Monday, June 13, 2011

မကြာမီ ကမ္ဘာတစ်ဝှမ်း ရုံတင်ပြသမည့်  ဒေါ်စုရဲ့ဇာတ်ကား

Friday, May 13, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့်အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်...။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ 

အဆိုပါ The Lady ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ဇာတ်ဝင်ခန်းတွေကိုတော့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော် မင်းသမီး Michelle Yeoh မှ အဆိုပါဇာတ်ကားကိုရိုက် ကူးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့် မယ်လို့ မျှော်လင့်ကြောင်း ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားပါတယ်..။






No comments:

Post a Comment