by Shwemaw Kunn on Thursday, July 14, 2011 at 7:37am
သင့်အတွက် မနက်ဖြန်ဟာ ပုံဟန်ပြောင်းခဲ့
Power ၀င်္ကဘာလမ်းမှာ စာဖတ်ဖို့ လောင်စာ လိုမယ်
မျက်ရည် ဆိုတာ ပြည့်ဖြိုးမြဲ စွမ်းအင်လား
အိမ်ပြန်ချင်တဲ့ သားချင်းတွေ ရှိနေကြတယ်
Remote control မှာ အရုပ် ရှင်
ဖျက်ဆီးမှုများလို့ ကမ္ဘာကျော် ရုပ် အရှင်
ဝယ်လိုအားရဲ့ ဧည့်ခံစရိတ်မှာ ရုပ်ရှင် အ
မိတ်ဆုံပွဲ လက်မှတ်ရောင်းပြီး မျက်ခွံက ပိတ်လို့
တောခွေး အူသံတွေက ညကို ကြောက်လန့်စေတယ်
ရေအိတ်နဲ့ ၊ ကုလားအုတ်နဲ့ ၊ ၀န်ထုပ်တွေနဲ့
ဆူးတွေ များဖို့ အမြစ်တွေ ရှည်ခဲ့ရသလား
အရုပ် ရှင်
ရုပ် အရှင်
ရုပ်ရှင် အ
ရေတွေ ပွက်ပွက် ဆူနေပြီ
အဖုံးကို ဖွင့်လိုက်ပါ
နတ်သစ်ရွက်နဲ့ လက်ဖက်ရည်ကို တည်ခင်းဖို့ ... ... ။
ငြိမ်းစိုးဦး
( April ; 1 ; 2011 )
http://www.shwemawkunn.com/
“အရှင် ရုပ် ” ကဗျာကို ဆရာငြိမ်းက ဧပြီလ ကတည်းကပို့ခဲတာပါ။ အခြေအနေအခက်အခဲအမျိုးမျိုးကြောင့်
ဆရာငြိမ်းနှင့် တစ်ခြား ဆရာ၊ ဆရာမတွေရဲ့ ပေးပို့လာတဲ့ စာမူတွေကို မတင်ဖြစ်နိုင်ခဲ့တာကို ရွှေမော်ကွန်းမှ အနူးအညွတ် တောင်းပန်အပ်ပါတယ်။
ရွှေမော်ကွန်

No comments:
Post a Comment