ရဲဘော်ရေ
စလုံးရေ စကတည်းက မက်လောက်စရာဘာရှိလို့လဲ အကျဉ်းအကြပ်ထဲ ကျဉ်းကြပ်နေတယ်
သွေးရူးသွေးတမ်းသတ်ကွက်တွေထဲမှာ သူရဲကောင်းဆန်တယ်ပြောစရာတကွက်မှမရှိဘူး
ဒီလိုပဲစကတည်းကချောက်ကျနေတော့ မြင်မြင်သမျှ သတ်နေရတယ်
သွေးညှီနံ့ ယမ်းနံ့ဟာ သေခြင်းဆိုတာထက် ဘာအနံ့အသက်မှမပိုဘူး
ရွေးချယ်စရာ များများစားစားမရှိခဲ့ပါဘူး
မသတ်ရင် သေမယ် ဒါ့ကြောင့်သတ်မယ်
ငါ့မှာငါချစ်တဲ့တိုင်းပြည်
ငါ့ချစ်တဲ့စစ်တပ်
ငါ့ချစ်တဲ့သွေးသောက်ရဲဘော်တွေ
ငါချစ်တဲ့ဇနီး
ငါချစ်တဲ့ငါ့သားသမီးအပြင်
အပိုဆိုလို့ လွမ်းစရာစည်းစိမ် များများစားစားမရှိပါဘူး
ငါနဲ့ရင်ဆိုင်တိုက်နေရတဲ့ငါ့သေဖော်ရေ မင်းကိုလည်းမေးကြည့်ချင်ရဲ့
မင့်တိုင်းပြည်ကို မင်းချစ်ရဲ့လား
မင့်စစ်တပ်ကို မင်းချစ်ရဲ့လား
မင့်မှာ ခင်စရာကောင်းတဲ့ရဲဘော်သူငယ်ချင်းတွေရှိလား
မင့်မှားဇနီးရှိလား
မင့်မှာ သားသမီးရှိလား
မင့်မှာလွမ်းစရာတွေရှိလား
မင့်မှာ မှာချင်တာတွေရှိလား
ငါ့သေဖော်ရေ ငါတို့အချစ်အတွက် စစ်တိုက်ခဲ့တာဆိုငါတို့ချောက်ကျခဲ့ပြီထင်ပါရဲ့
ငါ့သေဖော်ရေ
မသတ်ရင် သေမယ် ဒါ့ကြောင့်သတ်မယ် ဆိုတဲ့အတွေးတွေကလွဲရင်မင်းပိုတွေးနိုင်သေးလား
ငါ့သေဖော်ရေ
လူ့ယဉ်ကျေးတွေရဲ့အတ္တတွေကြား ငါတို့ချောက်ကျခဲ့ပြီ
တရားသောစစ် အချစ်အတွက်စစ် တိုင်းပြည်အတွက်စစ် ကျူးကျော်သောစစ် ခုခံသောစစ်
ဘာသောစစ် ညာသောစစ် နားမလည်သောစစ် နားလည်သောစစ်
ဘာကြီးပဲဖြစ်ဖြစ် ဒီပွဲမှာငါတို့ချောက်ကျခဲ့ပြီ
ငါ့သေဖော်ရေ
မသတ်ရင် သေမယ် ဒါ့ကြောင့်သတ်မယ် ဆိုတဲ့အတွေးတွေကလွဲရင်မင်းပိုတွေးနိုင်သေးလား
မသတ်ရင် သေမယ် ဒါ့ကြောင့်သတ်မယ် ဆိုတဲ့အတွေးတွေကလွဲရင်မင်းပိုတွေးနိုင်သေးလား
မသတ်ရင် သေမယ် ဒါ့ကြောင့်သတ်မယ် ဆိုတဲ့အတွေးတွေကလွဲရင်မင်းပိုတွေးနိုင်သေးလား
... ... ...
(ကာတွန်းလေးက ရင်ကိုထိလို့ သာမန်ရဲဘော်တယောက်လို ခံစားကြည့်တာပါ၊
ရဲဘော်ဆိုတော့ ရဲဘော်လိုပေါ့ဗျာ)
အခြားလူ
cartoon copied from
http://www.facebook.com/photo.php?fbid=1548539680824&set=a.1385367081611.2053362.1455035136&type=1
No comments:
Post a Comment