ဘာသာတရား (Religion) ကမ္ဘာ့သမိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပညာရေးဆိုင်ရာလေ့လာမှု၌ ဘာသာတရားဟူသော ဝေါဟာရကို၊ တစ်နည်းအားဖြင် Religion ဟူသော အင်္ဂလိပ်စကားလုံး၏ အဓိပ္ပာယ်ကို ရှုထောင့်အထွေထွေမှ တွေးမြင်သုံးသပ်နိုင်ပေသည်။
နိုင်ငံတကာရှိ လူမျိုးအသီးသီးတွင် ယုံကြည်ကိုးကွယ်ရာ ဘာသာယူဝါဒ အများအပြားရှိသော်လည်း ပဓာန ဘာသာရပ်ကြီး လေးမျိုးသာ ရှိပါသည်။ ပေါ်ထွန်းရာ သက္ကရာဇ် အစဉ်အတိုင်း ဆိုရသော် ဟိန္ဒူ ဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာများ ဖြစ်လေသည်။ [1]
(၅)အခြားဘာသာငယ်လေးများ-(ဂျ
(၆) နတ်တင်၊ နတ်ပသဘာသာ
(၇) ဘာသာမဲ့ဘာသာဟူ၍ (၇)အုပ်စုခန့်ရှိပါသည်။
- 1 ဘာသာတရား အစ ကိုးကွယ်မှုက
- 2 ဖွင့်ဆိုချက်များ
- 3 ခြားနားချက်
- 4 ရည်ညွှန်းကိုးကား
ကမ္ဘာလောကမှလူအများသည် ကမ္ဘာဦးကာလမှစ၍ ရောဂါအသွယ်သွယ် အန္တရာယ်အမျိုးမျိုး ဘေးဆိုးကပ်ဆိုး အတန်တန်တို့ကို ရင်ဆိုင်တွေ့ကြုံ ခံစားခဲ့ကြရသည်။ ယခု ရင်ဆိုင်နေကြရ၍ နောင်လည်း ရင်ဆိုင်နေကြရဦးမည်ဖြစ်သည်။
လူတို့၏ကောင်းကျိုး ဆိုးကျိုးကို မျက်စိနှင့် မမြင်ရသော ထိုနတ်ဘုရားက စီရင်ဖန်တီးနေသည်ဟု ခံယူခဲ့ကြသည်။ ထို့အတူ မီး၊ ရေ၊ လေ တို့ကို၎င်း သစ်ပင်တောတောင်များကို၎င်း ယုံကြည်မှတ်ထင်ကာ ကိုးကွယ်ခဲ့ကြသည်။ မီး၊ ရေ၊ လေ အဆင့်မှ မီးနတ်၊ ရေနတ်၊ လေနတ် စသည်ဖြင့် တစ်ဆင့်တက်၍ ယုံကြည်လက်ခံကြပြန်သည်။ မျက်စိနှင့် မမြင်နိုင်သည့် များပြားလှသော နတ်များကိုလည်း မှန်းဆကိုးကွယ်ခဲ့ကြသည်။ စိုးရိမ်ကြောက်လန့်မှု၊ မျှော်လင့်အားကိုးမှု တို့ကို အခြေခံ၍ မျက်ရမ်း မှန်းဆမှု အနေမျိုးဖြင့် အစပျိုးခဲ့သည်။ ကာလကြာသောအခါ စဉ်းစားဆင်ခြင်တတ်သော ဥာဏ်ဖြင့်ယှဉ်သော ကိုးကွယ်မှုကို ပို၍ နှစ်သက်ကြလေသည်။ ဆင်ခြင်တုံတရားနှင့် သုံးသပ်ဆင်ခြင်၍ ကိုးကွယ်လာခဲ့ကြသည်။ လက်တွေ့မျက်မြင်ဘ၀ လောက်ကိုသာ မကြည့်တော့ဘဲ အနာဂတ်ဘ၀ကိုလည်း ပတ်ဝန်းကျင် သဘာဝ ဖြစ်ရပ်များ၏ စေ့ဆော်မှုကြောင့် ရှုမြင်သုံးသပ်လာခဲ့ကြသည်။ ငြိမ်းချမ်းမှုကို တကယ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိမရှိကိုလည်း အကဲဖြတ်ခဲ့ကြ၏။ ဤသို့ဖြင့် ကိုးကွယ်မှု သမိုင်းကြောင်းသည် ပြောင်းလဲလာသည်။ ကိုးကွယ်မှုများသည် ဒေသတစ်ခုနှင့် တစ်ခု မတူကြတော့ဘဲ ဘာသာတရားအဖြစ် ပြောင်းလဲလာသည်။
ဖွင့်ဆိုချက်များ
ဘာသာတရား၏ သဘာဝနှင့် အဓိပ္ပာယ်ကို ပညာရှင်တို့သည်လည်း မိမိတို့ စရိုက်ဝသီအတိုင်း အမျိုးအမျိုး ရှုမြင်ကြသကဲ့သို့ ခြားနားများပြားသော ထင်ကြေးများကိုလည်း ပေးကြလေသည်။ အယ်လ်ဒပ်စ် ဟပ်စလေ (Aldous Huxley) ၏ အဆိုအရ ဘာသာတရားဟူသည် အဓိကအားဖြင့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယင်းဖြင့် လူသားတို့သည် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင်လည
ဒေါက်တာရာဓ ခရစ်ရှနန် (Dr.Radhakrishnan) ကဲ့သို့ ခေတ်သစ်အိန္ဒိယ အတွေးအခေါ်ရှင်များက `ဘာသာတရားဟူသည် လိုက်နာကျင့်သုံးမှုဆိုင်ရာ ကျမ်းစာအစုအဝေးကို ခေါ်ဆိုခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ရပ်သာဖြစ်သည်´
ဗုဒ္ဓဂေါတမ၏ ဘာသာတရားကို ဘ၀နေထိုင်မှုလမ်းစဉ်တစ်ရပ်အြ
ခြားနားချက်
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ဘာသာတရား၏ အဓိပ္ပာယ်ကို အလွန်ကျယ်ပြန့်စွာဖွင့်ဆိုန
ထိုဘာသာအုပ်စု(၇)မျိုးတို့တ
(၁) ဟိန္ဒူဘာသာ၏ အယူဝါဒ ဗြာဟ္မဏတို့ ဟောကြားထားအပ်သော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံး ဖန်ဆင်းနိုင်စွမ်းရှိသည်ဆို
(၂) ဗုဒ္ဓဘာသာ၏ အယူဝါဒများ ဗုဒ္ဓနှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆို အမိန့်များကို လိုက်နာ ကျင့်သုံး၏။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရတနာသုံးပါးကို အသိအမှတ်ပြုဆည်းကပ်ကိုးကွယ်
(၃) ခရစ်ယာန်ဘာသာ၏ အယူဝါဒမှာ တမန်တော်ယေရှုခရစ်နှင့် ယင်း၏ သာဝကတို့ ဟောကြားထားအပ်သော “သမ္မာကျမ်းစာ” လာ အဆိုအမိန့်များကို လက်ခံ၊ လိုက်နာကျင့်သုံး၏။ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆို
(၄) အစ္စလာမ်ဘာသာ၏အယူဝါဒမှာ တမန်တော်မိုဟာမက်နှင့် ယင်း၏သာဝကတို့ ဟောကြားထားအပ်သော “ကိုရ်အာန်ကျမ်းစာ” လာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆို
ဘာသာကြီး(၄)မျိုးတွင် ဗုဒ္ဓဘာသာတစ်ခုသည်သာ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရားမရှိ” ဟု အတိအလင်းငြင်းဆို၏။ ကြွင်းဘာသာကြီး(၃)မျိုးကား “အတ္တ၀ါဒ” များချည်းဖြစ်၍ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရားသခင်ရှိ၏” ဟု လက်ခံ၏။ ဗုဒ္ဓဘာသာတစ်ခုတည်းကသာ တိရစ္ဆာန်လည်ချောင်းသွေးဖြင့
ခရစ်ယာန်ဘာသာကား ထိုကိစ္စကို ချီးလည်းမချီးမွမ်း၊ ရှုတ်လည်းမရှုတ်ချ၊ ရေငုံနှုတ်ပိတ်နေ၏။ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာများက ထိုကိစ္စကို “ကောင်းမှုကုသိုလ်အလုပ်” ဟု ချီးမွမ်း၏။
(၅) ဘာသာငယ်လေးများတွင် (က) ဂျိမ်းဘာသာ၏ အယူဝါဒမှာ မဟာဝီရနှင့် ယင်း၏သာဝကများ ဟောကြားထားအပ်သော “အဟိံသ” ကျမ်းစာလာ အဆို အမိန့်များကို လက်ခံ လိုက်နာ ကျင့်သုံး၏။ ဂျိမ်းဘုရား မဟာဝီရကို သဗ္ဗညုဗုဒ္ဓ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ်ကိုးကွယ်၏။
(ခ) ဆစ်ဘာသာ၏အယူဝါဒမှာ ဂုရုနာနတ်က ပြုပြင်ဟောကြားထားသော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာ ကျင့်သုံး၏။ ဟိန္ဒူဘာသာခွဲ တစ်ခုဖြစ်၍ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင်စွမ်းရှိသည်ဆို
(၆) နတ်တင်၊ နတ်ပသ၏ အယူဝါဒမှာ ပါးစပ်ရာဇ၀င်ဆရာတို့အစဉ်အဆက
(၇) ဘာသာမဲ့ဘာသာ၏ အယူဝါဒမှာ ဘုရားမဲ့၊ တရားမဲ့၊ သံဃာမဲ့၊ ဘာသာမဲ့၊ ရုပ်ဝါဒီ သိပံသုတေသီတို့၏ အဆိုအမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ ထိုရုပ်ဝါဒီ သိပံသုတေသီဆိုသူများကိုပင် အမှန်တရား ဖော်ထုတ်နိုင်စွမ်းရှိသော အာဇာနည် သူရဲကောင်းများ အဖြစ် ယုံကြည် သတ်မှတ် ဆည်းကပ် ကိုးကွယ်၏။ ဘာသာမဲ့ဘာသာ၏ အဓိကအားနည်းချက်မှာ တစ်ခေတ်တစ်ချိန်က အမှန်တရားအဖြစ် အတိအလင်း ထုတ်ဖော်ထားသော “သီအိုရီ” တစ်ခုသည် နောင် တစ်ခေတ် နောင် တစ်ချိန်တွင် အမှားအဖြစ် အတိအလင်းပင် ၀န်ခံကြရ ပြန်ခြင်း ဖြစ်၏
No comments:
Post a Comment