Thursday, July 21, 2011

သက်သတ်လွတ် စားသင့် မစားသင့်

BigBrother Myanmar created a doc
[By Zayar Myatkhaing]

သုစရိတ။ ။ ဘယ့်နှယ် ဒီတစ်ခါ ဆရာ ဒဿနကြီးက အလျင်စလို စောစောစီးစီး ပေါက်လာပါလား။ လက်ထဲမှာလည်း စာအုပ်ကြီးနဲ့။ ဘာစာအုပ်များတုံး။

    သုဒဿန။ ။ ဒါ စင်္ကာပူ ကလျာဏယုဝအသင်းက ထုတ်တဲ့ The Young Buddhist ၁၉၈၅ နှစ်ပတ်လည် မဂ္ဂဇင်းလေ။ ဒီအထဲပါတဲ့ ဆောင်းပါး တစ်ပုဒ်နဲ့ ပတ်သက်ပြီး ဆရာ့သဘောထား အမြင်ကို မေးစမ်းဖို့ လာခဲ့တာ။

    သုစရိတ။ ။ အကြောင်းက ဘာတဲ့လဲ။ ပြောပါဦး။

    သုဒဿန။ ။ သူ့ဆောင်းပါး ခေါင်းစဉ်ကတော့ ဗုဒ္ဓဝါဒနှင့် ဟင်းသီး ဟင်းရွက်စား ဝါဒ Buddhism and Vegetarianism တဲ့ဗျ။ ရေးတဲ့ ပုဂ္ဂိုလ်ကလည်း တော်တော် ထင်ရှားတဲ့ပုဂ္ဂိုလ်ပဲ။ ဒေါက်တာ ဂုဏသက္ကေရတဲ့။ သြစတြေးလျနိုင်ငံက ဗုဒ္ဓဘာသာပညာရှင်တစ်ပါးပဲ ဆိုပါတော့။

    သုစရိတ။ ။ ဟုတ်လား။ သြစတြေးလျမှာလည်း ဗုဒ္ဓဘာသာ ပညာရှင်ကြီးတွေ ရှိနေမှပဲလား။

    သုဒဿန။ ။ ဟ ရှိပါ့ ရှိပါ့။ သြစတြေးလျမှာလည်း ဗုဒ္ဓဘာသာက တော်တော်ထွန်းကားနေပြီ။ ဒေါက်တာဂုဏသက္ကေရအပြင် ဥပါသကာ ဒေးဗစ်မောရစ်ဆိုတဲ့ ပုဂ္ဂိုလ်၊ အမေရိကန်သား ဘုန်းကြီး ဖရာ့ (ဘိက္ခု) ခန္တီပါလော၊ ပြီးတော့ သီလရှင် ဆရာကြီး ဒေါ်ခေမာ စသူတွေ တော်တော်များများပဲရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာကြီး ဦးဘခင် ဝိပဿနာဌာနကသွားပြီး သာသနာûပနေကြတဲ့ ဆရာဦးချစ်တင်တို့၊ ဆရာမကြီးတို့ဆိုတာလည်းရှိ၊ ပြီးတော့ မြန်မာဘုန်းတော်ကြီး ဒေါက်တာဇာဂရ ဆိုတာလည်းရှိ၊ တော်တော်စုံပါတယ်ဗျာ။

    သုစရိတ။ ။ ကြားရတာ နားချမ်းသာလိုက်တာ ဆရာရယ်။ ကဲ ဆရာ့လာရင်းကိစ္စကို ပြောပါဦး။

    သုဒဿန။ ။ ဒီစာစောင်ထဲမှာ ဒေါက်တာဂုဏသက္ကေရက ဗုဒ္ဓဝါဒမှာ ဟင်းသီးဟင်းရွက်စားဝါဒ (ဗက်ဂျီတေးရီးယန်းနဇ္ဇင်း) ကို ဘယ်လိုမြင်သလဲဆိုတာ သူ့ဆောင်းပါးမှာ သုံးသပ်ထားတယ်။ မြန်မာ ဗုဒ္ဓဘာသာတွေကတော့ ဟင်းသီးဟင်းရွက်စားတာကို သက်သတ်လွတ်စားတယ်လို့ အပြောများကြတယ်။

    သုစရိတ။ ။ဒေါက်တာ သက္ကေရက ဟင်းသီးဟင်းရွက်စား ဝါဒ (ဗက်ဂျီတေးရီးယန်းနဇ္ဇင်း)နဲ့ ပတ်သက်ပြီး ဘာပြောသလဲ။

    သုဒဿန။ ။ သူရေးထားတဲ့ အကြောင်းတရားတွေက တော်တော်စုံတယ်။ ဒါကို မပြောခင် ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေထဲမှာ သက်သတ်လွတ်စားတဲ့ လူတွေဟာ ဘယ်သူတွေလဲ။ အဲဒါ ပြောပါဦး။

    သုစရိတ။ ။ အင်း ဆရာ သုဒဿန မေးလို့ ပြောရရင်တော့ ကျွန်တော့် အမြင်မှာ ထင်ရှားတဲ့ အချက်တစ်ချက်ပေါ်လာတယ်။ ဒါက ဘာလဲဆိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေထဲမှာ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် သမထ ဝိပဿနာအလုပ်ကို ကျင့်ကြံêကိးကုတ် အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ သက်သတ်လွတ် (ဟင်းသီးဟင်းရွက်)ကို စားတတ်ကြတယ်။ သမထလမ်းကို လိုက်ကြတဲ့ လူတွေ ရဟန်းတွေ အဓိဋ္ဌာန်ထားပြီး ရက်အကန့်အသတ်နဲ့ သက်သတ်လွတ် စားကြတာလည်း ရှိပါတယ်။ တချို့ ဝိပဿနာဌာနတွေ တောရတွေမှာလည်း သက်သတ်လွတ်ပဲ စားကြတယ်။

    သုဒဿန။ ။ ကောင်းပြီ။ အဲဒါကို တချို့က သက်သတ်လွတ်စားတာ ထေရဝါဒ မဟုတ်ဘူး။ ဗုဒ္ဓဝါဒ မဟုတ်ဘူး၊ ဟိန္ဒူတွေ မဟာယာနတွေနဲ့ ဒေဝဒတ်ဂိုဏ်းသားတွေသာ သက်သတ်လွတ်စားကြတာဆိုပြီး သက်သတ်လွတ်စားတာကို ဗုဒ္ဓရှင်တော်မြတ်က မပညတ်တဲ့အတွက် ဗုဒ္ဓအလိုတော်ကျ မဟုတ်သလိုလို ပြောဆိုရေးသားနေကြပါကလားဗျ။

    သုစရိတ။ ။ အင်း ဒီကိစ္စဟာ အကျယ်ဆွေးနွေးရမယ့် ကိစ္စဖြစ်နေတာ အမှန်ပါပဲ ဆရာဒဿနရဲ့။ အမှန်ကတော့ မြတ်စွာဘုရားက အကြောင်းသုံးပါးနဲ့ ညီညွတ်လို့ ရှိရင် အသားစားတာကို မကန့်ကွက်ဘူး။ ဒါကြောင့်တော့ မြတ်ဗုဒ္ဓဟာ အသားစား ဝါဒကို အားပေးတယ်လို့ နိဂုံး ဆွဲမထုတ်သင့်ဘူး။ ဒေါက်တာ ဂုဏသက္ကေရကတော့ သဘောထား ဘယ်လိုရှိသလဲ။

    သုဒဿန။ ။ သူကလည်း သက်သတ်လွတ် ဟင်းသီးဟင်းရွက်စားဝါဒထက် အသားစားဝါဒဘက်ကို ခပ်ပါပါရယ်။ မြတ်စွာဘုရားက သတ်တာကို မမြင်ရင်၊ မိမိအတွက် ရည်ရွယ်ပြီး သတ်ကြောင်းကို မကြားရင်၊ ပြီးတော့ စိတ်ထဲမှာ သံသယရှင်းရင် အဲဒီလိုပဝတ္တမံသမျိုးကို စားကောင်းတယ်။ သို့သော် အကပ္ပိယ ဆိုပြီး သတ်မှတ်ထားတဲ့ ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ် မစားကောင်းတဲ့ အသားကြီး ဆယ်မျိုးကိုလည်း ပညတ်တော်မူခဲ့တယ်။ လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ ကျားသား၊ ခြင်္သေ့သား၊ြေ>ွမသား၊ ကျားသစ်သား၊ ဝံသား၊ ခွေးအယ အသားတွေကို မစားအပ်ဘူးတဲ့။ ဒါလည်း အမှန်တော့ လူအများ စက်ဆုပ်တဲ့ အသားတွေဖြစ်လို့ ဘုရားက အစားအပ်ဘူးလို့ ပြောတာပါတဲ့။ ဒါဟာ ကိုယ်ကျင့်တရား ရှုထောင့်က ပြောတာထက် အနုဘာဝနရှုထောင့်က ပြောတာဖြစ်ဖို့များပါတယ်တဲ့။ ဒီကိစ္စဟာလည်း အမှန်တော့ ရဟန်းသံဃာများကို ရည်ရွယ်ပြီး ပညတ်တော်မူတာဖြစ်လို့ လူအများနဲ့တော့ သိပ်မဆိုင်လှပါဘူးတဲ့။ ဒေါက်တာဂုဏသက္ကေရ စောဒကတက်ထားတာက ဗုဒ္ဓက ဘာဖြစ်လို့ အသားစားခြင်းနဲ့ဆိုင်တဲ့ ဝိနည်းတော်တွေကို ပညတ်တော်မူခဲ့ပါသလဲ။ ဒါကို စဉ်းစားသင့်ပါတယ်တဲ့။ သူအကြောင်းပြတာကတော့ စားဖို့အတွက် ရည်ရွယ်ပြီး သတ်ရင် မစားကောင်းဘူးလို့ဆိုရင် ဈေးထဲမှာ ရောင်းနေတဲ့ အသားအားလုံးဟာ စားချင်တဲ့လူတွေရဲ့ ဝယ်လိုအားရှိလို့သာ သတ်ရောင်းကြတာဖြစ်လို့ ဒီသားငါးတွေလည်း သန့်တယ်လို့ မဆိုနိုင်ဘူးတဲ့။ ဘုရားက ကိုယ်တိုင်မသတ်ဘူး။ သတ်ဖို့ကိုလည်း အားမပေးဘူး။ ဈေးထဲမှာ ရောင်းနေတာတွေ့လို့ ဝယ်လာတဲ့ အသားဆိုရင် စားအပ်တယ်လို့ ယူပါတယ်တဲ့။ အသက်သတ်လွတ်အောင်သာ ရှောင်မယ်ဆိုရင်တော့ ဈေးထဲမှာရောင်းနေတဲ့ သားငါးမဟုတ်တဲ့ ဆန်စပါး၊ ဟင်းသီးဟင်းရွက်ကအစ အသက်သတ်ထားတာနဲ့ မကင်းပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဟင်းသီးဟင်းရွက်ကိုစိုက်ဖို့ မြေကို ထွန်ယက် မီးရှို့ကတည်းက ပိုးမွှားသတ္တဝါတွေအများကြီး သေကုန်ကြရတာပဲတဲ့။ ကူးသန်းရောင်းဝယ်ရေးအတွက် စိုက်ပျိုးမွေးမြူတဲ့ လုပ်ငန်းမှန်သမျှဟာ အသက်သတ်မှု လွတ်ကို မလွတ်ဘူးတဲ့။ ဘာဖြစ်လို့လဲဆို ထွန်ယက်တုန်းက မြေကြီးထဲက သတ္တဝါတွေသေတယ်။ သီးနှံဖြစ်လာတော့ ပိုးသတ်ဆေးဖြန်းလို့ ပိုးမွှားတွေ သေကြရတယ်။ သီးနှံဖျက်တဲ့ြ

    သုစရိတ။ ။ အင်း မန်လည်ဆရာတော်က မဃဒေဝထဲမှာ ဆိုထားတာကလေး သွားသတိရတယ်။ 'Óဏ်ရှိယောက်ျား၊ မှားလတ်သောခါ၊ ဆေးလွန်နာကို၊ ဆရာနောက်ဆက်၊ ဖျက်၍အမြဲ၊ ပြင်နိုင်ခဲ၏' ဆိုသလို ပညာရှိတွေ ပြောဆိုကြတာဟာ မှားပြီဆိုရင် တော်တော်ပြန်ဖျက်ရခက်တတ်တယ် ဆရာ သုဒဿနရဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထေရဝါဒ အစီအစဉ်နဲ့ အကိုက်ညီဆုံး အဖြေကိုတော့ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားက ပေးခဲ့ပြီးသားဖြစ်လို့ ကျွန်တော်တို့အတွက်ခံသာပါတယ်။

    သုဒဿန။ ။ ဟုတ်ရဲ့လား ဆရာရဲ့။ လယ်တီဆရာတော်ဘုရားက သက်သတ်လွတ်စားတာနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပေးထားတာ ရှိခဲ့သလား။

    သုစရိတ။ ။ ဟုတ်ကဲ့။ အထင်အရှားရှိလို့သာ ခံသာတာပေါ့ ဆရာရယ်။ သို့မဟုတ်ရင် အားလုံး ကသိကအောက် ဖြစ်ကုန်တော့မှာ။ ထေရဝါဒ သာသနာတော်မှာ ချမှတ်ထားတဲ့ အစဉ်အလာတွေ အပေါ်မှာ ခေတ်Óဏ်နဲ့တွေးပြီး အဓိပ္ပာယ်ကောက်မှားတာတို့၊ ပြင်ဆင်ချင်တာတို့ လုပ်ကြရင် သာသနာတည်တံ့ရေး အတွက် ခက်ကုန်ကြလိမ့်မယ်။

    သုဒဿန။ ။ ဒါ ထားပါဦး။ လယ်တီဆရာတော်ရဲ့ အဆုံးအဖြတ်ကို ကြားပါရစေဦး။

    သုစရိတ။ ။ လယ်တီဆရာတော် ဝိနိစ္ဆယသုစိကျမ်းဆိုတာ ရှိပါတယ်။ ဟံသာဝတီတိုက်က ထုတ်ထားတာ။ ၁၉၆၃ခုနှစ်လောက်ကမှ ထုတ်ထားတာ ရှိပါတယ်။ ရှာဝယ်ရင် ရပါလိမ့်မယ်။ အဲဒီကျမ်းမှာ ပြည်ûမိ့က ဒါယကာ မောင်ရွှေထင်က အသားစားပုစ္ဆာတွေ မေးလျှောက်ထားတာကို လယ်တီဆရာတော်က ဖြေတော်မူခဲ့တယ်။ အမေးပုစ္ဆာရဲ့ အဓိကအချက်က အသားစားတာဟာ ဗုဒ္ဓရဲ့ အလိုတော်ကျ ဖြစ်မဖြစ်။ ပြီးတော့ အသားစားတာရဲ့ အကျိုးအပြစ် ဘယ်လိုရှိပါသလဲဘုရားလို့ မေးထားပါတယ်။ ဒါကို လယ်တီဆရာတော်က မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်း အစွန်းသုံးပါး ကင်းလွတ်လျှင် အပ်၏ဟု ခွင့်ûပတော်မူသော အနုညာတ အသားစားမှုသည် စင်စစ်အားဖြင့် မြတ်စွာဘုရား အလိုတော်ကျ အနုညာတပစ္စည်း မဟုတ်ချေ။ ဝေနေယျဇ္ဈာသယသို့ လိုက်လျော ငဲ့ညှာတော်မူသောအားဖြင့် လိုက်လျော ခွင့်ûပရသော အနုညာတမျိုးသာ ဖြစ်၏လို့ ဆုံးဖြတ်တော်မူတယ်။ အမှန်က အိမ်စဉ် လှည့်ပြီး ဆွမ်းခံစားရတဲ့ သာသနာ့ဝန်ထမ်း ရဟန်းများကို အစွန်းသုံးပါးြ>ွခင်းချန်ထားပြီး ကင်းလွတ်ခွင့်မပေးခဲ့ရင်၊ အသားစားမှုအားလုံးကို ဖယ်ရှားတော်မူခဲ့ရင် ဆွမ်းတစ်နပ်စာရဖို့တောင် မလွယ်တော့ဘူးဖြစ်မယ်။ ရဟန်းတွေ သာသနာ့ဘောင်မှာ နေနိုင်ကြတော့မယ်မဟုတ်ဘူး။ နေ့စဉ် သံသယကင်းလွတ်တဲ့ ဆွမ်းကို စားရတော့မှာ မဟုတ်ဘူး။ အသားစားမှုအားလုံးကို သိမ်းရုံးပြီး တားမြစ်လိုက်ရင် ရဟန်းသံဃာများမှာ ဆွမ်းကိစ္စကို ကျောင်းမှာ ချက်ûပတ်စီစဉ်ရတော့မယ်။ ဒီတော့ စားမှုသောက်မှုစတဲ့ ဗာဟီရကိစ္စနဲ့ပဲ အချိန်ကုန်သွားတော့မယ်။ ရဟန်းကိစ္စပြီးမြောက်အောင် ဆောင်ရွက်နိုင်တော့မယ်မဟုတ်ဘူး။ အဲဒီလို ကိစ္စအားလုံးကို ûခံငုံသုံးသပ်ပြီးမှ မတတ်သာလို့ အသားစားခြင်းကို ဘုရားခွင့်ûပရတာလို့ လယ်တီဆရာတော်က ဆုံးဖြတ်ပါတယ်။ ခွင့်ûပသော်လည်း သားငါးကို စားသောက်ကြတဲ့အခါ ပစ္စဝေက္ခဏာ ဆင်ခြင်၍သာ သုံးဆောင်ရမယ်။ ဘယ်လို ဆင်ခြင်ရမလဲဆိုတော့ အဓွန့်ရှည်တဲ့ ခရီးကို သွားကြတဲ့ လင်၊ မယား၊ သားငယ် သုံးယောက်တို့ဟာ လမ်းခရီးမှာ အစာပြတ်ပြီး ရှေ့လည်း ခရီးမဆက်နိုင်၊ နောက်သို့လည်း မပြန်နိုင်တဲ့အဆုံး သားငယ်ကို သတ်ဖြတ်ပြီး အသားကို စားကြရတဲ့အခါ ပြင်းထန်တဲ့ ကြေကွဲဖွယ်ဝေဒနာကို ခံစားရင်း မျက်ရည်စက်လက်နဲ့ ဝါးမျိုကြရသလို စားကြရမယ်။ သနားတဲ့ ကရုဏာစိတ်နဲ့ တရားကို အာရုံûပပြီး စားရမယ်လို့ ဆုံးမတော်မူတယ်။ ဆရာတော်ကတော့ အသားစားမှုကိုတတ်နိုင်ရင် ရှောင်ကိုရှောင်သင့်တယ်။ ဒီလို အသားစားရှောင်တာဟာ တိတ္ထိရဲ့ အကျင့်လည်း မဟုတ်ပါဘူးတဲ့။ ပါဠိတော် အကိုးအကား အထောက်အထားများနဲ့ ရှင်းပြတော်မူပါတယ်။ ပြီးတော့ အသားစားရှောင်ကြဉ်ခြင်း အကျိုးတွေကိုလည်း အများကြီး ပြထားတယ်။

    သုဒဿန။ ။ ဘာအကျိုးတွေ ပြထားသလဲ။

    သုစရိတ။ ။ လောကီအကျိုး၊ လောကုတ္တရာအကျိုး နှစ်မျိုးလုံးကို ပြထားပါတယ်။ အသားစား ရှောင်ကြဉ်သူဟာ (၁) ခုဘဝမှာ မျက်နှာမြင် ချစ်ခင်ရတယ် (၂) အသံကြား ကြည်ညိုရတယ် (၃) ရောဂါဝေဒနာ ကင်းတယ် (၄) စိတ်ရော ကိုယ်ပါ ချမ်းသာတယ် (၅) မိသားစု ဆွေမျိုးများနဲ့ အသက်ထက်ဆုံး ကြည်လင် ချမ်းမြေ့နေထိုင်ရတယ် (၆) ရန်သူမရှိဘူး (၇) သေနေ့မစေ့မီ မသေရဘူး (၈) သူတစ်ပါး ပယောဂ သေးခြင်းဆိုးနဲ့ မသေရဘူး (၉) သွားလေရာ မျက်နှာပွင့်လန်းတယ် ဆိုတဲ့ အကျိုးကိုးမျိုးကို မျက်မှောက်ဘဝမှာတင် ရတယ်လို့ ဆိုတယ် ဆရာရဲ့။

    သုဒဿန။ ။ ဒါဆိုရင်တော့ ဘာအငြင်းပွားစရာလိုသေးလဲနော်။ အသားစားရှောင်ကြဉ်တာဟာ ကောင်းတာပဲဆိုတာ သိပ်ထင်ရှားနေတာပဲ။ သာဓုပဲ ဆရာရေ။ သာဓု၊ သာဓု။

    ဆန်းလွင် (အရှင်အာဒိစ္စရံသီ)
    ဓမ္မရုပ်စုံ၊ စက်တင်ဘာ၊ ၁၉၉၂။

No comments:

Post a Comment