Sunday, July 17, 2011

"အိုင်ဒီယာ အုံးလွဲခြင်း"

Rozoner King created the doc:
[By Saw Hosea]


အဖြောင့်စဉ်စားခြင်း
ဤခေတ်တွင် အတွေ့အကြုံထက်ပညာကအဓိကဖြစ်လာသည်။ သို့အတွက် အဖြောင့်စဉ်းစားနည်း နှင့် အသားကျနေလျှင် မိမိကိုကိုယ် အိုင်ဒီယာအုံးလွဲနေပြီဟု သိအပ်ပါ။


တစ်မဟုတ်နှစ် လောဂျစ် (either-or Logic)
တစ်မဟုတ်နှစ်၊ မဖြူလျှင်မည်း၊ မိတ်ဆွေမဟုတ်လျှင်ရန်သူ၊ ငါ့ဘက်သားမဟုတ်လျှင် သူ့ဘက်သားစသော စဉ်းစားနည်းဖြစ်ပါသည်။ ဤသို့သော either-or လောဂျစ်အကျင့်ပါနေပြီဆိုလျှင် မိမိကိုကိုယ် အိုင်ဒီယာအုံးလွဲနေပြီဟု သိအပ်ပါ။

အတိတ်လွမ်းဝေဒနာ
ပြသာနာတစ်ခုနှင့်ကြုံရတိုင်း ရှေ့မျှော်ကြည့် (Foresight) ဖို့ထက် နောက်ပြန်ကြည့် (hund sight) ဖို့သာအာရုံညွတ်တတ်ကြသည်။ အကယ်၍မိမိတွင်အတိတ်လွမ်းဝေဒနာအစွဲရင့်နေပြီဆိုလျှင် မိမိကိုကိုယ် အိုင်ဒီယာအုံးလွဲနေပြီဟု သိအပ်ပါ။

တံခါပိတ်စဉ်စားခြင်း
နီးစပ်တူညီနေလျှင်မဆိုးပါဘူးဟုမှတ်ချက်ချမည်။ မတူလျှင်အလကားပါ ဆိုပြီးပယ်မည်၊။ ဤသို့မိမိကိုယ်ကိုခေတ်မရှိတော့သည့် အိုင်ဒီယာ အကျဉ်းထောင်ထဲတွင် သော့ခက်ထားမိပြီဆိုလျှင် အိုင်ဒီယာအုံးလွဲဖို့သေချာပြီ။

မုချအောင်ရမည်ချဉ်းကပ်မှု
အထူးသဖြင့် ဧကန်မဲ့မှု (Uncertainty) နှင့် အကဲဆတ်မှု (Fragility) တို့ကိုမျက်မှောက်နေရသော အိုင်တီခေတ်တွင် မုချ ဆိုသည်မှာ ခေတ်နှင့်အံချော်နေပါပြီ။ အကယ်၍ အကြင်ပုဂ္ဂိုလ်တစ်ယောက်အနေနှင့် မုချ ဆိုသည်ကိုချိုမြဲချိုနေလျှင် ထိုပုဂ္ဂိုလ်အိုင်ဒီယာအုံလွဲဖို့သေချာပြီ။

ကုထုံး
ဥပမာ …… A.A မှာအရက်ဖြတ်လိုသော အရက်သမားအများစုထားသည့် ကလပ် ဖြစ်သည်။ မိမိတို့အချင်းချင်းတွေ့ဆုံကာ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးနောက်အရက်ဖြတ်ဖို့ကြိုးစားကြသည်။ လက်တွေအောင်မြင်မှုရနေသည်ဟုသိရသည်။

တစ်ခုတော့ရှိသည်။ သူတို့ဆွေးနွေးပွဲကရိုးသားရသည်။ ရက်ရက်စက်စက်ကြီးကိုရိုးသားရသည်။ အဖွဲဝင်သစ်တစ်ရောက် ပထမဦးဆုံးဆွေးနွေးပွဲတက်သည်နှင့် စင်မြင့်ပေါ်တက်ပြီး ခုလိုကြေညာရသည်။

ကျွန်တော်မောင်ဖြူပါ၊ ကျွန်တော်အရက်သမားပါ၊ ....စသဖြင့်၊ O.A အဖွဲ့များမှ မိမိကိုကိုယ် ပြူပြင်ပြောင်းလဲလိုသော အိုင်ဒီယာအုံးလွဲသူ တစ်ယောက်အနေနှင့်အလားတူ ရိုးသားဖို့လိုပါလိမ့်မည်။ ပထမဆုံး ဆွေနွေးပွဲတွင်မိမိကိုယ်ကိုအရင်အတိုင်းမိတ်ဆက်ရပ်လိမ့်မည်။

ဥပမာ...ဤသို့....။ ကျွန်တော့်နာမည်မောင်နီပါ။ ကမာရွတ်မှာနေပါတယ်။ စာမဖတ်တာကြာပါပြီ...စသဖြင့် စသဖြင့်........စသဖြင့်....။
Ref: ကျော်ဝင်း (ထွိုင်ယာလက်တစ်နှင့်အော်တာနေးတစ်စာစုများ)

No comments:

Post a Comment