Sunday, May 8, 2011

ကက်ဆီနို မင်းသားများသို့


လူဖြစ်နေခြင်းကိုက
စကားနိုင် ထိုးစစ်တွေကို စိုက်ပျိုး
အပြစ်ဖွဲ့ဖို့ ကြိုးစားနေရုံ သက်သက်လေလား ...
 ဒီ့ထက်ပိုတဲ့ အဓိပ္ပါယ် ပြစ်ပြစ်တွေများ
ရှိမနေကြရော့လေသလား။


အဖြေရှာဖို့ ဦးတည်လို့
ငြင်းခုံကြစတမ်းဆို
ကိုယ့်ရန်သူ သူ့ အားကောင်းချက်
ချင့်ထည့်တွက်ဖို့ ၀န်လေးသင့်ပါရဲ့လား ...   

ကိုယ်နဲ့ မကင်းသူများပေမို့ 
မှန်မှန် မှားမှား 
ခွဲခြားမနေတော့ပါပဲ 
စွတ်မှိတ် ရပ်တည်
              လက်ခံ               
             ကာကွယ်နေ သင့်ပါရဲ့လား။   

အနိုင်ရရုံသက်သက် ၀ါသနာပါရဲ့ဆို 
ချက်တ၀ထိုးကြပါ ... 
ဘောလုံးပွဲ တပျော်တပါး လောင်းကြစမ်းပါ ...
လေးမြန်တဲ့ ဦးတည်ချက်ကို အရည်ဖျော် 
ယဇ်ဇိမ်ခံ ကက်ဆီနို ခမ်းမအလယ် ထည်ဝါနိုင်ဖို့... 
တပင်တပမ်း ဟန်ရေးပြ 
ယိမ်းအက ဆင်နေရပုံများ ... 
သနားတောင် သနားစရာ ။     ။   
လူဗိုလ်

No comments:

Post a Comment