Saturday, May 14, 2011

ရိုးရိုးလေး သာဓက


အရပ်တကာလှည့်
(မကြားဝံ့ မနာသာ)
အော်အော်ဆဲနေကျ ကိုရွှေဘ
သူကြီးဖြစ်ကာမှ
ရွာပြင်ထုတ်ဟယ် အမိန့်ချ့ 


ဥက္ကဌဖြစ်စဉ်တလျှောက်
(အတ္တကို ကျဉ်းကျဉ်းထားတတ်ပါတဲ့)
မောက်မာခဲ့ ဦးရွှေတိုး
သူ့အမျိုးမှန်းသမျှ
အသာရမှ ဘဝင်တော်ကျ
ရာထူးလည်းကျ
ညီမျှမှုစကား တဖွဖွ့ 

လက်သီးလက်မောင်းတတန်းတန်းနဲ့
(အမှန်တရားအတွက် ငြိမ်မခံတတ်သူ)
ခပ်ရမ်းရမ်း ကိုရွှေဘော်
ကော်မတီဝင်ဘဝလည်းရောက်
ပါးစပ်ပေါက်တွေပျောက်
တေမိဘဝကိုရောက့့် 

တယောက်ထဲကိုက
အထက်အောက် ရှုထောင့်
ရပ်တည်ချက်ပြောင်းတတ်ပုံများ။   ။

လူဗိုလ်

No comments:

Post a Comment