့ပြီ..ဈေးကွက်မှဈေးကွက်လုပ်ကုန်ကြ ပီ။ ဈေးကွက်ဟာ အရင်းရှင်စံနစ်မဟုတ်ဆိုတာမျိုးကိုတောင် ကြောင်တောင်တောင် အော်တဲ့သူလည်းတွေ့ ရပြီ။ အမှားအမှန်တွေ၊ စာမေးပွှဲတွေ၊ အကျအရှုံးတွေနဲ့ ပတ်သက်လို့ ပြောရရင်.....အခု ဆရာ Aungzaw Win ပြောချင်တဲ့ brainstorm လုပ်ပြီး ကျောင်းသားရဲ့ အရည်အချင်းကို မြှင့်တင်ပြီး အတန်းတင်တဲ့စံနစ်အမေရိကာန်ပ ညာရေးမှာရှိတယ်..။ seminar သင်ကြားရေးခေါ်တာပေါ့..။ ဒါပေမယ့် ဒါမျိုးက ဘွဲ့ လွန်ကျောင်းသားတွေအတွက်ပဲ ပြဋ္ဋန်းတယ်..။ ဒီ seminar အတန်းတွှေမှာ အမှားအမှန်မရှိ ။ စာမေးပွဲမရှိ။ အဖြေမှန်မရှိ။ ကျိုးကြောင်းမျှတဲ့တွေးခေါ်နိုင်စွမ်းရှိဖို့ အားထုတ်ကြရတာဖြစ်တယ်။ ကိုယ့်ရဲ့ အမြင်ကို အထောက်အထားခိုင်ခိုင်လုံလုံ နဲ့ တင်ပြကြ၊ စာတမ်းတွေရေးကြ၊ ဘဲဥပုံစားပွဲကြီးဘေးမှာ ပါမောက္ခဆိုတာ စည်းကြပ်ဒိုင်အဆင့်ပဲထားတဲ့ သင်ကြားမှုမျိုး။ Democratic Learning environment ရဲ့ အကောင်းဆုံးဥပမာပေါ့..။ ဆရာ Aungzaw Win ရဲ့ သတင်းစကားက ဒီပတ်ဝန်းကျင်လိုအပ်ချက်ပါပဲ။See More 16 hours ago · · 4 peopleLoading... - Lu Boကိုအောင်ဇော်ဝင်းပြောချင်တာ
က လူမှုဗေဒကို သချာင်္နဲ့ ထပ်တူပြုတယ်လို့တော့မမြင်ပါ ဘူး။ အမှန်ရာခိုင်နှုန်းဧရာမ အနည်းဆုံးရှိနေနိုင်တဲ့ မျက်မှောက်အရေးအခင်းတွေမှာ သူမှား ကိုယ်မှန်လုပ်နေတာထက် အမှန်ဖက်အနီးဆုံးဖြစ်နိုင်ေ ရးကို ရှာကြတဲ့အခါမှာ ရှာဖွေသူအချင်းခ...ျင်းရန်သူလိုသဘောထားနေခြင်း ထက် အမှန်ဆိုတာကို လက်တွဲရှာစေချင်တဲ့စေတနာလို မြင်မိပါတယ်။ ဒီအလေ့အထမျိုးတွေသာ အစစ်အမှန် အားကောင်းခဲ့ရင် စစ်တွေတောင် ငြိမ်းသွားနိုင်ပါတယ်။ ဒါကို ခုလို အွန်လိုင်းယဉ်ကျေးမှုမှာ ရသဘောက် စ နိုင်ကြရင်တော့ ကောင်းတာပေါ့ဗျာ။ အွန်လိုင်းမှာက အကာတွေလို့ပြောလို့ရမယ့် လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ၊ ကျား မ၊နဲ့ ပညာတတ် မတတ်တွေကို ကျော်ကြည့်လို့ရနေတာပဲ။ ကျနော်ဆင်ခြင်မိသလောက်ပါSee More 5 hours ago · · 3 peopleTin Latt, Aungzaw Win and Htay Oung like this. - Htay Oungကျေးဇူးတင်လိုက်တာဗျာ၊ ကျွန်တော်စိတ်ကူး အမြင်မျိုးနဲ့ ထပ်တူထပ်မျှရှိတဲ့အပြင် ကျွန်တော်မသိတာလေးတွေတောင်သ
ိခွင့်ရလို့ ဒီကွန်မင့်မှာ အကျိုးများလှပါတယ်၊ အမှား/အမှန်ဆိုတာနဲ့ပတ်သက်ြ ပီး(၁) မှားနေကြောင်း သေချာပြီးဖြစ်၏ (၂) အမှားကို အမှန်ဟုသတ်မှတ်လက်ခ...ံနေ၏ (၃) အမှား/အမှန် သေချာ မဆုံးဖြတ်နိုင်သေး.. သုံးမျိုးကွဲပြားပါလိမ့်မယ် ။ကိုဆော့ခရတ္တိ ပြောပြသွားတာ.." brainstorm လုပ်ပြီး ကျောင်းသားရဲ့ အရည်အချင်းကို မြှင့်တင်ပြီး အတန်းတင်တဲ့ စံနစ်အမေ ရိကန်ပညာရေးမှာရှိတယ်..။ seminar သင်ကြားရေးခေါ် တာပေါ့..။ ဒါပေမယ့် ဒါမျိုးက ဘွဲ့ လွန်ကျောင်း သားတွေအတွက် ပဲ ပြဌာန်းတယ်.." ဆိုတာ (၂) (၃) အတွက်ဘဲလို့ကျွန်တော်ယူဆတယ် ၊ သာမာန်အတွက်တော့ (၁)အမှားသေချာပြီးဖြစ်တဲ့ အမှန်တွေဘဲ အရင်သင်ယူနေရမှာပါ။ သိပ္ပံပညာအတွက် Albert Einstein ( 1879-1955) , Charles Darwin (1809 -1882 ) ဆိုရင် သူတို့သက်သေပြနိုင်တဲ့ ၁၈၈၀နှစ်+ ဘီစီ၅၀၀၀ နှစ် = ၆၈၈၀ နှစ်ကြာအောင် အမှားတွေလက်ခံထား တာပေါ်လွင်သွားရပါတယ်။စ စချင်း (၁) အမျိုးအစားနဲ့ စမှ နောက်ပိုင်း (၂) (၃) လေ့လာဖို့ လမ်းခင်းပြီးဖြစ်သွားပြီ၊ သမိုင်းနဲ့အချိန်ကာလဆိုတာ အမှန်ကိုအဖြေပေးပါလိမ့်မယ်။ ဒါပေမဲ့ ဓါတ်ခွဲခန်းမှာ လက်တွေ့စမ်းသပ်ပြလို့ မှား/မှန် ပြသနိုင်တာမျိုးက ဒီကိစ္စမျိုးမှာ လွယ်ကူနိုင်ပါတယ်။ဒဿနပညာ၊ နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊ လူမှု့ဗေဒတွေမှာတော့ သိပ်မလွယ်လှပါ။ ကိုဆော့ခရတ္တိ ပြောတဲ့ " ... Democratic Learning environment ရဲ့ အကောင်းဆုံးဥပမာပေါ့..။ ဆရာ Aungzaw Win ရဲ့ သတင်းစကားက ဒီပတ်ဝန်းကျင်လိုအပ်ချက်ပါပဲ။.. " ဆိုတာမျိုးကိုက နေ့စဉ် ဘ၀သင်ခန်းစာတွေသင်ယူဖို့ ထားရမဲ့စိတ်နေသဘောထားဖြစ်ပါ မယ်၊ ဒီစိတ်မျိုးနဲ့ ဒီပတ်ဝန်းကျင်ရှိနေရင် ဆရာ Lu Bo ဆွေးနွေးသွား တာတွေလဲ ပေါ်လွင်သွားပါပြီ၊ ( ဆိုလိုတာက အမြင် မကျဉ်းမြောင်းဘူး၊ သဘောထားကြီးတယ် တစ်ဖက်သားပြောစကားကိုလဲ နားထောင်ပေးမယ်ဆိုရင် ခေါင်းမာတာမျိုးမဟုတ်လေတော့ စစ်ဆိုတာမျိုးလဲ ဝေးပြီပေါ့) အလွန်အကျွံပြောမိရများရောက် မလားတော့ မသိ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မင်္ဂလာတရားတော် နဲ့ မေတ္တာသုတ်ပါ အချက်တစ်ချို့ဟာ ဒီလိုအပ် ချက်တွေ ကို ညွှန်းပြနေတယ် လို့တောင်ပြောချင်ပါတယ်.. အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျန်းမာချမ်းသာကြပါစေ..See More 4 hours ago · · 3 people
No comments:
Post a Comment