Wednesday, May 11, 2011

လင်ကွန်းနဲ့ ကနေဒီ

ဦးဦး မှော်ဆရာ 1.jpeg

ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား


ဦးဦး မှော်ဆရာ 2.jpeg


ဦးဦး မှော်ဆရာ 3.jpeg


  အမေရိကန် သမ္မတတွေထဲမှာ ထင်ပေါ်ကျော်ကြား လူသိအများဆုံး ဖြစ်သော သမ္မတနှစ်ဦးဖြစ်တဲ့
အေဘရာဟမ် လင်ကွန်း နဲ့ ဂျွန် အက်ဖ် ကနေဒီ တို.ရဲ့ အကြောင်းလေ.......
                       သူတို. နှစ်ဦးလုံးဟာ လူချစ်လူခင် အများဆုံး၊ အကြည်ညိုခံရဆုံး သမ္မတတွေဖြစ်ကြပါတယ် ။
နှစ်ဦး စလုံး လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူတွေလည်း ဖြစ်ပါတယ် ။ သမ္မတ တာဝန်ထမ်းဆောင်နေစဉ်
တွေ.ကြုံ ဖြေရှင်းပေးခဲ့ရတဲ့ ပြသနာ.....၊ ရက်ရက်စက်စက် လုပ်ကြံခံခဲ့ရတဲ့ ဖြစ်ရပ်.....၊ အဲဒီလုပ်ကြံမှုနဲ့ ပက်သက်ပြီး သဲသဲကွဲကွဲ မသိရတဲ့ ကိစ္စ ....စသည်....စသည် ...၊ တစ်ထပ်တည်းပဲ ခင်ဗျ....။
                       ကဲ ... အဲဒီ အချက်တွေကို စဉ်းစားကြည့်စမ်းပါဦးဗျာ .....။


(၁) အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
     ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။

(၂) အေဗရာဟင်လင်ကွန်းကို အမေရိကန်သမ္မတအဖြစ် ၁၈၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
     ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်

(၃) လင်ကွန်း ရော  ကနေဒီ ပါ သမ္မတတာဝန် ထမ်းဆောင်နေဆဲကာလမှာ အမေရိကန် ပြည်ထောင်စုရဲ့
     လူမှုအခွင့်အရေးပြသနာကြီးကို ဖြေရှင်းကြရတယ် ။ လင်ကွန်း လက်ထက်မှာ အာဖရိကတိုက်ကနေ
     ဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတဲ့ လူမည်း ကပ္ပလီ ငွေဝယ်ကျွန်တွေ  ကိစ္စကို ဖြေရှင်းခဲ့ရတယ် ။
    ကနေဒီ ရဲ့ လက်ထက်မှာ လူမည်း တွေအပေါ်အသားအရောင် အခွင့်အရေးခွဲခြားမှု ကိစ္စကို ဖြေရှင်းခဲ့ရတယ် ...။

(၄) သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံးခဲ့ရသည်။


ဦးဦး မှော်ဆရာ 4.jpeg


ဦးဦး မှော်ဆရာ 5.jpeg

(၅) သူတို့နှစ်ဦးလုံးသည် နောက်ဘက်ကနေ ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။
     သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။

(၆) ပို ၍ ထူးခြားတာက..

လင်ကွန်းအတွင်းရေးမှုးနာမည်သည် ကနေဒီ Kennedy ဖြစ်သည် ။
သူက ... လင်ကွန်း အသတ်ခံရမယ့် ကပွဲရုံ ကို အဲဒီည မသွားဖို. သတိပေးခဲ့တယ် ။

ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။
သူက... ကနေဒီ အသတ်ခံရမဲ့ ဒါးလက်စ် မြို. ကို အဲဒီနေ. မသွားဖို. သတိပေးးခဲ့တယ် ။


(၇) သမ္မတ နှစ်ဦးစလုံး လုပ်ကြံခံရပြီးတဲ့နောက် သူတို.ရဲ့ ရာထူးကို ဆက်လက်တာဝန်ယူတဲ့ သူတွေရဲ့
     အမည်တွေက ဂျွန်ဆင် ( Johnson) ဖြစ်တယ် ။
     အဲဒီ ဂျွန်ဆင် နှစ်ယောက်လုံးဟာ တောင်အမေရိက သားတွေ ဖြစ်ပြီး နှစ်ဦးစလုံးဟာ
     ဒီမိုကရက်တစ် ပါတီဝင်တွေ ဖြစ်တယ် ။  

ဦးဦး မှော်ဆရာ 6.jpeg

လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။


ဦးဦး မှော်ဆရာ 7.bmp

ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။

(၈) သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက လုပ်ကြံသတ်ဖြတ်ခဲ့သည်။
     လင်ကွန်း ကို လုပ်ကြံသတ်ဖြတ်တဲ့ လူသတ်သမား ဂျွန် ဝေက်စ် ဘုသ် ( John Wilks Booth) ကို
     ၁၈၃၉ ခုနှစ်မှာ မွေးဖွားတယ် ။
    ကနေဒီ ကို လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ လူသတ်သမား လီး ဟာဗီး အော့စ၀ါ ( Lee Harvey Oswald) ကို
    ၁၉၃၉ ခုနှစ်မှာ မွေးဖွားတယ် ။ 


ဦးဦး မှော်ဆရာ 8.jpeg

လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth

ဦးဦး မှော်ဆရာ 9.jpeg

ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald

(၉) လုပ်ကြံခံရတဲ့ သမ္မတ နှစ်ဦးဖြစ်တဲ့ လင်ကွန်း ( Lincoln ) နဲ့  ကနေဒီ ( Kennedy) တို.ရဲ့ နာမည် တွေမှာ
      အက္ခရာ ခုနှစ်လုံးစီ ပါတယ် ။
      သူတို.ကို ဆက်ခံတဲ့ သမ္မတတွေရဲ့ နာည် အပြည့်အစုံမှာ အက္ခရာ (၁၃) လုံးစီ ပါတယ် ။
      သူတို.ကို လုပ်ကြံခဲ့တဲ့ လူသတ်သမားတွေရဲ့ နာမည်တွေမှာ အက္ခရာ (၁၅) လုံးစီ ပါတယ် ဗျာ.............။


(၁၀)


ဦးဦး မှော်ဆရာ 10.jpeg

လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး

ဦးဦး မှော်ဆရာ 11.jpeg

ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိကားပေါ်တွင် လုပ်ကြံခံရသည်။


(၁၁) ဘုသ် က လင်ကါန်း ကို ဇါတ်ရုံ ထဲမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံပြီးတဲ့နောက် ... ကုန်ပစ္စည်း သိုလှောင်ရုံ
       တစ်ခုထဲ ၀င်ပြေးသွားခဲ့တယ် ။
      အော့စ၀ါ က ကနေဒီ ကို ကုန်ပစ္စည်း သိုလှောင်ရုံ တစ်ခုကနေ သေနတ် နဲ့ ပစ်ခတ်လုပ်ကြံပြီး တဲ့နောက် ...
      ဇါတ်ရုံ တစ်ခုထဲ ၀င်ပြေးသွားခဲ့တယ် ။
      သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံးမရင်ဆိုင်ရမှီ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။

(၁၂) သမ္မတတွေ နှစ်ဦး စလုံး လုပ်ကြံခံရတဲ့ အချိန်မှာ... သူတို. ၇ဲ့ ဇနီးတွေက သူတို. နဲ့ အတူရှိနေခဲ့တယ် ။


ဦးဦး မှော်ဆရာ 12.jpeg

(၁၃) လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။
ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။

ဒီကိစ္စတွေ ဘယ်သူရှင်းနိုင်သလဲ...

No comments:

Post a Comment