ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကလည်း လူငယ်တွေ ဉာဏ်အရည်အချင်းနဲ့ တောပိုင်း(rural)မှ ထွက်ပေါ်လာတဲ့ ပြဿနာပုစ္ဆာတွေကို အလေးပေးဖို့ ဇူလိုင်လ၊ ၂၀၀၈ ထဲလုပ်တဲ့ ကွန်မြူနစ်ပါတီကွန်ဖရင့်မှာ
လက်တွေ့ကျကျ အခုလုပ်ပေးနိုင်တာ ဘာရှိသလဲလို့ မေးလျှင် ပြုပြင်နိုင်စရာလေးတွေတော့ ရှိပါတယ်။ ပညာရေးစနစ် တစ်ခုလုံးရဲ့ (orientation) ဦးတည်သွားနေတဲ့ လမ်းကြောင်း (direction) ကို ဖြစ်နေတဲ့ ရှိနေတဲ့ ဘ၀ရဲ့အခြေအနေကို ထင်ဟပ်အောင် ပြုပြင်ပေးရမယ်။ နောက်ပြီး ရင့်ကျက်တဲ့ ဒဿနအမြင်ရှိဖို့ အောင်မြင်မှုကို ခံနိုင်ရည် ရှိသလို အဆိုးနဲ့ရင်ဆိုင်ရလျင်လည်း တည်ငြိမ်တဲ့ လက္ခဏာ အတွေ့အကြုံက ပေးလိုက်တဲ့ လက်တွေ့ထိတွေ့ပေးဖို့ လိုပါတယ်။ ဒါကြောင့် ကျောင်းမှာ သင်ပေးလိုက်တာတွေက ကျောင်းသားတစ်ယောက် ဘ၀မှာ အောင်မြင်တယ် ထူးချွန်တယ် ဆိုတာက ကျောင်းစာတွေ သိပ်တတ်ပြီး စာမေးပွဲအောင်မှတ်တွေ ကောင်းရုံနဲ့တော့ မလုံလောက်သေးပါဘူး။ကိုယ်တို
ဆင်းရဲချမ်းသာ ကွာဟမှုကြောင့် ဖြစ်ပေါ်လာရတဲ့ မမျှတမှုမျိုး မရှိရလေအောင် အထက်မှာဖော်ပြတဲ့ ပြည်သူကျောင်း၊ အစိုးရကျောင်းတွေရဲ့ ပညာရေး အဆင့်အတန်း မြှင့်ပေးလျှင်ကို ဒီအချက်ကို အတော်အတန် ကုစားနိုင်ပါတယ်။
သင်ကြားရာမှာ (Science and Technology)ကို အခုထက် ပိုဦးစားပေးရန်၊ (Scientific Literacy) ကို မြှင့်တင်ရန်၊ (life skills) လို့ခေါ်တဲ့ ဘ၀မှာနေနည်းကို ဦးစားပေးရန်၊ (reasoning skill, critical thinking) တို့ကို ဦးစားပေးရန် တစ်နည်းပြောရ လျင် (teaching, learning method လို့ခေါ်တဲ့) သင်ကြားပုံ၊ သင်ယူပုံနည်းတွေကို အကြီးအကျယ် ပြောင်းရလိမ့်မယ်။ အခု မတရားလွှမ်းမိုးနေတဲ့(rote-l
ပညာဆိုတာ သင်လို့မဆုံးပါဘူး။ ဒါ့ကြောင့် သင်တန်းဆိုတာလည်း တက်လို့ မဆုံးတော့ပါဘူး။ သိစရာတတ်စရာ အသစ်အဆန်းတွေကလည်း တစ်ပေါ်တည်းပေါ်နေတာပဲလို့ ဆိုရမယ်။ တချို့က နေ့စဉ်ဘ၀ နေထိုင်ရေးအတွက် လိုအပ်သလို အလုပ်အကိုင် လုပ်ရာမှာ အောင်မြင်ရာ အောင်မြင်ကြောင်းအတွက် ရှိသင့်ရှိအပ်တဲ့ လိုအပ်ချက်တွေလည်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ပညာကြောကြီးဟာ လိုက်လေလေ ရှည်လေလေပဲ။ ဒီလို မရှိမဖြစ် ရှိထိုက်တဲ့ပညာ မသိမနေ သင်ရမှာတွေကများတဲ့ အထဲမှာ ပင်ရင်းကျောင်းနေစဉ်က သင်လာခဲ့ရတာတွေကလည်း လုံလောက်တာ မဟုတ်ဘူး။ ဒီစနစ်ကလည်း အချိန်ကာလနဲ့ လိုက်လျောညီထွေ မရှိဘူး။ ပျော့ကွက်ဟာကွက်တွေ၊ ဖြည့်စရာတွေက များဆိုတော့ ကျောင်းထွက်ပြီး လူ့လောကထဲဝင် လိုက်တယ် ဆိုကတည်းက ထပ်ပြီး ပညာရှာမှီးစရာတွေ ရှိလာတယ်။ တစ်နည်းပြောရလျှင် အစဉ်တစိုက် ပညာရှာမှီးရေး(continuing education)ဆိုတာ ယခုခေတ် လူအများစုရဲ့ လိုအပ်ချက် ဖြစ်လာတယ်။ အသက် နည်းနည်းကြီးတဲ့ သူအတွက်ဆို ဖြည့်ရမည့် ဟာကွက်တွေက များလွန်းလို့ အခြေအနေက(cope) အထိန်းအကျောင်း လွတ်သွားနိုင်တယ်။ ဥပမာ-အခုခေတ်မှာ (computer) ကွန်ပျူတာကို အနည်းအကျဉ်းမျှ မခေါက်မိရင် ဖြစ်ပါ့မလား။ လူရာဝင်ပါ့မလား။ အခု အသက်(၆၀)ကျော်တွေက ကွန်ပျူတာကျွမ်းကျင်သူ ဘယ်ရာနှုန်းလောက် ရှိမယ်ထင်သလဲ။ ဒါက အောက်ခြေ အကျဆုံးကို ပြောနေတာပါ။ ကွန်ပျူတာမှာတောင် ဆင့်ကဲတတ်ချင်စရာ အသစ်အဆန်းတွေက ပေါ်နေသေးတာ။ ဒီလိုပါပဲ အခြား ကဏ္ဍတွေမှာလည်း အကျယ်အကျယ် မငြိမ်းဖွယ် ဆိုသလို သင်လို့မဆုံး လိုက်လို့မမီ ဖြစ်နေတာပါ။ ဒီတော့ ကျောင်းပြီးသူတွေ ဒီအသိပညာတွေကို ဘယ်လိုရှာမှီးရမှာလဲ။
ချက်ချင်း သွားပြီးသတိရမှာကတော့(web) အင်တာနက်ပဲ၊ ဒါကတော့ အတိုင်းအတာ မရှိဘူးဆိုတဲ့ 'တွင်း'(mine)(မိုင်း)ကြီးပ
In the Computer
There is so much chaff about You’re dazed and almost burnt out I’ll give myself a holiday and retreat to the preserve That I have reserved Next line for just such a purpose
A world of leisure and indulgence
Not be a slave to IT’s bene-volence To do thinking in my own format
To be refreshed
To go back
To the realm of hi-tech
This is a standby, at best
You won’t be helpless
If your gadgets go blank
MMK 2010
ဒါ့အပြင်လည်း အင်တာနက်မှာ တွေ့တာတွေက ဘယ်လောက် ယုံကြည်စိတ်ချရမှာလဲ။ (evidence based) အခြေခံတွေ ဘယ်လောက် ကောင်းလို့လဲ။ သက်သက်မဲ့ လိမ်ညာလှည့်စားမှုမျိုး (internet fraud) တွေတောင် ရှိနေမှတော့ ဒီလိုမယုံ ကြည်ရဘူး ဆိုတာကလည်း သိပ်ကြီးထွားတဲ့ ပြဿနာ ဖြစ်လာတယ်။ အထူးသဖြင့် သိပ္ပံပိုင်းဆိုင်ရာ အချက်အလက်တွေဆိုလျှင် အထူး သတိထားရပါတယ်။ ဥပမာ-ကျန်းမာရေးအတွက် ဆောင်းပါးများ၊ သင်တန်းမျိုးစုံလဲ web (အင်တာနက်) မှာရ နိုင်ပါတယ်။ ခုနပြောတဲ့ စိစစ်ရွေးချယ် လုပ်ဖို့တော့လိုမယ်။ ဒီတော့ အချိန်တော့ ပေးရဦးမှာပဲ။ တချို့ကတော့ ဒါကို အသုံးချပြီး ကြည့်သူ၊ ရှုသူ လွယ်အောင် လုပ်ပေးထားတာ ရှိတယ်။ ယူအက်စ်မှာဆို ဆေးပညာနဲ့ပတ်သက်တဲ့ သင်တန်း(course) တွေ ရှိတယ်။ အောင်ပြီး နှစ်ကြာဆရာဝန်တွေကို ပြန်လည်စိစစ်ပြီးမှ လက်မှတ်ထုတ်ပေးမယ် (recertification, revalidation) ဆိုတာတွေ စတော့မယ်ကြားတော့ အင်တာနက်မှာ သင်တန်းတွေ (training course) တွေ အများကြီးပေါ်လာတယ်။ အဲဒါကို တာဝန်ရှိသူ အဖွဲ့အစည်းတွေက လေ့လာစိစစ်ပြီး အသိအမှတ် ပြုမပြု ဆိုပြီး မှတ်ချက်ချပေးတယ်။ အသိအမှတ်ပြုပြီးသားကို တက်ကြမယ်ဆိုလျှင် အမှတ် (credit) ပေးတယ်။ အသိအမှတ်ပေးတယ်။ ဒီလို အသိအမှတ် အမှတ်များ(credit) ဘယ်လောက်ရှိလျှင် စာမေးပွဲ အရည်အချင်းစစ် ပွဲဝင်ခွင့် ရှိတယ်လို့ ကြေငြာတယ်။ သူ့နည်းသူ့ဟန်နဲ့ ဖြစ်လာနိုင်တာတွေတော့ ရှိနိုင်ပါတယ်။ နောက်ဆုံးတော့(reader) စာဖတ်သူမှာ မူတည်ပါတယ်။သူက ရွေးချယ်စိစစ်ပြီးလျှင် သူလိုချင်တဲ့ပုံစံပဲ ထွက်လာမှာပဲ။ ဒီတော့သူ့ကို ရွေးချယ်စိစစ်တတ်အောင် လုပ်ပေးရမယ်။ ဒီအဆင့်ရောက်အောင် ဘာလုပ်နိုင်သလဲ။ ဒါကို ဘာသာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် သင်ကြားရေးသမားတွေက လမ်းညွှန်ပေးနိုင်ပါတယ်။ ဥပမာ-ဆေးပညာ၊ အင်ဂျင်နီယာ၊ ဥပဒေ စသည်များ ဖြစ်ပါတယ်။
နောက်အားကိုးစရာကတော့ ဘာသာပြန်စာအုပ်တွေ ဖြစ်တယ်။ ဘာသာပြန်များ၊ ဘာသာပြန်စာပေများ အခုခေတ် မြန်မာမှာ များများလိုတာကတော့ အမှန်ပဲ။ ပိတ်ထားတဲ့ မြန်မာဟာ ကျန်တဲ့ပြင်ပလောက တစ်ခုလုံးက တစ်ရှိန်ထိုး နေ့မခြားဆိုသလို တိုးတက်နေတော့ ဒီအကြောင်းအရာ အပြောင်းအလဲတွေ မြန်မာပရိသတ်သိမှ ဖြစ်တော့မယ်။ ဒါ့ကြောင့် ဘာသာပြန်စာပေကဏ္ဍဟာ မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် ကျက်စားဖို့ရာ လိုပါတယ်။ အထူးသဖြင့် သိပ္ပံပိုင်းဆိုင်ရာ အသစ်အဆန်းများနဲ့ အခြား တိုးတက်နှုန်း မြန်ဆန်နေတဲ့ အစိတ်အပိုင်းများကို ဦးစားပေးထိုက်ပါတယ်။ ဘာသာပြန်သူများကလည်း အခြား တိုင်းပြည်တွေမှာ ဘာတွေရေပန်းစားပြီး အဲဒီအထဲ မြန်မာတွေ စိတ်ဝင်စားမယ် ထင်တာတွေကို ရွေးကြရတော့မှာ အမှန်ပဲ။ အချို့ ကြီးကြပ်မှုနဲ့ဆိုင်ရာများ ဘောဂဗေဒ ဆန်းစစ်ချက်များ ကမ္ဘာ့ပြဿနာတွေ ဖြစ်လာတဲ့ climatic change, environment ecology တွေဟာ အဲဒီအထဲက အကျုံးဝင်မယ် ထင်ပါတယ်။
ဒါပေမဲ့လည်း ဒီလိုအပ်ချက်မှာ အချိန်ကာလ အပိုင်းအခြားတော့ ရှိရမယ် ထင်ပါတယ်။ အရေးကြီးဆုံးကတော့ ဒါတွေကို ဘယ်သူတွေဖတ်သလဲ ဆိုတာပါပဲ။ ပစ်မှတ်ပရိသတ် (target audience) ရဲ့ဂုဏ်ပုဒ် လက္ခဏာတွေ ဘယ်လိုရှိသလဲဆိုတာ သိ ထားပြီး ဆုံးဖြတ်ထားရမှာပါ။ အခုခေတ်မှာ တစ်ကမ္ဘာလုံးအတွက် ပြောရလျှင် စာအုပ်ထွက်တာကလည်း များလိုက်တာ။ အားလုံးကောင်းပါတယ်လို့ ဘယ်လိုမှ အပြတ်ပြောလို့ မရပေမဲ့ ကောင်းတာတွေလည်း ရှိပါတယ်။
မြန်မာစာဖတ် ပရိသတ်တွေနဲ့လည်း လိုက်ဖက်တာတွေ အများကြီး ပါပါတယ်။ ဒါပေမဲ့ မြန်မာတွေဟာ ဘာသာပြန်ချည်းပဲ ဆုံးတန်းမရှိ အားကိုးနေကြတော့မှာလား။ လူဦးရေသန်း(၅၀)ကျော် (၆၀)နီးပါး ရှိတဲ့အထဲ ဘယ်လောက် မြန်မာစာ တတ်ကြတာလဲ။ သူတို့အားလုံး မဟုတ်တောင် အများစုက ဘာသာပြန်တွေ ဖတ်ဖြစ်ကြရဲ့လား။ ကိန်းဂဏန်း အတိအကျ မသိရပေမဲ့ များတော့များမယ် မထင်ပါဘူး။ ဒီတော့ အကြောင်းအရာတစ်ခုကို- အမျိုးသားရေး လိုအပ်ချက် အနေနဲ့ ဆိုပါတော့- မဖြစ်မနေ လူအများဆီ ရောက်ချင်လျှင် ဘယ်လိုလုပ်တူမလဲ တစ်တိုင်းပြည်လုံးရဲ့ ပညာအဆင့်အတန်း သိမှုပညာ (knowledge)ကို များအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ပေါက်မြောက်အောင် လုပ်ဖို့ရာ ဘယ်နည်း အကောင်းဆုံးလဲ။ ဥပမာ-အခုခေတ် ကလေးတွေဟာ သိပ္ပံတတ်မှု အလွန်နည်းပါတယ်။ အဲဒီအတွက် ဘာသာပြန်တွေ လိုမှာတော့ သေချာပါတယ်။ ဒီတော့ ဘယ်လိုလုပ်မှာလဲ။ ဘယ်သူတွေ ပြန်မှာလဲ။ အမြတ်အစွန်း အကျိုးမရှိလျှင် လုပ်ကြမှာလား။ လုပ်ပြီဆိုပါတော့ ရောက်စေချင်တဲ့ ပရိသတ် ကလေးငယ်တွေဆီ ရောက်အောင် ဘယ်လိုပို့ပေးမလဲ။
ဒါ့ကြောင့် အလွန်အရေးကြီးတဲ့ အကြောင်းတစ်ခုကတော့ ဒီဘာသာပြန်(subject) စာအုပ်တွေကို နဂို မူလဘာသာနဲ့ ဖတ်နိုင်ရတော့မယ်။ ဒီတော့ လက်တွေ့မှာ (English) စာ သွက်သွက်လက်လက် စာသွားသွား ဖတ်နိုင်ရတော့မယ်။ ဒီလို မူရင်းဖတ် နိုင်လျင် အကောင်းဆုံးပဲ။ ဒီလိုတစ်တိုင်းပြည်လုံး ဖတ်နိုင်အောင် ကြိုးစားရမယ်။ မြန်မာ အိမ်နီးချင်း မလေးရှားမှာဆို ၄၉ ရာခိုင်နှုန်းသော တိုင်းသူပြည်သားတို့ဟာ (English) စာ၊ စကားကို ကောင်းကောင်းဖတ်နိုင်၊ ပြောနိုင်တယ်တဲ့။ ထိုင်းကတော့ ဒီလောက်ရာနှုန်း ရှိချင်မှရှိမယ်။ စင်ကာပူကတော့ ပိုမှာပဲ၊ ကမ္ဘောဒီးယားနဲ့ လာအိုတော့ မြန်မာထက်နိမ့်မလား မသိဘူး။ သူတို့လည်း ကျွန်မ နောက်ဆုံးရောက်ခဲ့တဲ့ ၂၀၀၃ မှာ တောင်တော်ကြိုးစားသင်နေကြလိ
ဒီနေရာမှာ အမှားမရှိဖို့ အလွန့်အလွန် အရေးကြီးပါတယ်။ အချို့စာအုပ်တွေမှာ အဓိပ္ပာယ်ကောက်ယူတာ မှားလို့ နားလည်မှားလို့ ထင်ပါရဲ့၊ အဓိပ္ပာယ်က ပြောင်းပြန်၊ ဆန့်ကျင်ဘက် ဖြစ်နေတာတောင် တွေ့ရပါတယ်။ ဒါမျိုးကို လက်မခံကြပါနဲ့။ အကောင်းဆုံးက စာဖတ်သူ လက်မခံတာက အကောင်းဆုံးပဲ။ ဒါဆို သူဆက်မရေးတော့ဘူးပေါ့။ မဟုတ်လျှင်တော့ ထုတ်ဝေသူတွေက စိစစ် ရွေးချယ်လုပ်ပေးပါလို့ အဆိုပြုချင်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အလုံးစုံ ပညာရေးကို ထိခိုက်တာမို့ မီးမောင်းထိုးပြရတာပါ၊ အလွန်တရာ အရေးကြီးတယ်ဆိုတာ ထပ်လောင်းပြောပါရစေ။
No comments:
Post a Comment