by Bo K Nyein on Saturday, June 25, 2011 at 1:15pm
(မ အ) ချင်ရင် ဖက်စုံ ကိုနားထောင် ဖတ်ရှု လေ့လာပြီှးမှ လောဂျစ်နဲ့ ဒါကတော့ ဖြစ်နိုင်စရာရှိတယ်။ ဒါကိုတော့ လက်မခံနိုင်ဖူးဗျာဆိုပြီး အကျိုးနဲ့အကြာင်းနဲ့ ရှင်းပြနိုင်ရမှာပေါ့။
တဖက်သတ်အတွေးနဲ့ မကြားချင်တာကို ဆွေးနွေးလာရင် သိပြီးပြီ လာမပြောနဲ့ ဆိုပြီး သစ်ကုလားအုပ် ခေါင်း သဲထဲနှစ်ပြီး ငြင်း သလို ငြင်းရင် (၄) နှစ်သားလေး ရဲ့ အမူအရာနဲ့ ဘာကွာတော့မှာလဲ? တိုင်း ပြည် အကျိုးဆောင်ချင်ပါတယ် ဆိုတဲ့ သူတွေ က (၄) နှစ်သား အရွယ် အမူအကျင့်တွေ မပျောက် ရင် ဘယ်သူက မိမိ စကားကို အလေးထားတော့ မှာလဲ?
ဘုရားလက်ထက် မှာတောင် အယူမှားကြတဲ့ ဒိဋ္ဌိ တွေရှိသေးတာပဲ။ ပုဂံခေတ်ကလည်း ဒိဋ္ဌိ အရည်း ကြီးတွေ ခေတ်စားခဲ့ကြသေးတာပဲ။ အရည်းကြီးတွေ ဟောတာကို ယုံပြီး မိမိတို့ရဲ့ သမီးပျိုတွေရဲ့ ပန်းဦးကိုတောင် ကျေကျေနပ်နပ်ကြီး ဆက်သခဲ့ကြသေးတာပဲ။ ကွန်မြူနစ် ဆိုတာ ကမ္ဘာက မသိစဉ်က လက်ခံခဲ့ကြတဲ့ ၀ါဒအရည်းကြီးတွေပဲ။ အများကောင်းစားရေး ပစ္စည်းမဲ့လူတန်းစားတွေ အတွက် ဆို တော့ ယုံခဲ့မိကြတာပေါ့။ ပစ္စည်းမဲ့အာဏါရှင် စံနစ်ဆိုတာ ကို တကယ်တော့ လူတစု လူတဦးအတွက် ဖြစ်လာပြီး ကွန်မြူနစ် တွေဟာ ဖက်ဆစ်တွေနဲ့ မခြား သတ်လိုက်တာ သောက် သောက် လဲ။ စတာ လင် နဲ့ မော်စီတုံးအကြား လူ သန်း ၁၀၀ လောက် စတေးခံ ခဲ့ကြရတယ်။ ပေါလ်ပေါ့ က လူဦးရေ လေးပုံတပုံ သတ်ပစ်ခဲ့ ကြတာကြောင့် တကမ္ဘာလုံးက ကွန်မြူနစ် အရည်းကြီးတွေကို သံပုံးတီး မောင်းထုတ်ခဲ့ကြပြီးပြီ။
ဒါကို ဗမာ အရည်းကြီး အောက် စီဂျင် စာရေးဆရာ အိုကြီးက မာ့က်စ် ၀ါဒ ဟာ အာဏါရှင် စံနစ် မဟုတ်ပါဖူး ဆိုပြီး ဗြောင် ရေးရဲတယ်။ မာ့က်စ် လီနင် ၀ါဒ လို့ခေါ်တဲ့ ကွန်မြူနစ် စံနစ်ရဲ့ အဓိက ကြောရိုးဟာ ပစ္စည်းမဲ့အာဏါရှင် တည်ဆောက်ရေးပဲ။ ဒါကို ယုံတဲ့ လူတွေကလည်း ယုံလိုက်ကြတာပဲ။
ဆန်းတော့မဆန်းပါဖူးလေ Heaven's Gate လို့အမည်ရတဲ့ religious cult အစွမ်းရောက်ဘာသာ ရေး ယုံကြည်သူ တစု (၃၉) ယောက်ဟာ သူတို့ ဆရာကြီးပြော သလို Hale-Bopp Comet အနောက် မှာ ကပ်ပါလာတဲ့ အာကာသယဉ်စီ ကိုရောက်ဖို့ အစု လိုက် သတ်သေ လိုက်ကြတယ်။ သာမန်လူ တွေ ရဲ့ အမြင်နဲ့ ကြည့်ရင်တော့ သနားစရာ ရူးလိုက်ကြတာပေါ့။ ဘာသာရေးမှိုင်းမိနေ သူတွေအဖို့ ကတော့ အသက်ကိုတောင် စွန့်ရဲကြတယ်။ ၀ါဒ မှိုင်းမိသူတွေဖို့ လည်း ထို့နည်း၎င်း ပါပဲ။
ဗမာတွေအများ က မူ တွေ ၀ါဒ တွေ ပေါ်လစီ တွေကို အသေအခြာ ဖတ်ကြ လေ့လာကြတာ မဟုတ် အများက မိမိ လေးစားတဲ့ သူပြော ရင် မျက်စိမှိတ် ယုံလိုက်ကြတာပဲ။ တရားမင်တာမဟုတ် ပုဂ္ဂိုလ်ခင် ကြတာ။ အင်္ဂလိပ်စကားမှာ လည်းရှိပါတယ် The singer not the song တဲ့။
ဗမာနိုင်ငံရေး အကြောင်းရေးရင် ကွန်မြူနစ် ဆိုတာကို ရှောင်လို့မရ။ တချိန်က ဗမာနိုင်ငံရေးကို သူတို့ လွှမ်းမိုးထားတာကိုး။ အထူးသဖြင့် ကွန်မြူနစ် စာရေးဆရာတွေက လွှမ်းမိုး ထားတာကြောင့် လွဲမှားတဲ့ အတွေးအခေါ်တွေဟာ လူငယ်လူကြီး အားလုံးမှာ စွဲငြိ နေကြတယ်။
မိမိနဲ့မတူသူ ဒို့ရန်သူ
ရန်ငါစည်း
သူရဲကောင်း ကိုးကွယ်မှု
ပုဂ္ဂိုရေး ကိုးကွယ်မှု
ထောင်အကျခံ သူရဲကောင်းဖြစ်အောင်လုပ်
ဒါတွေဟာ အလံဖြူကွန်မြူနစ် တွေရဲ့ သြ၀ါဒ ကဆင်းသက်လာတဲ့ အတွေးဟောင်းတွေ
ဒါတွေဟာ သူသေကိုယ် တိုက်ရမယ် ဆိုတဲ့ zero sum အတွေးအခေါ်က ဆင်းသက်လာတာ။
ရန်ငါစည်း ဆိုတာ က မိမိ နဲ့ ရန်သူ စည်းတားပြီး အသေချကြဖို့ စိမ်ခေါ်တာ
ရန်သူကို ရန်သူမှန်း (သိ) ပြီး ……. ရန်သူကို နိုင်အောင် တိုက်ပြီး အောင်ပွဲခံ နိုင်တာနဲ့ မတူဖူး
ဗိုလ်ချုပ်အောင်ဆန်းက ရန်ငါစည်း စိတ်ဓါတ်နဲ့ အင်္ဂလိပ်ဆိုရင် တိုက်ကြ သတ်ကြ သူသေကိုယ်သေချ ကြဆိုပြီး လွပ်လပ်ရေးကို အရ ယူပေးသွားတာလား? ရတော့ မချရ တော့ဖူးပေါ့။
ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် က အရာရာကို ရန်ငါစည်းနဲ့ ကြည့်ရမယ် စစ်သားဆို တိုက်ဟ သတ်ဟ ဆိုပြီး အနှစ် ၂၀ ကျော် ဒုတိယ လွပ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့တာလား?
ဗိုလ်ချုပ်အောင်ဆန်း ရော ဒေါ်အောင်ဆန်းစုကြည် ရော တွေ့ ဆုံ ပြီး အဖြေရှာမယ် ဆိုတဲ့ လမ်းကြောင်း အပေါ်မှာ ရပ်ကြတာပဲ မဟုတ်လား?
ရန်ငါစည်း မျက်စိနဲ့ ကြည့်ရင် ရန်သူကို စကားပြော တာ သစ္စာဖေါက်တာပဲ။
ဥါဏ်မရှိတဲ့ အလံဖြူကွန်မြူနစ် တွေက တိုင်းပြည်ကိုရောင်းစား တယ်ဆိုပြီး ဗိုလ်ချုပ်ကို ဆဲလိုက်ကြတာ ပက်ပက်စက်စက်။ ဒါကြောင့် ကံကြီးထိုက်ပြီး ခွေးသေ၀က်သေ သေကြရတာ။ ဒို့ဗိုလ်ချုပ် ကိုဆော် ကားလို့။
မေးပါလားဒေါ်စုကို ဘာကြောင့် ရန်ငါစည်း မပြတ်တာလဲလို့။ ဘာကြောင့် ဒီလောက်တောင် ဆွေးနွေးချင်နေရတာလဲလို့?
ရာဇ၀င်တော့ ဖတ်ကြပါဦးကွယ်။ အနှစ် ၇၀ ကျော်ကျော် ကွန်မြူနစ်တွေ ရန်ငါစည်း ကို
ဦးထိပ် ထားပြီး တိုက်ပွဲဝင်လာခဲ့ကြတာ အခုဘယ်ရောက် ကုန်ပြီလဲ? ဆိုမှ ဟုတ်ပ ဖြစ်နေမယ်။
ရန်ငါစည်း ဟာ တော်လှန်ရေးကာလ မှာလိုအပ်ပေမဲ့ အချိန်ကာလ တိုင်းမှာ သုံးမရဖူး။ အားရင် ရန်ငါစည်း မျက်စိနဲ့ မကြည့် ပါနဲ့ လို့ တွင်တွင်ပြောနေတဲ့သူကို (ရန်ငါစည်းတကယ် ပြတ်မပြတ် ကိုယ်တိုင်သာစမ်းစစ်ကြည်.တော.) ဆိုလာရင် တော့ နောက်တဆင့် (ခင်ဗျားဘာကြောင့် ကွန်မြူနစ် မဖြစ်သေးတာလဲ? ) မေးဖို့ပဲ ရှိတော့တယ်။
ဖြုတ်ထုတ်သတ်ကကွန်မြူနစ်မှာသာရှိတာမဟုတ်၊နယ်ချဲ.တွေဆီမှာလည်းကိစ္စတုန်းတွေရှိပါတယ်၊ဗိုလ် ချုပ်တို့ ကိစ္စတုန်းရတာကွန်မြူနစ်ကြောင်.မဟုတ်ပေ၊နယ်ချဲ.၏ဖြုတ်ထုတ်သတ်ကြောင်.သာဖြစ်ပါသည်၊
ဒီ စာစု ဟာ စာရေးသူ ရဲ့ အသိစွမ်းအား အတိမ်အနက် ကို ဖေါ်ပြလျက်ရှိသည်။
ဒီစာကို ရေးသူဟာ နိုင်ငံရေး အသိ ခေါင်းထဲမှာ ရှုပ်ထွေးနေသည်မှာ ထင်ရှားသည်။ စာပေ ကို စေ့စေ့စပ်စပ် မ လေ့လာသည်မှာ ထင်ပေါ်သည်။ ဒီအပေါ်မှာ ဝေဖန်စာရေးသာလျှင် အက်ဆေး တပုဒ် ရနိုင်သည်။
ထားတော့။ စေတနာ ရိုးသားမှန်းသိ၍ သက်သက်ညှာညှ ဆိုရသော်
ဗိုလ်ချုပ်အောင်ဆန်းတို့ (အသတ်) ခံရတာက နိုင်ငံရေးပြိုင်ဖက်ချင်း အာဏါရဖို့ တကြိမ် ကျုးလွန်ပြီး ဦးစော်က အင်္ဂလိပ် အခေါ်ကို ထိုင်စောင့်နေတာ။
ဖြုတ်-ထုတ်-သတ် ဆိုတာက ၀ါဒအယူအဆ မတူသူ ဟူသမျှ ကို (အထင်) နှင့် စွပ်စွဲကာ အစုလိုက် အပြုံလိုက် အချိန်ကာလ ကြာမြင့်စွာ လိုက် သတ် တာ။
ရန်သူ ၊ ပြိုင်ဖက် ကို သတ်တာနဲ့ (အချင်းချင်း) သတ်တာ ကွာပါပိ။ ဖြုတ်-ထုတ်-သတ် က ဟင်္သာကိုးသောင်း ပျက်တဲ့ကိန်း။ သခင်သန်းထွန်း၏နောက်ဆုံးနေ့ များ စာအုပ် ပထမတွဲ ဒုတိယတွဲ ကို ဖတ်ကြည့် ပါဦး
အပေါ်ယံကြော ကြည့်လျှင် ပုံသဏ္ဍန်ချင်း တူသယောင်ရှိပေမဲ့ အနှစ်သာရ ချင်း မတူ။
ဒါ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကို ခိုးချပြီး သခင်သန်းထွန်း ပီကင်းပြန်တွေနဲ့ပေါင်းပြီး အချင်းချင်း အာဏါလုပွဲ ဆင်နွှဲပြီး သွေးချောင်းစီးတဲ့ပွဲ။ ပြိုင်ဖက် ကို နယ်ချဲ့စကားယုံပြီး သတ်တာနဲ့ အချင်းချင်း သတ်တာ မတူ။
အချင်းချင်းတောင် ဒီလောက် သတ်ရဲ ရင် ဗကပ တွေသာ အာဏါနီ ထူထောင် နိုင်ခဲ့ရင် ပေါလ်ပေါ့ ထက် ဆိုးနိုင်တာပေါ့။
တရုတ်ယဉ်ကျေးမှု တော်လှန်ရေး ဆိုတာကလည်းတကယ်တော့ မော်စီတုံး ပါတီဗြူရိုကရေစီ ကိုလက်လွပ်လာလို့ ဥါဏ်မရှိတဲ့ လူငယ်တွေကို သုံးပြီး အဏါလုတာ။ Mao Last Revolution & Deng Xiaoping and the Culure Revolution ဆိုတဲ့ စာအုပ်တွေကိုဖတ်ကြည့်ပါ။ ရှင်းသွားပါလိမ့်မယ်။
တရုတ်ပါတီက ဗကပ တွေကို မလုပ်ပို့ တားပါတယ်။ တရုတ်တွေက အာဏါရပါတီတဲ့ ။
မော်စီတုံးက အာဏါကြောင်းကောင်းကောင်းနားလည်တယ်။ကျောင်းသားလေးတွေကို ၀ အောင်အသုံး ချ ပြီးတော့ စစ်တပ်ကိုဆွဲထုတ်လာကာ စစ်တပ်နဲ့ ပွဲရပ်ယူရတာ။ chaos ကိုဖေါ်ထုတ်ပြီး စိတ်ဓါတ်ကြွ နေတဲ့ လူငယ်လေးတွေကို ရပ်ခိုင်းရတာလွယ်တာမှတ်လို့။ ဒါကိုနားမလည်တဲ့ အရည်းကြီးက ဌါနချုပ် ကို ချဆိုပြီးမြှောက်ပေးနေသေးတယ်။
ခမာနီပို.ပေါ.ကိုတော.လက်ညှိုးမထိုးနဲ.ပေါ.ဗျာ၊သူကကွန်မြူနစ်အကြောင်ရိုက်ထားတဲ.အာဏာရှင်ပါ
ကွန်မြူနစ် စံနစ် ရဲ့ အဓိက ကျောရိုးက ပစ္စည်းမဲ့ တို့ရဲ့ အာဏါရှင်စံနစ် ကိုထူထောင်ဖို့။ ပေါလ်ပေါ့ ဟာ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်။ ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင် တိုင်းဟာ အာဏါရှင်တွေ ချည်းပဲ။ ဒါကို ဘယ်လိုမှ မုံလာဥ လာလုပ်လို့ မရ။
သူကကွန်မြူနစ်အကြောင်ရိုက်ထားတဲ.အာဏာရှင်ပါ ဆိုတဲ့ စကားဟာ ဘာအဓိပ္ပါယ် မှမရှိ။
ကွန်မြူနစ်ဝါဒဟာစဉ်းစားနိုင်သလောက်ဥာဏ်ကြီးပါတယ်လေ၊ကွန်မြူနစ်ဆိုတာအာဏာအတွက်လုပ်ယူတာမဟုတ်ပါဘူး၊
ဒီစကားစု ဟာ ကွန်မြူနစ် ၀ါဒကို အသေးစိပ် ကိုယ်တိုင် မဖတ်ပဲ တပါးသူ ဖြီးတာကိုခံရ သူ တယောက် ဆိုတာထင်ပေါ်လာပြန်တယ်။ ကွန်မြူနစ် နဲ့ အာဏါ ခွဲခြားလို့ မရ။ ကွန်မြူနစ် စံနစ်ကျဆုံး ရတာလည်း ဒီအာဏါကြောင့်ပဲ။ လီနင်ရဲ့ ဗဟိုဦးစီး စံနစ် ကြောင့်။
နောက်ဆုံး အကြံပေးချင်တာက စိတ်ဓါတ်ကောင်းပါတယ်။ တိုင်းပြည်အကျိုးဆောင် ချင်တယ် ဆိုတာကို အသိအမှတ်ပြုပါတယ်။
ဒါပေမဲ့ နိုင်ငံရေး မှာ (မအ) ဖို့တော့လိုပါတယ်။
(မအ) ဖို့က စာဖတ်ရတယ် လေ့လာမှု အားရှိရတယ်။ အသိစွမ်းအားရှိရမယ်။ အသိစွမ်းအားနဲရင် ၊
(အ) ရင် အသုံးချ ခံရမယ်။ ရဲဘော်ဌေးသား တောင် ခေတ်သစ် အဇာတသတ် ဖြစ်သွားရှာတယ်။
လူငယ်လေးတွေ ဗဟုသုတ ကြွယ်ကြပါစေ။
နိုင်ငံရေးမှာ (အတွေးအခေါ်) အယူအဆက အရေးကြီးပါတယ်။ ဒါကြောင့် ကြိုးစားပြီး ကွန်မြူနစ် အဆိပ်တွေကို ဖြေနေတာပါ။ သိသူဖေါ်စား မသိသူကျော်သွားပေါ့ ။
ဘိုဘိုကျော်ငြိမ်း
No comments:
Post a Comment