Cloud Cuckoo Land created the doc:
မနက် ကျွန်တော် လမ်း လျှောက်ပြန် လာတဲ့ အချိန်ဆိုရင် မနက် ၇နာရီ ဝန်းကျင်ပေါ့။ ကျွန် တော် ပြန် ရောက် တတ်တဲ့ အချိန် လောက်မှာ ကလေးလင်မယား ကလည်း ပြိုင်တူလို ရောက်လာ တတ်ကြပါတယ်။ တိုက်ခန်းရှေ့ ရောက်ပြီ ဆိုတာနဲ့ သူတို့စီးလာတဲ့ ဆိုင်ကယ်က စက်တောင်မသတ် သေးဘူး။ ကောင်မလေးက သူ့ အမေကိုအော်ခေါ်တဲ့ မားမား ရေ ဆိုတဲ့ အသံက ထွက်လာပါ တယ်။ ဒီကလေး လင်မယားနှစ် ယောက်ဆိုတာ တက္ကသိုလ် အဝေး သင် တက်နေရင်းကျောင်းမပြီးသေး ဘဲအိမ်ထောင်ကျသွားကြတာပါ။အလွန်ဆုံးရှိမှ ၁၈နှစ်ဝန်းကျင် လောက်ပဲရှိပေမယ့်အိမ်ဆွဲလဲလေး တစ်ယောက်ကတွဲလဲလေးဖြစ်နေ ပါပြီ။ဒီတိုက်ခန်းက ကောင်မလေး ရဲ့အိမ်ပါ။ ကောင်မလေးအိမ် ထောင်ကျတော့ ယောက္ခမအိမ်မှာ လိုက်နေပါတယ်။ ဒါပေမယ့်လည်း သူတို့ လင်မယား နှစ်ယောက် အလုပ်သွားတဲ့အခါ သူတို့သမီး လေးကိုအမေ့အိမ်မှာကလေးထိန်း ပေးဖို့ လာထားကြတာပါ။ မနက် ဆို သူ့အမေဆီမှာ လာထားကြ၊ ညနေဆိုပြန်လာခေါ်၊ သူတို့ဟာနဲ့ သူတို့ တော့ဟုတ်နေတာပါပဲ။ ဒီ ကလေးလင်မယား ကိုယ်တိုင် ကနို့နံ့မစင်သေးတဲ့အရွယ်။
ဒါပေ မယ့် တစ်ယောက်နဲ့ တစ်ယောက် ခေါ်ကြရင် အဖေကြီးရေ၊အမေ ကြီးရေနဲ့ အင်မတန်မှကိုအကြားရ ဆိုးပါတယ်။ မှတ်မှတ်ရရ ပြီးခဲ့တဲ့သီတင်း ကျွတ်လပြည့်နေ့က စားသောက် ဆိုင်မှာ ထိုင်နေတုန်း ဒီတီဆိုင် ကယ်လေးတစ်စီး ကျွန်တော်ထိုင် တဲ့စားပွဲဘေးကို ဖျက်ခနဲလာရပ် ပါတယ်။ ဆိုင်ကယ်ပေါ်ကနေ အလန်းဇယားလေးတွေနဲ့ လင် မယားစုံတွဲ ကလေး တစ်ယောက် ဆီကိုချီပြီး ဆင်းလာကြပါတယ်။ နှစ်ယောက်စလုံးက လှတပတအ ဆင်မြင့်သုံးနိုင်စွဲနိုင်တဲ့
အရွယ်လေး ကြည့်ပြန်တော့ ခပ်ငယ်ငယ်၊ အ သက် ၂၀ထက်မကျော်သေးတဲ့ ပုံစံလေးတွေ။ လွတ်လွတ်လပ် လပ်နေရမယ့် ဒီအရွယ်လေးမှာ တောင် ကလေးနှစ်ယောက်က တိုးလို့ တွဲလောင်းဆိုတော့ သူတို့ ကိုကြည့်ရတာ အပျော်တွေပျောက် နေသလိုပါပဲ။ သူတို့စုံတွဲက ကျွန် တော်နဲ့မလှမ်းမကမ်းမှာထိုင်နေ ရင်း ကောင်မလေးက နင်က တစ်ရက်တလေ လေးကိုယ့်မိသား စုနဲ့ကိုယ်သွားရတာကိုအလကား နေရင်းလောနေတယ်။
တခြား ကောင်မတွေနဲ့ပဲလွင့်နေချင်တာ ဆိုပြီးကောင်လေးကိုကွိုင်ပူနေပါ တယ်။လူကြားထဲမို့ ထင်ပါတယ်။ ဘာမှပြန်မပြောပေမယ့်အိမ်ရောက် မှသိမယ်ဆိုတဲ့မျက်နှာပေးလေးက တော့ ပေါ်လွင်လို့ နေပါတယ်။ သူတို့တစ်တွေကိုမြင်ရတော့ မန္တလေး တောင်ခြေက ကျောက် တော်ကြီးဘုရားတန်ဆောင်းမှာ ချိတ်ထားတဲ့ ကောသလမင်းအိပ် မက်(၁၆)ချက် ပန်းချီကား ထဲက သစ်ပင် သေးသေးလေးတွေက အ သီးတွေသီးနေတဲ့ပုံကို ပြန်မြင်မိ ပြီး သူ့အိပ်မက် ကလည်း မှန် လိုက်တာနော်လို့ တွေးမိပါတယ်။ အခုခေတ်မှာ အရင်ထက် စာရင် ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ် ထောင်ကျကြတာ ပိုများတယ်လို့ လည်းထင်မိပါတယ်။
ကျွန်တော် တို့ငယ်ငယ်တုန်းက အထက်တန်း ကျောင်းသားဘဝမှာ အိမ်ထောင် ကျကြတယ်ဆိုတာမရှိသလောက် ပါ။ အတော်များများကတော့ ဆယ်တန်းအောင်ရက် ဘွဲ့ရအောင် ကျောင်းတက်၊ အလုပ်အကိုင် တွေရှိမှ ပညာစုံမှ ကြင်ယာကို ပုံ ကြတာများပါတယ်။ အားလုံးဒီလို ပဲလားဆိုတော့လည်း မဟုတ်ပြန် ပါဘူး။ ကျွန်တော်တို့ခေတ်မှာ လည်း ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ် ထောင်ကျတဲ့ သူတွေ ရှိတော့လည်း ရှိပါတယ်။ ရှိတော့ရှိတယ်၊ ရှား တယ်လို့လည်းပြောနိုင်တာပေါ့လေ။ အခုခေတ်မှာ အိမ်ထောင် စောစောကျကြတာ ဘာကြောင့် လဲဆိုတာကို မိတ်ဆွေသူငယ် ချင်းတွေဆုံမိကြတဲ့အခါ ဝိုင်းပြီး ပြောကြ၊ ထင်မြင်ချက်တွေပေး ကြ၊ ထောက်ခံကြ၊ ငြင်းခုန်ကြ တာတွေကို အလုပ်မရှိ၊ အလုပ် ရှာပြီး လုပ်ခဲ့ကြဖူးပါတယ်။
လူအ မျိုးမျိုးဆိုတော့လည်း ထင်မြင် ချက်တွေအမျိုးမျိုးပေါ့။ ကျွန်တော်တို့ ငယ်သူငယ် ချင်းတွေထဲမှာ ၁၉နှစ်ကျော်ကျော် နဲ့အိမ်ထောင်ကျသွားတာကတော့ ဖိုးလှကြီးပါ။ သူက ဆယ်တန်း မှာ နှစ်ခါကျတော့ ကျောင်းဆက် မတက်ဘဲ သူ့အဖေထောင်ထား တဲ့ဖိနပ်လုပ်ငန်းထဲမှာပဲဝင်လုပ် ပါတယ်။ အလုပ်ထဲရောက်လို့ တစ်နှစ်လောက်နေတော့ သူ့အ ဖေက လုပ်ငန်းကို ဦးစီးခိုင်းရုံ တင် မကဘဲ မိန်းမပါ တစ်ခါတည်းပေး စားလိုက်ပါတယ်။ သူတို့လုပ်ငန်း မှာသုံးတဲ့ ဖိနပ်အောက်ခံရာဘာ ဆိုးလ်တွေရောင်းတဲ့ကုန်သည်ရဲ့ သမီးနဲ့ပါ။ ဖိုးလှကြီးကိုဗျူး ကြည့် တော့ သူပြန်ဖြေတာ ရှင်းရှင်းလေး ပါ။
မယ်တော်ကြီးက မိန်းမမယူ ရမှာ၊ အဲတော့ သူတို့ပေးစားတာ ကို မြန်မြန်ယူလိုက်တော့ မြန်မြန် နားအေးတာပေါ့။ ငါလည်း ည ကျတော့တစ်ယောက်ထဲ မအိပ် ရတော့ဘူးပေါ့ အားရင် စာတွေဖတ်၊ ဘာမ ဆိုအကြီးကြီးစဉ်းစားပြီး အကြီး ကြီးပြောတတ်တဲ့ ကိုဆွေက တော့ အဲဒါ ခေတ်စနစ်နဲ့ဆိုင် တယ်။ လူတန်းစားအားလုံးက စီး ပွားရေးပြေလည်မယ်ဆိုရင် ဒီ အိမ်ထောင် သားမွေး ကိစ္စတွေက မိုင်နာတွေပါပဲ။
ကလေးလိုဆော့ တဲ့အချိန်မှာ ကလေးလိုဆော့၊ ကျောင်းနေချိန်မှာကျောင်းနေ၊ အလုပ်လုပ်နေတဲ့အရွယ်ရောက် ရင် အလုပ်လုပ်၊ အိမ်ထောင်ပြု၊ သူ့အချိန်နဲ့သူအစီအစဉ်တကျဖြစ် သွားရမှာ။ အခုတော့ စားဝတ် နေရေး အဆင်မပြေတာများတော့ အိမ်ရှိသမျှလူကုန်အလုပ်လုပ်၊ ကလေးကလည်း ကလေးလိုမ ဆော့နိုင်။ ကျောင်းသားကလည်း ကျောင်းသားလို စားအေးအေး မသင်နိုင်နဲ့ အချိန်မတန်ဘဲ အရွယ် တွေရောက်၊ ဒီတော့လည်း အိမ် ထောင်ရေးဆိုတဲ့နွံထဲကို စောစော ရောက်တော့တာပေါ့။
posted by ကိုပေါက်(မန္တလေး)
No comments:
Post a Comment