ကြယ်တွေမရိုးမရွ
ကောင်းကင် ကျိုးကြတော့မယ်
မြေကြီးကိုရွှေ့ထားရရင် ကောင်းမလား။ ။
လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ်သူ့ကို စွဲချက်တင်ရမလဲ။ ။
မျိုးဆက်တစ်ခုလုံး ချကျွေးခဲ့တာတောင်
ရှေ့ရေးက မကောင်းနိုင်သေးဖူး။ ။
မာယာများတဲ့ မျက်ခင်းပြင်မှာ
ကျင်းစိမ်ဖို့ကြိုးစားသူ ဂေါက်ရိုက်သမား။ ။
ဒါကိုအပြစ်လို့ခေါ်ရင်
အပြစ်တင်ခံပါ့မယ်။ ။
ကျူးလွန်ခဲ့သမျှမှာ ထူးချွန်ဖို့ပဲလိုတယ်။ ။
လှသန်း(ရနံ့သစ်မဂ္ဂဇင်း)
အခုရက်ပိုင်း ဟိုးအရင်တုန်းက ဖတ်ခဲ့ ကြိုက်ခဲ့ဖူးတဲ့ ရနံ့သစ်
မဂ္ဂဇင်းထဲက ဆရာလှသန်းရဲ့ အနေအထိုင် မတတ်မှု့များ ဆိုတဲ့ ကဗျာလေးကို
ပြန်ရွတ်နေမိတယ်။ တစ်ချို့စာကြောင်းလေးတွေကို ကြိုက်လွန်းလို့ပါ။
အခုရက်ပိုင်းမှာ သတင်းတွေလိုက်ဖက်ရင်း သတင်းဝေဖန်တာတွေလိုက်ဖတ်ရင်း
ဘာပြောရမှန်း ဘယ်လိုယူဆရမှန်းကို နားမလည် နိုင်တော့ပါ။ ခုနကတော့
မြန်မာ့ရုပ်မြင်သံကြားမှာ သမ္မတကြီး မိန့်ခွန်းသံကို သွားရင်းလာရင်း
ကြားလိုက်မိပါတယ်။ ဒိလိုမျိုးသူတို့ရဲ့ အသံကိုလွင့်ပေးတာ
ကျွန်တော်တို့နိုင်ငံမှာတော့ ထူးခြားဖြစ်စဉ်တစ်ခုပါ။
လိုင်းပေါ်မှာလည်း ပြည်ပရောက်မြန်မာတွေရဲ့ ထင်မြင်ယုဆချက်တွေက
အမျိုးမျိုးအဖုံဖုံပါပဲ။ ယေဘူယအားဖြင့်တော့ ကြိုဆိုကြပါ တယ်။ ဒါပေမဲ့
သမ္မတကြီးကအလွတ်သဘောပြောတာဆိုတော
ဒီတစ်ရက်နှစ်ရက် အတွင်း သတင်းစာမှာ အမိန့်ကြေငြာချက်တစ်ခုခုတော့
မြင်ရမယ်လို့ထင်ရပါတယ်။
BBC/VOA ရန်တိုက်ပေးနေသည်၊ ဘာညာ ဆိုပြီးရေးထားတဲ့ အကွက်နေရာမှာတော့
ကချင်ပြည်နယ်က လူမျိုးစုခေါင်းဆောင် ဆိုသူတွေရဲ့
ငြိမ်းချမ်းရေးဖေါ်ဆောင်ပေးပါ ဆိုပြီးတောင်းဆိုထားတဲ့
စာတွေနဲ့အစားထိုးထားတာတွေ့ရပါ
အခုကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ ပြောလို့အကောင်းဆုံး
ရေပန်းအစားဆုံးစကားလုံးကတော့ "စောင့်ကြည့်ရမှာပဲ"ဆိုတဲ့ စကားလုံးပါပဲ။
ဟုတ်ပါတယ် ကျွန်တော်တို့လို သာမန်ပြည်သူတစ်ယောက်အနေနဲ့
စောင့်ကြည့်ရုံပဲ တတ်နိုင်တာပဲလေ။ ကြယ်တွေကတော့ မရိုးမရွဖြစ်နေပါပြီ
ကောင်းကင်းကျိုးကြ ချင် ကျိုးကြလာမလားမသိဖူး
မြေကြီးကိုရွှေ့ထားရရင်ကောင်းမလာ
တစ်ခုခုကို ရဲရဲတင်းတင်းယုံကြည် ကြည့်ချင်ပါတယ်။ အခုပဲ FEC
တွေပြန်သိမ်းမယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့် ဈေးကွက်ထဲမှာ
ကို့ရို့ကားယားတွေ ဖြစ်ကုန်ပါတယ်။ ပေါက်ဈေးနဲ့ပြန်လဲပေးမယ်လို့ြေ
လူတွေက လက်ထဲမှာမထားချင်ကြတော့ပါဖူး။ ဈေးက ကြိုက်ရောင်းကြိုက်ဝယ်
သဘောမျိုး ဖြစ်နေပါတယ်။ နစ်နာတဲ့သူတွေလည်း နစ်နာကုန်ပါတယ်။ အမှန်က အဲဒိ
FEC ဆိုတဲ့ စက္ကူပေါ်မှာကို က အမေရိကန်ဒေါ်လာနှင့်ညီမျှသည်လို့
ရေးထားပြီးပြီပဲ။ အမေရိကန်ဒေါ်လာနဲ့ ပြန်လဲပေးလိုက်ရင်ပြီးပြီ။
တကူးတကတောင် လဲပေး စရာမလိုပါဖူး။ FEC ကိုဘဏ်မှာ အသွင်းပဲလက်ခံပြီး FEC
ထုတ်မဲ့သူတွေကို သူ့အစား အမေရိကန်ဒေါ်လာ ထုတ်ပေးလိုက်ရင် ဈေးကွက် ထဲမှာ
FEC တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။ ၄၅ကျပ်တန်တွေ ၉၀တန်တွေ
ကိုလုပ်ခဲ့သလိုမျိုးပေါ့။ ဒါပေမဲ့ အဲဒိလို မလုပ်ခင်မှာ ဒေါ်လာကို
တရားဝင်ကိုင်ဆောင်ခွင့် ဥပဒေတော့ အရင်ပြဌါန်းပေးရလိမ့်မယ်။ဒါဟာ
သာမန်ပြည်သူတစ်ယောက်ရဲ့ ယေဘူယအမြင်ပါ။ ပညာရှင်တွေဆိုရင်
ပိုပြီးအသေးစိတ်မြင်တတ်ပါလိမ့်
နောက်တစ်ခုက မော်တော်ကား ကိစ္စနဲ့ပါတ်သက်ပြီး သူတို့ကို
မယုံကြည်ပါဖူး။ စူပါကာစတမ် ကားတွေဆိပ်ကမ်းမှာ ဖမ်းမိတဲ့သတင်း
ဓါတ်ပုံနှင့်တကွဖတ်ရပါတယ်။ ဒါကလည်းစီမံချက်ချပြီး
စစ်ဆင်ရေးလိုလုပ်ပြီးဖမ်းလို့ မိတာမဟုတ်ပါဖူး။ သူတို့အချင်းချင်းအဝေမတည့်
လို့ပေါ်လာတဲ့ အပုတ်နံ့ပါ။ အခုလည်း သူ့နည်းသူ့ဟန်နဲ့ ဆက်သွင်းနေတဲ့သူက
သွင်းနေတုန်းပဲလေ။ လွန်ခဲ့တဲ့ ၅ရက်လောက်ကပဲ သူငယ်ချင်းတစ်ယောက် ဘားအံကနေ
ရန်ကုန်အထိ ကုန်းလမ်းကနေ တစ်စီးသွင်းလာသေးတယ်။ ကျိုက်ထို မရမ်းချောင်း
စစ်ဆေးရေး စခန်းမှာ စီးပွား/ကူးသန်းက
ညွန်မှူးကိုယ်တိုင်ထိုင်ပြီးစစ်
သူကလည်း ၀န်ကြီး ဒုဝန်ကြီးတွေကို တစ်လ တစ်လ သိန်းရာပေါင်းများစွာ
ပုံမှန်သွားပြီး ဆက်ကြေးပေးသလို ကန်တော့နေရတာ။ အဲဒိဝန်ကြီးဆိုတာတွေကလည်း
ညွန်မှူးတွေ ညွန်ချုပ်တွေ လာဆက်ကြေးပေးတဲ့အထဲကနေပဲ သူ့အထက်က
ပုဂ္ဂိုလ်ကြီးတွေကို ပြန်ဆက်သနေတာပဲ။ လမ်းတစ်လျှောက် သိန်း၄၀ လောက်
ကုန်ပါသတဲ့။ လိုင်စင်စာအုပ် ၀ှီးတက် ကလည်း ၄သိန်းလောက်ပေးရင်
အစစ်အတိုင်းရပါသတဲ့။ ပြီးတော့ရန်ကုန်မြို့မှာ စက်မှု့ ဇုန်က
ထုတ်ပါတယ်ဆိုပြီး စီးနေလိုက်ကြတာ အထက်က မသိလို့မဟုတ်ပါဖူး။
အဲဒိအရသာကောင်းလွန်းလို့ ငြိမ်ပြီးမှိန်းနေကြတာပါ။
ဦးပိုင်ဆိုတာကလည်း ဒုစရိုက်ဂိုင်းအကြီးစားကြီးလို
စီးပွါးရေးကို ဖန်တီးနိုင်မှု့စွမ်းအားသည် နိုင်ငံတော်နှင့် နိုင်ငံသား
တို့၏လက်ဝယ်တွင်ရှိရေးဆိုပြီး လူကြားကောင်းအောင် ရေးထားပေမဲ့
ဘယ်နိုင်ငံသားက ကိုယ်ရတဲ့နိုင်ငံခြားငွေနဲ့ နိုင်ငံတကာကနေ
ကိုယ်ကြိုက်တဲ့ကား ၀ယ်စီးလို့ရလို့လား။ ကြည့်လိုက်ရင်
ကားစုတ်တွေချည်းပဲ။အကောင်းစားေ
ပြည်သူကိုဘယ်ပေးသွင်းမလဲ လူတစ်စုအတွက် ဒိထက်ကောင်းတဲ့ စီးပွါးရေး
ကမ္ဘာမှာရှိသေးလို့လား။ လွတ်လပ်စွာယှဉ်ပြိုင် ခွင့်မရှိပဲ လူတစ်စု
အဖွဲ့အစည်းတစ်ခုကပဲ ဈေးကွက်ကိုလက်ဝါးကြီးအုပ်ထာြး
လုပ်ချင်သလိုလုပ်နေချိန်မှာ ဆင်းရဲမွဲတေမှု့ တိုက်ဖျက်
ရေးဆိုပြီးလုပ်နေတာဟာ အရင်သူတို့ ကြက်ဆူပင် စိုက်သလိုပဲနေမှာပဲ။ အခုတော့
အဲဒိဦးပိုင် ဥက္ကဌဆိုသူကို ရထူးချထားပြီးခေါ်စစ်နေတယ်ဆိုတော
ပြောနေကျစကားအတိုင်း "စောင့်ကြည့်ရမှာပဲ'" ပေါ့။ လမ်းဆိုးလို့
ယာဉ်ပျက်တာ ဘယ်သူ့ကို စွဲချက်တင်ရမှာလဲ?
မျိုးဆက်တစ်ခုလုံး ချကျွေးခဲ့တာကတော့ ရှည်ရှည်ဝေးဝေး
ရှင်းပြနေစရာမလိုပါဖူး။ လှိုင်သာယာ၊ လှော်ကား၊ ဒဂုံ၊ ရွာသာကြီး၊ သံလျှင်
ကျောက်တန်း သွားကြည့်လိုက်စမ်းပါ။ တက္ကသိုလ်ဆိုတာ
ဒါလား။တိုင်းပြည်ရဲ့ရှေ့ရေး ကောင်းနိုင်လား၊ မကောင်းနိုင်ဖူးလာဆိုတာ
ဦနှောက်ရှိတဲ့ သူတိုင်းအလွယ်တကူသိနိုင်ပါတယ်။
မြို့ထဲမှာတက်ရတဲ့ တက္ကသိုလ်တောင် တစ်ခါတစ်လေ ပျင်းရင် မသွားချင်ရင်
အတန်းလစ်သေးတာ။ အခုလက်ရှိတက္ကသိုလ်တွေမှာ တက်နေကြတဲ့ကလေးတွေ ကတော့
ပြောမနေနဲ့တော့ပေါ့။
ဟော အခုတစ်ခါလာပြန်ပြီ။ မျက်ခင်းက မာယာများပြန်ပြီ။
ဂေါက်ရိုက်သမားကတော့ ဒီမာယာများတဲ့ မျက်ခင်းပြင်မှာပဲ ပြန်ပြီးကျင်း
စိမ်ဖို့ကြိုးစားရပြန်ပြီ။ ဒီတစ်ခါတော့ ကျင်းဝင်ပါစေအန်တီစုရေ။
အသက်တွေလည်းကြီးလာပါပြီ။ နှစ်တွေလည်း မနည်းတော့ပါဖူး။
"စောင့်ကြည့်ရမှာပဲ'" ပေါ့။
ကာတွန်းကလေးတစ်ခု သွားသတိရမိပါတယ်။ "ကျွန်တော်တို့ နိုင်ငံဟာ
အနာဂါတ်မှာ တကယ်ကောင်းလာမဲ့ အလားအလာ တွေရှိနေပါတယ်" လူရွယ်တစ်ယောက်က
အဖိုးကြီးကိုပြောနေတာပါ။ အဲဒိတော့အဖိုးကြီးက "ငါတို့က သေခါနီးနေပြီကွာ
အခုပဲကောင်း လိုက်လို့မရဖူးလား "တဲ့ ။
ကောင်းချင်ရင် အချိန်အရွေး ကောင်းအောင်လုပ်လို့ ရနိုင်မယ်လို့
ယုံကြည်ပါတယ်။ စိတ်ရင်းစေတနာကောင်းလေးပဲလိုတာ
forward mail မှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment