by Maw Jay on Friday, July 22, 2011 at 12:00pm
အိပ်လို့လည်းမပျော်တာနဲ့ မနေ့ညက တွေးမိတဲ့ အတွေးလေးကိုရေးလိုက်တာပါ
ဖတ်ပေးပြီး ပြောချင်တာလေးတွေရှိရင်လည်း အားမနာတမ်းပြောလို့ရပါတယ်။
မနေ့က M သူငယ်ချင်းတစ်ယောက်ရဲ့ အစ်ကို မရှိတော့လို့ ရာဒါကောင်း လူမျိုးပေါင်းစုံ သုဿာန်မှာ နာရေးလိုက်ပို့တာပေါ့၊ အဲဒီမှာ အနည်းငယ် တန်းစီပြီး တွေ့ရတာပါပဲ၊ ဘာတွေပါလိမ့်နော့်။ အခု လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြောင်းအရာ တွေထဲက သေးသေး လေးလို့ ထင်ရတဲ့ ကြီးကြီး ကြီး တစ်ခုပါ၊ ကချင်ပြည်နယ်ဆိုတာကိုတော့ တော်တော်များများသိကြပါတယ်နော့်။
"စစ်တုရင်/ ကျား" ကစားတယ်ဆိုတာကို တော်တော်များများသိမှာပါ၊ ဘုရင်တစ်ကောင် ရဖို့အတွက် အရှေ့မှာရှိတဲ့ "ပွန်း/ ကျား (အကောင်)" တွေကို ချကျွေးရတာဟာ ဓမ္မတာ ဆိုတာကို သိသလို ကျွေးလိုက်ရတဲ့ အကောင်လေးတွေကို ကစားပွဲခုံမှာ ရှိမနေအောင် ရှင်း ထားရပါတယ်၊ တစ်ကယ့်လက်တွေ့ ကစားပွဲတွေမှာတော့ ဘယ်သူ့ဘယ်သူမှ မရှင်းနိုင်ကြပါဘူး။ ကံကောင်းလို့ အရှင်းခံရတဲ့သူတွေ ကျတော့ အိမ်ကို ပြန်ရောက်၊ (၆) ပေx (၄)ပေ ကျင်းထဲမှာ လူလိုသူလို အဆုံးသတ်ရပေမယ့် အဲဒါဟာ . . .
- တစ်ရာမှာ လက်ဆယ်ချောင်းမှပြည့်ပါ့မလား?
"ဟေ့ မင်းတို့တွေ မျက်နှာချင်းဆိုင်ဆုံကြရင် ဘယ်လိုလုပ်မလဲလို့ စခဲ့ကြတုန်း က တော့ ၊ မိုးပေါ် ထောင်ပြီးပစ်လိုက်မှာပေါ့" လို့ ရယ်ရယ်ပြုံးပြုံး ပြောနိုင်ခဲ့ကြပေမယ့် အခုတစ်ကယ်တမ်းကျတော့ သူတို့တွေ အားလုံး စိတ်ညစ် နေကြ တာပါပဲ၊၊ တွေ့ရင် ရှောင်ချင် ပေမယ့် အမိန့်ကို နာခံရတဲ့သူတွေဆိုတော့ . . . ဒါကို "DEAD ROAD" လို့ ပြောလို့ရမယ်ထင်ပါရဲ့ နော့်။ သေချာတာကတော့ ဘယ်ဘက် ကပဲ ဖြစ်ဖြစ် မိသားစုတွေထဲက အစာမကြေ ဖြစ်ပြီး "အရီဗိုးဂျင်း" စိတ်ဓါတ်ရှိတဲ့လူ တစ်ယောက်လောက် ထွက်လာမှာတော့သေချာတယ်လေ၊ ဒီလိုဆိုရင်တော့ _ _ _ အို . . . အသင်လောက မငြိမ်းသောမီး ပါတကား . . . (မှားသွားရင်လည်း ပြင်ပေးကြပါဦး)
(၂၀.၇.၁၁) ဗုဒ္ဓဟူးနေ့ည တုန်းက အတွဲလိုက်သံတွေကြားရတယ်၊ အိမ်နားလေးက ဦးလေးတစ်ယောက်ရဲ့ အမျိုးတွေကတော့ နေ့ လည်ကပဲ ရွာကအိမ်နဲ့ အခင်းကို ပြန်မယ်ဆိုပြီး သွားလိုက်တာ (၂၁.၇. ၁၁) ၀၀း၄၅ နာရီ ကျော်ကျော်လောက်မှာ သူတို့ ပြန်ရောက် လာတယ်၊ သူတို့ ပြန်လာ တော့ M တို့လည်း မအိပ်သေးတာနဲ့ ဂွမ်းနဲ့ အနာကျက်ဆေးတွေရှိလား ဆိုပြီးလာမေး (အခြေအနေလည်းသိချင်) လို့၊ အခြေအနေကို ဆေးပေးရင်း သွားမေးကြည့်တော့
"ငါတို့တွေ ပြန်မရောက်တော့ဘူးလို့ကို ထင်တာ၊ဆိုင်ကယ်ဘီးပေါက်လို့ လမ်းမှာနောက်ကျပါတယ်ဆိုမှ ဆက်သွားလို့ မရလို့ စက်သတ် ပြီး တောလမ်းကနေ ဆိုင်ကယ်တွန်းပြီးပြေးခဲ့ ရတယ်၊ လမ်းမှာ အပေါ် အောက် တရစပ် ချနေကြတာ၊ အပေါ်မှာတော့မသိဘူး အောက်က 'မြန်ဖျန်လာ' တွေကတော့ ဘယ် ဟာ က အရင်/ ဘယ်ဟာက နောက်မှ အိမ်မပြန်နိုင်တာမှန်းကို မသိ တော့တဲ့ သူတွေရယ်၊ လဲကျသွား တဲ့လူ ကို တွဲဖို့မပြောနဲ့ ကိုယ်ဟာကိုယ် တောင် ဘာမှန်းမသိတော့ဘဲ မည်းမည်းမြင်ရာ ချနေကြတာ၊ ဘုရားကျေးဇူးတော် ကြောင့် ငါတို့ ဘာမှမဖြစ် တာ" ဆိုပြီး ပြန်ပြောပြခဲ့ပါတယ်။
သူတို့နေတဲ့ ရွာက ၀ါရှောင်ဆည်ရှိတဲ့ ၀ါရှောင်ရွာကနေ ဆဒုံးလမ်းအတိုင်းဆက်သွားရင် လမ်းဘေးလမ်းသွယ် တစ်ခုကနေ တော် တော်လေး ၀င်သွားရတဲ့ရွာပါ။ M တို့တစ်တွေက ငယ်ငယ်က နေတဲ့နေရာမှာစစ်ဖြစ်လို့ အတူတူပြောင်းလာဖူးတဲ့သူတွေဆိုတော့ ကိုယ်တွေက စိတ်ပူတာကို သူတို့ တွေကတောင် ကိုယ့်ကိုပြန်ပြောင်လိုက်သေးတယ် "လူ အိမ်ပြန်မရောက်ရင်တောင် ဆိုင်ကယ် ရောက်ရမယ်" ဆိုပြီးတော့ ပေါ့။ (ဂျိမ်းဖော၊ လချိတ် ဘာသာစကားတို့နဲ့ပြောတာကို ဗမာလိုတတ်သလောက် ဘာသာပြန်ထားတာပါ။)
ကစားပွဲ တစ်ပွဲဆိုရင် ဒါလောက်တော့ရှိမှာပေါ့လို့ ပြောတဲ့သူတွေရှိပါတယ်၊ အင်းလေ ဟုတ်သလိုလိုတော့ရှိပါတယ်။ ဒါပေမယ့် အရုပ် တွေ မဟုတ်တာတော့သေချာတယ် . . . ဒီလိုဆိုတော့ တောတွေခုတ်ပြီး လမ်းဖောက်တဲ့သူတွေကိုပဲ ကျေးဇူးတင်ရမလား၊ ဒါမှမဟုတ် တောတွေပြုန်းလို့ သစ်ပင်ပြန် စိုက်တဲ့လူကို အားပေးရမလား။ ဒါမှမဟုတ် ဥာဏ်ကြီးသူတွေရဲ့ အားပြိုင်ကွင်းလား။
- ပင်စင်လစာတွေတိုးတာ ဒါတွေကြောင့်များလား?
မိတ်ဆွေများရေ
M အတွေးမှားသွားပြီလား?
"လား" ပေါင်း များစွာဖြစ်နေလို့ . . .
စဉ်းစားကူကြပါဦး
P.S – "မြန်ဖျန်လာ"=မြန်မာတပ်သား။
No comments:
Post a Comment