“ရာဇ၀င်ထဲက မဟေသီများ”ပန်းချီပြပွဲကို မသွားလိုက်ရသူတွေ တောင်းဆိုသည့်အတွက် ပြပွဲမှ ပန်းချီများကို စုဆောင်းပြီးမျှဝေလိုက်ပါသည်။ ပြပွဲတွင် ပြသသောပန်းချီကားများကို ဓာတ်ပုံရိုက်ခွင့်ပေးသော တာဝန်ရှိသူများကို အထူးကျေးဇူးတင်မိပါသည်။ ဆရာပြုလုပ်ခဲ့သည့် ပြပွဲမှာ ရာဇ၀င်မှာ စာတင်ရစ်သည့် မဟေသီများကို ပန်းချီလက်ရာအနုပညာများဖြင့် တည်ခင်းပြသသော မြင်ကွင်းတစ်ခုလည်း ဆိုနိုင်ပါသည်။ ယောင်္ကျားတကာတို့ ရူးသွပ်အောင် လှပသော အလှဘုရင်မ ဥမ္မာဒန္တီပန်းချီကားကို နှစ်ကားရေးဆွဲထားသည်ကိုတွေ့ ရပါသည်။ ထို့ အတူ မိဖုရားစောမွန်လှ ပန်းချီကားသည်လည်း နှစ်ကားရေးဆွဲထားလေသည်။
ပြပွဲတွင် ပြသထားသော ပန်းချီကားများကို ဆရာမည်မျှ ကြိုးစားအားထုတ်ထားကြောင်း တွေ့ နိုင်ပါသည်။ သို့ သော် ကျွန်မခံစားမိသည်မှာ မဟေသီတို့ အကြောင်းပြောရာတွင် မပါမဖြစ်သော တော်လေး၀၀င် ” အမရာ ကိန္နရီ မဒီ သမ္ဘူလ” တို့ ပုံများပါဝင်လျှင် “ရာဇ၀င်ထဲက မဟေသီများ” ခေါင်းစဉ် အတွက် ပိုမိုအသက်ဝင်လာနိုင်မည်ဟု ယုံကြည်မိပါသည်။ ထို့ ကြောင့် ရာဇ၀င်ထဲမှ မဟေသီများကို ဆရာတို့ ခံစားပြီးများများရေးဆွဲနိုင်ပါစေ ဟုဆုတောင်းနေမိပါသည်။စောမွန်လှပန်းချီကားမှာ နှစ်ကားဖြစ်သည်။
လေးစားလျှက်
မြလေးသျှင်
http://mevision.wordpress.com/
No comments:
Post a Comment