ကလေးတွေ အများစု က အရွယ်တောင်ရောက်ကြပြီ။ ဆယ်ကျော်သက်တွေဖြစ်နေကြပြီ။ ယောက်ျားလေးတွေအတွက် ကစားဘို့ ဘော်လုံးကွင်းလေးတခုလုပ်ထားပေး
အခုတင်ထားတဲ့ ပုံလေးထဲမှာ ဂျိုင်းထောက်နဲ့ ကလေးတယောက် လည်း ဘောလုံးကန်နေတာတွေ့လိမ့်မယ်။( ဓါတ်ပုံ ကျင့်ဝတ်အရ လိုသလောက်ပဲ ပြချင်တယ်။ အကုန် မပြတော့ဘူးဗျာ) အဓိက ဆွေးနွေးချင်တဲ့ အကြောင်းအရာက ဖရောင်းလိုနုနယ်တဲ့ သူတို့ အသိဥာဏ်ကို ဘယ်လိုဘ၀ ဖြတ်သန်းမှုတွေက လွှမ်းမိုးမလဲ။ လောကကိုဘယ်လိုမြင်ပြီးဘယ်လိုပုံ
တချို့ ကလေးတွေဟာသူတို့ လူမှန်းမသိတတ်ခင် မိဘဘယ်သူဘယ်ဝါဆိုတာ သိခွင့် မရလိုက်ရခင် မိဘတွေကိုဆုံးရှုံးခဲ့ ကြရတယ်။ ရှေ့တန်းမှာတိုက်ပွဲ ကျခဲ့တာလား။ မိုင်းနင်းမိတာလား ။ ပေါ်တာဆွဲခံရပြီး ပြန်ရောက်မလာတာလား။ ယာတောကို အသွားကျည်သင့်တာလား။ ပြေးလွှားရင်း ငှက်မိလို့လား ။မျိုးစုံပေါ့လေ။ ဘာဘဲဖြစ်ဖြစ် အမျိုးသားရေးပြိုကွဲမှု အဆက် ပြည်တွင်းစစ်ဒဏ်ကို သူတို့လေးတွေ မှာ ဘာအပြစ်မှ မရှိရှာဘဲ ဝေစုရကြတယ်။ ခံစားကြရရှာတယ်။
ကျွန်တော့်သား စကားစပြောတော့ အရင်ဆုံးပြောတတ်တဲ့ စကားတွေထဲမှာ( ည ၉နာရီထိုးရင် အပြင်မထွက်ရပါ )ဆိုတဲ့ ၀ါကျရှည် တခုကို ကျွန်တော် ဖုံးထဲကနေ စ နားထောင်ရတယ်။ဖခင်တယောက်အနေနဲ့
သူက သူ့အဖေဆီ ဘာလို့ သွားလို့ မရတာလဲဆိုတဲ့ မေးခွန်းကိုကျတော့ သူ့အမေ မဖြေနိုင်ဘူး။အဖွားဆီ ပြန်လို့မရဘူး။ အဖွားဆီပြန်ရင် သူ့အဖေကြီးကို သူတွေ့ရမှာမဟုတ်တော့ဘူးလို့ လည်း သူနားလည်ထားတယ်။ခတ်ဝါးဝါး ဖြစ်နေမှာပါ။ အလုံးစုံ ဘယ်သိနိုင်မှာလဲ။
တကယ်တန်းကျတော့ ခင်ဗျားထင်သလို ဖယောင်းလိုနုနယ်တဲ့ သူတို့ဘ၀တွေကို မိဘတွေ က အလုံးစုံ မစိုးမိုးနိုင်ပါဘူး။ လက်တွေ့ ဘ၀က ပြဌါန်းတဲ့ အတိုင်းသူတို့ နားလည်ဘာသာ ပြန်ဆိုကြစမြဲကျွန်တော်ထင်တယ်။
မိုင်းနင်းမိလို့ ခြေထောက်ပြတ်ထားတဲ့ ကလေးတယောက် ရဲ့ အသိမှာ ဘယ်လိုရှိမလဲ ကျွန်တော် အကြိမ်များစွာ တွေးဖြစ်တယ်။ သီချင်းရေးတတ်တဲ့ လူကိုသီချင်းရေးခိုင်း။ ပြီး လှတပတရှိတာလေးတွေကို တိုင်းရင်းသားဝတ်စုံ ၀တ်ခိုင်း..ကြည့်ကောင်းအောင် ဗီဒီယို ရိုက် တိုင်းပြည်ကို လွှင့်ပြရုံနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
ခြေထောက်ပြတ်တဲ့ လူတွေကို စခန်းထဲမှာ ကျွန်တော်သား ခဏခဏ တွေ့နေတယ်။ သူက အခုဆို အလွန်အမေးအမြန်းထူတဲ့ အရွယ်ရောက်နေပြီ။အဲဒီလူကြီးက ဘာဖြစ်လို့ ခြေထောက်မရှိတာလဲဆိုတဲ့ မေးခွန်း ဘယ်နေ့ သူ့အမေ အမေးခံရမလဲ ကျွန်တော် ပူတယ်။ ကျွန်တော့်ကို မေးလာရင်လည်း ကျွန်တော် မဖြေတတ်ဘူး။ လူအချင်းချင်း ခြေထောက်ပြတ်အောင် ဒါမှမဟုတ် သေအောင် မြေကြီးထဲမှာ မြှုပ်ကြတဲ့ မြေမြှုပ်မိုင်းအကြောင်းနားထော
ခွန်ဆိုင်း ( ၁၉.၄.၂၀၁၁)
No comments:
Post a Comment