Rozoner King edited a doc.
ခင်မောင်ညို (ဘောဂဗေဒ)... တကယ်တော့၊ အားလှလို့မဟုတ်ပါဘူး။ ဒါပေမယ့် “ပြဿနာ” ဆိုတာ ဘာပါလိမ့်လို့၊ လိုက်ပြီး ပြဿနာ ရှာနေမိတယ်။
တစ်နေ့က၊ ၀ါဆိုသင်္ကန်းကပ်တစ်ခုသွားတော့၊ ၀ါရင့်သံတမန်ဟောင်း ပုဂ္ဂိုလ်ကြီးတစ်ယောက်က၊ ကျွန်တော်တို့တတွေဟာ၊ ငြီးတွားတတ်ကြ၊ တိုင်တောတတ်ကြပေမယ့်၊ ပြဿနာကို ကောင်းကောင်း မသိဘူးလို့ ပြောတော့၊ ကျွန်တော် တော်တော် စဉ်းစားစရာဖြစ်သွားတယ်။
ပြီးတော့၊ နှစ်အဆက်ဆက်၊ ခေတ်အဆက်ဆက်၊ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့၊ ရှုထောင့်ပေါင်းစုံက၊ ပြောကြဆိုကြ၊ ဝေဖန်ကြတာတွေ ကြားရတဲ့အခါ၊ သူတို့ပြောတဲ့ ဆိုတဲ့အတိုင်း လိုက်လုပ်ခဲ့ရင်၊ ပြဿနာတွေ တကယ်ပဲ အဆင်ပြေသွားမလား၊ ပြဿနာတွေ ပိုဆိုးသွားလေမလားဆိုတာလဲ၊ ကျွန်တော်စဉ်းစားမိတယ်။ အဲသလောက်လွယ်ရင်၊ ဘာလို့မလုပ်ကြပါလိမ့်၊ အဲသလောက် သိနေ တတ်နေတဲ့သူတွေ၊ ဘာကြောင့်များ၊ အဲဒီနေရာမျိုးတွေမှာပဲ၊ ရောက်နေကြပါလိမ့် စသည်ဖြင့်၊ အတွေးတွေ ပွားနေမိတယ်။
ကျွန်တော်၊ ဆယ်စုနှစ်ပေါင်းများစွာ၊ ကွမ်းစားပြီး၊ ကျောက်ကပ်တခြမ်းအပြည့် ကျောက်တည်တော့၊ မိတ်ဆွေတွေက ဆေးနည်းတွေ၊ အကြံဉာဏ်တွေ၊ မေတ္တာ၊ စေတနာအပြည့်နဲ့ ၀ိုင်းပေးလိုက်ကြတာ၊ နောက်ဆို သူပါးစပ်ဟတာနဲ့၊ ဘယ်နည်းဆိုတာ ကိုယ်ကသဘောပေါက်မိနေတဲ့ အဆင့်အထိပါပဲ။ ကြာလာတော့၊ ပြောတောင်မပြောရဲတော့ဘူး။ နည်းတော်တော်များများကိုလည်း စမ်းကြည့်ပါတယ်။ နောက်ဆုံးတော့၊ အကြံမလို၊ ငွေပဲလိုပါတယ်။ ငွေကုန်ကြေးကျခံပြီး ကုသလိုက်တော့၊ ပျောက်ကင်းသွားတာပါပဲ။
အကြောင်းအားလျော်စွာ၊ တခနလောက်၊ တာဝန်ကြီးကြီး ပုဂ္ဂိုလ်တစ်ယောက်နဲ့၊ အတော်နီးနီးနားနား နေဘူးတယ်။ “ကျွန်တော်သိသလောက်ပဲ ပြောတာပါ။ ကျွန်တော်ပြောတဲ့အတိုင်း လိုက်လုပ်ရင် ရမယ်လို့ မဆိုလိုပါဘူး။ လိုက်လုပ်ရင်လဲ၊ အောင်မြင်မယ်လို့ အာမ မခံနိုင်ပါဘူး” ဆိုပြီး ကြိုပြောထားရတယ်။ ကံကောင်းချင်တော့၊ ကိုယ်တင်ပြတာတွေကို၊ လက်တွေ့စမ်းသပ်ကြည့်ဖို့ အချိန်ရမသွားခဲ့ရှာဘူး။
အခု တစ်ပတ်တစ်ပတ် ဖတ်နေရတဲ့သတင်းတွေ၊ အကြောင်းအရာတွေမှာ၊ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားလို့ အကြံပေးကြတာတွေ များနေသလားလို့ တွေးမိတာပါ။
(၂)
အခုတလော၊ အိုင်းစတိုင်းရဲ့ “ပြဿနာကို ဖန်တီးတတ်တဲ့ ဉာဏ်လောက်နဲ့ ဖြေရှင်းလို့မရဘူး” ဆိုတဲ့ ကောက်နုတ်ချက်ကလေးကိုလဲ၊ မကြာခန သတိရနေမိတယ်။
အခုနေများ၊ ကျွန်တော့်ကို၊ တစုံတယောက်က မျက်စေ့လည်ပြီး၊ ကျွန်တော်ဝေဖန်ပြစ်တင်နေတဲ့ ကိစ္စတွေကို၊ ဖြေရှင်းစမ်းဆိုပြီး၊ ခိုင်းလာရင်၊ ကျွန်တော်ဘာလုပ်ဖြစ်မယ်ထင်သလဲ? ကျွန်တော်ရှေ့က လူလုပ်သလို လိုက်လုပ်မိဖို့ပဲ များပါတယ်။ ကျွန်တော်မြင်ဘူးတွေ့ဘူးတာကလဲ ဒါပဲ။ ဒီ့ထက်လဲ ကျွန်တော်ပိုပြီး တွေးတတ်၊ လုပ်တတ်မယ် မထင်ဘူး။ ကိုယ်က ပြဿနာဖန်တီးတတ်တဲ့ ဉာဏ်လောက်ပဲ ရှိတာကိုး။
တစ်ခါက၊ လမ်းမှာ ဘီးခွန်တောင်းတဲ့ လူတစ်ယောက်က၊ အဝေးပြေးယာဉ်မောင်းကို၊ နံနက်က ဘီးခွန်ဆောင်ပြီးကြောင်း ထောက်ခံစာယူခဲ့ပါဆိုလို့၊ အတော်ရယ်ရသေးတယ်။ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့လူကလဲ၊ ထောက်ခံစာ လိုချင်တယ်ဆိုတော့၊ စဉ်းစားသာကြည့်ပေရော့။ စောစောကပြောတဲ့ အရာရှိဟောင်းကြီးတစ်ဦးကပဲ၊ ကျွန်တော်တို့ဟာ၊ အောက်ခြေခပ်နိမ့်နိမ့်မှာပဲ နေတတ်၊ လုပ်တတ်၊ စားတတ်၊ ရှင်သန်အောင် နေနေတတ်ကြတယ်လို့ ဝေဖန်ပါတယ်။ ဒီတော့ ကိုယ့်စိတ်၊ ကိုယ့်အရည်အချင်းတွေ တန်ဖိုးမြှင့် (Value Added) ဖို့ ၀န်လေးနေကြလေရော့သလား။
အခု အငြိမ်းစားလစာတိုးပေးတဲ့ ကိစ္စပဲကြည့်လေ။ နိုင်ငံတော်က ပေးချင်လို့ ပေးတာ၊ ကိုယ်ကပေးရတာလဲမဟုတ်၊ ကိုယ့်အိတ်ထဲက ပေးရတာလဲမဟုတ်၊ ကိုယ့်ဆီက ၀န်ထမ်းဟောင်းတွေလဲဖြစ်၊ ကိုယ်လဲတနေ့၊ ဒီလမ်းကြောင်းလိုက်ရမယ့်ကိစ္စကို
No comments:
Post a Comment